ကားမောင်းသူတိုင်း သိထားသင့်တဲ့ မောင်းသင့်/ မမောင်းသင့် အခြေအနေများ
|ကားမောင်းသူတိုင်း သိထားသင့်တဲ့ မောင်းသင့်/ မမောင်းသင့် အခြေအနေများ
၁။ ဘီးလေမရှိဘူး / လေအရမ်းနည်းနေတယ်။
မောင်းလို့မရဘူး။ တာယာလိမ်သွားမယ်။ တာယာပျက်စီးသွားမယ်။ လေထိုးပါ / အပိုဘီးနဲ့လဲပါ။
၂။ အင်ဂျင်ဝိုင်မရှိဘူး / အင်ဂျင်ဝိုင်မီးပြနေတယ်။
မောင်းလို့မရဘူး။ အင်ဂျင်နာမယ်။ အင်ဂျင်ချရတဲ့အထိ ဖြစ်နိုင်တယ်။ အင်ဂျင်ဝိုင်ဖြည့်ပါ / စစ်ဆေးပြုပြင်ပါ။
၃။ Heat မီးပြနေတယ် / Heat တက်နေတယ်။
မောင်းလို့မရဘူး။ ဂတ်စကတ်ပြတ်မယ်။ အင်ဂျင်ချရတဲ့အထိဖြစ်နိုင်တယ်။ စစ်ဆေးပါ / ပြုပြင်ပြီးမှဆက်မောင်းပါ။
၄။ ညဘက်မောင်းနေရင်း ရှေ့မီးကြီးတွေ မလင်းတော့ဘူး။
မောင်းလို့ရတယ်။ မီးသေးဖွင့်ထားပါ။ စုံမီးဖွင့်ထားပါ။တတ်နိုင်သမျှ ဖြည်းဖြည်းမောင်းပါ။ ကိုယ့်လမ်းကြောအတွင်းကပဲ မောင်းပါ။ အမြန်ပြုပြင်ပါ။
၅။ ညဘက်မောင်းနေရင်း နောက်မီးတွေ မလင်းတော့ဘူး။
မောင်းလို့ရတယ်။ နောက်ယာဉ် ဝင်တိုက်မယ့်အန္တရယ်ရှိတယ်။ စုံမီးဖွင့်ထားပါ။ တတ်နိုင်သမျှဘေးကပ်မောင်းပါ။ အမြန်ပြုပြင်ပါ။
၆။ ABS မီးပြနေတယ်။
မောင်းလို့ရတယ်။ စလစ်ဖြစ်မှာကို မထိန်းပေးတော့ပါ။ အရှိန်လျော့မောင်းပါ။ ရုတ်တရက် ဘရိတ်အကုန်နင်းတာကို တတ်နိုင်သမျှရှောင်ပါ။ မိုးဖွဲဖွဲ ရေစပ်စပ် အခြေအနေမှာ ပိုသတိထားမောင်းပါ။ စစ်ဆေးပြုပြင်ပါ။
၇။ ဆီကုန်မီးပြပြီ။
မောင်းလို့ရတယ်။ များသောအားဖြင့် 4L, 5L လောက် လက်ကျန်ရှိအုန်းမယ်။ အနီးဆုံးဆီဆိုင်ရှာပြီး ဆီဖြည့်ပါ။
၈။ SRS / လေအိတ်မီးလင်းနေတယ်။
မောင်းလို့ရတယ်။ လေအိပ်အကာကွယ် မရနိုင်တော့ပါ။ ခါးပတ်တပ်ထားပါ။ ဆင်ဆာပျက်တာ ကြိုးပြတ်တာ ဘောက်ပျက်တာကြောင့်လင်းတတ်ပါတယ်။ ကွန်ပျူတာထိုးစစ်ကြည့်ပြီး ပျက်တဲ့ပစ္စည်းလဲတာ ဝါယာရိန်းလိုက်တာ လုပ်ရပါမယ်။
၉။ တံခါးမီးလင်းနေတယ်။
