ကားမောင်းသူတိုင်း သိထားသင့်တဲ့ ဂီယာ စနစ်
|ဂီယာစနစ် ပျက်စီးနေတဲ့ လက္ခဏာများ
သင့်မော်တော်ယာဉ်ရဲ့ ဂီယာစနစ်ဟာ ကားတစ်စီးလုံးရဲ့ အရေးအပါဆုံးနဲ့ အရှုပ်ထွေးဆုံး အစိတ်အပိုင်းတွေထဲက တစ်ခုပါ။
ရှုပ်ထွေးတဲ့ ဟိုက်ဒရောလစ် စနစ်တွေ ရာချီ ပါဝင်ပြီး ကွန်ပြူတာနဲ့ ထိန်းထားတဲ့ လျှပ်စစ်ပစ္စည်းတွေကလဲ ဂီယာပြောင်းဖို့ အတူတကွ ပူးတွဲလုပ်ဆောင်နေရပါတယ်။
ခုခေတ် ရှေ့ယက် ယာဉ်တွေ၊ အော်တိုဂီယာတွေ၊ ကွန်ပြူတာစနစ်တွေ ပါဝင်လာတဲ့ ဂီယာစနစ်ဟာ ရှုပ်ထွေးပြီး ပြင်ဆင်ရခက်ပါတယ်။ ပုံမှန် Service ပေးဖို့၊ ဆီလဲပေးဖို့လဲ လိုအပ်ပါတယ်။
ဂီယာပျက်ခြင်းမှ ကာကွယ်ဖို့ ဂီယာစနစ် ပျက်စီးစ ပြုနေကြောင်း ပြတဲ့ လက္ခဏာတွေကို ဖော်ပြလိုက်ပါတယ်။
၁-အရည်ယိုခြင်း
ဂီယာအုံက အရည်ယိုတာဟာ သင့်ကားကို ဂရုစိုက်ဖို့ လိုပြီဖြစ်ကြောင်းပြတဲ့ လက္ခဏာတစ်ခုပါ။ သင့်ကားဂိုထောင်ကြမ်းပြင်က အရည်လေးနည်းနည်းဟာ ပြသနာကြီးအဖြစ် ပြောင်းလဲ သွားနိုင်ပါတယ်။
ဂီယာဆီဟာ သင့်ကား ဂီယာပြောင်းနိုင်ဖို့ အရေးပါပြီး အနီရောင်တောက်တောက် ချိုတဲ့ အနံ့ရှိတဲ့ အရည်တစ်မျိုးပါ။
သင့်ကား ဂီယာဆီ အလိုလို လျော့နေရင် ယိုနေလို့ပါပဲ။ ဂီယာဆီ ယိုနိုင်တဲ့ အကြောင်းတွေကတော့
-မကြာသေးခင်ကမှ ကားပြင်ထားတာ
-Gasket တွေ Seal တွေ စားနေတာ
-Bell Housing တွေ ပြသနာဖြစ်နေတာ
-ဂီယာတံ ချောင်နေတာ
-ဂီယာ စက်သွား ချော်နေတာ
-အင်ဂျင်၊ ဂီယာ၊ Axle အထိုင်တွေ ချောင်နေတာ တို့ပါ။
၂-Warning မီး လင်းလာခြင်း
ခုခေတ် ကားတွေမှာ ကားမှာ ပြသနာဖြစ်နေတဲ့နေရာတွေကို ပြောပြနိုင်တဲ့ အစွမ်း ရှိပါတယ်။ ဂီယာအုံက Sensor တွေဟာ သင်မသိနိုင်တဲ့ တုန်ခါလာတာတွေ၊ ပြသနာ စလာတာတွေကို သိရှိပြီး ပြောပြနိုင်ပါတယ်။
အဖြစ်အများဆုံးကတော့ Transmission Temperature Warning မီး လင်းလာတာ ဖြစ်ပြီး ဂီယာဆီက ပုံမှန်ထက် ပိုပူနေပြီး ဂီယာအုံတစ်ခုလုံး အပူလွန်လာရင် လင်းတတ်ပါတယ်။
အဲဒီမီးလင်းတာနဲ့ ဂီယာဆီ လယ်ဗယ်နဲ့ Coolant လယ်ဗယ်ကို ချက်ခြင်း စစ်ဆေးပါ။
၃-အနံ့ဆိုးများ
ဂီယာဆီဟာ ချိုတဲ့ အနံ့ ရှိပါတယ်။ မီးလောင်ထားတဲ့ အနံ့မျိုး ရနေရင်တော့ ဂီယာဆီ အမြန်ဆုံးလဲသင့်ပါပြီ။
ဂီယာဆီဟာ ဂီယာစနစ် တစ်ခုလုံးကို ချောမွေ့အောင် လုပ်ပေးတဲ့အပြင် အပူမလွန်အောင်လဲ ကာကွယ်ပေးပါတယ်။
