ကားတစ်စီးမှာ မရှိမဖြစ် လိုအပ်တဲ့ fluid များ
|ကားတစ်စီးမှာ မရှိမဖြစ် လိုအပ်တဲ့ fluid များ
ကားတွေကို စတင်တီထွင်တဲ့အချိန်ကစလို့ အခုချိန်ထိလူတွေဟာ ကားမောင်းရတာ ပိုချောမွေ့ပြီး အဆင်ပြေစေမယ့် နည်းလမ်းတွေကို ရှာဖွေနေဆဲဖြစ်ပါတယ်။
အခုခေတ်ရဲ့ နောက်ဆုံးပေါ်ကားတွေမှာတောင် ကားဘယ်လောက်ကောင်းကောင်း သေချာဂရုစိုက်မွမ်းမံနေမှသာ ချောချောမွေ့မွေ့မောင်းနှင်နိုင်ပြီး ကြာရှည်ခံနိုင်မှာဖြစ်ပါတယ်…
ဒါကြောင့် ကားတွေမှာ ဂရုစိုက်ဖို့ အလိုအပ်ဆုံးက essential fluids တွေဖြစ်ပြီး ဘာလို့အရေးကြီးလဲဆိုတော့ သူတို့ကိုမှန်ကန်တဲ့ level ရောက်အောင် အမြဲ check up လုပ်နေရုံနဲ့ ကားမောင်းနှင်ရတာ အဆင်ပိုပြေစေပြီး အင်ဂျင်လည်ပတ်မှုစနစ်ကိုလည်း အထောက်အကူအများကြီးပြုလို့ပါ။
၁. အင်ဂျင်ဝိုင်
FUEL ပြီးတာနဲ့ အင်ဂျင်ဝိုင်က ကားအတွက်မရှိမဖြစ်လိုအပ်တဲ့ အရေးအပါဆုံး fluid ဖြစ်ပါတယ်။ အင်ဂျင်ထဲက အစိတ်အပိုင်းတွေအကုန်လုံးဟာ အင်ဂျင်အလုပ်လုပ်နေတာနဲ့အမျှ လည်ပတ်လှုပ်ရှားနေရတာပါ။
ဒါကြောင့် သူတို့ကို ချောချောမွေ့မွေ့လည်ပတ်စေဖို့ အင်ဂျင်ဝိုင်ကို ပုံမှန်စစ်ပြီးလဲလှယ်ပေးရပါမယ်။
၂. Coolant
အင်ဂျင်ဟာ combustion တွေနဲ့ ပွတ်တိုက်မှုတွေဖြစ်ပေါ်တဲ့အတွက် အပူတွေအများကြီးထွက်ပါတယ်။ Antifreeze ခေါ် Coolant တွေက engine ကအပူတွေကိုစုပ်ယူပေးတဲ့အပြင် overheating မဖြစ်အောင် အပူကို radiator ကတစ်ဆင့် ဖြတ်စီးပြီး ထွက်စေပါတယ်။
၃. Power Steering Fluid
Classic car မောင်းဖူးရင် ကား steering အရမ်းလေးတာကို သတိထားမိမှာပါ…
နောက်ပိုင်း modern cars တွေကတော့ power steering upgrade လုပ်ထားပြီး ဘယ်လိုအရှိန်မျိုးမှာမဆို အလွယ်တကူကွေ့နိုင်အောင် ပြုလုပ်ထားပါတယ်။
Power steering system က hydraulic တွေပဲများပါတယ်၊ ကွေ့တဲ့အချိန်မှာ pressurized fluid သုံးပြီး တစ်ချို့ model အသစ်တွေမှာတော့ electric steering သုံးတတ်ပါသေးတယ်။ Steering fluid ကိုလည်း ကွေ့ရလွယ်အောင် ၊ Steering မလေးပဲ smooth ဖြစ်ဖြစ်မောင်းနိုင်အောင် အချိန်တန်ရင် စစ်ဆေးလဲလှယ်ပေးရပါတယ်။
၄. Brake fluid
