ဝိတ်ချနေတဲ့သူတွေအတွက် ခွန်းအားလေး
|ဝိတ်ချနေတဲ့သူတွေအတွက် ခွန်းအားလေး
ဝိတ်ချတုန်း အဆီ ၁ ပေါင်ပဲကျလို့ဆိုပြီး အားလျော့သူတွေ ကြုံဖူးတယ်။ အဆီဆိုတာ အားမနာတမ်းပြောရရင်
-သွေးလည်ပတ်မှုတွေကို ပိတ်စေတယ်
-အာဟာရတွေ စုပ်ယူမှုကို လျော့စေတယ်
-နှလုံး၊ ဆီးချို ရောဂါပေါင်းစုံဖြစ်စေတယ်
-ရုပ်အလှကို ထိခိုက်တယ်
-အသက်တိုစေတယ်
အရည်အဖြစ် စုပ်ထုတ်လိုက်လို့ပဲဖြစ်ဖြစ်၊ ခန္ဓာကိုယ်ထဲက ကလီစာတွေကို ဖုံးထားတုန်းပဲဖြစ်ဖြစ် ကောင်းကျိုးထက် ဆိုးကျိုးကိုသာပေးတယ်။
ပြောရရင် ရွံဖို့ကောင်းတယ်ဆိုရမယ်။ ဒီလိုပြောလို့ အဆီရှိလို့ ရုပ်ဆိုးတာ၊ အကျည်းတန်တာကို မဆိုလိုဘူး။ ခန္ဓာကိုယ်အတွက် ကျန်းမာရေးအရကို ကောင်းကျိုးမပေးခြင်းကို ဆိုလိုတယ်။
အဆီ ၁ပေါင်ဆိုတာ တစ်ကယ်တော့ နည်းလှတဲ့ ပမာဏမဟုတ်ဘူး။ ခန္ဓာကိုယ်နေရာအနှံ့က ကျသွားလို့သာ မသိသာတာဖြစ်တယ်။
များတဲ့လူ၊ နည်းတဲ့လူ စသဖြင့်သာကွာမယ်၊ လူတိုင်းမှာ အဆီပိုဆိုတာ ရှိစမြဲပဲ။
ဒါပေမယ့် ဘယ်သူမဆို – ၁ ပေါင်ကနေမှ ၂ ပေါင်၊ ၂ပေါင်ကနေမှ ၃ ပေါင် ၊ ၁၀ ပေါင်… ပေါင်၂၀ စသည်စသည် ကျသွားနိုင်မယ်။
ဒီလိုကျလာတာနဲ့အမျှ တဖြေးဖြေးချင်း
-မျက်နှာက အဆီတွေလျော့ပြီး မေးရိုး V shape လေးပေါ်လာမယ်။
-လက်မောင်းအောက်က ပျော့ဖတ်ဖတ် အဆီတွေလျော့ပြီး တင်းလာမယ်။
-ဗိုက်ပေါ်က အဆီတွေလျော့လာပြီး ချပ်လာမယ်။
-တင်ပါးက အဆီတွေလျော့လာပြီး အမည်းရိပ်တွေ ပျောက်လာမယ်။
-နှလုံး ကလီစာတွေဖုံးထားတဲ့ အဆီတွလျော့လာပြီး ကျန်းမာလာမယ်။
-သွေးကြောထဲက အဆီတွေလျော့ပြီး အာဟာရတွေပိုရလာမယ်။
ဒီ ၁ ပေါင်ကျသွားတာဟာ ခန္ဓာကိုယ်က ပိတ်ဆို့နေတဲ့ သွေးကြောတွေ၊ အာဟာရ ဖြန့်ဝေမှုတွေကို စတင် ရှင်းလင်းပေးတာပဲဖြစ်တယ်။
လက်ရှိမှာ ခန္ဓာကိုယ်ကြီးက ရေစီးရေလာမကောင်းတဲ့ မြောင်းကြီးနဲ့တူမယ်ပေါ့။ ဒါပေမယ့် သေချာလေးစဥ်းစားကြည့်။
ဒီပိတ်ဆို့နေတဲ့ အဆီအနှစ်ကြီးတွေ လျော့လာတဲ့အခါ ခန္ဓာကိုယ်ကြီး
-ဘယ်လောက်ပျော်မလဲ။
-လှပကျန်းမာ သက်ရှည်လိုက်မလဲ။
