ကားဘရိတ် ပြင်သင့်နေပြီဆိုတာ ဘယ်လိုသိနိုင်လဲ
|ကားဘရိတ် ပြင်သင့်နေပြီဆိုတာ ဘယ်လိုသိနိုင်လဲ
မော်တော်ကားရဲ့ ဘရိတ်စနစ်ဆိုတာ အရမ်းအရေးကြီးတဲ့စနစ်ဆိုတာ အားလုံးသိထားပြီးသားဖြစ်ပါတယ်။
အင်ဂျင်ဂီယာမကောင်းလို့ ကားထိုးရပ်သွားနိူင်ပေမယ့် ကားဘရိတ်မကောင်းရင်တော့ အန္တရာယ်ကြီးကြီးမားမားကြုံတွေ့နိူင်ပါတယ်။
ဒါကြောင့် ကားဘရိတ်စနစ်ကိုလည်း ပုံမှန်စစ်ဆေးပြုပြင်မှုပြုလုပ်သင့်တာဘဲဖြစ်ပါတယ်။
ကားဘရိတ်စနစ်မှာ ရှေ့ဘရိတ်ကို ဒစ်ဘရိတ် (Disc Brake) အသုံးပြုပြီး နောက်ဘရိတ်ကို ဒရမ်ဘရိတ် (Drum Brake) အများဆုံးအသုံးပြုကြပါတယ်။ တချို့ကားတွေမှာတော့ ကားလေးဘီးလုံး ဒစ်ဘရိတ်စနစ်ကို အသုံးပြုတာလည်းရှိပါတယ်။
ဘရိတ်စနစ်မှာ ဘရိတ်ပတ် (Brake Pad) ၊ ဘရိတ်ရူး (Brake Shoe) နဲ့ ဘရိတ်ဆီတွေက သတ်မှတ်ကာလတခုမှာ ပုံမှန်လဲပေးရတာဖြစ်ပါတယ်။
ကားမောင်းနှင်နေရင်း ဘရိတ်ဖမ်းတဲ့အခါ ဘရိတ်လျောခြင်း၊ ဘရိတ်မှ အသံမြည်ခြင်း၊ ဘရိတ်နင်းစဉ် ကားတုန်ခါမှုဖြစ်ခြင်း၊ ကားဒိုင်ခွက်မှာ ဘရိတ်ချက်မီးလင်းခြင်း စတဲ့ ပြစ်ချက်တွေ ဖြစ်ပေါ်နေပြီဆိုရင်တော့ ဘရိတ်စနစ်ကို ချက်ချင်း စစ်ဆေးပြုပြင်ဖို့ လိုအပ်နေပြီဘဲ ဖြစ်ပါတယ်။
တချို့ကားတွေမှာ ဘရိတ်ပတ်အထူ ပါးနေတဲ့အခါ အချက်ပြမီးနဲ့ ဖော်ပြပေးတဲ့စနစ်ပါရှိတဲ့အပြင် မော်ဒယ်မြင့်ကားတွေရဲ့ ဒိုင်ခွက်မှာ ဘရိတ်ပတ်အထူကို ရာခိုင်နှုန်းနဲ့လည်း ဖော်ပြပါတယ်။
ကားဘရိတ်ဆီတွေကို အကြမ်းဖျင်း မိုင် 30,000 (ကီလို 48,000) သို့မဟုတ် 2 နှစ်တကြိမ် ပုံမှန်လဲပေးသင့်ပါတယ်။ ဒစ်ဘရိတ်ရဲ့ ဘရိတ်ပတ် (Brake Pad) အထူကိုလည်း 2 ~ 3 မီလီဘဲကျန်တော့တယ်ဆိုရင် ချက်ချင်းလဲပေးသင့်ပါတယ်။