ကားမှာ ဘရိတ်အရေးကြီးတာကတော့ အထူးတလည် ရှင်းပြစရာမလိုပါဘူး။ နောက်ပိုင်းကားတွေမှာ hydraulic brakes တွေသုံးပါတယ်၊ pedal ပေါ်ကိုနင်းလိုက်တာနဲ့ plunger ဟာ ဘရိတ်ဆီကိုဖိအားပေးတာကြောင့် brake pads တွေ အလုပ်လုပ်ကာ ကားကိုနှေးစေ/ရပ်စေပါတယ်။
ချက်ချင်းမရပ်တန့်သွားပဲ နှေးတာ သို့မဟုတ် တစ်ခုခုပုံမှန်မဟုတ်ပဲဖြစ်နေတာ ဆိုရင် ဘရိတ်ဆီကို ပထမဆုံးစစ်ဆေးရပါမယ်။
၅. Transmission fluid
Transmission ထဲမှာရှိတဲ့ gear နဲ့ clutch စတဲ့ စက်ပစ္စည်းတွေလည်ပတ်တဲ့အခါ ဂီယာအချိန်းအပြောင်း ချောမွေ့စေဖို့ ချောဆီကဲ့သို့ဆောင်ရွက်ပေးပါတယ်။
တစ်ခါထည့်ပြီး တစ်သက်လုံးလဲလှယ်စရာမလိုဘူးဆိုပေမယ့် ဂီယာပြောင်းတိုင်း ထူးဆန်းတဲ့အသံတွေထွက်တာ၊ လျှောလျှောရှူရှူမဖြစ်တာတွေရှိလာရင်တော့ ကားနဲ့မကိုက်ညီတာကြောင့် ပြောင်းလဲအသုံးပြုလိုက်ပါ။
၆. Windshield washer fluid
ကားအတွက် ဘာမှအကျိုးမပြုဘူးလို့ထင်ရပေမယ့် တကယ်တော့ ကားမောင်းတဲ့အခါ မြင်ကွင်းကောင်းကောင်းနဲ့ မြင်ရဖို့အရေးပါပါတယ်။ အားလုံးထဲမှာ စစ်ဆေးရလည်းအလွယ်ကူဆုံးဖြစ်ပါတယ်။
Crd
ကားတစ္စီးမွာ မရွိမျဖစ္ လိုအပ္တဲ့ fluid မ်ား
ကားေတြကို စတင္တီထြင္တဲ့အခ်ိန္ကစလို႔ အခုခ်ိန္ထိလူေတြဟာ ကားေမာင္းရတာ ပိုေခ်ာေမြ႕ၿပီး အဆင္ေျပေစမယ့္ နည္းလမ္းေတြကို ရွာေဖြေနဆဲျဖစ္ပါတယ္။
အခုေခတ္ရဲ႕ ေနာက္ဆုံးေပၚကားေတြမွာေတာင္ ကားဘယ္ေလာက္ေကာင္းေကာင္း ေသခ်ာဂ႐ုစိုက္မြမ္းမံေနမွသာ ေခ်ာေခ်ာေမြ႕ေမြ႕ေမာင္းႏွင္ႏိုင္ၿပီး ၾကာရွည္ခံႏိုင္မွာျဖစ္ပါတယ္…
ဒါေၾကာင့္ ကားေတြမွာ ဂ႐ုစိုက္ဖို႔ အလိုအပ္ဆုံးက essential fluids ေတြျဖစ္ၿပီး ဘာလို႔အေရးႀကီးလဲဆိုေတာ့ သူတို႔ကိုမွန္ကန္တဲ့ level ေရာက္ေအာင္ အၿမဲ check up လုပ္ေန႐ုံနဲ႔ ကားေမာင္းႏွင္ရတာ အဆင္ပိုေျပေစၿပီး အင္ဂ်င္လည္ပတ္မႈစနစ္ကိုလည္း အေထာက္အကူအမ်ားႀကီးျပဳလို႔ပါ။
၁. အင္ဂ်င္ဝိုင္
FUEL ၿပီးတာနဲ႔ အင္ဂ်င္ဝိုင္က ကားအတြက္မရွိမျဖစ္လိုအပ္တဲ့ အေရးအပါဆုံး fluid ျဖစ္ပါတယ္။ အင္ဂ်င္ထဲက အစိတ္အပိုင္းေတြအကုန္လုံးဟာ အင္ဂ်င္အလုပ္လုပ္ေနတာနဲ႔အမွ် လည္ပတ္လႈပ္ရွားေနရတာပါ။