သေချာစဥ်းစားကြည့်တဲ့အခါ အခု ဒီတစ်ပေါင်ပဲကျသွားတာဟာ ဂုဏ်ယူစရာ၊ ရှေ့ဆက်လျှောက်ဖို့ အားတက်စရာသာ ဖြစ်တော့တယ်။ တစ်ပေါင်ပဲကျလို့ အားလျော့အောင် ပြောနေတဲ့လူတွေရှိရင် ဒါလေးပြပြီး ဂုဏ်ယူလိုက်ပါ။ ပြီးရင် ဆက်ချဖို့ အားတွေမွေး။
အဆီကျတာနဲ့ ပေါင်ချိန် ကျတာ မတူပါဘူး ပေါင်ချိန်ကျနေရင် ဆီမကျပါဘူး ပေါင်ချိန် ကျဖို့က လွယ်ပါတယ် အဆီကျဖို့က ခက်ပါတယ် ပေါင်ချိန်တွေ ကျသွားပေမဲ့ ခန္ဓာကိုယ်မှ အဆီတွေ ကျန်နေတတ်ပါတယ် ဆီတွေ ကျနေရင် ပေါင်ချိန်တန့်နေတတ်ပါတယ် အများဆုံး အဆီတွေရှိတဲ့နေရာကတော့ နောက်ကြော ခါး ဝမ်းဗိုက်အောက်ပိုင်း လက်မောင်း ပေါင်အတွင်း တို့မှာ အဆီအများစုနေတတ်ပါတယ်
အစားလျှော့ရင် ပေါင်ချိန် ကျမယ် အဆီ အနည်းငယ် ကျမယ် လေးကျင့်ခန်း လုပ်မှ အဆီတွေ အားလုံးကျမှာပါ ခါးဆိုဒ် ဝတ်နေကျ အင်္ကျီ တွေ အတွင်းခံ ချောင်သွား တယ်ဆို ဒါ အဆီတွေ ကျနေတာပါ တစ်ပေါင်ဆိုလဲ တစ်ပေါင်ဖိုး ဂုဏ်ယူလိုက်။
အရပ် ၅”၃ ရှိတဲ့ သူဟာ ၁၁၅ ၁၂၀ က မဝပါဘူး ဒါပေမဲ့ ဝတယ်လို့ ထင်ရတယ် ဘာလို့လည်းဆိုတော့ သူမှာ အဆီတွေ များနေလို့ပါ
အဲ့လို လူတွေက လေးကျင့်ခန်းပါတွဲလုပ်မှ ရမှာနော် အစားလျှော့နေယုံနဲ့ မရပါဘူး ကိုယ်ဟာ အဆီများတဲ့ သူလား ပေါင်ချိန်များတဲ့သူလား သိရမယ်အဆီကျတာနဲ့ ပေါင်ချိန်ကျတာ
ခွဲခြားသိရမယ်နော် မှန်ရှေ့ ရပ်ပြီး ဗိုက်ခေါက်နဲ့ ပေါင်ကို ကိုင်ကြည့်လိုက်ပါ ဒါဆို အဖြေပေါ်ပြီနော် ညစာ ရှောင်တိုင်း ပေါင်ချိန် အဆီ မကျပါဘူး ခဏတာပဲ ရမယ် ကျန်းမာတဲ့ ဝိတ်ချနည်း မဟုတ်ပါဘူး ဝိတ်ချတယ် ဆိုတာ ရေရှည်ကို ကြည့်ရမယ်
ကျမတို့ အသက်ရှိနေသ၍ ဒီခန္ဓာကိုယ်ကြီးနဲ့ သွားရမှာ ဒီ ခန္ဓာကိုယ်ကြီး မကျန်းမာရင် ဘာမှ လုပ်လို့ မရပါဘူး ခဏတာကို မကြည့်ပါနဲ့ ကျန်းမာရေးအတွက်ပါ ကြည့်စေချင်ပါတယ် ဒါကြောင့် ဝိတ်ချနည်း အမှန်ကိုရွေးစေလိုပါတယ်
ပိန်ဆေးတွေ မသောက်ပါနဲ့ ဘေးမဖြစ်ဘူးဆိုတာ လုံးဝ မဟုတ်ပါဘူး ကျမတို့ အနာဖြစ်လို့ ပိုးသတ်ဆေး သောက်ရင်တောင် သူရဲ့ ဆိုးကျိုးဆိုတာ ရှိပါတယ် ကျမတို့ မမြင်နိုင်တဲ့ အတွင်းက ကလီစာတွေကို သနားပါ