ဒရမ်ဘရိတ်ရဲ့ ဘရိတ်ရူး (Brake Shoe) အထူကိုလည်း 1 မီလီဘဲကျန်တော့တယ်ဆိုရင်တော့ ချက်ချင်းလဲပေးသင့်ပါတယ်။ ဒါကြောင့် ဘရိတ်စနစ်ကို ပုံမှန် ၆ လတကြိမ် စစ်ဆေးသင့်ပြီး ခရီးသွားများပါက ၃ လ တစ်ကြိမ် စစ်ဆေးသင့်ပါတယ်။
ဘရိတ်ဖမ်းတဲ့အခါ ဘရိတ်ခြေနင်းပြား အရမ်းမာနေပြီဆိုရင်လည်း မာစတာပန့်လို့ခေါ်တဲ့ ဘရိတ်မာစတာဆလင်ဒါ (Master Cylinder) ကို စစ်ဆေးသင့်ပါတယ်။ တခါတလေ ဘရိတ်လျောတဲ့ ပြစ်ချက်တွေက ဘရိတ်မာစတာပန့်ကြောင့်လည်း ဖြစ်နိူင်ပါတယ်။
ဒါအပြင် ဘရိတ်ဆီလျော့တဲ့ ပြဿနာကြုံတွေ့ရပြီဆိုရင်လည်း ဘရိတ်ပစ်စတင်တွေက ဝှာရှာတွေမလုံတာလားဆိုတာကို သေချာစစ်ဆေးသင့်ပါတယ်။
တခါတလေမှာ ဒိုင်ခွက်မှာ ဘရိတ်ချက်မီးလင်းတဲ့အခါ ဘရိတ်စနစ်အကြီးစားစစ်ဆေးပြုပြင်မှုမဟုတ်ဘဲ၊ ဘရိတ်ဆီလျော့ခြင်း၊ ဘရိတ်မီးကျွံးခြင်း စတဲ့ပြစ်ချက်တွေလည်း ဖြစ်နိူင်ပါတယ်။
ဒါကြောင့် ဘရိတ်စနစ်ကို သတ်မှတ်ကာလအတိုင်း ပုံမှန်စစ်ဆေးပြုပြင်မှု ပြုလုပ်သင့်ပါကြောင်း အကြံပြုလိုက်ပါတယ်။
Crd
ကားဘရိတ္ ျပင္သင့္ေနၿပီဆိုတာ ဘယ္လိုသိႏိုင္လဲ
ေမာ္ေတာ္ကားရဲ႕ ဘရိတ္စနစ္ဆိုတာ အရမ္းအေရးႀကီးတဲ့စနစ္ဆိုတာ အားလုံးသိထားၿပီးသားျဖစ္ပါတယ္။
အင္ဂ်င္ဂီယာမေကာင္းလို႔ ကားထိုးရပ္သြားႏိူင္ေပမယ့္ ကားဘရိတ္မေကာင္းရင္ေတာ့ အႏၲရာယ္ႀကီးႀကီးမားမားႀကဳံေတြ႕ႏိူင္ပါတယ္။
ဒါေၾကာင့္ ကားဘရိတ္စနစ္ကိုလည္း ပုံမွန္စစ္ေဆးျပဳျပင္မႈျပဳလုပ္သင့္တာဘဲျဖစ္ပါတယ္။
ကားဘရိတ္စနစ္မွာ ေရွ႕ဘရိတ္ကို ဒစ္ဘရိတ္ (Disc Brake) အသုံးျပဳၿပီး ေနာက္ဘရိတ္ကို ဒရမ္ဘရိတ္ (Drum Brake) အမ်ားဆုံးအသုံးျပဳၾကပါတယ္။ တခ်ိဳ႕ကားေတြမွာေတာ့ ကားေလးဘီးလုံး ဒစ္ဘရိတ္စနစ္ကို အသုံးျပဳတာလည္းရွိပါတယ္။
ဘရိတ္စနစ္မွာ ဘရိတ္ပတ္ (Brake Pad) ၊ ဘရိတ္႐ူး (Brake Shoe) နဲ႔ ဘရိတ္ဆီေတြက သတ္မွတ္ကာလတခုမွာ ပုံမွန္လဲေပးရတာျဖစ္ပါတယ္။
