ဗိုက်ပူရတဲ့ အကြောင်းအရင်းနဲ့ ဘယ်လို ဗိုက်ချပ်အောင်လုပ်မလဲ
|ဗိုက်ပူရတဲ့ အကြောင်းအရင်းနဲ့ ဘယ်လို ဗိုက်ချပ်အောင်လုပ်မလဲ
လူအများစုရဲ့အထင်က ဗိုက်ပူတာ ဟာ ဝမ်းဗိုက်မှာ အဆီတွေ စုပါများပြီး အဆီတွေအခေါက်တွေ ထူလာလို့ ဖြစ်ရတာလို့ပဲ ထင်နေကြပါတယ်။ အဲဒါတစ်ခုတည်းကြောင့်တော့ မဟုတ်ဘူး။ လူတွေ သတိ မထားမိကြသေးတဲ့ အကြောင်းတစ်ခု ရှိနေပါသေးတယ်။ အဲဒါကတော့ အူမကြီးတွေ ကြီးမားတုတ်ခိုင်လွန်း နေလို့ဗိုက်ပူထွက်နေကြရခြင်း ပဲဖြစ်ပါတယ်။
အထူးသဖြင့် အသက်ကြီးလာလို့ ဗိုက်ပူထွက် လာကြရသူတွေ ဟာ အဲဒီ့အူမကြီးတွေ တုတ်ခိုင် ကြီးမားလာလို့ ဖြစ်ရတာ များပါတယ်။
အူမကြီးတွေ ဘာကြောင့် ကြီးမားတုတ်ခိုင်လာကြရတာလဲ။
ဖြစ်စဉ်ကတော့ အနှစ်နှစ်အလလ အစားအစာတွေကို စားလာခဲ့ရာကနေ ဖြစ်လာရတာပါပဲ။ အစာ စားလိုက်တဲ့ အခါမှာ အစာဟောင်းတွေ ဟာ အူမကြီးထဲကို ရောက်ရှိပြီး အထိုင်ချပါတယ်။
အဲဒီ အစာဟောင်းတွေဟာ ရှေ့ကို မြန်မြန်တိုးပြီး မစင်အဖြစ် ခန္ဓာကိုယ် ပြင်ပကို ထွက်သွားဖို့ လိုပါတယ်။
သို့သော်လဲ လူက ရေသောက်နည်းခြင်း အမျှင်စာ စားတာနည်းခြင်း လှုပ်ရှားမှု နည်းခြင်းတွေကြောင့် အစာဟောင်းတွေဟာ ရှေ့ကို မြန်မြန် မတိုးနိုင်ကြဘူး။
အဲဒီ့အခါမှာ အူမကြီး အတွင်းနံရံတွေမှာ မစင်တွေက ချိုး (ဂျိုး) အဖြစ် ကပ်ကပ် လာပါတယ်။ ဒီဖြစ်စဉ်မျိုးက အမြဲတန်း ဖြစ်လာရာကကြာတော့ အူမကြီးတွေ အလုံး တုတ်တုတ်လာပြီး ဗိုက်ကြီးက ပူထွက်လာတော့ တာပေါ့။
ထင်ရှားတဲ့ ဥပမာနဲ့ ပြောရရင် သံကောင်တွေ အများကြီးရှိတဲ့ ကလေးတွေ ဗိုက်ပူနေတဲ့ ပုံစံမျိုးပါပဲ။ အမေရိကန်နိုင်ငံက ဗိုက်အလွန်ပူတဲ့ လူတစ်ယောက်သေသွားလို့ သူ့ အလောင်းကို ခွဲစိတ်ကြည့်ကြ ပါတယ်။
ဗိုက်ကို ခွဲလိုက်ရာမှာ သူ့ရဲ့အူမကြီးတွေဟာ အလွန်ကို ကြီးမား တုတ်ခိုင်နေတာကို တွေ့ကြပါတယ်။ အဲဒီအူမကြီးကို ခွဲလိုက်ရာမှာတော့ ကြောက်စရာ ကောင်းလောက်အောင် နံစော်နေတဲ့ မစင်ချိုးတွေ ကပ်နေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။
