ပဲပင်ပေါက်ကိုစားရင် ကျန်းမာရေးအတွက် ဘာတွေ အကျိုးရှိစေမလဲ 

Sharing is caring!

ပဲပင်ပေါက်ကိုစားရင် ကျန်းမာရေးအတွက် ဘာတွေ အကျိုးရှိစေမလဲ 

သွေးအားနည်းရောဂါကို သက်သာစေခြင်း
ပဲပင်ပေါက်မှာ သံဓာတ်များစွာပါင်ဝင်တာကြောင့် သွေးနီဆဲလ်မှာတွေ့ရတဲ့ ဟေမိုဂလိုဘင် တည်ဖောက်မှုမှာ အရေးပါ ပါတယ်။ ဒါ့အပြင် ပဲပင်ပေါက်မှာ ဗီတာမင်စီ မမြင့်မားတဲ့ ပမာဏ ပါဝင်မှုရှိတာကြောင့် အူကနေ သံဓာတ် စုပ်ယူမှုကို ကောင်းမွန်စေပါတယ်။ ဒါကြောင့် သံဓာတ်ကြောင့် ဖြစ်တဲ့ သွေးအားနည်း ရောဂါမဖြစ်အောင် ကာကွယ်နိုင်သလို ရောဂါဖြစ်နေရင်လည်း ကုသနိုင်ပါတယ်။
နှလုံးသွေးကြောများကို ကျန်းမာစေခြင်း
အသား၊ နို့နဲ့ နို့ထွက်ပစ္စည်းစတာတွေမှာ တွေ့ရများတဲ့ ပြည့်ဝဆီက မှီဝဲမှု လျော့ချရင်း ပဲပင်ပေါက်ကို ပုံမှန်စားသုံးပေးရင် သွေးတွင်း မကောင်းတဲ့ ကိုလက်စထရော LD ကိုလျော့ကျစေပါတယ်။ အကြောင်းကတော့ ပဲပင်ပေါက်မှာ အမျှင်ဓာတ်နဲ့ လက်စီသင် ပါဝင်လို့ဖြစ်တယ်။ ပဲပင်ပေါက်ဟာ နှလုံးနဲ့ သွေးကြောတွေကို ကျန်းမာစေတာကြောင့် နှလုံးရောဂါ မှာ အဖြစ်များဆုံး ရောဂါဖြစ်တဲ့ နှလုံးသွေးကြောကျဉ်း ရောဂါမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

ဝမ်းမှန်မှန်သွားစေခြင်း
ပဲပင်ပေါက်မှာ အမျှင်ဓာတ်များစွာ ပါဝင်တာကြောင့် အူလှုပ်ရှားမှုကို ကောင်းမွန်စေပြီး ဝမ်းချုပ်တဲ့ လက္ခဏာကို သက်သာစေပါတယ်။

ဆံပင်နှင့် လက်သည်းကို ကျန်းမာစေခြင်း
အာဟာရတချို့ ချို့တဲ့မှုကြောင့် ဆံပင်တွေ ကျိုးပြတ်တာ၊ လက်သည်း၊ ခြေသည်းတွေ ကြွပ်ဆတ်တာတို့ဖြစ်တတ်ပါတယ်။ အထူးသဖြင့် ပရိုတင်းဓာတ် ၊ ဗီတာမင်နဲ့ ဇင့်(သွပ်) ဓာတ်တို့ ချို့တဲ့တာ ကြောင့်ဖြစ်တတ်ပါတယ်။ ပဲပင်ပေါက်မှာ ဒီအာဟာရဓာတ်တွေ အများအပြား ပါဝင်တဲ့ အတွက် ဆံပင်သားနဲ့ လက်သည်း၊ ခြေသည်းပြဿနာတို့ မဖြစ်အောင် ကာကွယ်နိုင်သလို ဖြစ်နေရင်လည်း ကုသပေးနိုင်ပါတယ်။

အသည်းကိုကျန်းမာစေခြင်း
ပဲပင်ပေါက်မှာ လက်ဆီသင် ပမာဏ များစွာပါဝင်တဲ့ အပြင် သွေးတွင်း မကောင်းတဲ့ ကိုလက်စထရောကို လျော့ကျစေကာအသည်းမှာ အဆီကပ်ငြိမှု မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဒါကြောင့် အဖြစ်များတဲ့ အသည်း ထိခိုက်မှု အခြအနေတစ်ရပ်ဖြစ်တဲ့ အသည်းအဆီဖုံးမှု မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

