ညဖက် အိပ်ပျော်ဖို့ ခက်နေသူများ သိထားသင့်တဲ့ Melatonin အ‌ကြောင်း

Sharing is caring!

ညဖက် အိပ်ပျော်ဖို့ ခက်နေသူများ သိထားသင့်တဲ့ Melatonin အ‌ကြောင်း လေးတင်ပေးလိုက်ပါတယ်။

Melatonin (မယ်လတိုနင်) ဆိုတာဘာလဲ?

Melatonin ဆိုတာသဘာဝ Hormone တစ်မျိုးပါ။ လူတွေရဲ့ဦးနှောက်ကနေ အလင်းရောင်ရရှိတဲ့အပေါ်မူတည်ပြီးထုတ်ပေးကာ အိပ်စက်ခြင်းကိုအထောက်အကူပြုပါတယ်။

(အလင်းရောင်ရှိတဲ့အချိန်နည်းတတ်ပြီး၊ မှောင်လာရင် Melatonin ထွက်စေပါတယ်)

အိပ်မပျော်တာနဲ့ဘယ်လိုပတ်သတ်နေလဲ?

အိပ်မပျော်ရခြင်း အကြောင်းအမျိုးမျိုးရှိပါတယ်။ ညဘက်ဖုန်းကြည့်တာများလို့၊ နေ့ညအလုပ်ချိန်တွေပြောင်းလို့၊ အတွေးများလို့စတဲ့ အကြောင်းများစွာဟာ ခန္ဓာကိုယ်တွင်းသဘာဝအရ

ထုတ်ပေးနေတဲ့ Melatonin ကိုလျှော့ကျပြီး အိပ်ပျော်ဖို့ခက်စေပါတယ်။

ပုံမှန် Melatonin ပမာဏ ဖြစ်နေအောင်ဘယ်လိုလုပ်ရမလဲ?

သဘာဝအရနေ့ည ပုံမှန်လှုပ်ရှားသွားလာမှုနဲ့ Melatonin ပါဝင်တဲ့အစားအသောက်တွေက ပုံမှန်ပမာဏဖြစ်အောင် ထိန်းပေးပါတယ်။ စိတ်ဖိစီးမှုတွေလျှော့ပါ၊ ညအိပ်ခါနီး

screen (ဖုန်း၊တီဗွီ) ကြည့်တာလျှော့ပါ။အဲဒီလိုမှမဟုတ်ရင် Melatonin ဖြည့်စွက်စာစားပါ။

Melatonin supplement ကလူတိုင်းနဲ့တည့်ရဲ့လား?

ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်၊ ခုခံအားနည်းနေသူတွေနဲ့ အသည်းလုပ်ဆောင်မှုမကောင်းတဲ့သူတွေ မသောက်သင့်ပါဘူး။ သွေးကျဲဆေးသောက်နေသူတွေ၊ ဆီးချိုရှိသူတွေ၊ ကိုယ်ဝန်

တားဆေးသောက်နေသူတွေလည်း ဆရာဝန်နဲ့တိုင်ပင်ပြီးမှသောက်သင့်ပါတယ်။ ကလေးတွေအတွက်ကတော့ (၄) နှစ်နဲ့အထက်မှသာ စတိုက်သင့်ပါတယ်။

Side effects (ဘေးထွက်ဆိုးကျိုး) တွေရောရှိလား?

အိပ်ဆေးမဟုတ်ဘဲ သဘာဝဟော်မုန်းဖြစ်တဲ့အတွက် ဘေးထွက်ဆိုးကျိုးနည်းပါတယ်။ ရှားရှားပါးပါး ခေါင်းကိုက်၊ ပျို့အန်၊ အိပ်ငိုက်တာ‌တွေလည်း ရှိတတ်ပါတယ်။

နေ့တိုင်းသောက်ရမှာလား၊ ဘယ်လိုသောက်ရလဲ?

နေ့တိုင်းသောက်သုံးနိုင်ပေမယ့် ပုံမှန်အနေအထိုင် (life style) ကိုပြုပြင်နိုင်ရင်ပိုကောင်းပါတယ်။ 3 mg, 5mg, 10mg အမျိုးမျိုးလာလို့ တစ်ဦးနဲ့တစ်ဦးအခြေအနေပေါ်

မူတည်ပြီး ရွေးချယ်သင့်ပါတယ်။သိပ်မဆိုးတဲ့သူတွေကတော့ Dose နည်းရာကနေစသောက်ဖို့ အကြံပေးပါရစေ။

တစ်နေ့ဘယ်နှစ်လုံးနဲ့ ဘယ်အချိန်သောက်သင့်လဲ?

