ရေသောက်နည်းသူများ သိထားသင့်တဲ့ ကျန်းမာရေး

Sharing is caring!

ခန္ဓာကိုယ်တွင်း ရေဓာတ် ချို့တဲ့တာကြောင့် အောက်ပါ လက္ခဏာတွေ ဖြစ်ပေါ်တတ်ပါတယ်။

၁။ အမြဲတမ်း ခေါင်းကိုက်ခြင်း။
ဦးနှောက်တစ်သျှူးရဲ့ ၈၅% က ရေဖြစ်ပါတယ်။ ဒါကြောင့် ဦးနှောက်ထဲမှာ ရေနည်းသွားရင် ခေါင်းကိုက်တတ်ပါတယ်။

၂။ တစ်ချိန်လုံး ဗိုက်ဆာခြင်း။
အစာမစားခင် ရေတစ်ခွက်သောက်ထားရင် ဝမ်းဗိုက်ပြည့်တင်းမှုကို ရရှိနိုင်ပါတယ်။ ရေမသောက်မိရင်တော့ အလွန်အမင်း ဗိုက်ဆာ နိုင်ပါတယ်။

၃ ။ ခံတွင်းမှ အပုပ်နံ့ ရခြင်း။
အာခေါင်ခြောက်နေတာကြောင့် ခံတွင်းက အနံ့ဆိုး ထွက်လာနိုင်ပါတယ်။ ပါးစပ်ထဲမှာ စွတ်စိုမှု ရှိပြီး ခံတွင်းအနံ့ဆိုး မထွက်အောင် ရေများများ သောက်ရပါမယ်။

၄။ ဝိတ် မကျနိုင်ခြင်း။
သင်က အစားအစာကို ကယ်လိုရီတွက်ချက်ပြီး စားနေပေမယ့် သင့်ဝိတ် မကျနိုင် ဖြစ်နေတာက ရေသောက်နည်းတာကြောင့်ပါ။ ဝိတ်ကျဖို့ အခြေခံ အချက်က ရေများများသောက်ဖို့ပါ။

၅ ။ ဗောက်ထခြင်း။
ရေဓာတ် ချို့တဲ့ရင် ဗောက်ထတာနဲ့ ဆံသားခြောက်သွေ့ နိုင်ပါတယ်။

၆ ။ အသားအရေ ခြောက်သွေ့ ခြင်း။
အသားအရေ ချောမွတ်ပြီးတောက် ပြောင်မှု ရှိအောင် ရေများများသောက်ဖို့ လိုအပ်ပါတယ်။ ရေသောက်နည်းရင် အသားအရေ ခြောက် ပြီး ကြမ်းတမ်း နိုင်ပါတယ်။

၇ ။ အစာမကြေခြင်း။
ရေသောက်နည်းရင် အစာမကြေတဲ့ ပြဿနာ ဖြစ်တတ်ပါတယ်။

၈ ။ ဝမ်းချုပ်ခြင်း။
ဝမ်းမှန်မှန် သွားဖို့ ရေများများသောက်ရပါမယ်။ ရေသောက်နည်းရင် ကိုယ်တွင်း အဆိပ်အတောက်တွေ စုပုံလာပြီး ဝိတ်တက်လာ နိုင်ပါတယ်။ ရေရှည် ဝမ်းချုပ်နေတာက ကျန်းမာရေး ပြဿနာတွေ ဖြစ်လာနိုင် ပါတယ်။

၉ ။ အဆစ်နာကျင်ခြင်း။
ရေဟာ အဆစ်အတွက် လောင်စာစွမ်းအင်ဖြစ်ပြီး အရိုးနု မှာရေဓာတ် ပြည့်ဝနေကာ ပျော့ပျောင်း မှုရှိအောင် ထိန်းသိမ်း ပေးပါတယ်။

၁၀။ မျက်စိခြောက်သွေ့ခြင်း၊ ထိုင်းမှိုင်းခြင်း။
သင်က ငိုချင်ပေမယ့် မျက်ရည်မထွက် တာက ရေသောက်နည်းတာကြောင့်ပါ။ ရေသောက်နည်းတာကြောင့် မျက်ကွင်း ညို နိုင်ပါတယ်။
အိမ်တွင်းအောင်းကာလတွေမှာ ရေသောက်ဖို့ မမေ့အောင် ဂရုစိုက်ကြစေချင်ပါတယ်။

ရေသောက် နည်း မနည်းကို သင့်ဆီးအရောင်ကို ကြည့်ပြီး သိရှိနိုင်ပါတယ်။ ဆီးအရောင်က အဝါဖျော့ဖျော့ ဆိုရင် တော့ သင်ရေသောက်တာ လုံလောက်ပါတယ်။ ဆီးအရောင်ရင့်နေရင်တော့ ရေပိုသောက်ဖို့ လိုအပ်ပါနေပါပြီ ။