ကားေမာင္းႏွင္ေနရင္း ဘရိတ္ဖမ္းတဲ့အခါ ဘရိတ္ေလ်ာျခင္း၊ ဘရိတ္မွ အသံျမည္ျခင္း၊ ဘရိတ္နင္းစဥ္ ကားတုန္ခါမႈျဖစ္ျခင္း၊ ကားဒိုင္ခြက္မွာ ဘရိတ္ခ်က္မီးလင္းျခင္း စတဲ့ ျပစ္ခ်က္ေတြ ျဖစ္ေပၚေနၿပီဆိုရင္ေတာ့ ဘရိတ္စနစ္ကို ခ်က္ခ်င္း စစ္ေဆးျပဳျပင္ဖို႔ လိုအပ္ေနၿပီဘဲ ျဖစ္ပါတယ္။
တခ်ိဳ႕ကားေတြမွာ ဘရိတ္ပတ္အထူ ပါးေနတဲ့အခါ အခ်က္ျပမီးနဲ႔ ေဖာ္ျပေပးတဲ့စနစ္ပါရွိတဲ့အျပင္ ေမာ္ဒယ္ျမင့္ကားေတြရဲ႕ ဒိုင္ခြက္မွာ ဘရိတ္ပတ္အထူကို ရာခိုင္ႏႈန္းနဲ႔လည္း ေဖာ္ျပပါတယ္။
ကားဘရိတ္ဆီေတြကို အၾကမ္းဖ်င္း မိုင္ 30,000 (ကီလို 48,000) သို႔မဟုတ္ 2 ႏွစ္တႀကိမ္ ပုံမွန္လဲေပးသင့္ပါတယ္။ ဒစ္ဘရိတ္ရဲ႕ ဘရိတ္ပတ္ (Brake Pad) အထူကိုလည္း 2 ~ 3 မီလီဘဲက်န္ေတာ့တယ္ဆိုရင္ ခ်က္ခ်င္းလဲေပးသင့္ပါတယ္။
ဒရမ္ဘရိတ္ရဲ႕ ဘရိတ္႐ူး (Brake Shoe) အထူကိုလည္း 1 မီလီဘဲက်န္ေတာ့တယ္ဆိုရင္ေတာ့ ခ်က္ခ်င္းလဲေပးသင့္ပါတယ္။ ဒါေၾကာင့္ ဘရိတ္စနစ္ကို ပုံမွန္ ၆ လတႀကိမ္ စစ္ေဆးသင့္ၿပီး ခရီးသြားမ်ားပါက ၃ လ တစ္ႀကိမ္ စစ္ေဆးသင့္ပါတယ္။
ဘရိတ္ဖမ္းတဲ့အခါ ဘရိတ္ေျခနင္းျပား အရမ္းမာေနၿပီဆိုရင္လည္း မာစတာပန႔္လို႔ေခၚတဲ့ ဘရိတ္မာစတာဆလင္ဒါ (Master Cylinder) ကို စစ္ေဆးသင့္ပါတယ္။ တခါတေလ ဘရိတ္ေလ်ာတဲ့ ျပစ္ခ်က္ေတြက ဘရိတ္မာစတာပန႔္ေၾကာင့္လည္း ျဖစ္ႏိူင္ပါတယ္။
ဒါအျပင္ ဘရိတ္ဆီေလ်ာ့တဲ့ ျပႆနာႀကဳံေတြ႕ရၿပီဆိုရင္လည္း ဘရိတ္ပစ္စတင္ေတြက ဝွာရွာေတြမလုံတာလားဆိုတာကို ေသခ်ာစစ္ေဆးသင့္ပါတယ္။
တခါတေလမွာ ဒိုင္ခြက္မွာ ဘရိတ္ခ်က္မီးလင္းတဲ့အခါ ဘရိတ္စနစ္အႀကီးစားစစ္ေဆးျပဳျပင္မႈမဟုတ္ဘဲ၊ ဘရိတ္ဆီေလ်ာ့ျခင္း၊ ဘရိတ္မီးကြၽံးျခင္း စတဲ့ျပစ္ခ်က္ေတြလည္း ျဖစ္ႏိူင္ပါတယ္။
ဒါေၾကာင့္ ဘရိတ္စနစ္ကို သတ္မွတ္ကာလအတိုင္း ပုံမွန္စစ္ေဆးျပဳျပင္မႈ ျပဳလုပ္သင့္ပါေၾကာင္း အႀကံျပဳလိုက္ပါတယ္။
Crd