သွေးဆုံးချိန် ဝေဒနာများကို သက်သာစေခြင်း
ပဲပင်ပေါက်မှာ အီစထရိုဂျင်လို အာနိသင်ပေးနိုင်တဲ့ ဖိုင်တိုအီစထရိုဂျင်များ စွာပါဝင်ပါတယ်။ ဒါကြောင့် သွေးဆုံးချိန်နဲ့ ဆက်စပ်နေတဲ့ ရင်တုန်တာ၊ ညဘက်ပူလောင်ပြီး ချွေးထွက်တာစတဲ့ ဝေဒနာတွေ သက်သာစေပါတယ်။ သွေးဆုံး ဝေဒနာအများစုက အီစထရိုဂျင်အဆင့် လျော့နည်းလို့ဖြစ်တာတာပါ။ ပဲပင်ပေါက်မှာတွေ့ရတဲ့ ဖိုင်တိုအီစထရိုဂျင် တွေဟာ သွေးဆုံးချိန်မှာ အဖြစ်များတဲ့ အရိုးပါးရောဂါမဖြစ်အောင် လည်း ကာကွယ်ပေးပါတယ်။

အရေပြား အိုမင်းမှု တားပေးသော အစွမ်းရှိခြင်း
ပဲပင်ပေါက်မှာ အတွေ့များတဲ့ ဖိုင်တိုအီစထရိုဂျင်ဟာ အရေပြား တည်ဆောက်မှုမှာအရေးပါတဲ့ ကော်လာဂျင်၊ အီလက်စတင်နဲ့ ဟိုင်ရာလူရိုးနစ် အက်စစ် တို့ တည်ဆောက်မှုကို ကောင်းမွန်စေပါတယ်။ ပဲပင်ပေါက်ဟာ အရေပြားတင်းရင်းမှုနဲ့ အစိုဓာတ်လျော့ကျမှုကြောင့် ဖြစ်တဲ့ အရေပြားအိုမင်းတဲ့ ဖြစ်စဉ်ကို မဖြစ်အောင် ကာကွယ်ပေးပါတယ်။

စိတ်ဖိစီးမှုနှင့် မောပန်းမှုကို လျော့ကျစေခြင်း
ပဲပင်ပေါက်မှာ စွမ်းအင်နဲ့ တခြား အာဟာရဓါတ်တွေ အများအပြား ပါဝင်တာကြောင့် စိတ်ဖိစီးမှုနဲ့ မောပန်းမှုတို့ကြောင့် ဖြစ်လာတဲ့ ဝေဒနာ တွေကို သက်သာလျော့ပါး စေပါတယ်။

 

ပဲပင္ေပါက္ကိုစားရင္ က်န္းမာေရးအတြက္ ဘာေတြ အက်ိဳးရွိေစမလဲ 

ေသြးအားနည္းေရာဂါကို သက္သာေစျခင္း
ပဲပင္ေပါက္မွာ သံဓာတ္မ်ားစြာပါင္ဝင္တာေၾကာင့္ ေသြးနီဆဲလ္မွာေတြ႕ရတဲ့ ေဟမိုဂလိုဘင္ တည္ေဖာက္မႈမွာ အေရးပါ ပါတယ္။ ဒါ့အျပင္ ပဲပင္ေပါက္မွာ ဗီတာမင္စီ မျမင့္မားတဲ့ ပမာဏ ပါဝင္မႈရွိတာေၾကာင့္ အူကေန သံဓာတ္ စုပ္ယူမႈကို ေကာင္းမြန္ေစပါတယ္။ ဒါေၾကာင့္ သံဓာတ္ေၾကာင့္ ျဖစ္တဲ့ ေသြးအားနည္း ေရာဂါမျဖစ္ေအာင္ ကာကြယ္ႏိုင္သလို ေရာဂါျဖစ္ေနရင္လည္း ကုသႏိုင္ပါတယ္။
ႏွလုံးေသြးေၾကာမ်ားကို က်န္းမာေစျခင္း
အသား၊ ႏို႔နဲ႔ ႏို႔ထြက္ပစၥည္းစတာေတြမွာ ေတြ႕ရမ်ားတဲ့ ျပည့္ဝဆီက မွီဝဲမႈ ေလ်ာ့ခ်ရင္း ပဲပင္ေပါက္ကို ပုံမွန္စားသုံးေပးရင္ ေသြးတြင္း မေကာင္းတဲ့ ကိုလက္စထေရာ LD ကိုေလ်ာ့က်ေစပါတယ္။ အေၾကာင္းကေတာ့ ပဲပင္ေပါက္မွာ အမွ်င္ဓာတ္နဲ႔ လက္စီသင္ ပါဝင္လို႔ျဖစ္တယ္။ ပဲပင္ေပါက္ဟာ ႏွလုံးနဲ႔ ေသြးေၾကာေတြကို က်န္းမာေစတာေၾကာင့္ ႏွလုံးေရာဂါ မွာ အျဖစ္မ်ားဆုံး ေရာဂါျဖစ္တဲ့ ႏွလုံးေသြးေၾကာက်ဥ္း ေရာဂါမျဖစ္ေအာင္ ကာကြယ္ႏိုင္ပါတယ္။

ဝမ္းမွန္မွန္သြားေစျခင္း
ပဲပင္ေပါက္မွာ အမွ်င္ဓာတ္မ်ားစြာ ပါဝင္တာေၾကာင့္ အူလႈပ္ရွားမႈကို ေကာင္းမြန္ေစၿပီး ဝမ္းခ်ဳပ္တဲ့ လကၡဏာကို သက္သာေစပါတယ္။