Dr Khin Khin Moe

ခႏၶာကိုယ္တြင္း ေရဓာတ္ ခ်ိဳ႕တဲ့တာေၾကာင့္ ေအာက္ပါ လကၡဏာေတြ ျဖစ္ေပၚတတ္ပါတယ္။

၁။ အၿမဲတမ္း ေခါင္းကိုက္ျခင္း။
ဦးေႏွာက္တစ္သွ်ဴးရဲ႕ ၈၅% က ေရျဖစ္ပါတယ္။ ဒါေၾကာင့္ ဦးေႏွာက္ထဲမွာ ေရနည္းသြားရင္ ေခါင္းကိုက္တတ္ပါတယ္။

၂။ တစ္ခ်ိန္လုံး ဗိုက္ဆာျခင္း။
အစာမစားခင္ ေရတစ္ခြက္ေသာက္ထားရင္ ဝမ္းဗိုက္ျပည့္တင္းမႈကို ရရွိႏိုင္ပါတယ္။ ေရမေသာက္မိရင္ေတာ့ အလြန္အမင္း ဗိုက္ဆာ ႏိုင္ပါတယ္။

၃ ။ ခံတြင္းမွ အပုပ္နံ႔ ရျခင္း။
အာေခါင္ေျခာက္ေနတာေၾကာင့္ ခံတြင္းက အနံ႔ဆိုး ထြက္လာႏိုင္ပါတယ္။ ပါးစပ္ထဲမွာ စြတ္စိုမႈ ရွိၿပီး ခံတြင္းအနံ႔ဆိုး မထြက္ေအာင္ ေရမ်ားမ်ား ေသာက္ရပါမယ္။

၄။ ဝိတ္ မက်ႏိုင္ျခင္း။
သင္က အစားအစာကို ကယ္လိုရီတြက္ခ်က္ၿပီး စားေနေပမယ့္ သင့္ဝိတ္ မက်ႏိုင္ ျဖစ္ေနတာက ေရေသာက္နည္းတာေၾကာင့္ပါ။ ဝိတ္က်ဖို႔ အေျခခံ အခ်က္က ေရမ်ားမ်ားေသာက္ဖို႔ပါ။

၅ ။ ေဗာက္ထျခင္း။
ေရဓာတ္ ခ်ိဳ႕တဲ့ရင္ ေဗာက္ထတာနဲ႔ ဆံသားေျခာက္ေသြ႕ ႏိုင္ပါတယ္။

၆ ။ အသားအေရ ေျခာက္ေသြ႕ ျခင္း။
အသားအေရ ေခ်ာမြတ္ၿပီးေတာက္ ေျပာင္မႈ ရွိေအာင္ ေရမ်ားမ်ားေသာက္ဖို႔ လိုအပ္ပါတယ္။ ေရေသာက္နည္းရင္ အသားအေရ ေျခာက္ ၿပီး ၾကမ္းတမ္း ႏိုင္ပါတယ္။

၇ ။ အစာမေၾကျခင္း။
ေရေသာက္နည္းရင္ အစာမေၾကတဲ့ ျပႆနာ ျဖစ္တတ္ပါတယ္။

၈ ။ ဝမ္းခ်ဳပ္ျခင္း။
ဝမ္းမွန္မွန္ သြားဖို႔ ေရမ်ားမ်ားေသာက္ရပါမယ္။ ေရေသာက္နည္းရင္ ကိုယ္တြင္း အဆိပ္အေတာက္ေတြ စုပုံလာၿပီး ဝိတ္တက္လာ ႏိုင္ပါတယ္။ ေရရွည္ ဝမ္းခ်ဳပ္ေနတာက က်န္းမာေရး ျပႆနာေတြ ျဖစ္လာႏိုင္ ပါတယ္။

၉ ။ အဆစ္နာက်င္ျခင္း။
ေရဟာ အဆစ္အတြက္ ေလာင္စာစြမ္းအင္ျဖစ္ၿပီး အ႐ိုးႏု မွာေရဓာတ္ ျပည့္ဝေနကာ ေပ်ာ့ေပ်ာင္း မႈရွိေအာင္ ထိန္းသိမ္း ေပးပါတယ္။

၁၀။ မ်က္စိေျခာက္ေသြ႕ျခင္း၊ ထိုင္းမႈိင္းျခင္း။
သင္က ငိုခ်င္ေပမယ့္ မ်က္ရည္မထြက္ တာက ေရေသာက္နည္းတာေၾကာင့္ပါ။ ေရေသာက္နည္းတာေၾကာင့္ မ်က္ကြင္း ညိဳ ႏိုင္ပါတယ္။
အိမ္တြင္းေအာင္းကာလေတြမွာ ေရေသာက္ဖို႔ မေမ့ေအာင္ ဂ႐ုစိုက္ၾကေစခ်င္ပါတယ္။

ေရေသာက္ နည္း မနည္းကို သင့္ဆီးအေရာင္ကို ၾကည့္ၿပီး သိရွိႏိုင္ပါတယ္။ ဆီးအေရာင္က အဝါေဖ်ာ့ေဖ်ာ့ ဆိုရင္ ေတာ့ သင္ေရေသာက္တာ လုံေလာက္ပါတယ္။ ဆီးအေရာင္ရင့္ေနရင္ေတာ့ ေရပိုေသာက္ဖို႔ လိုအပ္ပါေနပါၿပီ ။

Dr Khin Khin Moe

Add a Comment

Your email address will not be published.