သဘာဝနည်းလမ်းတွေနဲ့သာ ဝိတ်ချစေချင်ပါတယ်။
Crd
ဝိတ္ခ်ေနတဲ့သူေတြအတြက္ ခြန္းအားေလး
ဝိတ္ခ်တုန္း အဆီ ၁ ေပါင္ပဲက်လို႔ဆိုၿပီး အားေလ်ာ့သူေတြ ႀကဳံဖူးတယ္။ အဆီဆိုတာ အားမနာတမ္းေျပာရရင္
-ေသြးလည္ပတ္မႈေတြကို ပိတ္ေစတယ္
-အာဟာရေတြ စုပ္ယူမႈကို ေလ်ာ့ေစတယ္
-ႏွလုံး၊ ဆီးခ်ိဳ ေရာဂါေပါင္းစုံျဖစ္ေစတယ္
-႐ုပ္အလွကို ထိခိုက္တယ္
-အသက္တိုေစတယ္
အရည္အျဖစ္ စုပ္ထုတ္လိုက္လို႔ပဲျဖစ္ျဖစ္၊ ခႏၶာကိုယ္ထဲက ကလီစာေတြကို ဖုံးထားတုန္းပဲျဖစ္ျဖစ္ ေကာင္းက်ိဳးထက္ ဆိုးက်ိဳးကိုသာေပးတယ္။
ေျပာရရင္ ႐ြံဖို႔ေကာင္းတယ္ဆိုရမယ္။ ဒီလိုေျပာလို႔ အဆီရွိလို႔ ႐ုပ္ဆိုးတာ၊ အက်ည္းတန္တာကို မဆိုလိုဘူး။ ခႏၶာကိုယ္အတြက္ က်န္းမာေရးအရကို ေကာင္းက်ိဳးမေပးျခင္းကို ဆိုလိုတယ္။
အဆီ ၁ေပါင္ဆိုတာ တစ္ကယ္ေတာ့ နည္းလွတဲ့ ပမာဏမဟုတ္ဘူး။ ခႏၶာကိုယ္ေနရာအႏွံ႔က က်သြားလို႔သာ မသိသာတာျဖစ္တယ္။
မ်ားတဲ့လူ၊ နည္းတဲ့လူ စသျဖင့္သာကြာမယ္၊ လူတိုင္းမွာ အဆီပိုဆိုတာ ရွိစၿမဲပဲ။
ဒါေပမယ့္ ဘယ္သူမဆို – ၁ ေပါင္ကေနမွ ၂ ေပါင္၊ ၂ေပါင္ကေနမွ ၃ ေပါင္ ၊ ၁၀ ေပါင္… ေပါင္၂၀ စသည္စသည္ က်သြားႏိုင္မယ္။
ဒီလိုက်လာတာနဲ႔အမွ် တေျဖးေျဖးခ်င္း
-မ်က္ႏွာက အဆီေတြေလ်ာ့ၿပီး ေမး႐ိုး V shape ေလးေပၚလာမယ္။
-လက္ေမာင္းေအာက္က ေပ်ာ့ဖတ္ဖတ္ အဆီေတြေလ်ာ့ၿပီး တင္းလာမယ္။
-ဗိုက္ေပၚက အဆီေတြေလ်ာ့လာၿပီး ခ်ပ္လာမယ္။
-တင္ပါးက အဆီေတြေလ်ာ့လာၿပီး အမည္းရိပ္ေတြ ေပ်ာက္လာမယ္။
-ႏွလုံး ကလီစာေတြဖုံးထားတဲ့ အဆီတြေလ်ာ့လာၿပီး က်န္းမာလာမယ္။
-ေသြးေၾကာထဲက အဆီေတြေလ်ာ့ၿပီး အာဟာရေတြပိုရလာမယ္။
ဒီ ၁ ေပါင္က်သြားတာဟာ ခႏၶာကိုယ္က ပိတ္ဆို႔ေနတဲ့ ေသြးေၾကာေတြ၊ အာဟာရ ျဖန္႔ေဝမႈေတြကို စတင္ ရွင္းလင္းေပးတာပဲျဖစ္တယ္။
လက္ရွိမွာ ခႏၶာကိုယ္ႀကီးက ေရစီးေရလာမေကာင္းတဲ့ ေျမာင္းႀကီးနဲ႔တူမယ္ေပါ့။ ဒါေပမယ့္ ေသခ်ာေလးစဥ္းစားၾကည့္။
ဒီပိတ္ဆို႔ေနတဲ့ အဆီအႏွစ္ႀကီးေတြ ေလ်ာ့လာတဲ့အခါ ခႏၶာကိုယ္ႀကီး
-ဘယ္ေလာက္ေပ်ာ္မလဲ။
-လွပက်န္းမာ သက္ရွည္လိုက္မလဲ။
