ထန်းရည်သောက်ခြင်းကြောင့် ဘာအကျိုးကျေးဇူးတွေ ခံစားရမလဲ
|ထန်းရည်သောက်ခြင်းကြောင့် ဘာအကျိုးကျေးဇူးတွေ ခံစားရမလဲ
ထန်းရည်ဆိုတာက ထန်းဖိုပင်။ ထန်းမပင်ကနေရတဲ့အရည်ပါ။ ထန်းရည်ကို သောက်စရာတစ်ခုအနေနဲ့သောက်လာခဲ့တာ အရင်တည်းကပါ။
ထန်းရည်မှာ အချိုနဲ့အခါးဆိုပြီး ရှိပါတယ်။ ဒီထန်းရည်က သဘာဝဆေးတစ်ခုအနေနဲ့ ခန္ဓာကိုယ်ကို အကျိုးပြုပေးနိုင်ပါတယ်။
ထန်းရည်က pH ၈ ကနေ ၉ ရှိပါတယ်။ ထန်းရည်က ကျန်းမာရေးအကျိုးကျေးဇူးများတဲ့ သောက်စရာတစ်ခုလို့ပြောပါရစေနော်။
ထန်းရည်ကနေ ဒီလိုအာဟာရဓာတ်တွေရနိုင်ပါတယ်။ ထန်းရည်မှာ အာဟာရဓာတ်အနေနဲ့ ဆူးခရို့စ်၊ ပရိုတင်း၊ Ascorbic acid ၊ အမျှင်ဓာတ်၊ အမိုင်နိုအက်ဆစ်၊ ဗီတာမင် C နဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင်တွေကြွယ်ဝစွာပါဝင်ပါတယ်။
ထန်းရည်က သဘာဝလက်ဆောင်တစ်မျိုးပါ။ ထန်းရည်က ချိုပြီး အရသာရှိသလို အာဟာရနဲ့ဗီတာမင်တွေလည်းပါဝင်နေတဲ့ သဘာဝရဲ့လက်ဆောင် သောက်စရာတစ်မျိုးပေါ့။
ကင်ဆာတိုက်ဖျက်ပေးနိုင်ပါတယ်
ထန်းရည်မှာ ဗီတာမင် B2 လို့သိကြတဲ့ riboflavin ပါဝင်နေပါတယ်။ riboflavin ကဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်ခုဖြစ်ပြီး ကင်ဆာဖြစ်စေနိုင်တဲ့ free radicals တွေကိုတိုက်ထုတ်ပေးပါတယ်။ ဒါကြောင့် ကင်ဆာအန္တရာယ်ကနေကာကွယ်ဖို့ ထန်းရည်သောက်ပေးလို့ရပါတယ်။
အမြင်အာရုံကောင်းစေတယ်
ထန်းရည်မှာ ဓာတ်တိုးဆန့်ကျင်အာနိသင်တွေနဲ့ ဗီတာမင် C ပါဝင်တာကြောင့် အမြင်အာရုံကို တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။ ဒါ့အပြင် ထန်းရည်မှာ ဗီတာမင် B1 (သီရာမင်း) ပါဝင်နေတာကြောင့် အမြင်အာရုံကို ကျန်းမာစေနိုင်ပါတယ်။
အရေပြား၊ ဆံသားနဲ့ ခြေသည်းလက်သည်းတွေကို ကျန်းမာစေနိုင်တယ်
ထန်းရည်မှာ အရေပြား၊ ဆံသားနဲ့ခြေသည်းလက်သည်းတွေကျန်းမာစေဖို့အတွက် လိုအပ်တဲ့ သံဓာတ်နဲ့ဗီတာမင် B တို့ကြွယ်ဝစွာပါဝင်နေတာကြောင့် ခန္ဓာကိုယ်က ဆဲလ်တွေကိုကောင်းကောင်းမွန်မွန်လုပ်ဆောင်နိုင်စေဖို့အထောက်အကူပြုပေးပါတယ်။
ခန္ဓာကိုယ်ကဆဲလ်တွေကောင်းမွန်စွာလုပ်ဆောင်နိုင်ဖို့လုပ်ဆောင်ပေးသလို တစ်ရှုးတွေကို ပြုပြင်ပေးပြီး အနာကျက်စေနိုင်စွမ်းလည်းရှိပါတယ်။ လှပကျန်းမာတဲ့ ဆံသား၊ အရေပြား နဲ့ ခြေသည်းလက်သည်းတွေပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ထန်းရည်လေးက စဉ်းစားသင့်တဲ့ သဘာဝဆေးတစ်မျိုးပေါ့။
