ကားဘက်ထရီ ကြိုးဖြုတ်ရင် သိထားသင့်တဲ့ အချက်များ
|ကားဘက်ထရီ ကြိုးဖြုတ်ရင် သိထားသင့်တဲ့ အချက်များ
ကားအတွက် လျှပ်စစ်ပိုင်းဆိုင်ရာနဲ့ ပတ်သတ်လို့ ပြုပြင်တော့မည် ဆိုပါက ဘက်ထရီကြိုးကို အရင်ဖြုတ်ပါ။
ပါဝါဝင်းဒိုးဆိုရင် ကြိုးမဖြုတ်ခင် မှန်အရင်ချပါ။ ကားထဲမှာ သော့ကို မထားခဲ့ပါနဲ့။
ဘက်ထရီကြိုး ဖြုတ်လိုက်တာနဲ့ ပါဝါဝင်းဒိုးတွေဟာ လော့ကျ သွားတတ်ပါတယ်။
ဘက်ထရီကြိုး ပြန်တပ်လိုက်လို့ လော့ ပြန်ပွင့်တယ်ဆိုတာ မရှိပါဘူး။
ဒါကြောင့်မို့ မှန်ချထားပါ၊ သော့ကို ယူထားပါ။ ဘက်ထရီကြိုး ဖြုတ်တဲ့နေရာမှာ အမကြိုးကို (-) အရင်ဖြုတ်ရမလား
အဖိုကြိုးကို (+) အရင်ဖြုတ်ရမလား ဆိုတဲ့ အချက်ရှိပါတယ်။ အမကြိုးကို အရင်စဖြုတ်ပါ။
ဘက်ထရီထဲက လျှပ်စစ်တွေက စထွက်တော့ အမခေါင်းကနေ စတင်ပါတယ်။
လျှပ်စစ် ဖြတ်သန်း စီးဆင်းပြီးတဲ့ အခါမှာတော့ အဖိုခေါင်းကနေ လျှပ်စစ် ပြန်ဝင်ပါတယ်။
ဒီတော့ အဖိုကြိုးကို အရင် သွားဖြုတ်မိရင် အမကနေ ထွက်နေတဲ့ လျှပ်စီးတွေဟာ ပြန်ဝင်ဖို့ လမ်းမရှိတော့ပဲ ကားကိုယ်ထည်ထဲမှာ ရှိနေပါလိမ့်မယ်။
အဲ့ဒီအချိန် ကားကို သွားထိမိရင် အကြောအချင်တွေ ပြေသွားပါလိမ့်မယ်၊ အခန့်မသင်ရင် အသက်အန္တရာယ်ကို ထိခိုက်နိုင်ပါတယ်။
အဆင်ပြေမည် ဆိုပါက လျှပ်ကာလက်အိတ်ကို ၀တ်ဆင်ပြီး ဖြုတ်တာ အကောင်းဆုံးပါ။
ဒါကြောင့်မို့ အမကြိုးကိုသာ အရင်စဖြုတ်ပါ။ ပြန်တပ်ရင်တော့ အဖိုကြိုးကို အရင်ပြန်တပ် ရပါတယ်။
ကြိုး ၂ ကြိုးလုံးကို သေချာစွာ ပြန်တပ်ပြီးလျှင် အပေါ်က စွပ်ထားတဲ့ အဖုံးတွေကို သေချာစွာ ပြန်ဖုံးပေးပါ။ ဘက်ထရီ မကောင်းရင် အမြန်လဲပါ။
ဘက်ထရီ မကောင်းလို့ တွန်းနှိုးရတယ် ဆိုတာ ၁ ကြိမ် ၂ ကြိမ်သာ ကောင်းပါတယ်။
အကြိမ်ရေ များလာရင် Timing Belt ချော်သွား တတ်ပါတယ်။
စရိတ်နည်းနည်း ကုန်ရမယ့် နေရာမှာ များများ မကုန်ရလေအောင် သင့်ကားဘက်ထရီကို ဂရုစိုက်ပါ။