ေသခ်ာစဥ္းစားၾကည့္တဲ့အခါ အခု ဒီတစ္ေပါင္ပဲက်သြားတာဟာ ဂုဏ္ယူစရာ၊ ေရွ႕ဆက္ေလွ်ာက္ဖို႔ အားတက္စရာသာ ျဖစ္ေတာ့တယ္။ တစ္ေပါင္ပဲက်လို႔ အားေလ်ာ့ေအာင္ ေျပာေနတဲ့လူေတြရွိရင္ ဒါေလးျပၿပီး ဂုဏ္ယူလိုက္ပါ။ ၿပီးရင္ ဆက္ခ်ဖို႔ အားေတြေမြး။
အဆီက်တာနဲ႔ ေပါင္ခ်ိန္ က်တာ မတူပါဘူး ေပါင္ခ်ိန္က်ေနရင္ ဆီမက်ပါဘူး ေပါင္ခ်ိန္ က်ဖို႔က လြယ္ပါတယ္ အဆီက်ဖို႔က ခက္ပါတယ္ ေပါင္ခ်ိန္ေတြ က်သြားေပမဲ့ ခႏၶာကိုယ္မွ အဆီေတြ က်န္ေနတတ္ပါတယ္ ဆီေတြ က်ေနရင္ ေပါင္ခ်ိန္တန႔္ေနတတ္ပါတယ္ အမ်ားဆုံး အဆီေတြရွိတဲ့ေနရာကေတာ့ ေနာက္ေၾကာ ခါး ဝမ္းဗိုက္ေအာက္ပိုင္း လက္ေမာင္း ေပါင္အတြင္း တို႔မွာ အဆီအမ်ားစုေနတတ္ပါတယ္
အစားေလွ်ာ့ရင္ ေပါင္ခ်ိန္ က်မယ္ အဆီ အနည္းငယ္ က်မယ္ ေလးက်င့္ခန္း လုပ္မွ အဆီေတြ အားလုံးက်မွာပါ ခါးဆိုဒ္ ဝတ္ေနက် အက်ႌ ေတြ အတြင္းခံ ေခ်ာင္သြား တယ္ဆို ဒါ အဆီေတြ က်ေနတာပါ တစ္ေပါင္ဆိုလဲ တစ္ေပါင္ဖိုး ဂုဏ္ယူလိုက္။
အရပ္ ၅”၃ ရွိတဲ့ သူဟာ ၁၁၅ ၁၂၀ က မဝပါဘူး ဒါေပမဲ့ ဝတယ္လို႔ ထင္ရတယ္ ဘာလို႔လည္းဆိုေတာ့ သူမွာ အဆီေတြ မ်ားေနလို႔ပါ
အဲ့လို လူေတြက ေလးက်င့္ခန္းပါတြဲလုပ္မွ ရမွာေနာ္ အစားေလွ်ာ့ေနယုံနဲ႔ မရပါဘူး ကိုယ္ဟာ အဆီမ်ားတဲ့ သူလား ေပါင္ခ်ိန္မ်ားတဲ့သူလား သိရမယ္အဆီက်တာနဲ႔ ေပါင္ခ်ိန္က်တာ
ခြဲျခားသိရမယ္ေနာ္ မွန္ေရွ႕ ရပ္ၿပီး ဗိုက္ေခါက္နဲ႔ ေပါင္ကို ကိုင္ၾကည့္လိုက္ပါ ဒါဆို အေျဖေပၚၿပီေနာ္ ညစာ ေရွာင္တိုင္း ေပါင္ခ်ိန္ အဆီ မက်ပါဘူး ခဏတာပဲ ရမယ္ က်န္းမာတဲ့ ဝိတ္ခ်နည္း မဟုတ္ပါဘူး ဝိတ္ခ်တယ္ ဆိုတာ ေရရွည္ကို ၾကည့္ရမယ္
က်မတို႔ အသက္ရွိေနသ၍ ဒီခႏၶာကိုယ္ႀကီးနဲ႔ သြားရမွာ ဒီ ခႏၶာကိုယ္ႀကီး မက်န္းမာရင္ ဘာမွ လုပ္လို႔ မရပါဘူး ခဏတာကို မၾကည့္ပါနဲ႔ က်န္းမာေရးအတြက္ပါ ၾကည့္ေစခ်င္ပါတယ္ ဒါေၾကာင့္ ဝိတ္ခ်နည္း အမွန္ကိုေ႐ြးေစလိုပါတယ္
ပိန္ေဆးေတြ မေသာက္ပါနဲ႔ ေဘးမျဖစ္ဘူးဆိုတာ လုံးဝ မဟုတ္ပါဘူး က်မတို႔ အနာျဖစ္လို႔ ပိုးသတ္ေဆး ေသာက္ရင္ေတာင္ သူရဲ႕ ဆိုးက်ိဳးဆိုတာ ရွိပါတယ္ က်မတို႔ မျမင္ႏိုင္တဲ့ အတြင္းက ကလီစာေတြကို သနားပါ
သဘာဝနည္းလမ္းေတြနဲ႔သာ ဝိတ္ခ်ေစခ်င္ပါတယ္။
Crd