အနှစ်နှစ် အလလက စု အောင်းလာတဲ့ မစင် ချိုး(ဂျိုး) တွေကြောင့် အူမကြီးတွေ တုတ်ခိုင် ကြီးမားပြီး ဗိုက်ပူထွက်လာခြင်း ဖြစ်ပါတယ်။လူတစ်ယောက်ရဲ့အူအရှည် ဟာ ၂၆ ပေကနေ ပေ ၃၀ လောက်အထိ ရှည်ပါတယ်။
အဲ့လောက်ရှည်တဲ့ အူတွေ တုတ်ခိုင် ကြီးမားနေတော့ ဝမ်းဗိုက်ကလည်း ပူထွက်လာတော့တာပေါ့။
အူမကြီးတွေမှာ မစင် ချိုး ( ဂျိုး ) တွေများနေခြင်းဟာ လူကို ရောဂါများစေပြီး အသက်လည်း တိုတတ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အဲဒီ မစင်ချိုးတွေကနေ ထွက်လာတဲ့ အဆိပ်အတောက်တွေ ဟာ အူနံရံတွေကနေ ဝင်ပြီး တစ်ကိုယ်လုံးကို ပျံ့နှံ့ ရောက်ရှိပြီးရောဂါဖြစ်စေလို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီ မစင်ချိုးတွေကိုဖယ်ရှား ရှင်းလင်းဖို့ လိုအပ်ပါတယ်။
မစင် ချိုး ( ဂျိုး ) တွေ ကို ဘယ်လို ရှင်းလင်း ဖယ်ရှားပစ်ရမလဲ
နိုင်ငံခြားမှာတော့ ဝမ်းချူတဲ့ စက်တွေနဲ့ စအိုကနေ ဆေးရည်သွင်းပြီး ဖယ်ရှား ကြပါတယ်။ ( ၇ ) ကြိမ်လောက် ဝမ်းချူ လိုက်ပြီးနောက်မှာ မစင်ချိုးတွေ ရှင်းသွားပြီး ဗိုက်လည်းချပ် နေလို့ ထိုင်လို့လည်း ကောင်းသွားကြတယ်လို့ဆိုပါတယ်။
ကျနော်တို့ တိုင်းပြည်မှာတော့ အဲ့ဒီ့လောက် ခေတ် မမှီသေးဘူး ဒါကြောင့် မြန်မာ့နည်း မြန်မာ့ဟန်နဲ့ပဲ လုပ်ကြတာပေါ့။ မြန်မာတွေ အလွန်နှစ်သက်တဲ့ ဟင်းအမယ်တွေ ရှိပါတယ်။ အဲဒီ့ထဲမှာ ထမင်းကို အလွန်မြိန်စေတတ်တဲ့ ကင်ပွန်းချည်ကို မကြိုက်သူ မရှိသလောက်ပါပဲ။
ကြော်ချက်အဖြစ်၄င်း ဟင်းချိုအဖြစ်၄င်း ချက်စားကြပါတယ်။ ကင်ပွန်းသီးကိုလည်း တရော်နဲ့ တွဲပြီးခေါင်းလျှော်ကြပါတယ်။ ကင်ပွန်းပင် ဟာ ဆပ်ပြာကဲ့သို့ ဆေးကြောပေးနိုင်တဲ့ အာနိသင် ရှိပါတယ်။ ကင်ပွန်းချဉ်ရွက်ကို ဟင်းချိုအဖြစ်အရသာ ရှိအောင် ခပ်ပျစ်ပျစ် ချက်ပြီးနေ့လယ် ထမင်းစားချိန်မှာ ထမင်းနဲ့ အတူအားရ ပါးရ စားပါ , သောက်ပါ။
