ပြည်သူများအတွက် ဒုတိယအကြိမ် မီတာခ လျော့ပေးမယ့် အစီအစဉ်လာပါပြီ

Sharing is caring!

ကိုဗစ် ၁၉ ကြောင့် အများပြည်သူများ အလုပ်အကိုင်အခက်အခဲ ဝင်ငွေအခက်အခဲများ ဖြစ်ပေါ်ခဲ့ရမှုကို နိုင်ငံတော်အနေဖြင့် ပြည်သူများကို ငဲ့ညှာသောအားဖြင့် လျှပ်စစ်သုံးစွဲမှု ယူနစ်များကို ဧပြီလ မှ စ၍ ယူနစ် ၁၅၀ အား အခမဲ့ သုံးစွဲခွင့်ပြုပေးခဲ့တယ်။

နောက်ထပ်လည်း ကိုဗစ်၁၉ ကာလ ဒုတိယအကြိမ်အဖြစ် မေလ(၁)ရက်မှ (၁၅)ရက်အထိသုံးစွဲသော အိမ်သုံးလျှပ်စစ်ဓာတ်အားသုံးစွဲမှု (၇၅)ယူနစ်အထိကို ငွေကြေးကောက်ခံမှုကင်းလွတ်ခွင့်(အခမဲ့) ထပ်မံပေးသွားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ကြေညာလိုက်ပါပြီ။

ထိုကြေငြာချက်အရ လဆန်း ၁၅ရက်အတွင်း အိမ်သုံးမီတာ ၇၆ ယူနစ်နှင့်အထက်သုံးစွဲသူများအနေဖြင့် သတ်မှတ်မီတာခအတိုင်း ပေးဆောင်ရမှာဖြစ်ပါတယ်။

ပြီးခဲ့သည့် ဧပြီလကလည်း ကိုရိုနာကာကွယ်ရေးထိန်းသိမ်းကာလဖြစ်သောကြောင့် အိမ်သုံးမီတာ ၁၅၀ ယူနစ်ဖိုး အခမဲ့ကင်းလွတ်ခွင့်ပေးခဲ့၍ အများပြည်သူ ပျော်ရွှင်ခဲ့ကြကြောင်း သိရှိရပါတယ်။

Zawgyi Version





Add a Comment

Your email address will not be published. Required fields are marked *