နတ်ဆေးတမျှစွမ်းလှတဲ့ ဟင်းနုနွယ်ဆူးရစ် (ဆူးပေါက်)

Sharing is caring!

နတ်ဆေးတမျှစွမ်းလှတဲ့ ဟင်းနုနွယ်ဆူးရစ် (ဆူးပေါက်)

ဟင်းနုနွယ်ဆူးရစ်/ ဟင်းနုနွယ်ဆူးပေါက် အရွက်ကိုချက်စားပါက ဆီးအောင့်ကျောက်တည်ပျောက်၏၊
ပဉ္စငါးပါးပြုတ်သောက်ပါက ကိုယ်ဝန်ပျက်ခြင်းမှကင်းဝေး၏။
အရွက်ညှစ်ရေကိုပျားရည်နှင့်ရောသောက်ပါက သွေးအန်သွေးကျ မီးယပ်သွေးလွန်၊ အဖြူဆင်းခြင်း၊ ညောင်းကျ အနာအဖုအပိန့်များပျောက်၏။
အမြစ်ကိုရေနှင့်သွေးလိမ်းပါက ကင်းဆိပ်ပြေ၏။
အမြစ်ကိုရေနှင့်သွေးလိမ်းပါက သွေးစုနာပျောက်၏။
အမြစ်ကိုရေနှင့်သွေးလိမ်းခြင်း၊ ကြိတ်၍ အုံပေးက အကြောတက်ရောဂါပျောက်၏။
အမြစ်ကိုရေနှင့်သွေး၍ နံနက်တကြိမ် ညတကြိမ် သောက်က မီးယပ်လွန်ခြင်းပျောက်၏။
မြန့်မာ့ဆေးကျမ်းအရ အေး၏ ဆီးဝမ်းကိုရွှင်စေ၏ ။ သားအိမ်ကိုက်ခဲခင်းပျောက်စေ၏၊ နို့ရည်ကိုပွားများစေ၏ ၊ သားအိမ်ကိုအားပေး၏၊ အဆိပ်ကိုပယ်၏ သွေးယိုစီးခြင်း ကိုတားမြစ်၏ ရင်၌ထိုးကျင်ခြင်း၊ မီးယပ်လွန်ခြင်းကို ပျောက်စေ၏။

သုတေသနလေ့လာချက်များအရ

-အသဲရောဂါဆိုင်ရာ ပြဿနာများကို ကုသရန်အတွက် ဟင်းနုနွယ်ဆူးပေါက် ပုံမှန်ဆေးပမာဏအတိုင်း တိုက်ကျွေး ပါက အန္တရယ်ကင်းသော ဆေးဖက်၀င် အပင်မျိုးဖြစ်ခြင်း (Gul. T etal., 2011)*
-ဘက်တီးရီးယားနှင့် ဗိုင်းရပ်ပိုးများကို ဆန့်ကျင်နိုင်သော အာနိသင်ရှိခြင်း*
-အဖျားကျစေခြင်း၊ လေရှူပြွန် ရောင်ရမ်းခြင်းကို သက်သာစေခြင်း*
-အရောင်ကျစေခြင်း၊ လေရှူပြွန်ကို ကျယ်စေသော အာနိသင်ရှိခြင်း*
-အစာအိမ်ရောင်ခြင်းကာကွယ်နိုင်ရန် အရွက်ပြုတ်ရည်ကို သောက်သုံးနိုင်ခြင်း*
-ဌက်ဖျားရောဂါကို ဆန့်ကျင်နိုင်ခြင်း*
-အကိုက်အခဲပျောက်စေခြင်း*
-ဆီးပူညောင်းကျရောဂါတွင် အသုံးပြုခြင်း*
-နုတ်မြိန်စေခြင်း၊ ၀မ်းပျော့စေခြင်း၊ ဆီးရွှင်စေခြင်း (Kumar etal., 2014)*
-အရွက်သည် anti-oxidant activity ရှိခြင်း၊ အဆစ်ရောင်ခြင်းများတွင် အသုံးပြုခြင်း (Ramadhania etal., 2018)*
-ဟင်းနုနွယ်ဆူးပေါက် ပဉ္စငါးပါး80g ကို ရေ 320ml နှင့် (၃) ပုံ (၁)ပုံကျန်အောင် ပြုတ်ပြီး တကြိမ်သောက်လျှင် ပြုတ်ဆေးရည် 25mlကို သကြား 40 g နှင့် ရောပြီး တနေ့ (၃) ကြိမ်သောက်လျှင် မီးယပ်ဖြူဆင်းခြင်းနှင့် သွေးအား နည်းခြင်းကို သက်သာစေခြင်း(Medicinal plants of Myanmar vol.2, 2007)*
-ဟင်းနုနွယ်ဆူးပေါက် ၀တ်မှုန်ဆေးအနှစ်ကို ဓာတ်မတည့် ခြင်းကြောင့်ဖြစ်သော ပန်းနာရင်ကြပ်နှင့် နှာရည်ယိုခြင်းများ တွင်အသုံးပြုခြင်း*
-အမြစ်ကို မီးယပ်မှန်စေရန်အတွက် အသုံးပြုခြင်း*
-The LD50 of A. spinosus was thus found to be more than 2000mg/kg body weight(Kumar etal., 2008)*
ဆေးပမာဏ- ပဉ္စငါးပါးသတ္တုရည် 10-20ml
ပဉ္စငါးပါးအမှုန့် 400-800mg(CCRAS)

မြန်မာ့ဆေးဝါးပင်များ

Add a Comment

Your email address will not be published.