တစ်ပန်းကန်လုံး ကုန်အောင်သောက်ပစ်လိုက်ပေါ့။ အဲဒီ ကင်ပွန်းချဉ်က အူမကြီးထဲ ရောက်ရင်မစင်ချိုးတွေကို နှူးပေးပါလိမ့်မယ်။ ရှေ့က ဆပ်ပြာနဲ့ နှူးထားပြီးရင် နောက်က တံမြက်စည်းနဲ့ လှဲပြီး သန့်ရှင်းရေး လုပ်ပေးရပါတယ်။ ဒါကြောင့် ညနေဘက်မှာ အမျှင်ဓါတ်ကြွယ်ဝတဲ့ ဂေါရခါးညွန့်လို အရွက်အညွန့်တွေ ဗိုက်ဝတဲ့ အထိ ကြော်စား ပေးပါ။
ညအိပ်ယာ မဝင်ခင် ပန်းသီးတစ်လုံး စားပြီး အိပ်လိုက်ပါ။ အူတွေ လှိုင်းထအောင် ညနေဘက်မှာ လမ်းလျှောက် ထွက်ပေးပြီး ရေများများ သောက်ဖို့လည်း လိုပါတယ်။ နောက်နေ့ မနက်မှာတော့ တကွီကွီတစီစီနဲ့ E ပါပြီး အူမကြီးထဲက မစင်ချိုးတွေ အကျိအချွဲတွေ အရိအရွဲတွေ ထွက်ကျလာလိမ့်မယ်။
ဝမ်းခိုင်တဲ့ သူတွေကတော့ ဝမ်းနူးပါလိမ့်မယ်။ တစ်ပတ် တစ်ခါလောက် ပုံမှန်လေး လုပ်ပေးရင် ၁ နှစ်လောက် အကြာမှာ သိသိသာသာ ဗိုက်ချပ်ပါတယ်။ နေလို့လည်း ကောင်းသွားလိမ့်မယ်။ အသက်ကြီးလာလို့ ဗိုက်ပူလာပြီး အစား လျှော့ပေမဲ့ ဗိုက် မချပ်သူများ ဒီနည်းကို စမ်းကြည့် နိုင်ပါတယ်။ ဗိုက်လေး ချပ်မှလည်း ကြည့်ကောင်းတာ မဟုတ်လား
ဗိုက္ပူရတဲ့ အေၾကာင္းအရင္းနဲ႔ ဘယ္လို ဗိုက္ခ်ပ္ေအာင္လုပ္မလဲ
လူအမ်ားစုရဲ႕အထင္က ဗိုက္ပူတာ ဟာ ဝမ္းဗိုက္မွာ အဆီေတြ စုပါမ်ားၿပီး အဆီေတြအေခါက္ေတြ ထူလာလို႔ ျဖစ္ရတာလို႔ပဲ ထင္ေနၾကပါတယ္။ အဲဒါတစ္ခုတည္းေၾကာင့္ေတာ့ မဟုတ္ဘူး။ လူေတြ သတိ မထားမိၾကေသးတဲ့ အေၾကာင္းတစ္ခု ရွိေနပါေသးတယ္။ အဲဒါကေတာ့ အူမႀကီးေတြ ႀကီးမားတုတ္ခိုင္လြန္း ေနလို႔ဗိုက္ပူထြက္ေနၾကရျခင္း ပဲျဖစ္ပါတယ္။
အထူးသျဖင့္ အသက္ႀကီးလာလို႔ ဗိုက္ပူထြက္ လာၾကရသူေတြ ဟာ အဲဒီ့အူမႀကီးေတြ တုတ္ခိုင္ ႀကီးမားလာလို႔ ျဖစ္ရတာ မ်ားပါတယ္။
အူမႀကီးေတြ ဘာေၾကာင့္ ႀကီးမားတုတ္ခိုင္လာၾကရတာလဲ။
ျဖစ္စဥ္ကေတာ့ အႏွစ္ႏွစ္အလလ အစားအစာေတြကို စားလာခဲ့ရာကေန ျဖစ္လာရတာပါပဲ။ အစာ စားလိုက္တဲ့ အခါမွာ အစာေဟာင္းေတြ ဟာ အူမႀကီးထဲကို ေရာက္ရွိၿပီး အထိုင္ခ်ပါတယ္။
အဲဒီ အစာေဟာင္းေတြဟာ ေရွ႕ကို ျမန္ျမန္တိုးၿပီး မစင္အျဖစ္ ခႏၶာကိုယ္ ျပင္ပကို ထြက္သြားဖို႔ လိုပါတယ္။
