အသံတိတ်လူသတ်သမား သို့ ဆီးချိုရောဂါ

Sharing is caring!

အသံတိတ်လူသတ်သမား သို့ ဆီးချိုရောဂါ

ကျမကတော့ ဆီးချိုရောဂါရဲ့ဆိုးကျိုးကို မိခင်ထံမှာ မျက်ဝါးထင်ထင်တွေ့ရှိခဲ့တာမို့ ကိုယ်တိုငိဖြစ်မှာ အရမ်းကြောက်ပါတယ်။

ဒါကြောင့် ဆီးချိုမဖြစ်စေတဲ့ အနေအထိုင်များကို လေ့လာပါတယ်။ ဒီလိုလေ့လာရင်းနဲ့ စနစ်တကျလမ်းပြပေးနိုင်တဲ့သူကိုတွေ့ခဲ့ပါတယ်။
သူကတော့ ဒေါက်တာခင်ခင်ထားဖြစ်ပါတယ်။

မနေ့ညက ဖတ်၍ကြိုက်သော စာအုပ် အစီအစဉ်မှာ နားထောင်ရတဲ့ စာအုပ်လေးနာမည်က What your doctor doesn’t know about Nutritional Medicine May Be killing you တဲ့ ကျမရဲ့ လေးစားရသော ချစ်ရသော ဒေါက်တာ မမထားက ဝေမျှပေးတဲ့စာအုပ်ပါ။

လူတယောက်အတွက် prevention is better than cure ” ကာကွယ်ခြင်းဟာ ကုသခြင်းထက်ပိုကောင်းတယ်ဆိုတာ” ကြားဖူးနေကြပါ။

ဒီစာအုပ်ထဲမှာဆိုရင် တနေ့စားသုံးတဲ့ အစားအစာ အာဟာရက လူတယောက်အတွက် ဘယ်လောက်ထိအရေးပါလဲဆိုတာကို အမေရိကန်က ဒေါက်တာတယောက်ကရေးထားတဲ့ စာအုပ်ပါ။ ဒီစာအုပ်ကို မမထားက ကျမတို့ကို ပြန်လည်ဝေမျှခြင်း ဖြစ်ပါတယ်။

ကျမဟာ မမထားရဲ့ IF challenge ၃ ကြိမ် ဝင်ထားတဲ့သူ တယောက်ပါ။ ဘာလို့လဲဆိုတော့ ဒေါက်တာတယောက်ရဲ့ စနစ်တကျလမ်းညွှန်မှုနဲ့ ကျန်းမာစွာနေထိုင်စားသောက်မှု ပုံစံကို life style တခုအဖြစ် ပြောင်းလဲချင်လို့ပါ။

တကယ်လဲအကျိုးရလဒ်ရှိခဲ့ပါတယ်။ ကိုယ်တိုင် အကျိုးရလဒ်ရှိခဲ့လို့ ပတ်ဝန်းကျင်က မိတ်ဆွေတွေကိုပါ လက်လှမ်းမှီသလောက်ကိုလည်း ပါဝင်စေဖို့ တိုက်တွန်းနိုင်ခဲ့ပါတယ်။

အခုဆို မိတ်ဆွေတချို့လဲ အပြောင်းအလဲတွေ ကျန်းမာခြင်းတွေကို ခံစားနေရပြီဆိုတာ မြင်တွေ့နေရပါပြီ။ အရမ်းကိုပျော်ရွှင်ရပါတယ်။

ဒါကတော့ ကျမရဲ့ ညနေစာပါ။ ဆလက်ရွက်၊ ကြက်ဥပြုတ်အကာပါ။ ဟယ်နေ့တိုင်းဒီပုံစံတော့ မစားနိုင်ပါဘူးလို့ တွေးနေမိမှာပါ။ မှန်ပါတယ် မစားနိုင်ပါဘူး။ နေ့တိုင်းလဲမစားရပါဘူး။

ဒါက နမူနာတခုပါ။ ပရိုတင်းဓာတ်အကြွယ်ဝဆုံးထဲမှာ ကြက်ဥဟာ ထိပ်ဆုံးကပါ။ ဆလပ်ရွက်နဲ့ထုပ်ပြီးစားရင်အရသာရှိတယ်။ ဒါကျမအကြိုက်ကိုပြောတာပေါ့နော်။

အဓိကဆိုလိုရင်းကတော့ healthy food ဖြစ်မဖြစ်လိုရင်းပါ။ နေ့စဉ်နေ့တိုင်း စားနေတဲ့ အစာအာဟာရက ကိုယ်ခန္ဓာ အတွက် တကယ်အထောက်အကူပြုတဲ့ အစားအစာဖြစ်ဖို့ပါ။

