လူတိုင်း သိသင့်တဲ့ ကားနဲ့ပတ်သတ်ပြီး ဆောင်ရန် ၊ ရှောင်ရန်များ

Sharing is caring!

၁။ ကားစက် စနှိုးမယ် ဆိုရင် (၃)ခါထက်ပိုပြီးမရမခြင်း တကျိကျိနဲ့ မနှိုးပါနဲ့ ဘက်ထရီ ကြောင့်လား ? ✅starter motor ကြောင့်လား ဆီကုန်နေတာလား?သိတဲ့လူနဲ့ တိုင်ပင်ပါ။အလွယ်နည်းလုပ်ကြတာတော့ ဟွန်းတီးကြည့်လို့အသံကျယ်တယ်ဆိုရင် battery

ကောင်းတယ်ပေါ့။(ဟွန်းတော့ကောင်းရမယ်)

၂ ။ ကားစက်နှိုးပြီးတာနဲ့ ချက်ချင်း ဂီယာထိုးပြီးတန်းမထွက်ပါနဲ့ 10~15 sec (၁၀ မှ ၁၅ စက်ကန့်)လောက်စောင့်ပြီးမှ ဂီယာထိုး ထွက်ပါ။✅အကြောင်းရင်း ကတော့ အင်ဂျင်ဝိုင်တွေအင်ဂျင်အထက်ထိ တက်အောင်စောင့်ခိုင်းတာပါ။ပြီးရင်လည်း လီဗာ

(accelerator) ကို တန်းပြီးတရှိန်ထိုးမနင်းပါနဲ့ ဂီယာကို တစ်ဆင့်ခြင်း ပြောင်းသွားအောင် နင်းလိုက် လျှော့လိုက်နဲ့ အရှိန်တင်သွားပါ။

၃။ ဆီ ထည့်တဲ့ နေရာမှာလည်း ကိုယ့်ကားနဲ့ကိုက်ညီတဲ့ octane number ကိုသုံးရပါမယ်။ဒါပေမယ့် မြန်မာပြည်မှာတော့ ကားတစ်စီးဝယ်ပြီးရင်ထိုးမရပ်မခြင်းစီးတော့တာပါပဲ။owner manual / service manual စတဲ့စာအုပ်လေးတွေ ကားမှာ ပါရင်ပါ မပါရင်

online ကနေရှာ ဖတ်လို့ရပါတယ်။

✅ဒီမှာက ကိုက်ညီတဲ့ octane numberသိတောင်မှ ရှိတဲ့ ဆီဆိုင်ကနေ ဟုတ်ဟုတ် မဟုတ်ဟုတ်92 နဲ့ 95 ပဲထည့်ရတာပါပဲ။ octane နဲ့ပတ်သတ်ပြီးကျွန်တော် ရေးပြီးသားပါ။ဆီနဲ့ ပတ်သတ်ပြီးတော့ကံဆိုး/ ကံကောင်းပေါ့။

၄။ အင်ဂျင်ဝိုင် လဲဖို့ကတော့ ယေဘူယျ အားဖြင့်5000 kmတစ်ခါလဲပါ။ အင်ဂျင်ဝိုင် အမျိုးအစားကောင်းရင် ကောင်း သလို 10000 km ထိရတာလည်းရှိပါတယ်။ အဓိက ကတော့ သတ်မှတ် level(lower limit နဲ့ upper limit) ကြားမှာရှိပြီး upper level

အမှတ် အနား ကပ် ရပါမယ်။ workshop တော်တော်များများက customer အကြိုက် အင်ဂျင်ဝိုင်ပုံးအကုန်လောင်း ထည့်ပေးတတ်ပါတယ်။ အင်ဂျင်ဝိုင်များခြင်းဟာ နည်းခြင်းနဲ့ ဆိုကျိုးအတူတူပါပဲ။အင်ဂျင်ဝိုင်ထဲမှာ bubble တွေဖြစ်ပြီး ပန့်ပျက်တတ်ပါတယ်။

၅။ ဂီယာဝိုင် (auto ဆီ) လည်းအတူတူပါပဲ။over ဖြစ်လို့ ကျွန်တော် အမြဲ ပြန်စုပ်ထုတ်ရပါတယ်။ကိုယ့်ဟာကို ဆီလျှော့ချင်ရင် ပိုက်သေးလေးနဲ့dip stick ထုတ်ပြီး အဲ့အပေါက်ကနေ ပိုက်ထိုးပြီး(ဆိုက်ဖွန်) နည်းနဲ့ပဲ ထုတ်လို့ရပါတယ်။