သို႔ေသာ္လဲ လူက ေရေသာက္နည္းျခင္း အမွ်င္စာ စားတာနည္းျခင္း လႈပ္ရွားမႈ နည္းျခင္းေတြေၾကာင့္ အစာေဟာင္းေတြဟာ ေရွ႕ကို ျမန္ျမန္ မတိုးႏိုင္ၾကဘူး။
အဲဒီ့အခါမွာ အူမႀကီး အတြင္းနံရံေတြမွာ မစင္ေတြက ခ်ိဳး (ဂ်ိဳး) အျဖစ္ ကပ္ကပ္ လာပါတယ္။ ဒီျဖစ္စဥ္မ်ိဳးက အၿမဲတန္း ျဖစ္လာရာကၾကာေတာ့ အူမႀကီးေတြ အလုံး တုတ္တုတ္လာၿပီး ဗိုက္ႀကီးက ပူထြက္လာေတာ့ တာေပါ့။
ထင္ရွားတဲ့ ဥပမာနဲ႔ ေျပာရရင္ သံေကာင္ေတြ အမ်ားႀကီးရွိတဲ့ ကေလးေတြ ဗိုက္ပူေနတဲ့ ပုံစံမ်ိဳးပါပဲ။ အေမရိကန္ႏိုင္ငံက ဗိုက္အလြန္ပူတဲ့ လူတစ္ေယာက္ေသသြားလို႔ သူ႔ အေလာင္းကို ခြဲစိတ္ၾကည့္ၾက ပါတယ္။
ဗိုက္ကို ခြဲလိုက္ရာမွာ သူ႔ရဲ႕အူမႀကီးေတြဟာ အလြန္ကို ႀကီးမား တုတ္ခိုင္ေနတာကို ေတြ႕ၾကပါတယ္။ အဲဒီအူမႀကီးကို ခြဲလိုက္ရာမွာေတာ့ ေၾကာက္စရာ ေကာင္းေလာက္ေအာင္ နံေစာ္ေနတဲ့ မစင္ခ်ိဳးေတြ ကပ္ေနတာကို ေတြ႕ရတယ္လို႔ ဆိုပါတယ္။
အႏွစ္ႏွစ္ အလလက စု ေအာင္းလာတဲ့ မစင္ ခ်ိဳး(ဂ်ိဳး) ေတြေၾကာင့္ အူမႀကီးေတြ တုတ္ခိုင္ ႀကီးမားၿပီး ဗိုက္ပူထြက္လာျခင္း ျဖစ္ပါတယ္။လူတစ္ေယာက္ရဲ႕အူအရွည္ ဟာ ၂၆ ေပကေန ေပ ၃၀ ေလာက္အထိ ရွည္ပါတယ္။
အဲ့ေလာက္ရွည္တဲ့ အူေတြ တုတ္ခိုင္ ႀကီးမားေနေတာ့ ဝမ္းဗိုက္ကလည္း ပူထြက္လာေတာ့တာေပါ့။
အူမႀကီးေတြမွာ မစင္ ခ်ိဳး ( ဂ်ိဳး ) ေတြမ်ားေနျခင္းဟာ လူကို ေရာဂါမ်ားေစၿပီး အသက္လည္း တိုတတ္ပါတယ္။ ဘာေၾကာင့္လဲ ဆိုေတာ့ အဲဒီ မစင္ခ်ိဳးေတြကေန ထြက္လာတဲ့ အဆိပ္အေတာက္ေတြ ဟာ အူနံရံေတြကေန ဝင္ၿပီး တစ္ကိုယ္လုံးကို ပ်ံ႕ႏွံ႔ ေရာက္ရွိၿပီးေရာဂါျဖစ္ေစလို႔ပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ အဲဒီ မစင္ခ်ိဳးေတြကိုဖယ္ရွား ရွင္းလင္းဖို႔ လိုအပ္ပါတယ္။
မစင္ ခ်ိဳး ( ဂ်ိဳး ) ေတြ ကို ဘယ္လို ရွင္းလင္း ဖယ္ရွားပစ္ရမလဲ