အစာလဲဆေးဖြစ်စေဖို့just for sharing ပါရှင့်

#မေဇင်

အသံတိတ္လူသတ္သမား သို႔ ဆီးခ်ိဳေရာဂါ

က်မကေတာ့ ဆီးခ်ိဳေရာဂါရဲ႕ဆိုးက်ိဳးကို မိခင္ထံမွာ မ်က္ဝါးထင္ထင္ေတြ႕ရွိခဲ့တာမို႔ ကိုယ္တိုငိျဖစ္မွာ အရမ္းေၾကာက္ပါတယ္။

ဒါေၾကာင့္ ဆီးခ်ိဳမျဖစ္ေစတဲ့ အေနအထိုင္မ်ားကို ေလ့လာပါတယ္။ ဒီလိုေလ့လာရင္းနဲ႔ စနစ္တက်လမ္းျပေပးႏိုင္တဲ့သူကိုေတြ႕ခဲ့ပါတယ္။
သူကေတာ့ ေဒါက္တာခင္ခင္ထားျဖစ္ပါတယ္။

မေန႔ညက ဖတ္၍ႀကိဳက္ေသာ စာအုပ္ အစီအစဥ္မွာ နားေထာင္ရတဲ့ စာအုပ္ေလးနာမည္က What your doctor doesn’t know about Nutritional Medicine May Be killing you တဲ့ က်မရဲ႕ ေလးစားရေသာ ခ်စ္ရေသာ ေဒါက္တာ မမထားက ေဝမွ်ေပးတဲ့စာအုပ္ပါ။

လူတေယာက္အတြက္ prevention is better than cure ” ကာကြယ္ျခင္းဟာ ကုသျခင္းထက္ပိုေကာင္းတယ္ဆိုတာ” ၾကားဖူးေနၾကပါ။

ဒီစာအုပ္ထဲမွာဆိုရင္ တေန႔စားသုံးတဲ့ အစားအစာ အာဟာရက လူတေယာက္အတြက္ ဘယ္ေလာက္ထိအေရးပါလဲဆိုတာကို အေမရိကန္က ေဒါက္တာတေယာက္ကေရးထားတဲ့ စာအုပ္ပါ။ ဒီစာအုပ္ကို မမထားက က်မတို႔ကို ျပန္လည္ေဝမွ်ျခင္း ျဖစ္ပါတယ္။

က်မဟာ မမထားရဲ႕ IF challenge ၃ ႀကိမ္ ဝင္ထားတဲ့သူ တေယာက္ပါ။ ဘာလို႔လဲဆိုေတာ့ ေဒါက္တာတေယာက္ရဲ႕ စနစ္တက်လမ္းၫႊန္မႈနဲ႔ က်န္းမာစြာေနထိုင္စားေသာက္မႈ ပုံစံကို life style တခုအျဖစ္ ေျပာင္းလဲခ်င္လို႔ပါ။

တကယ္လဲအက်ိဳးရလဒ္ရွိခဲ့ပါတယ္။ ကိုယ္တိုင္ အက်ိဳးရလဒ္ရွိခဲ့လို႔ ပတ္ဝန္းက်င္က မိတ္ေဆြေတြကိုပါ လက္လွမ္းမွီသေလာက္ကိုလည္း ပါဝင္ေစဖို႔ တိုက္တြန္းႏိုင္ခဲ့ပါတယ္။

အခုဆို မိတ္ေဆြတခ်ိဳ႕လဲ အေျပာင္းအလဲေတြ က်န္းမာျခင္းေတြကို ခံစားေနရၿပီဆိုတာ ျမင္ေတြ႕ေနရပါၿပီ။ အရမ္းကိုေပ်ာ္႐ႊင္ရပါတယ္။

ဒါကေတာ့ က်မရဲ႕ ညေနစာပါ။ ဆလက္႐ြက္၊ ၾကက္ဥျပဳတ္အကာပါ။ ဟယ္ေန႔တိုင္းဒီပုံစံေတာ့ မစားႏိုင္ပါဘူးလို႔ ေတြးေနမိမွာပါ။ မွန္ပါတယ္ မစားႏိုင္ပါဘူး။ ေန႔တိုင္းလဲမစားရပါဘူး။

ဒါက နမူနာတခုပါ။ ပ႐ိုတင္းဓာတ္အႂကြယ္ဝဆုံးထဲမွာ ၾကက္ဥဟာ ထိပ္ဆုံးကပါ။ ဆလပ္႐ြက္နဲ႔ထုပ္ၿပီးစားရင္အရသာရွိတယ္။ ဒါက်မအႀကိဳက္ကိုေျပာတာေပါ့ေနာ္။

အဓိကဆိုလိုရင္းကေတာ့ healthy food ျဖစ္မျဖစ္လိုရင္းပါ။ ေန႔စဥ္ေန႔တိုင္း စားေနတဲ့ အစာအာဟာရက ကိုယ္ခႏၶာ အတြက္ တကယ္အေထာက္အကူျပဳတဲ့ အစားအစာျဖစ္ဖို႔ပါ။

အစာလဲေဆးျဖစ္ေစဖို႔just for sharing ပါရွင့္

#ေမဇင္

Add a Comment

Your email address will not be published.