✅အရေးကြီးတာ ကတော့ ATF နဲ့ CVTF မမှားဖို့ပါပဲ။Theory အရ ATF ကို CVT မှားထည့်တာထက်CVT ကို ATF ထည့်မိတာ ပိုဆိုးပါတယ်။ကိုယ့်ကား ဂီယာဘောက်စ်ကို လေ့လာဖို့ လိုပါတယ်။

ဒီမှာ လေ့လာကြည့်ပါ

၆။ ကိုယ့် plug ကအကောင်းစားဖြစ်ပြီး အခြေအနေကောင်းသေးရင် ဆေးပြီးသုံးသင့်ပါတယ်။ဒါပေမယ့် engine oil တွေ ပုံးအကုန်လောင်းထည့်ပေးသလိုပါပဲ plug ဆေးတာမှာလည်း plug ကို ဓားနဲ့အသားကုန်ခြစ်ခြင်းဟာ မှားပါတယ်။plug ဆေးတဲ့ဆေးရည်သုံး

ပြီး သွားပွတ်တံလေးနဲ့ပဲ ဆေးရမှာပါ။✅ဒီကဆီတွေနဲ့က တော့ plug လဲလိုက်တာအကောင်းဆုံး

၇။ တစ်ပတ်တစ်ခါတော့ ကားစက်မနှိုးခင်လေးကားရေတိုင်ကီ (radiator) လေးကို အဖုံးဖွင့်ကြည့်ပါ။(ကားစက်နှိုးပြီး / မောင်းပြီးကာစ လုံးဝ မဖွင်ပါနှင့်)အမြဲ ပြည့်နေရပါမယ်။ မပြည့်ရင် သတ်မှတ်ရေလေးဖြည့်ကြည့်ပါ။ မောင်းပြီး အင်ဂျင်အေးရင်ပြန်ဖွင့်ကြည့်ပါ။

လျော့နေရင် leakage ဖြစ်နေတာပါ။တစ်ပတ်တစ်ခါ ပြည့်နေရင်တော့မလိုပါ။ရေပြန်ဘူးက စစ်တာ အကောင်းဆုံးပါ။ရေတိုင်ကီ အဖုံးကို ဖွင့်စစ်ပါများရင် ရေမလုံတတ်ပါတယ်။ ဂရုစိုက်ပါ။

၈။ တာယာလေပေါင်ကို driver door နောက်မှာကပ်ထားတဲ့ အတိုင်းဖြည့်ပါ။ ဖြစ်နိုင်ရင် ဘီးလေစစ်တဲ့ ကိရိယာလေးဝယ်ထားပါ(၃၀၀၀ကျပ်)တချို့ဆိုင်တွေက လေပေါင်တော်တော်များပါတယ်။အကြောင်းကလေဆိုင်မှာ သုံးတဲ့ လေဖိအားချိန် ကိရိယာကအသုံးများ

တော့ ဂျီးကပ်ပြီး ဖိအား မတက်တာပါ။သတိထားပါ။ တာယာတွေကတော့ Theory မှာ၆ နှစ်ခံပါတယ်။ အသုံးပြုမှုအပေါ် မူတည်ပြီး၄ နှစ်လောက်ထိ သက်တမ်းကျနှိုင်ပါတယ်။✅တာယာတွေရဲ့ သက်တမ်းဟာ ဝယ်ပြီးသိမ်းထားလည်း (၆) နှစ်ပဲဆိုတာ သတိထားပါ။

၉။ ကားကို ခရီးဝေးသွားတော့မယ်ဆိုအောက်ပိုင်းစစ်ပြီး alignment ချိန်ပါ။

၁၀။ မီးစုံလင်းဖို့နဲ့ ဟွန်းကောင်းဖို့ ကတော့ ပြောဖို့လိုမည် မထင်ပါ။ ကျန်တာတွေရှိပါသေးတယ်။ဒီ ၁၀ ချက်ကတော့ ကားဝယ်စီးပြီး ဘောနပ်ဖုံးတစ်ခါမှ လှန်မကြည့်ဘူးတဲ့ သူများအတွက်ပါ။တစ်ဆက်ထဲ အခေါ်အဝေါ် အမှားလေးတွေပါ ရေးပါရစေ။

Swift, Vitz,Fit, Ractis,Demio, Colt, Passo စတဲ့ တံခါး ၅ ပေါက်ပါတဲ့ကားတွေက Hatchback အမျိုးအစားပါ။Axio, Belta,Premio, Allion, Latio စတဲ့ တံခါး ၄ ပေါက်ပါတဲ့ကားတွေက Saloon (Sedan) ကားတွေပါ။