CRD
ကားဘက္ထရီ ႀကိဳးျဖဳတ္ရင္ သိထားသင့္တဲ့ အခ်က္မ်ား
ကားအတြက္ လွ်ပ္စစ္ပိုင္းဆိုင္ရာနဲ႔ ပတ္သတ္လို႔ ျပဳျပင္ေတာ့မည္ ဆိုပါက ဘက္ထရီႀကိဳးကို အရင္ျဖဳတ္ပါ။
ပါဝါဝင္းဒိုးဆိုရင္ ႀကိဳးမျဖဳတ္ခင္ မွန္အရင္ခ်ပါ။ ကားထဲမွာ ေသာ့ကို မထားခဲ့ပါနဲ႔။
ဘက္ထရီႀကိဳး ျဖဳတ္လိုက္တာနဲ႔ ပါဝါဝင္းဒိုးေတြဟာ ေလာ့က် သြားတတ္ပါတယ္။
ဘက္ထရီႀကိဳး ျပန္တပ္လိုက္လို႔ ေလာ့ ျပန္ပြင့္တယ္ဆိုတာ မရွိပါဘူး။
ဒါေၾကာင့္မို႔ မွန္ခ်ထားပါ၊ ေသာ့ကို ယူထားပါ။ ဘက္ထရီႀကိဳး ျဖဳတ္တဲ့ေနရာမွာ အမႀကိဳးကို (-) အရင္ျဖဳတ္ရမလား
အဖိုႀကိဳးကို (+) အရင္ျဖဳတ္ရမလား ဆိုတဲ့ အခ်က္ရွိပါတယ္။ အမႀကိဳးကို အရင္စျဖဳတ္ပါ။
ဘက္ထရီထဲက လွ်ပ္စစ္ေတြက စထြက္ေတာ့ အမေခါင္းကေန စတင္ပါတယ္။
လွ်ပ္စစ္ ျဖတ္သန္း စီးဆင္းၿပီးတဲ့ အခါမွာေတာ့ အဖိုေခါင္းကေန လွ်ပ္စစ္ ျပန္ဝင္ပါတယ္။
ဒီေတာ့ အဖိုႀကိဳးကို အရင္ သြားျဖဳတ္မိရင္ အမကေန ထြက္ေနတဲ့ လွ်ပ္စီးေတြဟာ ျပန္ဝင္ဖို႔ လမ္းမရွိေတာ့ပဲ ကားကိုယ္ထည္ထဲမွာ ရွိေနပါလိမ့္မယ္။
အဲ့ဒီအခ်ိန္ ကားကို သြားထိမိရင္ အေၾကာအခ်င္ေတြ ေျပသြားပါလိမ့္မယ္၊ အခန္႔မသင္ရင္ အသက္အႏၲရာယ္ကို ထိခိုက္ႏိုင္ပါတယ္။
အဆင္ေျပမည္ ဆိုပါက လွ်ပ္ကာလက္အိတ္ကို ၀တ္ဆင္ၿပီး ျဖဳတ္တာ အေကာင္းဆုံးပါ။
ဒါေၾကာင့္မို႔ အမႀကိဳးကိုသာ အရင္စျဖဳတ္ပါ။ ျပန္တပ္ရင္ေတာ့ အဖိုႀကိဳးကို အရင္ျပန္တပ္ ရပါတယ္။
ႀကိဳး ၂ ႀကိဳးလုံးကို ေသခ်ာစြာ ျပန္တပ္ၿပီးလွ်င္ အေပၚက စြပ္ထားတဲ့ အဖုံးေတြကို ေသခ်ာစြာ ျပန္ဖုံးေပးပါ။ ဘက္ထရီ မေကာင္းရင္ အျမန္လဲပါ။
ဘက္ထရီ မေကာင္းလို႔ တြန္းႏႈိးရတယ္ ဆိုတာ ၁ ႀကိမ္ ၂ ႀကိမ္သာ ေကာင္းပါတယ္။
အႀကိမ္ေရ မ်ားလာရင္ Timing Belt ေခ်ာ္သြား တတ္ပါတယ္။
စရိတ္နည္းနည္း ကုန္ရမယ့္ ေနရာမွာ မ်ားမ်ား မကုန္ရေလေအာင္ သင့္ကားဘက္ထရီကို ဂ႐ုစိုက္ပါ။
CRD