မောင်းလို့ရတယ်။ တံခါးတွေ lock သေချာကျလားစစ်ပြီးမှမောင်းပါ။ ရေဝင်တာ ကြိုးပြတ်တာ ခလုတ်ပြတ်တာကြောင့် ဖြစ်တတ်ပါတယ်။ စစ်ဆေးပြုပြင်ရပါမယ်။
၁၀။ ဘရိတ်ကပ်နေတယ်။
မောင်းလို့မရဘူး။ ရှူးအပူလွန်ပြီး ညှော်နံ့ထွက်လာမယ်။ ရှူးပျက်စီးသွားမယ်။ ဘိရိတ်ကို နင်းလိုက်လွတ်လိုက်လုပ်ကြည့်ပါ။ ကားကို ရှေ့တိုးနောက်ဆုတ် လုပ်ကြည့်ပါ။ ဘရိတ်ကပ်နေသေးရင် ပြုပြင်သူကိုခေါ်ပါ။
၁၁။ ဘရိတ်မမိဘူး။
မောင်းလို့မရဘူး။ ယာဉ်တိုက်မှုဖြစ်နိုင်တယ်။ ပြုပြင်သူကိုခေါ်ပါ။
၁၂။ ဘရိတ်လျောနေတယ်။
မောင်းလို့ရတယ်။ ယာဉ်တိုက်မှုဖြစ်နိုင်တယ်။ သတိထားပြီးဖြည်းဖြည်းမောင်းပါ။ အနီးဆုံးဝပ်ရှောတွင် စစ်ဆေးပြုပြင်ပါ။
၁၃။ ဘရိတ်ဆီမီးလင်းနေတယ်။
မောင်းလို့ရတယ်။ ဘရိတ်မိလားနင်းကြည့်ပါ။ ဘရိတ်မမိရင် မောင်းလို့မရပါ။ ဘရိတ်ဆီလျော့နေလားစစ်ပါ။ လျော့နေရင် ဖြည့်ပါ။ စစ်ဆေးပြုပြင်ပါ။
၁၄။ ဘက်ထွီမီးလင်းနေတယ်။
မောင်းလို့မရဘူး။ လမ်းမှာထိုးရပ်သွားနိုင်တယ်။ စက်သတ်ပြီး ပြန်နှိုးမရဖြစ်မယ်။ အချို့ လျှက်ထုတ်စက်လဲထားတဲ့ကားတွေမှာ လင်းနေလည်းမောင်းလို့ရတယ်။ ပြုပြင်သူကိုခေါ်ပါ။
၁၅။ IMA မီးလင်းလာတယ်။
မောင်းလို့ရတယ်။ IMA ဘက်ထွီ အပူချိန်မြင့်နေတယ်။ ကားရပ် ခဏနားပါ။ တံခါးတွေဖွင့်ထားပါ။ IMA Fan လေပေါက်တွေမှာ ပိတ်ကာထားမိတာရှိရင် ဖယ်ရှားပါ။ မှန်ပိတ် အဲကွန်းဖွင့်မောင်းပါ။
၁၆။ သော့ဘက်ထွီမီးပြနေတယ်။
မောင်းလို့ရတယ်။ သော့ဘက်ထွီမကောင်းတာ လှိုင်းမမိတာဖြစ်နိုင်တယ်။
၁၇။ ကားကတွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေတယ်။
မောင်းလို့ရတယ်။ ဆီစစ်ပိတ်နေတာ ဆီပန့်မကောင်းတာ ပလပ်မကောင်းတာ ပလပ်ကွိုင်မကောင်းတာ ဖြစ်နိုင်တယ်။ စစ်ဆေးပြုပြင်ရပါမယ်။
၁၈။ ခွေးတိုက်မိပြီး ရေတိုင်ကီပေါက်သွားတယ်။
မောင်းလို့မရဘူး။ Coolant တွေထွက်ကုန်ပြီး (နံပတ် ၃ ကြည့်) အင်ဂျင် Heat တက်လာမယ်။ ပြုပြင်သူကိုခေါ်ပါ။