ဂီယာဆီ ကိုယ်တိုင်က အပူလွန်နေရင်တော့ သင့်ဂီယာအုံပါ လိုက်ပါပူနေပြီး ကြာရင် ဂီယာအုံချရတဲ့ အဆင့် ရောက်သွားနိုင်ပါတယ်။
၄-Dipstick ဖြင့် စစ်ဆေးခြင်း
ဂီယာဆီကို Dipstick ဖြင့် စစ်ဆေးခြင်းက အလွယ်ဆုံးနည်းလမ်းပါ။ သင့်ကား ဂီယာဆီ Dipstick ရှိတဲ့ နေရာကို Manual ထဲက ရှာကြည့်ပါ။
-ကားအင်ဂျင်ကို Neutral ဒါမှ မဟုတ် Pack မှာထားပြီး အင်ဂျင် နွေးထဲထိ စောင့်ပါ။ ပြီးရင် အင်ဂျင်မရပ်ပဲ Dipstick ထုတ်လိုက်ပါ။
-အင်ဂျင်ဆီ အရောင် သိဖို့ လက်မလက်ညှိုးနဲ့ ပွတ်လိုက်ပါ။
အဲဒိအရည်ဟာ ပန်းရောင် ရှိပြီး ကြည်လင်နေရပါမယ်။
-အညိုရောင်ဖြစ်ပြီး လောင်ထားတဲ့ အနံ့ရရင်တော့ လဲသင့်ပါပြီ။
-အရည် ပြည့်မပြည့်ကိုလဲ စစ်ကြည့်ပါဦး။
၅-အသံဆိုးများ
ဒီနေရာမှာတော့ အော်တိုနဲ့ Manual ဂီယာစနစ်အသံဆိုးတွေ မတူကြပါဘူး။
Manual စနစ်မှာဆိုရင် ဂီယာချိန်းတိုင်းမှာ အရမ်း ဖိကြိတ်ခံထားရသလို အသံထွက်တာ မကောင်းတဲ့ လက္ခဏာပါ။
-ကလပ် နင်းလိုက်ရင် အဲလို အသံထွက်ရင်လဲ မကောင်းပါဘူး။ ကလပ် ပြန်ချိန်ရမှာပါ။
-ဂီယာစက်သွားတွေ စားသွားတာလဲ ဖြစ်နိုင်ပါတယ်။
အော်တိုဂီယာ ဆိုရင်တော့ ဂီယာချိန်းတိုင်းမှာ မသိမသာ ပြောင်းသွားတာမဟုတ်ပဲ သိသိသာသာ ခံစားသိရှိနေရရင်တော့ တစ်ခုခု မှားနေပါပြီ။
-တုန်နေတဲ့ အသံပါကြားရရင်တော့ ပိုသေချာပါတယ်။
-တတ်ကျွမ်းသူနဲ့ သွားပြကြည့်ပါ။
၆-ဂီယာ ချက်ခြင်းမပြောင်းတာ
ဂီယာတွေဟာ လိုအပ်တဲ့ အဆင့်ကို ချက်ခြင်းရောက်ဖို့ ဒီဇိုင်း ထုတ်ထားတာပါ။ အဲဒါကို ချက်ခြင်း မပြောက်းရင်တော့ တစ်ခုခုမှားနေပါပြီ။
Manual ဂီယာတွေမှာဆို ဂီယာပြောင်းလိုက်ရင် ကားအင်ဂျင်ပါ ပိုလည်လာပေမယ့် ကားသွားနှုန်း ပိုတက်မလာရင်တော့ ကလပ် စားနေတာ ဖြစ်ဖြစ်၊ ဂီယာပြသနာဖြစ်ဖြစ် ဖြစ်နိုင်ပါတယ်။
Auto ဂီယာမှာတော့ Park နဲ့ Drive ပြောင်းတဲ့အခါမှာ ချက်ခြင်းမရောက်တာ ဖြစ်တတ်ပါတယ်။ အဲဒါဟာ ကားပြသနာတင်မဟုတ်ပဲ သင့် လုံခြုံရေးအတွက်လဲ ပြသနာ ဖြစ်ပါတယ်။
Crd
ဂီယာစနစ္ ပ်က္စီးေနတဲ့ လကၡဏာမ်ား
သင့္ေမာ္ေတာ္ယာဥ္ရဲ႕ ဂီယာစနစ္ဟာ ကားတစ္စီးလုံးရဲ႕ အေရးအပါဆုံးနဲ႔ အရႈပ္ေထြးဆုံး အစိတ္အပိုင္းေတြထဲက တစ္ခုပါ။