AD van, Mark II Blit တို့လိုကStation wagon (van) တွေပါ။တံခါး ၅ပေါက်မှာမှ suzuki R + လိုနောက်တံခါးက အဖြောင့်ဆိုရင် Wagon ပါ။Wish တို့ Ipsum တို့ ကMPV (Multipurpose vehicle) ပါ။

စကွိုင်လာ မဟုတ်ပါဘူး စပွိုင်လာ (spoiler) ပါ။ဖောက်ကလပ်မီး မဟုတ်ပါ ဖောက်လိုက် (Fog light)ပါ။ Demio 2009 modelကစပြီး rpm ခွက်ပါတာပါ။2 rpm မဟုတ်ပါ။Swift 2006 ထိ 1.3 များပြီး နောက်ပိုင်းmodel တွေက 1.2 များပါတယ်။

March, Latio, Note ပုံပြောင်းလေးတွေက1.2 ပါ 1.3 မဟုတ်ပါ။ကားစ မောင်းထွက်တဲ့အချိန် exhaust line ရဲ့အအေးကြောင့် စထွက်တဲ့ exhaust gas ထဲကရေငွေ့ ဟာ ငွေ့ရည်ဖွဲ့ (condensation) ဖြစ်ပြီးexhaust ကနေ ကားတိုင်း ရေထွက်ပါတယ်။

Thermostat ကို မထုတ်ကြပါနဲ့။Catalyst convertor ကို မဖြတ်ထုတ်ပါနဲ့။Octane 95 ဟာ 92 ထက်ပိုထူပါတယ်။ကဲ ဘာရှိသေးလဲဗျာ ???ကားနဲ့ပတ်သတ်သူများ ကားကြောင့်စိတ်မညစ်ရပါစေနဲ့လို့ဆုတောင်းရင်း။

BFBM

Zawgyi Version

၁။ ကားစက္ စႏႈိးမယ္ ဆိုရင္ (၃)ခါထက္ပိုၿပီးမရမျခင္း တက်ိက်ိနဲ႔ မႏႈိးပါနဲ႔ ဘက္ထရီ ေၾကာင့္လား ? ✅starter motor ေၾကာင့္လား ဆီကုန္ေနတာလား?သိတဲ့လူနဲ႔ တိုင္ပင္ပါ။အလြယ္နည္းလုပ္ၾကတာေတာ့ ဟြန္းတီးၾကည့္လို႔အသံက်ယ္တယ္ဆိုရင္ battery

ေကာင္းတယ္ေပါ့။(ဟြန္းေတာ့ေကာင္းရမယ္)

၂ ။ ကားစက္ႏႈိးၿပီးတာနဲ႔ ခ်က္ခ်င္း ဂီယာထိုးၿပီးတန္းမထြက္ပါနဲ႔ 10~15 sec (၁၀ မွ ၁၅ စက္ကန္႔)ေလာက္ေစာင့္ၿပီးမွ ဂီယာထိုး ထြက္ပါ။✅အေၾကာင္းရင္း ကေတာ့ အင္ဂ်င္ဝိုင္ေတြအင္ဂ်င္အထက္ထိ တက္ေအာင္ေစာင့္ခိုင္းတာပါ။ၿပီးရင္လည္း လီဗာ

(accelerator) ကို တန္းၿပီးတရွိန္ထိုးမနင္းပါနဲ႔ ဂီယာကို တစ္ဆင့္ျခင္း ေျပာင္းသြားေအာင္ နင္းလိုက္ ေလွ်ာ့လိုက္နဲ႔ အရွိန္တင္သြားပါ။

၃။ ဆီ ထည့္တဲ့ ေနရာမွာလည္း ကိုယ့္ကားနဲ႔ကိုက္ညီတဲ့ octane number ကိုသုံးရပါမယ္။ဒါေပမယ့္ ျမန္မာျပည္မွာေတာ့ ကားတစ္စီးဝယ္ၿပီးရင္ထိုးမရပ္မျခင္းစီးေတာ့တာပါပဲ။owner manual / service manual စတဲ့စာအုပ္ေလးေတြ ကားမွာ ပါရင္ပါ မပါရင္

online ကေနရွာ ဖတ္လို႔ရပါတယ္။

✅ဒီမွာက ကိုက္ညီတဲ့ octane numberသိေတာင္မွ ရွိတဲ့ ဆီဆိုင္ကေန ဟုတ္ဟုတ္ မဟုတ္ဟုတ္92 နဲ႔ 95 ပဲထည့္ရတာပါပဲ။ octane နဲ႔ပတ္သတ္ၿပီးကြၽန္ေတာ္ ေရးၿပီးသားပါ။ဆီနဲ႔ ပတ္သတ္ၿပီးေတာ့ကံဆိုး/ ကံေကာင္းေပါ့။

