သင့်ခွန်အားကို တိုးစေမယ့် အစွမ်းထက်တဲ့ ရှဉ့်မတက်

Sharing is caring!

အစွမ်းထက်တဲ့ ရှဉ့်မတက်က ဘာအကျိုးကျေးဇူးတွေ ပေးသလဲ

၁-ရှဉ့်မတက်ဥ ကို ချက်ပြုတ် စားခြင်း၊ နွားနို့ နှင့် နို့ထမင်း ကဲ့သို့ ပြုလုပ် စားခြင်းဖြင့် အားတိုး စေသည်။

၂-ချောင်းခြောက် ရောဂါ အတွက် ရှဉ့်မတက်ဥ၊ မုယားကြီးရွက် သကြားခဲ ရော၍ သောက်ရ၏။

၃-အဆစ်ရောင်ခြင်း၊ ကိုက်ခြင်း စသော တစ်ကိုယ်လုံး ဖောက်ပြန်သော လေရောဂါ အတွက် ရှဉ့်မတက်ဥ ရည်သက်သက် ဖြင့် ချက်ထားသော ဆီသက်သက် ကို လိမ်းကျံ ပေးရ၏။

၄-ရှဉ့်မတက် ဥ ကို ကျို၍ ၎င်းတွင် သကြားခဲ ရောပြီး ပျားရည် ထည့်သောက် သော် ဆီးပူရောဂါ နှင့် ဆီးအောင့် ရောဂါ ပျောက်၏။

၅-ရှဉ့်မတက်ဥ ရည်တွင် ပျားရည် နှင့် နွားနို့ ရော၍ နံနက်၌ သောက်သော် အပူအကိုက် နှင့် အမျိုးမျိုး သော သည်းခြေ ရောဂါ ပျောက်၏။

၆-ရှဉ့်မတက်ဥ ကြိတ်ညှစ်ရည်တွင် နွားနို့ ရောသောက်သော် ကျောက်တည် ရောဂါ ပျောက်၏။

၇-ရှဉ့်မတက်ဥ ကြိတ်၍ ရသော အရည် တွင် ပျားရည် ရောသောက်သော် မီးယပ် ရောဂါ ပျောက်၏။

၈-ရှဉ့်မတက်ဥ မှုန့်ကို နွားနို့ နှင့် ရောသောက်သော် သားသည် မိခင်များ နို့ရည် တိုးပွားစေ၏။

၉-ရှဉ့်မတက်ဥရည် တွင် နွားနို့ ရောသောက်သော် အဆိပ် သင့်ခြင်း အမျိုးမျိုး ပျောက်၏။

၁၀-ရှဉ့်မတက်ဥကို အခြားသော ဆေးဖက် များနှင့် ရောစပ်၍ သွေးအန်၊ သွေးဝမ်း၊ ခေါင်းကိုက်၊ အသံပျက်၊ အသံဝင်၊ ဝက်ရူး၊ပန်းနာ ရောဂါပျောက် ဆေးများ အဖြစ် သုံးစွဲ နိုင်၏။

၁၁-ရှဉ့်မတက်ဥ ကို အခြောက် ပြုလုပ်၍ အမှုန့်ကြိတ် ပြီး ပျားရည်၊ ငရုတ်ကောင်း အနည်းငယ် ရော၍ သောက်သုံးပါက ခွန်အား တက်ကြွ စေသည်

အသုံးဝင်ပုံ(အာနိသင်)

မြန်မာ ဆေးကျမ်းများ အလိုအရ ရှဉ့်မတက်ဥသည် ချိုဆိမ့်၏။ ခါး၏။ ခွန်အား ကို ဖြစ်စေ၏။ ဝမ်းမီးကို တောက်စေ၏။ ဝြဖိုးစေ၏။ သုက်၊ နို့ရည် ကို ပွားစေ၏။

နှလုံးရောဂါ၊ ဝမ်းသက်၊ သွေးအန်၊ သွေးကျ၊ အဆုတ်နာ တို့ကို ပျောက်စေတတ်၏။ လေ၊သလိပ်၊သည်းခြေ တို့ကို နိုင်၏။ သွေးလုံး လေလုံး ရောဂါ၊ ဖောရောင်ခြင်း၊မျက်စိရောဂါ၊ အဖျား ရောဂါတို့ကို ပယ်၏။

၎င်း၏ စွမ်းရည်သည် တစ်ကိုယ်လုံးသို့ ပျံ့နှံ့၍ အကျိုးပြု၏။ အသက်ကို ရှည်စေ၏။ နာတာရှည်ဒူးနာ၊ခါးနာခြင်း၊ခြေလက်ထုံကျဉ်ကိုက်ခဲခြင်း၊ကျီးပေါင်းတက်ခြင်း၊လေဖြန်းခြင်းများအတွက် ရှင်ဘုရင်လိမ်းဆေးဆီ ကို ၁နေ့ ၃ ကြိမ်မှ ၅ ကြိမ် နှိပ်နယ်အသုံးပြုပေးပါ။

Zawgyi Version

အစြမ္းထက္တဲ့ ရွဥ့္မတက္က ဘာအက်ိဳးေက်းဇူးေတြ ေပးသလဲ

၁-ရွဥ့္မတက္ဥ ကို ခ်က္ျပဳတ္ စားျခင္း၊ ႏြားႏို႔ ႏွင့္ ႏို႔ထမင္း ကဲ့သို႔ ျပဳလုပ္ စားျခင္းျဖင့္ အားတိုး ေစသည္။