ဆံပင္ႏွင့္ လက္သည္းကို က်န္းမာေစျခင္း
အာဟာရတခ်ိဳ႕ ခ်ိဳ႕တဲ့မႈေၾကာင့္ ဆံပင္ေတြ က်ိဳးျပတ္တာ၊ လက္သည္း၊ ေျခသည္းေတြ ႂကြပ္ဆတ္တာတို႔ျဖစ္တတ္ပါတယ္။ အထူးသျဖင့္ ပ႐ိုတင္းဓာတ္ ၊ ဗီတာမင္နဲ႔ ဇင့္(သြပ္) ဓာတ္တို႔ ခ်ိဳ႕တဲ့တာ ေၾကာင့္ျဖစ္တတ္ပါတယ္။ ပဲပင္ေပါက္မွာ ဒီအာဟာရဓာတ္ေတြ အမ်ားအျပား ပါဝင္တဲ့ အတြက္ ဆံပင္သားနဲ႔ လက္သည္း၊ ေျခသည္းျပႆနာတို႔ မျဖစ္ေအာင္ ကာကြယ္ႏိုင္သလို ျဖစ္ေနရင္လည္း ကုသေပးႏိုင္ပါတယ္။

အသည္းကိုက်န္းမာေစျခင္း
ပဲပင္ေပါက္မွာ လက္ဆီသင္ ပမာဏ မ်ားစြာပါဝင္တဲ့ အျပင္ ေသြးတြင္း မေကာင္းတဲ့ ကိုလက္စထေရာကို ေလ်ာ့က်ေစကာအသည္းမွာ အဆီကပ္ၿငိမႈ မျဖစ္ေအာင္ ကာကြယ္ေပးပါတယ္။ ဒါေၾကာင့္ အျဖစ္မ်ားတဲ့ အသည္း ထိခိုက္မႈ အျခအေနတစ္ရပ္ျဖစ္တဲ့ အသည္းအဆီဖုံးမႈ မျဖစ္ေအာင္ ကာကြယ္ႏိုင္ပါတယ္။

ေသြးဆုံးခ်ိန္ ေဝဒနာမ်ားကို သက္သာေစျခင္း
ပဲပင္ေပါက္မွာ အီစထ႐ိုဂ်င္လို အာနိသင္ေပးႏိုင္တဲ့ ဖိုင္တိုအီစထ႐ိုဂ်င္မ်ား စြာပါဝင္ပါတယ္။ ဒါေၾကာင့္ ေသြးဆုံးခ်ိန္နဲ႔ ဆက္စပ္ေနတဲ့ ရင္တုန္တာ၊ ညဘက္ပူေလာင္ၿပီး ေခြၽးထြက္တာစတဲ့ ေဝဒနာေတြ သက္သာေစပါတယ္။ ေသြးဆုံး ေဝဒနာအမ်ားစုက အီစထ႐ိုဂ်င္အဆင့္ ေလ်ာ့နည္းလို႔ျဖစ္တာတာပါ။ ပဲပင္ေပါက္မွာေတြ႕ရတဲ့ ဖိုင္တိုအီစထ႐ိုဂ်င္ ေတြဟာ ေသြးဆုံးခ်ိန္မွာ အျဖစ္မ်ားတဲ့ အ႐ိုးပါးေရာဂါမျဖစ္ေအာင္ လည္း ကာကြယ္ေပးပါတယ္။

အေရျပား အိုမင္းမႈ တားေပးေသာ အစြမ္းရွိျခင္း
ပဲပင္ေပါက္မွာ အေတြ႕မ်ားတဲ့ ဖိုင္တိုအီစထ႐ိုဂ်င္ဟာ အေရျပား တည္ေဆာက္မႈမွာအေရးပါတဲ့ ေကာ္လာဂ်င္၊ အီလက္စတင္နဲ႔ ဟိုင္ရာလူ႐ိုးနစ္ အက္စစ္ တို႔ တည္ေဆာက္မႈကို ေကာင္းမြန္ေစပါတယ္။ ပဲပင္ေပါက္ဟာ အေရျပားတင္းရင္းမႈနဲ႔ အစိုဓာတ္ေလ်ာ့က်မႈေၾကာင့္ ျဖစ္တဲ့ အေရျပားအိုမင္းတဲ့ ျဖစ္စဥ္ကို မျဖစ္ေအာင္ ကာကြယ္ေပးပါတယ္။

စိတ္ဖိစီးမႈႏွင့္ ေမာပန္းမႈကို ေလ်ာ့က်ေစျခင္
ပဲပင္ေပါက္မွာ စြမ္းအင္နဲ႔ တျခား အာဟာရဓါတ္ေတြ အမ်ားအျပား ပါဝင္တာေၾကာင့္ စိတ္ဖိစီးမႈနဲ႔ ေမာပန္းမႈတို႔ေၾကာင့္ ျဖစ္လာတဲ့ ေဝဒနာ ေတြကို သက္သာေလ်ာ့ပါး ေစပါတယ္။

Add a Comment

Your email address will not be published.