မြေဝယ်သူတိုင်းသိသင်တဲ့ GP နှင့် SP ခြားနားခြင်း သိကောင်းစရာ

Sharing is caring!

GP ( General Power )

အထွေထွေကိုယ်စားလှယ်လွှဲစာဟု အဓိပ္ပါယ်ရပြီး လူတစ်ဦးမှ အခြားလူတစ်ဦးကို မိမိ၏ ပိုင်းရေးဆိုင်ခွင့် အားလုံးကို စီမံခန့်ခွဲနိုင်ပြီး မိမိ၏ ကိုယ်စား အလုံးစုံဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ G.P ခေါ် အထွေထွေ ကိုယ်စားလှယ်လွဲစာ ကို ပေးအပ်ခြင်းဖြစ်ပါသည်။

S.P ( Special Power )

အထူးကိုယ်စားလှယ်လွှဲစာဟု အဓိပ္ပါယ်ရပြီး လူတစ်ဦးမှ မိမိပိုင်းရေးဆိုင်ခွင့်အားလုံးထဲမှ တစ်စုံတစ်ခုကို သီးသန့်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ S.P ခေါ် အထူးကိုယ်စားလှယ် လွှဲစာကို ပေးအပ်ခြင်း ဖြစ်ပါသည်။( အထူးသဖြင့် အိမ်၊ ခြံ၊ မြေ အရောင်းအဝယ်လုပ်

ရာတွင် အမည်ပေါက် ပိုင်ဆိုင်သူမှ တဆင့် ဝယ်ယူသို့ရောင်းချရာတွင် ဝယ်ယူသူအမည်ပေါက်ရရှိရေးအတွက် သက်ဆိုင်ရာ ရုံးဌာန အသီးသီးတွင် လိုက်လံ ဆောင်ရွက်နိုင်ရန် Special Power ကိုသာ ပေးလေ့ရှိပါသည်။

– S.P ပေးသည်ဆိုရာ၌ မြေ အမည်ပေါက်သူ ကိုယ်တိုင် ပေးရမည်ဖြစ်ပြီး မြေကွက်တစ်ခု၏ S.P ရထားသူမှ အခြားသူတစ်ဦးသို့ ယင်းမြေကွက်နှင့် ပတ်သက်ပြီး ထပ်ဆင့် S.P ပေးလို့မရပါ။

– S.P သို့ G.P ပေးသူ ကွယ်လွန်သွားပါက ယင်း S.P (သို့) G.P မှာ ပျက်ပျယ်သွားမည်ဖြစ်ပါသည်။

– S.P ပေးလို့ရသော မြေများမှာ ဂရံမြေ၊ ဘိုးဘွားပိုင်မြေ ( မြေပိုင်မြေ )၊ လန -၃၉ နှင့် ၃ ( ခ ) တို့ဖြစ်ပြီး စလစ်မြေ၊ ပါမစ်မြေ၊ ကျူးကျော်မြေ တို့မှ S.P ပေးလို့ မရပါ။

– လယ်မြေ နှင့် ဥယျဉ်ခြံမြေ တို့တွင် အမည်ပေါက် ပုံစံ (၇) ကျပြီးပါက S.P ပေးလို့ရပါသည်။

– S.P (သို့) G.P ပေးရာတွင် သက်ဆိုင်ရာ ကြေးတိုင်းနှင့် မြေစာရင်းရုံးတွင် မှတ်ပုံတင်အရာရှိရှေ့တွင် မှတ်ပုံတင်ပြီး ပေးမှ တရားဝင်မည်ဖြစ်ပါသည်။

– G.P / S.P တွင် ပေးသူ၊ လက်ခံသူ၊ သက်သေ (၂) ဦး၏ အမည်၊ အဖအမည်၊ မှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာ နှင့်တကွ ပေးအပ်မည့် ပစ္စည်းကို သေချာစွာ ဖော်ပြ၍ လက်မှတ်ရေးထိုးရမည်ဖြစ်ပါသည်။

Zawgyi Version

GP ( General Power )