၂-ေခ်ာင္းေျခာက္ ေရာဂါ အတြက္ ရွဥ့္မတက္ဥ၊ မုယားႀကီး႐ြက္ သၾကားခဲ ေရာ၍ ေသာက္ရ၏။

၃-အဆစ္ေရာင္ျခင္း၊ ကိုက္ျခင္း စေသာ တစ္ကိုယ္လုံး ေဖာက္ျပန္ေသာ ေလေရာဂါ အတြက္ ရွဥ့္မတက္ဥ ရည္သက္သက္ ျဖင့္ ခ်က္ထားေသာ ဆီသက္သက္ ကို လိမ္းက်ံ ေပးရ၏။

၄-ရွဥ့္မတက္ ဥ ကို က်ိဳ၍ ၎တြင္ သၾကားခဲ ေရာၿပီး ပ်ားရည္ ထည့္ေသာက္ ေသာ္ ဆီးပူေရာဂါ ႏွင့္ ဆီးေအာင့္ ေရာဂါ ေပ်ာက္၏။

၅-ရွဥ့္မတက္ဥ ရည္တြင္ ပ်ားရည္ ႏွင့္ ႏြားႏို႔ ေရာ၍ နံနက္၌ ေသာက္ေသာ္ အပူအကိုက္ ႏွင့္ အမ်ိဳးမ်ိဳး ေသာ သည္းေျခ ေရာဂါ ေပ်ာက္၏။

၆-ရွဥ့္မတက္ဥ ႀကိတ္ညႇစ္ရည္တြင္ ႏြားႏို႔ ေရာေသာက္ေသာ္ ေက်ာက္တည္ ေရာဂါ ေပ်ာက္၏။

၇-ရွဥ့္မတက္ဥ ႀကိတ္၍ ရေသာ အရည္ တြင္ ပ်ားရည္ ေရာေသာက္ေသာ္ မီးယပ္ ေရာဂါ ေပ်ာက္၏။

၈-ရွဥ့္မတက္ဥ မႈန႔္ကို ႏြားႏို႔ ႏွင့္ ေရာေသာက္ေသာ္ သားသည္ မိခင္မ်ား ႏို႔ရည္ တိုးပြားေစ၏။

၉-ရွဥ့္မတက္ဥရည္ တြင္ ႏြားႏို႔ ေရာေသာက္ေသာ္ အဆိပ္ သင့္ျခင္း အမ်ိဳးမ်ိဳး ေပ်ာက္၏။

၁၀-ရွဥ့္မတက္ဥကို အျခားေသာ ေဆးဖက္ မ်ားႏွင့္ ေရာစပ္၍ ေသြးအန္၊ ေသြးဝမ္း၊ ေခါင္းကိုက္၊ အသံပ်က္၊ အသံဝင္၊ ဝက္႐ူး၊ပန္းနာ ေရာဂါေပ်ာက္ ေဆးမ်ား အျဖစ္ သုံးစြဲ ႏိုင္၏။

၁၁-ရွဥ့္မတက္ဥ ကို အေျခာက္ ျပဳလုပ္၍ အမႈန႔္ႀကိတ္ ၿပီး ပ်ားရည္၊ င႐ုတ္ေကာင္း အနည္းငယ္ ေရာ၍ ေသာက္သုံးပါက ခြန္အား တက္ႂကြ ေစသည္

အသုံးဝင္ပုံ(အာနိသင္)

ျမန္မာ ေဆးက်မ္းမ်ား အလိုအရ ရွဥ့္မတက္ဥသည္ ခ်ိဳဆိမ့္၏။ ခါး၏။ ခြန္အား ကို ျဖစ္ေစ၏။ ဝမ္းမီးကို ေတာက္ေစ၏။ ျဝဖိုးေစ၏။ သုက္၊ ႏို႔ရည္ ကို ပြားေစ၏။

ႏွလုံးေရာဂါ၊ ဝမ္းသက္၊ ေသြးအန္၊ ေသြးက်၊ အဆုတ္နာ တို႔ကို ေပ်ာက္ေစတတ္၏။ ေလ၊သလိပ္၊သည္းေျခ တို႔ကို ႏိုင္၏။ ေသြးလုံး ေလလုံး ေရာဂါ၊ ေဖာေရာင္ျခင္း၊မ်က္စိေရာဂါ၊ အဖ်ား ေရာဂါတို႔ကို ပယ္၏။

၎၏ စြမ္းရည္သည္ တစ္ကိုယ္လုံးသို႔ ပ်ံ႕ႏွံ႔၍ အက်ိဳးျပဳ၏။ အသက္ကို ရွည္ေစ၏။ နာတာရွည္ဒူးနာ၊ခါးနာျခင္း၊ေျခလက္ထုံက်ဥ္ကိုက္ခဲျခင္း၊က်ီးေပါင္းတက္ျခင္း၊ေလျဖန္းျခင္းမ်ားအတြက္ ရွင္ဘုရင္လိမ္းေဆးဆီ ကို ၁ေန႔ ၃ ႀကိမ္မွ ၅ ႀကိမ္ ႏွိပ္နယ္အသုံးျပဳေပးပါ။

Add a Comment

Your email address will not be published.