၁၉။ အောက်ပိုင်းတိုက်မိပြီး ဆီခံဗန်းကွဲသွားတယ်။
မောင်းလို့မရဘူး။ အင်ဂျင်ဝိုင် / ဂီယာဝိုင်တွေ ထွက်ကုန်ပြီး (နံပတ် ၂ ကြည့်) အင်ဂျင် / ဂီယာဘောက်ပျက်မယ်။ ပြုပြင်သူကိုခေါ်ပါ။
၂၀။ Drive belt ပြတ်သွားပြီ။
မောင်းလို့မရဘူး ယာဉ်အန္တရယ်ဖြစ်နိုင်တယ်။ စတီယာရင်လေးသွားမယ်။ ဘရိတ်မာသွားမယ်။ ဘက်ထွီ အားမဝင်တော့ဘူး။ အဲကွန်းမအေးတော့ဘူး။ ပြုပြင်သူကိုခေါ်ပါ။
၂၁။ ကားကလူးပြီး ယိမ်းထိုးနေတယ်။
မောင်းလို့ရတာလည်းရှိ မရတာလည်းရှိ ယာဉ်အန္တရယ်ဖြစ်နိုင်တယ်။ တာယာတွေမကောင်းတာ၊ ဘီးနတ်တွေချောင်နေတာ၊ ဟက်ဘောတွေချောင်နေတာ၊ ဆွဲထိန်းတွေမကောင်းတော့တာ၊ စတီယာရင်စနစ်ယိုယွင်းလာတာ အောက်ပိုင်းအစိတ်အပိုင်းများ မကောင်းတော့တာကြောင့်ဖြစ်တယ်။ အမြန်ဆုံးစစ်ဆေးပြုပြင်ပါ။
မှတ်ချက်။ ။ ကားအမျိုးအစားနဲ့ပြသနာမတူနိုပြန်လည်ဝေမျှခြင်းသာဖြစ်သည်။င်တာ ကားအကြောင်းသိနားလည်းကျွမ်းကျင်မှုမတူတာကြောင့် လှေနံဓါးထစ်မမှတ်ယူဘဲ အခြေအနေအရ လိုအပ်သလို ချိန်ဆယူသင့်ပါတယ်။
Crd
ကားေမာင္းသူတိုင္း သိထားသင့္တဲ့ ေမာင္းသင့္/ မေမာင္းသင့္ အေျခအေနမ်ား
၁။ ဘီးေလမရွိဘူး / ေလအရမ္းနည္းေနတယ္။
ေမာင္းလို႔မရဘူး။ တာယာလိမ္သြားမယ္။ တာယာပ်က္စီးသြားမယ္။ ေလထိုးပါ / အပိုဘီးနဲ႔လဲပါ။
၂။ အင္ဂ်င္ဝိုင္မရွိဘူး / အင္ဂ်င္ဝိုင္မီးျပေနတယ္။
ေမာင္းလို႔မရဘူး။ အင္ဂ်င္နာမယ္။ အင္ဂ်င္ခ်ရတဲ့အထိ ျဖစ္ႏိုင္တယ္။ အင္ဂ်င္ဝိုင္ျဖည့္ပါ / စစ္ေဆးျပဳျပင္ပါ။
၃။ Heat မီးျပေနတယ္ / Heat တက္ေနတယ္။
ေမာင္းလို႔မရဘူး။ ဂတ္စကတ္ျပတ္မယ္။ အင္ဂ်င္ခ်ရတဲ့အထိျဖစ္ႏိုင္တယ္။ စစ္ေဆးပါ / ျပဳျပင္ၿပီးမွဆက္ေမာင္းပါ။
၄။ ညဘက္ေမာင္းေနရင္း ေရွ႕မီးႀကီးေတြ မလင္းေတာ့ဘူး။
ေမာင္းလို႔ရတယ္။ မီးေသးဖြင့္ထားပါ။ စုံမီးဖြင့္ထားပါ။တတ္ႏိုင္သမွ် ျဖည္းျဖည္းေမာင္းပါ။ ကိုယ့္လမ္းေၾကာအတြင္းကပဲ ေမာင္းပါ။ အျမန္ျပဳျပင္ပါ။
၅။ ညဘက္ေမာင္းေနရင္း ေနာက္မီးေတြ မလင္းေတာ့ဘူး။