တစ်နေ့တစ်လုံးကို ညအိပ်ယာမဝင်ခင် မိနစ်၃၀ – ၁နာရီခန့်အလိုမှာသောက်သင့်ပါတယ်။ (ညဖက်ကော်ဖီလဖက်ရည်သောက်သုံးခြင်း၊ အိပ်ခါနီးဖုန်းသုံးတာတွေရှောင်ပြီးသင်တောင့်

သက်သာအနားယူပါ)

Melatonin ကအိပ်‌စက်ခြင်းအတွက်ကောင်းသလို ဘာတွေကိုလည်းအထောက်အကူပေးလဲ?

Melatonin ကအချိန်မြန်မြန်နဲ့အိပ်ပျော်စေသလို အခြားသော ကိုယ်ခံအားစနစ်၊ မျက်လုံး၊ ခန္ဓာကိုယ်ကြီးထွားဖွံဖြိုးစေဖို့နဲ့ အစာအိမ်အူလမ်းကြောင်းတွေမှာလည်း ‌အထောက်အကူ

ပေးပါတယ်။အိပ်‌ရေးဝမှ ခန္ဓာကိုယ်ရဲ့ဇီဝဖြစ်စဉ်တွေမှန်ကန်ပြီး ကျန်းကျန်းမာမာဖြစ်စေမှာပါ။ ဒီလိုအိပ်စက်ခြင်းက ကျန်းမာရေးအတွက်အခြေခံလိုအပ်ချက်ဖြစ်လို့ အရေးကြီးပါတယ်ဗျာ

အားလုံးပဲကောင်းမွန်နှစ်ခြိုက်စွာအိပ်စက်နိုင်ကြပြီး လိုရာပန်းတိုင်ကိုရောက်ရှိနိုင်ကြပါစေ…

Crd

Zawgyi Version

ညဖက္ အိပ္ေပ်ာ္ဖို႔ ခက္ေနသူမ်ား သိထားသင့္တဲ့ Melatonin အ‌ေၾကာင္း ေလးတင္ေပးလိုက္ပါတယ္။

Melatonin (မယ္လတိုနင္) ဆိုတာဘာလဲ?

Melatonin ဆိုတာသဘာဝ Hormone တစ္မ်ိဳးပါ။ လူေတြရဲ႕ဦးေႏွာက္ကေန အလင္းေရာင္ရရွိတဲ့အေပၚမူတည္ၿပီးထုတ္ေပးကာ အိပ္စက္ျခင္းကိုအေထာက္အကူျပဳပါတယ္။

(အလင္းေရာင္ရွိတဲ့အခ်ိန္နည္းတတ္ၿပီး၊ ေမွာင္လာရင္ Melatonin ထြက္ေစပါတယ္)

အိပ္မေပ်ာ္တာနဲ႔ဘယ္လိုပတ္သတ္ေနလဲ?

အိပ္မေပ်ာ္ရျခင္း အေၾကာင္းအမ်ိဳးမ်ိဳးရွိပါတယ္။ ညဘက္ဖုန္းၾကည့္တာမ်ားလို႔၊ ေန႔ညအလုပ္ခ်ိန္ေတြေျပာင္းလို႔၊ အေတြးမ်ားလို႔စတဲ့ အေၾကာင္းမ်ားစြာဟာ ခႏၶာကိုယ္တြင္းသဘာဝအရ

ထုတ္ေပးေနတဲ့ Melatonin ကိုေလွ်ာ့က်ၿပီး အိပ္ေပ်ာ္ဖို႔ခက္ေစပါတယ္။

ပုံမွန္ Melatonin ပမာဏ ျဖစ္ေနေအာင္ဘယ္လိုလုပ္ရမလဲ?

သဘာဝအရေန႔ည ပုံမွန္လႈပ္ရွားသြားလာမႈနဲ႔ Melatonin ပါဝင္တဲ့အစားအေသာက္ေတြက ပုံမွန္ပမာဏျဖစ္ေအာင္ ထိန္းေပးပါတယ္။ စိတ္ဖိစီးမႈေတြေလွ်ာ့ပါ၊ ညအိပ္ခါနီး

screen (ဖုန္း၊တီဗြီ) ၾကည့္တာေလွ်ာ့ပါ။အဲဒီလိုမွမဟုတ္ရင္ Melatonin ျဖည့္စြက္စာစားပါ။

Melatonin supplement ကလူတိုင္းနဲ႔တည့္ရဲ႕လား?