နှလုံးသွေးကြောဆိုင်ရာရောဂါတွေခံစားရနိုင်ခြေကိုလျှော့ချပေးတယ်
ထန်းရည်ကို နေ့တိုင်း တစ်ခွက်စီလောက်သောက်ပေးမယ်ဆိုရင် နှလုံးကျန်းမာစေတာအမှန်ပါ။ ထန်းရည်မှာ ပိုတက်ဆီယမ်ပါဝင်နေတာကြောင့် နှလုံးကျန်းမာစေနိုင်ပြီး သွေးတိုးကျစေနိုင်ပါတယ်။ ဒါပေမယ့် သတိထားရမယ့်အချက်တစ်ခုက ထန်းရည်အများကြီးသောက်တာက အသည်းထိခိုက်နိုင်တယ်ဆိုတာပါ။
နို့ထွက်များစေနိုင်တယ်
နိုပထွက်နည်းတဲ့မိခင်တွေအတွက် သောက်ပေးလိုပရတဲ့ သဘာဝနို့့ရွှင်ဆေးတစ်လက်ပေါ့။ ဒါကြောင့်နို့တိုက်မိခင်တွေ နို့ထွက်များစေဖို့ သောက်ပေးလို့ရပါတယ်။နော်။
ဒါတွေတင်မကပါဘူး။ ထန်းရည်က ကိုယ်အလေးချိန်ချချင်သူတွေအတွက်လည်း စဉ်းစားသင့်တဲ့အချက်တစ်ခုဖြစ်သလို မှတ်ဉာဏ်ကောင်းလိုသူတွေအတွက်လည်း သင့်တော်ပါတယ်။
ဦးနှောက်ကိုကျန်းမာစေနိုင်ပါတယ်။ သွားဖုံးရောဂါတွေကို သက်သာစေနိုင်သလို ပင်ပန်းမှုကိုပြေလျော့စေနိုင်ပါတယ်။
သွေးတွင်းကိုလက်စထရောပမာဏကို ကျဆင်းစေနိုင်ပြီး ဆီးလည်းရွှင်စေပါတယ်။
ပင်ကျရည်စစ်စစ်လေးသောက်ပြီး အဖိုးမဖြတ်နိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးလေးတွေရယူလိုက်ပါနော်……..
Crd
ထန္းရည္ေသာက္ျခင္းေၾကာင့္ ဘာအက်ိဳးေက်းဇူးေတြ ခံစားရမလဲ
ထန္းရည္ဆိုတာက ထန္းဖိုပင္။ ထန္းမပင္ကေနရတဲ့အရည္ပါ။ ထန္းရည္ကို ေသာက္စရာတစ္ခုအေနနဲ႔ေသာက္လာခဲ့တာ အရင္တည္းကပါ။
ထန္းရည္မွာ အခ်ိဳနဲ႔အခါးဆိုၿပီး ရွိပါတယ္။ ဒီထန္းရည္က သဘာဝေဆးတစ္ခုအေနနဲ႔ ခႏၶာကိုယ္ကို အက်ိဳးျပဳေပးႏိုင္ပါတယ္။
ထန္းရည္က pH ၈ ကေန ၉ ရွိပါတယ္။ ထန္းရည္က က်န္းမာေရးအက်ိဳးေက်းဇူးမ်ားတဲ့ ေသာက္စရာတစ္ခုလို႔ေျပာပါရေစေနာ္။
ထန္းရည္ကေန ဒီလိုအာဟာရဓာတ္ေတြရႏိုင္ပါတယ္။ ထန္းရည္မွာ အာဟာရဓာတ္အေနနဲ႔ ဆူးခ႐ို႕စ္၊ ပ႐ိုတင္း၊ Ascorbic acid ၊ အမွ်င္ဓာတ္၊ အမိုင္ႏိုအက္ဆစ္၊ ဗီတာမင္ C နဲ႔ ဓာတ္တိုးဆန္႔က်င္အာနိသင္ေတြႂကြယ္ဝစြာပါဝင္ပါတယ္။
ထန္းရည္က သဘာဝလက္ေဆာင္တစ္မ်ိဳးပါ။ ထန္းရည္က ခ်ိဳၿပီး အရသာရွိသလို အာဟာရနဲ႔ဗီတာမင္ေတြလည္းပါဝင္ေနတဲ့ သဘာဝရဲ႕လက္ေဆာင္ ေသာက္စရာတစ္မ်ိဳးေပါ့။
ကင္ဆာတိုက္ဖ်က္ေပးႏိုင္ပါတယ္