ေမာင္းလို႔ရတယ္။ ေနာက္ယာဥ္ ဝင္တိုက္မယ့္အႏၲရယ္ရွိတယ္။ စုံမီးဖြင့္ထားပါ။ တတ္ႏိုင္သမွ်ေဘးကပ္ေမာင္းပါ။ အျမန္ျပဳျပင္ပါ။
၆။ ABS မီးျပေနတယ္။
ေမာင္းလို႔ရတယ္။ စလစ္ျဖစ္မွာကို မထိန္းေပးေတာ့ပါ။ အရွိန္ေလ်ာ့ေမာင္းပါ။ ႐ုတ္တရက္ ဘရိတ္အကုန္နင္းတာကို တတ္ႏိုင္သမွ်ေရွာင္ပါ။ မိုးဖြဲဖြဲ ေရစပ္စပ္ အေျခအေနမွာ ပိုသတိထားေမာင္းပါ။ စစ္ေဆးျပဳျပင္ပါ။
၇။ ဆီကုန္မီးျပၿပီ။
ေမာင္းလို႔ရတယ္။ မ်ားေသာအားျဖင့္ 4L, 5L ေလာက္ လက္က်န္ရွိအုန္းမယ္။ အနီးဆုံးဆီဆိုင္ရွာၿပီး ဆီျဖည့္ပါ။
၈။ SRS / ေလအိတ္မီးလင္းေနတယ္။
ေမာင္းလို႔ရတယ္။ ေလအိပ္အကာကြယ္ မရႏိုင္ေတာ့ပါ။ ခါးပတ္တပ္ထားပါ။ ဆင္ဆာပ်က္တာ ႀကိဳးျပတ္တာ ေဘာက္ပ်က္တာေၾကာင့္လင္းတတ္ပါတယ္။ ကြန္ပ်ဴတာထိုးစစ္ၾကည့္ၿပီး ပ်က္တဲ့ပစၥည္းလဲတာ ဝါယာရိန္းလိုက္တာ လုပ္ရပါမယ္။
၉။ တံခါးမီးလင္းေနတယ္။
ေမာင္းလို႔ရတယ္။ တံခါးေတြ lock ေသခ်ာက်လားစစ္ၿပီးမွေမာင္းပါ။ ေရဝင္တာ ႀကိဳးျပတ္တာ ခလုတ္ျပတ္တာေၾကာင့္ ျဖစ္တတ္ပါတယ္။ စစ္ေဆးျပဳျပင္ရပါမယ္။
၁၀။ ဘရိတ္ကပ္ေနတယ္။
ေမာင္းလို႔မရဘူး။ ရႉးအပူလြန္ၿပီး ေညႇာ္နံ႔ထြက္လာမယ္။ ရႉးပ်က္စီးသြားမယ္။ ဘိရိတ္ကို နင္းလိုက္လြတ္လိုက္လုပ္ၾကည့္ပါ။ ကားကို ေရွ႕တိုးေနာက္ဆုတ္ လုပ္ၾကည့္ပါ။ ဘရိတ္ကပ္ေနေသးရင္ ျပဳျပင္သူကိုေခၚပါ။
၁၁။ ဘရိတ္မမိဘူး။
ေမာင္းလို႔မရဘူး။ ယာဥ္တိုက္မႈျဖစ္ႏိုင္တယ္။ ျပဳျပင္သူကိုေခၚပါ။
၁၂။ ဘရိတ္ေလ်ာေနတယ္။
ေမာင္းလို႔ရတယ္။ ယာဥ္တိုက္မႈျဖစ္ႏိုင္တယ္။ သတိထားၿပီးျဖည္းျဖည္းေမာင္းပါ။ အနီးဆုံးဝပ္ေရွာတြင္ စစ္ေဆးျပဳျပင္ပါ။
၁၃။ ဘရိတ္ဆီမီးလင္းေနတယ္။
ေမာင္းလို႔ရတယ္။ ဘရိတ္မိလားနင္းၾကည့္ပါ။ ဘရိတ္မမိရင္ ေမာင္းလို႔မရပါ။ ဘရိတ္ဆီေလ်ာ့ေနလားစစ္ပါ။ ေလ်ာ့ေနရင္ ျဖည့္ပါ။ စစ္ေဆးျပဳျပင္ပါ။
၁၄။ ဘက္ထြီမီးလင္းေနတယ္။