ကိုယ္ဝန္ေဆာင္၊ ႏို႔တိုက္မိခင္၊ ခုခံအားနည္းေနသူေတြနဲ႔ အသည္းလုပ္ေဆာင္မႈမေကာင္းတဲ့သူေတြ မေသာက္သင့္ပါဘူး။ ေသြးက်ဲေဆးေသာက္ေနသူေတြ၊ ဆီးခ်ိဳရွိသူေတြ၊ ကိုယ္ဝန္

တားေဆးေသာက္ေနသူေတြလည္း ဆရာဝန္နဲ႔တိုင္ပင္ၿပီးမွေသာက္သင့္ပါတယ္။ ကေလးေတြအတြက္ကေတာ့ (၄) ႏွစ္နဲ႔အထက္မွသာ စတိုက္သင့္ပါတယ္။

Side effects (ေဘးထြက္ဆိုးက်ိဳး) ေတြေရာရွိလား?

အိပ္ေဆးမဟုတ္ဘဲ သဘာဝေဟာ္မုန္းျဖစ္တဲ့အတြက္ ေဘးထြက္ဆိုးက်ိဳးနည္းပါတယ္။ ရွားရွားပါးပါး ေခါင္းကိုက္၊ ပ်ိဳ႕အန္၊ အိပ္ငိုက္တာ‌ေတြလည္း ရွိတတ္ပါတယ္။

ေန႔တိုင္းေသာက္ရမွာလား၊ ဘယ္လိုေသာက္ရလဲ?

ေန႔တိုင္းေသာက္သုံးႏိုင္ေပမယ့္ ပုံမွန္အေနအထိုင္ (life style) ကိုျပဳျပင္ႏိုင္ရင္ပိုေကာင္းပါတယ္။ 3 mg, 5mg, 10mg အမ်ိဳးမ်ိဳးလာလို႔ တစ္ဦးနဲ႔တစ္ဦးအေျခအေနေပၚ

မူတည္ၿပီး ေ႐ြးခ်ယ္သင့္ပါတယ္။သိပ္မဆိုးတဲ့သူေတြကေတာ့ Dose နည္းရာကေနစေသာက္ဖို႔ အႀကံေပးပါရေစ။

တစ္ေန႔ဘယ္ႏွစ္လုံးနဲ႔ ဘယ္အခ်ိန္ေသာက္သင့္လဲ?

တစ္ေန႔တစ္လုံးကို ညအိပ္ယာမဝင္ခင္ မိနစ္၃၀ – ၁နာရီခန႔္အလိုမွာေသာက္သင့္ပါတယ္။ (ညဖက္ေကာ္ဖီလဖက္ရည္ေသာက္သုံးျခင္း၊ အိပ္ခါနီးဖုန္းသုံးတာေတြေရွာင္ၿပီးသင္ေတာင့္

သက္သာအနားယူပါ)

Melatonin ကအိပ္‌စက္ျခင္းအတြက္ေကာင္းသလို ဘာေတြကိုလည္းအေထာက္အကူေပးလဲ?

Melatonin ကအခ်ိန္ျမန္ျမန္နဲ႔အိပ္ေပ်ာ္ေစသလို အျခားေသာ ကိုယ္ခံအားစနစ္၊ မ်က္လုံး၊ ခႏၶာကိုယ္ႀကီးထြားဖြံၿဖိဳးေစဖို႔နဲ႔ အစာအိမ္အူလမ္းေၾကာင္းေတြမွာလည္း ‌အေထာက္အကူ

ေပးပါတယ္။အိပ္‌ေရးဝမွ ခႏၶာကိုယ္ရဲ႕ဇီဝျဖစ္စဥ္ေတြမွန္ကန္ၿပီး က်န္းက်န္းမာမာျဖစ္ေစမွာပါ။ ဒီလိုအိပ္စက္ျခင္းက က်န္းမာေရးအတြက္အေျခခံလိုအပ္ခ်က္ျဖစ္လို႔ အေရးႀကီးပါတယ္ဗ်ာ

အားလုံးပဲေကာင္းမြန္ႏွစ္ၿခိဳက္စြာအိပ္စက္ႏိုင္ၾကၿပီး လိုရာပန္းတိုင္ကိုေရာက္ရွိႏိုင္ၾကပါေစ…

Crd

Add a Comment

Your email address will not be published.