ဒါေၾကာင့္ သူတို႔ကို ေခ်ာေခ်ာေမြ႕ေမြ႕လည္ပတ္ေစဖို႔ အင္ဂ်င္ဝိုင္ကို ပုံမွန္စစ္ၿပီးလဲလွယ္ေပးရပါမယ္။
၂. Coolant
အင္ဂ်င္ဟာ combustion ေတြနဲ႔ ပြတ္တိုက္မႈေတြျဖစ္ေပၚတဲ့အတြက္ အပူေတြအမ်ားႀကီးထြက္ပါတယ္။ Antifreeze ေခၚ Coolant ေတြက engine ကအပူေတြကိုစုပ္ယူေပးတဲ့အျပင္ overheating မျဖစ္ေအာင္ အပူကို radiator ကတစ္ဆင့္ ျဖတ္စီးၿပီး ထြက္ေစပါတယ္။
၃. Power Steering Fluid
Classic car ေမာင္းဖူးရင္ ကား steering အရမ္းေလးတာကို သတိထားမိမွာပါ…
ေနာက္ပိုင္း modern cars ေတြကေတာ့ power steering upgrade လုပ္ထားၿပီး ဘယ္လိုအရွိန္မ်ိဳးမွာမဆို အလြယ္တကူေကြ႕ႏိုင္ေအာင္ ျပဳလုပ္ထားပါတယ္။
Power steering system က hydraulic ေတြပဲမ်ားပါတယ္၊ ေကြ႕တဲ့အခ်ိန္မွာ pressurized fluid သုံးၿပီး တစ္ခ်ိဳ႕ model အသစ္ေတြမွာေတာ့ electric steering သုံးတတ္ပါေသးတယ္။ Steering fluid ကိုလည္း ေကြ႕ရလြယ္ေအာင္ ၊ Steering မေလးပဲ smooth ျဖစ္ျဖစ္ေမာင္းႏိုင္ေအာင္ အခ်ိန္တန္ရင္ စစ္ေဆးလဲလွယ္ေပးရပါတယ္။
၄. Brake fluid
ကားမွာ ဘရိတ္အေရးႀကီးတာကေတာ့ အထူးတလည္ ရွင္းျပစရာမလိုပါဘူး။ ေနာက္ပိုင္းကားေတြမွာ hydraulic brakes ေတြသုံးပါတယ္၊ pedal ေပၚကိုနင္းလိုက္တာနဲ႔ plunger ဟာ ဘရိတ္ဆီကိုဖိအားေပးတာေၾကာင့္ brake pads ေတြ အလုပ္လုပ္ကာ ကားကိုေႏွးေစ/ရပ္ေစပါတယ္။
ခ်က္ခ်င္းမရပ္တန္႔သြားပဲ ေႏွးတာ သို႔မဟုတ္ တစ္ခုခုပုံမွန္မဟုတ္ပဲျဖစ္ေနတာ ဆိုရင္ ဘရိတ္ဆီကို ပထမဆုံးစစ္ေဆးရပါမယ္။
၅. Transmission fluid
Transmission ထဲမွာရွိတဲ့ gear နဲ႔ clutch စတဲ့ စက္ပစၥည္းေတြလည္ပတ္တဲ့အခါ ဂီယာအခ်ိန္းအေျပာင္း ေခ်ာေမြ႕ေစဖို႔ ေခ်ာဆီကဲ့သို႔ေဆာင္႐ြက္ေပးပါတယ္။
တစ္ခါထည့္ၿပီး တစ္သက္လုံးလဲလွယ္စရာမလိုဘူးဆိုေပမယ့္ ဂီယာေျပာင္းတိုင္း ထူးဆန္းတဲ့အသံေတြထြက္တာ၊ ေလွ်ာေလွ်ာရႉရႉမျဖစ္တာေတြရွိလာရင္ေတာ့ ကားနဲ႔မကိုက္ညီတာေၾကာင့္ ေျပာင္းလဲအသုံးျပဳလိုက္ပါ။
၆. Windshield washer fluid
ကားအတြက္ ဘာမွအက်ိဳးမျပဳဘူးလို႔ထင္ရေပမယ့္ တကယ္ေတာ့ ကားေမာင္းတဲ့အခါ ျမင္ကြင္းေကာင္းေကာင္းနဲ႔ ျမင္ရဖို႔အေရးပါပါတယ္။ အားလုံးထဲမွာ စစ္ေဆးရလည္းအလြယ္ကူဆုံးျဖစ္ပါတယ္။
Crd