ထန္းရည္မွာ ဗီတာမင္ B2 လို႔သိၾကတဲ့ riboflavin ပါဝင္ေနပါတယ္။ riboflavin ကဓာတ္တိုးဆန္႔က်င္ပစၥည္းတစ္ခုျဖစ္ၿပီး ကင္ဆာျဖစ္ေစႏိုင္တဲ့ free radicals ေတြကိုတိုက္ထုတ္ေပးပါတယ္။ ဒါေၾကာင့္ ကင္ဆာအႏၲရာယ္ကေနကာကြယ္ဖို႔ ထန္းရည္ေသာက္ေပးလို႔ရပါတယ္။
အျမင္အာ႐ုံေကာင္းေစတယ္
ထန္းရည္မွာ ဓာတ္တိုးဆန္႔က်င္အာနိသင္ေတြနဲ႔ ဗီတာမင္ C ပါဝင္တာေၾကာင့္ အျမင္အာ႐ုံကို တိုးတက္ေကာင္းမြန္ေစႏိုင္ပါတယ္။ ဒါ့အျပင္ ထန္းရည္မွာ ဗီတာမင္ B1 (သီရာမင္း) ပါဝင္ေနတာေၾကာင့္ အျမင္အာ႐ုံကို က်န္းမာေစႏိုင္ပါတယ္။
အေရျပား၊ ဆံသားနဲ႔ ေျခသည္းလက္သည္းေတြကို က်န္းမာေစႏိုင္တယ္
ထန္းရည္မွာ အေရျပား၊ ဆံသားနဲ႔ေျခသည္းလက္သည္းေတြက်န္းမာေစဖို႔အတြက္ လိုအပ္တဲ့ သံဓာတ္နဲ႔ဗီတာမင္ B တို႔ႂကြယ္ဝစြာပါဝင္ေနတာေၾကာင့္ ခႏၶာကိုယ္က ဆဲလ္ေတြကိုေကာင္းေကာင္းမြန္မြန္လုပ္ေဆာင္ႏိုင္ေစဖို႔အေထာက္အကူျပဳေပးပါတယ္။
ခႏၶာကိုယ္ကဆဲလ္ေတြေကာင္းမြန္စြာလုပ္ေဆာင္ႏိုင္ဖို႔လုပ္ေဆာင္ေပးသလို တစ္ရႈးေတြကို ျပဳျပင္ေပးၿပီး အနာက်က္ေစႏိုင္စြမ္းလည္းရွိပါတယ္။ လွပက်န္းမာတဲ့ ဆံသား၊ အေရျပား နဲ႔ ေျခသည္းလက္သည္းေတြပိုင္ဆိုင္ခ်င္တယ္ဆိုရင္ေတာ့ ထန္းရည္ေလးက စဥ္းစားသင့္တဲ့ သဘာဝေဆးတစ္မ်ိဳးေပါ့။
ႏွလုံးေသြးေၾကာဆိုင္ရာေရာဂါေတြခံစားရႏိုင္ေျခကိုေလွ်ာ့ခ်ေပးတယ္
ထန္းရည္ကို ေန႔တိုင္း တစ္ခြက္စီေလာက္ေသာက္ေပးမယ္ဆိုရင္ ႏွလုံးက်န္းမာေစတာအမွန္ပါ။ ထန္းရည္မွာ ပိုတက္ဆီယမ္ပါဝင္ေနတာေၾကာင့္ ႏွလုံးက်န္းမာေစႏိုင္ၿပီး ေသြးတိုးက်ေစႏိုင္ပါတယ္။ ဒါေပမယ့္ သတိထားရမယ့္အခ်က္တစ္ခုက ထန္းရည္အမ်ားႀကီးေသာက္တာက အသည္းထိခိုက္ႏိုင္တယ္ဆိုတာပါ။
ႏို႔ထြက္မ်ားေစႏိုင္တယ္
ႏိုပထြက္နည္းတဲ့မိခင္ေတြအတြက္ ေသာက္ေပးလိုပရတဲ့ သဘာဝႏို႔့႐ႊင္ေဆးတစ္လက္ေပါ့။ ဒါေၾကာင့္ႏို႔တိုက္မိခင္ေတြ ႏို႔ထြက္မ်ားေစဖို႔ ေသာက္ေပးလို႔ရပါတယ္။ေနာ္။
ဒါေတြတင္မကပါဘူး။ ထန္းရည္က ကိုယ္အေလးခ်ိန္ခ်ခ်င္သူေတြအတြက္လည္း စဥ္းစားသင့္တဲ့အခ်က္တစ္ခုျဖစ္သလို မွတ္ဉာဏ္ေကာင္းလိုသူေတြအတြက္လည္း သင့္ေတာ္ပါတယ္။
ဦးေႏွာက္ကိုက်န္းမာေစႏိုင္ပါတယ္။ သြားဖုံးေရာဂါေတြကို သက္သာေစႏိုင္သလို ပင္ပန္းမႈကိုေျပေလ်ာ့ေစႏိုင္ပါတယ္။
ေသြးတြင္းကိုလက္စထေရာပမာဏကို က်ဆင္းေစႏိုင္ၿပီး ဆီးလည္း႐ႊင္ေစပါတယ္။
ပင္က်ရည္စစ္စစ္ေလးေသာက္ၿပီး အဖိုးမျဖတ္ႏိုင္တဲ့ က်န္းမာေရးအက်ိဳးေက်းဇူးေလးေတြရယူလိုက္ပါေနာ္……..
Crd