ေမာင္းလို႔မရဘူး။ လမ္းမွာထိုးရပ္သြားႏိုင္တယ္။ စက္သတ္ၿပီး ျပန္ႏႈိးမရျဖစ္မယ္။ အခ်ိဳ႕ လွ်က္ထုတ္စက္လဲထားတဲ့ကားေတြမွာ လင္းေနလည္းေမာင္းလို႔ရတယ္။ ျပဳျပင္သူကိုေခၚပါ။
၁၅။ IMA မီးလင္းလာတယ္။
ေမာင္းလို႔ရတယ္။ IMA ဘက္ထြီ အပူခ်ိန္ျမင့္ေနတယ္။ ကားရပ္ ခဏနားပါ။ တံခါးေတြဖြင့္ထားပါ။ IMA Fan ေလေပါက္ေတြမွာ ပိတ္ကာထားမိတာရွိရင္ ဖယ္ရွားပါ။ မွန္ပိတ္ အဲကြန္းဖြင့္ေမာင္းပါ။
၁၆။ ေသာ့ဘက္ထြီမီးျပေနတယ္။
ေမာင္းလို႔ရတယ္။ ေသာ့ဘက္ထြီမေကာင္းတာ လႈိင္းမမိတာျဖစ္ႏိုင္တယ္။
၁၇။ ကားကတြန႔္ဆုတ္တြန႔္ဆုတ္ျဖစ္ေနတယ္။
ေမာင္းလို႔ရတယ္။ ဆီစစ္ပိတ္ေနတာ ဆီပန႔္မေကာင္းတာ ပလပ္မေကာင္းတာ ပလပ္ကြိဳင္မေကာင္းတာ ျဖစ္ႏိုင္တယ္။ စစ္ေဆးျပဳျပင္ရပါမယ္။
၁၈။ ေခြးတိုက္မိၿပီး ေရတိုင္ကီေပါက္သြားတယ္။
ေမာင္းလို႔မရဘူး။ Coolant ေတြထြက္ကုန္ၿပီး (နံပတ္ ၃ ၾကည့္) အင္ဂ်င္ Heat တက္လာမယ္။ ျပဳျပင္သူကိုေခၚပါ။
၁၉။ ေအာက္ပိုင္းတိုက္မိၿပီး ဆီခံဗန္းကြဲသြားတယ္။
ေမာင္းလို႔မရဘူး။ အင္ဂ်င္ဝိုင္ / ဂီယာဝိုင္ေတြ ထြက္ကုန္ၿပီး (နံပတ္ ၂ ၾကည့္) အင္ဂ်င္ / ဂီယာေဘာက္ပ်က္မယ္။ ျပဳျပင္သူကိုေခၚပါ။
၂၀။ Drive belt ျပတ္သြားၿပီ။
ေမာင္းလို႔မရဘူး ယာဥ္အႏၲရယ္ျဖစ္ႏိုင္တယ္။ စတီယာရင္ေလးသြားမယ္။ ဘရိတ္မာသြားမယ္။ ဘက္ထြီ အားမဝင္ေတာ့ဘူး။ အဲကြန္းမေအးေတာ့ဘူး။ ျပဳျပင္သူကိုေခၚပါ။
၂၁။ ကားကလူးၿပီး ယိမ္းထိုးေနတယ္။
ေမာင္းလို႔ရတာလည္းရွိ မရတာလည္းရွိ ယာဥ္အႏၲရယ္ျဖစ္ႏိုင္တယ္။ တာယာေတြမေကာင္းတာ၊ ဘီးနတ္ေတြေခ်ာင္ေနတာ၊ ဟက္ေဘာေတြေခ်ာင္ေနတာ၊ ဆြဲထိန္းေတြမေကာင္းေတာ့တာ၊ စတီယာရင္စနစ္ယိုယြင္းလာတာ ေအာက္ပိုင္းအစိတ္အပိုင္းမ်ား မေကာင္းေတာ့တာေၾကာင့္ျဖစ္တယ္။ အျမန္ဆုံးစစ္ေဆးျပဳျပင္ပါ။
မွတ္ခ်က္။ ။ ကားအမ်ိဳးအစားနဲ႔ျပသနာမတူႏိုျပန္လည္ေဝမွ်ျခင္းသာျဖစ္သည္။င္တာ ကားအေၾကာင္းသိနားလည္းကြၽမ္းက်င္မႈမတူတာေၾကာင့္ ေလွနံဓါးထစ္မမွတ္ယူဘဲ အေျခအေနအရ လိုအပ္သလို ခ်ိန္ဆယူသင့္ပါတယ္။
Crd