အေထြေထြကိုယ္စားလွယ္လႊဲစာဟု အဓိပၸါယ္ရၿပီး လူတစ္ဦးမွ အျခားလူတစ္ဦးကို မိမိ၏ ပိုင္းေရးဆိုင္ခြင့္ အားလုံးကို စီမံခန႔္ခြဲႏိုင္ၿပီး မိမိ၏ ကိုယ္စား အလုံးစုံေဆာင္႐ြက္ႏိုင္ရန္ ရည္႐ြယ္၍ G.P ေခၚ အေထြေထြ ကိုယ္စားလွယ္လြဲစာ ကို ေပးအပ္ျခင္းျဖစ္ပါသည္။

S.P ( Special Power )

အထူးကိုယ္စားလွယ္လႊဲစာဟု အဓိပၸါယ္ရၿပီး လူတစ္ဦးမွ မိမိပိုင္းေရးဆိုင္ခြင့္အားလုံးထဲမွ တစ္စုံတစ္ခုကို သီးသန႔္ေဆာင္႐ြက္ႏိုင္ရန္ ရည္႐ြယ္၍ S.P ေခၚ အထူးကိုယ္စားလွယ္ လႊဲစာကို ေပးအပ္ျခင္း ျဖစ္ပါသည္။( အထူးသျဖင့္ အိမ္၊ ၿခံ၊ ေျမ အေရာင္းအဝယ္လုပ္

ရာတြင္ အမည္ေပါက္ ပိုင္ဆိုင္သူမွ တဆင့္ ဝယ္ယူသို႔ေရာင္းခ်ရာတြင္ ဝယ္ယူသူအမည္ေပါက္ရရွိေရးအတြက္ သက္ဆိုင္ရာ ႐ုံးဌာန အသီးသီးတြင္ လိုက္လံ ေဆာင္႐ြက္ႏိုင္ရန္ Special Power ကိုသာ ေပးေလ့ရွိပါသည္။

– S.P ေပးသည္ဆိုရာ၌ ေျမ အမည္ေပါက္သူ ကိုယ္တိုင္ ေပးရမည္ျဖစ္ၿပီး ေျမကြက္တစ္ခု၏ S.P ရထားသူမွ အျခားသူတစ္ဦးသို႔ ယင္းေျမကြက္ႏွင့္ ပတ္သက္ၿပီး ထပ္ဆင့္ S.P ေပးလို႔မရပါ။

– S.P သို႔ G.P ေပးသူ ကြယ္လြန္သြားပါက ယင္း S.P (သို႔) G.P မွာ ပ်က္ပ်ယ္သြားမည္ျဖစ္ပါသည္။

– S.P ေပးလို႔ရေသာ ေျမမ်ားမွာ ဂရံေျမ၊ ဘိုးဘြားပိုင္ေျမ ( ေျမပိုင္ေျမ )၊ လန -၃၉ ႏွင့္ ၃ ( ခ ) တို႔ျဖစ္ၿပီး စလစ္ေျမ၊ ပါမစ္ေျမ၊ က်ဴးေက်ာ္ေျမ တို႔မွ S.P ေပးလို႔ မရပါ။

– လယ္ေျမ ႏွင့္ ဥယ်ဥ္ၿခံေျမ တို႔တြင္ အမည္ေပါက္ ပုံစံ (၇) က်ၿပီးပါက S.P ေပးလို႔ရပါသည္။

– S.P (သို႔) G.P ေပးရာတြင္ သက္ဆိုင္ရာ ေၾကးတိုင္းႏွင့္ ေျမစာရင္း႐ုံးတြင္ မွတ္ပုံတင္အရာရွိေရွ႕တြင္ မွတ္ပုံတင္ၿပီး ေပးမွ တရားဝင္မည္ျဖစ္ပါသည္။

– G.P / S.P တြင္ ေပးသူ၊ လက္ခံသူ၊ သက္ေသ (၂) ဦး၏ အမည္၊ အဖအမည္၊ မွတ္ပုံတင္အမွတ္၊ ေနရပ္လိပ္စာ ႏွင့္တကြ ေပးအပ္မည့္ ပစၥည္းကို ေသခ်ာစြာ ေဖာ္ျပ၍ လက္မွတ္ေရးထိုးရမည္ျဖစ္ပါသည္။

Add a Comment

Your email address will not be published. Required fields are marked *