၄။ အင္ဂ်င္ဝိုင္ လဲဖို႔ကေတာ့ ေယဘူယ် အားျဖင့္5000 kmတစ္ခါလဲပါ။ အင္ဂ်င္ဝိုင္ အမ်ိဳးအစားေကာင္းရင္ ေကာင္း သလို 10000 km ထိရတာလည္းရွိပါတယ္။ အဓိက ကေတာ့ သတ္မွတ္ level(lower limit နဲ႔ upper limit) ၾကားမွာရွိၿပီး upper level

အမွတ္ အနား ကပ္ ရပါမယ္။ workshop ေတာ္ေတာ္မ်ားမ်ားက customer အႀကိဳက္ အင္ဂ်င္ဝိုင္ပုံးအကုန္ေလာင္း ထည့္ေပးတတ္ပါတယ္။ အင္ဂ်င္ဝိုင္မ်ားျခင္းဟာ နည္းျခင္းနဲ႔ ဆိုက်ိဳးအတူတူပါပဲ။အင္ဂ်င္ဝိုင္ထဲမွာ bubble ေတြျဖစ္ၿပီး ပန္႔ပ်က္တတ္ပါတယ္။

၅။ ဂီယာဝိုင္ (auto ဆီ) လည္းအတူတူပါပဲ။over ျဖစ္လို႔ ကြၽန္ေတာ္ အၿမဲ ျပန္စုပ္ထုတ္ရပါတယ္။ကိုယ့္ဟာကို ဆီေလွ်ာ့ခ်င္ရင္ ပိုက္ေသးေလးနဲ႔dip stick ထုတ္ၿပီး အဲ့အေပါက္ကေန ပိုက္ထိုးၿပီး(ဆိုက္ဖြန္) နည္းနဲ႔ပဲ ထုတ္လို႔ရပါတယ္။

✅အေရးႀကီးတာ ကေတာ့ ATF နဲ႔ CVTF မမွားဖို႔ပါပဲ။Theory အရ ATF ကို CVT မွားထည့္တာထက္CVT ကို ATF ထည့္မိတာ ပိုဆိုးပါတယ္။ကိုယ့္ကား ဂီယာေဘာက္စ္ကို ေလ့လာဖို႔ လိုပါတယ္။

ဒီမွာ ေလ့လာၾကည့္ပါ

၆။ ကိုယ့္ plug ကအေကာင္းစားျဖစ္ၿပီး အေျခအေနေကာင္းေသးရင္ ေဆးၿပီးသုံးသင့္ပါတယ္။ဒါေပမယ့္ engine oil ေတြ ပုံးအကုန္ေလာင္းထည့္ေပးသလိုပါပဲ plug ေဆးတာမွာလည္း plug ကို ဓားနဲ႔အသားကုန္ျခစ္ျခင္းဟာ မွားပါတယ္။plug ေဆးတဲ့ေဆးရည္သုံး

ၿပီး သြားပြတ္တံေလးနဲ႔ပဲ ေဆးရမွာပါ။✅ဒီကဆီေတြနဲ႔က ေတာ့ plug လဲလိုက္တာအေကာင္းဆုံး

၇။ တစ္ပတ္တစ္ခါေတာ့ ကားစက္မႏႈိးခင္ေလးကားေရတိုင္ကီ (radiator) ေလးကို အဖုံးဖြင့္ၾကည့္ပါ။(ကားစက္ႏႈိးၿပီး / ေမာင္းၿပီးကာစ လုံးဝ မဖြင္ပါႏွင့္)အၿမဲ ျပည့္ေနရပါမယ္။ မျပည့္ရင္ သတ္မွတ္ေရေလးျဖည့္ၾကည့္ပါ။ ေမာင္းၿပီး အင္ဂ်င္ေအးရင္ျပန္ဖြင့္ၾကည့္ပါ။

ေလ်ာ့ေနရင္ leakage ျဖစ္ေနတာပါ။တစ္ပတ္တစ္ခါ ျပည့္ေနရင္ေတာ့မလိုပါ။ေရျပန္ဘူးက စစ္တာ အေကာင္းဆုံးပါ။ေရတိုင္ကီ အဖုံးကို ဖြင့္စစ္ပါမ်ားရင္ ေရမလုံတတ္ပါတယ္။ ဂ႐ုစိုက္ပါ။