ႏိုင္ငံျခားမွာေတာ့ ဝမ္းခ်ဴတဲ့ စက္ေတြနဲ႔ စအိုကေန ေဆးရည္သြင္းၿပီး ဖယ္ရွား ၾကပါတယ္။ ( ၇ ) ႀကိမ္ေလာက္ ဝမ္းခ်ဴ လိုက္ၿပီးေနာက္မွာ မစင္ခ်ိဳးေတြ ရွင္းသြားၿပီး ဗိုက္လည္းခ်ပ္ ေနလို႔ ထိုင္လို႔လည္း ေကာင္းသြားၾကတယ္လို႔ဆိုပါတယ္။
က်ေနာ္တို႔ တိုင္းျပည္မွာေတာ့ အဲ့ဒီ့ေလာက္ ေခတ္ မမွီေသးဘူး ဒါေၾကာင့္ ျမန္မာ့နည္း ျမန္မာ့ဟန္နဲ႔ပဲ လုပ္ၾကတာေပါ့။ ျမန္မာေတြ အလြန္ႏွစ္သက္တဲ့ ဟင္းအမယ္ေတြ ရွိပါတယ္။ အဲဒီ့ထဲမွာ ထမင္းကို အလြန္ၿမိန္ေစတတ္တဲ့ ကင္ပြန္းခ်ည္ကို မႀကိဳက္သူ မရွိသေလာက္ပါပဲ။
ေၾကာ္ခ်က္အျဖစ္၄င္း ဟင္းခ်ိဳအျဖစ္၄င္း ခ်က္စားၾကပါတယ္။ ကင္ပြန္းသီးကိုလည္း တေရာ္နဲ႔ တြဲၿပီးေခါင္းေလွ်ာ္ၾကပါတယ္။ ကင္ပြန္းပင္ ဟာ ဆပ္ျပာကဲ့သို႔ ေဆးေၾကာေပးႏိုင္တဲ့ အာနိသင္ ရွိပါတယ္။ ကင္ပြန္းခ်ဥ္႐ြက္ကို ဟင္းခ်ိဳအျဖစ္အရသာ ရွိေအာင္ ခပ္ပ်စ္ပ်စ္ ခ်က္ၿပီးေန႔လယ္ ထမင္းစားခ်ိန္မွာ ထမင္းနဲ႔ အတူအားရ ပါးရ စားပါ , ေသာက္ပါ။
တစ္ပန္းကန္လုံး ကုန္ေအာင္ေသာက္ပစ္လိုက္ေပါ့။ အဲဒီ ကင္ပြန္းခ်ဥ္က အူမႀကီးထဲ ေရာက္ရင္မစင္ခ်ိဳးေတြကို ႏႉးေပးပါလိမ့္မယ္။ ေရွ႕က ဆပ္ျပာနဲ႔ ႏႉးထားၿပီးရင္ ေနာက္က တံျမက္စည္းနဲ႔ လွဲၿပီး သန္႔ရွင္းေရး လုပ္ေပးရပါတယ္။ ဒါေၾကာင့္ ညေနဘက္မွာ အမွ်င္ဓါတ္ႂကြယ္ဝတဲ့ ေဂါရခါးၫြန္႔လို အ႐ြက္အၫြန္႔ေတြ ဗိုက္ဝတဲ့ အထိ ေၾကာ္စား ေပးပါ။
ညအိပ္ယာ မဝင္ခင္ ပန္းသီးတစ္လုံး စားၿပီး အိပ္လိုက္ပါ။ အူေတြ လႈိင္းထေအာင္ ညေနဘက္မွာ လမ္းေလွ်ာက္ ထြက္ေပးၿပီး ေရမ်ားမ်ား ေသာက္ဖို႔လည္း လိုပါတယ္။ ေနာက္ေန႔ မနက္မွာေတာ့ တကြီကြီတစီစီနဲ႔ E ပါၿပီး အူမႀကီးထဲက မစင္ခ်ိဳးေတြ အက်ိအခြၽဲေတြ အရိအ႐ြဲေတြ ထြက္က်လာလိမ့္မယ္။
ဝမ္းခိုင္တဲ့ သူေတြကေတာ့ ဝမ္းႏူးပါလိမ့္မယ္။ တစ္ပတ္ တစ္ခါေလာက္ ပုံမွန္ေလး လုပ္ေပးရင္ ၁ ႏွစ္ေလာက္ အၾကာမွာ သိသိသာသာ ဗိုက္ခ်ပ္ပါတယ္။ ေနလို႔လည္း ေကာင္းသြားလိမ့္မယ္။ အသက္ႀကီးလာလို႔ ဗိုက္ပူလာၿပီး အစား ေလွ်ာ့ေပမဲ့ ဗိုက္ မခ်ပ္သူမ်ား ဒီနည္းကို စမ္းၾကည့္ ႏိုင္ပါတယ္။ ဗိုက္ေလး ခ်ပ္မွလည္း ၾကည့္ေကာင္းတာ မဟုတ္လား