၈။ တာယာေလေပါင္ကို driver door ေနာက္မွာကပ္ထားတဲ့ အတိုင္းျဖည့္ပါ။ ျဖစ္ႏိုင္ရင္ ဘီးေလစစ္တဲ့ ကိရိယာေလးဝယ္ထားပါ(၃၀၀၀က်ပ္)တခ်ိဳ႕ဆိုင္ေတြက ေလေပါင္ေတာ္ေတာ္မ်ားပါတယ္။အေၾကာင္းကေလဆိုင္မွာ သုံးတဲ့ ေလဖိအားခ်ိန္ ကိရိယာကအသုံးမ်ား

ေတာ့ ဂ်ီးကပ္ၿပီး ဖိအား မတက္တာပါ။သတိထားပါ။ တာယာေတြကေတာ့ Theory မွာ၆ ႏွစ္ခံပါတယ္။ အသုံးျပဳမႈအေပၚ မူတည္ၿပီး၄ ႏွစ္ေလာက္ထိ သက္တမ္းက်ႏႈိင္ပါတယ္။✅တာယာေတြရဲ႕ သက္တမ္းဟာ ဝယ္ၿပီးသိမ္းထားလည္း (၆) ႏွစ္ပဲဆိုတာ သတိထားပါ။

၉။ ကားကို ခရီးေဝးသြားေတာ့မယ္ဆိုေအာက္ပိုင္းစစ္ၿပီး alignment ခ်ိန္ပါ။

၁၀။ မီးစုံလင္းဖို႔နဲ႔ ဟြန္းေကာင္းဖို႔ ကေတာ့ ေျပာဖို႔လိုမည္ မထင္ပါ။ က်န္တာေတြရွိပါေသးတယ္။ဒီ ၁၀ ခ်က္ကေတာ့ ကားဝယ္စီးၿပီး ေဘာနပ္ဖုံးတစ္ခါမွ လွန္မၾကည့္ဘူးတဲ့ သူမ်ားအတြက္ပါ။တစ္ဆက္ထဲ အေခၚအေဝၚ အမွားေလးေတြပါ ေရးပါရေစ။

Swift, Vitz,Fit, Ractis,Demio, Colt, Passo စတဲ့ တံခါး ၅ ေပါက္ပါတဲ့ကားေတြက Hatchback အမ်ိဳးအစားပါ။Axio, Belta,Premio, Allion, Latio စတဲ့ တံခါး ၄ ေပါက္ပါတဲ့ကားေတြက Saloon (Sedan) ကားေတြပါ။

AD van, Mark II Blit တို႔လိုကStation wagon (van) ေတြပါ။တံခါး ၅ေပါက္မွာမွ suzuki R + လိုေနာက္တံခါးက အေျဖာင့္ဆိုရင္ Wagon ပါ။Wish တို႔ Ipsum တို႔ ကMPV (Multipurpose vehicle) ပါ။

စကြိဳင္လာ မဟုတ္ပါဘူး စပြိဳင္လာ (spoiler) ပါ။ေဖာက္ကလပ္မီး မဟုတ္ပါ ေဖာက္လိုက္ (Fog light)ပါ။ Demio 2009 modelကစၿပီး rpm ခြက္ပါတာပါ။2 rpm မဟုတ္ပါ။Swift 2006 ထိ 1.3 မ်ားၿပီး ေနာက္ပိုင္းmodel ေတြက 1.2 မ်ားပါတယ္။

March, Latio, Note ပုံေျပာင္းေလးေတြက1.2 ပါ 1.3 မဟုတ္ပါ။ကားစ ေမာင္းထြက္တဲ့အခ်ိန္ exhaust line ရဲ႕အေအးေၾကာင့္ စထြက္တဲ့ exhaust gas ထဲကေရေငြ႕ ဟာ ေငြ႕ရည္ဖြဲ႕ (condensation) ျဖစ္ၿပီးexhaust ကေန ကားတိုင္း ေရထြက္ပါတယ္။

Thermostat ကို မထုတ္ၾကပါနဲ႔။Catalyst convertor ကို မျဖတ္ထုတ္ပါနဲ႔။Octane 95 ဟာ 92 ထက္ပိုထူပါတယ္။ကဲ ဘာရွိေသးလဲဗ်ာ ???ကားနဲ႔ပတ္သတ္သူမ်ား ကားေၾကာင့္စိတ္မညစ္ရပါေစနဲ႔လို႔ဆုေတာင္းရင္း။

BFBM

Add a Comment

Your email address will not be published.