ရႈပ္ေထြးတဲ့ ဟိုက္ဒေရာလစ္ စနစ္ေတြ ရာခ်ီ ပါဝင္ၿပီး ကြန္ျပဴတာနဲ႔ ထိန္းထားတဲ့ လွ်ပ္စစ္ပစၥည္းေတြကလဲ ဂီယာေျပာင္းဖို႔ အတူတကြ ပူးတြဲလုပ္ေဆာင္ေနရပါတယ္။
ခုေခတ္ ေရွ႕ယက္ ယာဥ္ေတြ၊ ေအာ္တိုဂီယာေတြ၊ ကြန္ျပဴတာစနစ္ေတြ ပါဝင္လာတဲ့ ဂီယာစနစ္ဟာ ရႈပ္ေထြးၿပီး ျပင္ဆင္ရခက္ပါတယ္။ ပုံမွန္ Service ေပးဖို႔၊ ဆီလဲေပးဖို႔လဲ လိုအပ္ပါတယ္။
ဂီယာပ်က္ျခင္းမွ ကာကြယ္ဖို႔ ဂီယာစနစ္ ပ်က္စီးစ ျပဳေနေၾကာင္း ျပတဲ့ လကၡဏာေတြကို ေဖာ္ျပလိုက္ပါတယ္။
၁-အရည္ယိုျခင္း
ဂီယာအုံက အရည္ယိုတာဟာ သင့္ကားကို ဂ႐ုစိုက္ဖို႔ လိုၿပီျဖစ္ေၾကာင္းျပတဲ့ လကၡဏာတစ္ခုပါ။ သင့္ကားဂိုေထာင္ၾကမ္းျပင္က အရည္ေလးနည္းနည္းဟာ ျပသနာႀကီးအျဖစ္ ေျပာင္းလဲ သြားႏိုင္ပါတယ္။
ဂီယာဆီဟာ သင့္ကား ဂီယာေျပာင္းႏိုင္ဖို႔ အေရးပါၿပီး အနီေရာင္ေတာက္ေတာက္ ခ်ိဳတဲ့ အနံ႔ရွိတဲ့ အရည္တစ္မ်ိဳးပါ။
သင့္ကား ဂီယာဆီ အလိုလို ေလ်ာ့ေနရင္ ယိုေနလို႔ပါပဲ။ ဂီယာဆီ ယိုႏိုင္တဲ့ အေၾကာင္းေတြကေတာ့
-မၾကာေသးခင္ကမွ ကားျပင္ထားတာ
-Gasket ေတြ Seal ေတြ စားေနတာ
-Bell Housing ေတြ ျပသနာျဖစ္ေနတာ
-ဂီယာတံ ေခ်ာင္ေနတာ
-ဂီယာ စက္သြား ေခ်ာ္ေနတာ
-အင္ဂ်င္၊ ဂီယာ၊ Axle အထိုင္ေတြ ေခ်ာင္ေနတာ တို႔ပါ။
၂-Warning မီး လင္းလာျခင္း
ခုေခတ္ ကားေတြမွာ ကားမွာ ျပသနာျဖစ္ေနတဲ့ေနရာေတြကို ေျပာျပႏိုင္တဲ့ အစြမ္း ရွိပါတယ္။ ဂီယာအုံက Sensor ေတြဟာ သင္မသိႏိုင္တဲ့ တုန္ခါလာတာေတြ၊ ျပသနာ စလာတာေတြကို သိရွိၿပီး ေျပာျပႏိုင္ပါတယ္။
အျဖစ္အမ်ားဆုံးကေတာ့ Transmission Temperature Warning မီး လင္းလာတာ ျဖစ္ၿပီး ဂီယာဆီက ပုံမွန္ထက္ ပိုပူေနၿပီး ဂီယာအုံတစ္ခုလုံး အပူလြန္လာရင္ လင္းတတ္ပါတယ္။
အဲဒီမီးလင္းတာနဲ႔ ဂီယာဆီ လယ္ဗယ္နဲ႔ Coolant လယ္ဗယ္ကို ခ်က္ျခင္း စစ္ေဆးပါ။
၃-အနံ႔ဆိုးမ်ား
ဂီယာဆီဟာ ခ်ိဳတဲ့ အနံ႔ ရွိပါတယ္။ မီးေလာင္ထားတဲ့ အနံ႔မ်ိဳး ရေနရင္ေတာ့ ဂီယာဆီ အျမန္ဆုံးလဲသင့္ပါၿပီ။
ဂီယာဆီဟာ ဂီယာစနစ္ တစ္ခုလုံးကို ေခ်ာေမြ႕ေအာင္ လုပ္ေပးတဲ့အျပင္ အပူမလြန္ေအာင္လဲ ကာကြယ္ေပးပါတယ္။
ဂီယာဆီ ကိုယ္တိုင္က အပူလြန္ေနရင္ေတာ့ သင့္ဂီယာအုံပါ လိုက္ပါပူေနၿပီး ၾကာရင္ ဂီယာအုံခ်ရတဲ့ အဆင့္ ေရာက္သြားႏိုင္ပါတယ္။
၄-Dipstick ျဖင့္ စစ္ေဆးျခင္း
ဂီယာဆီကို Dipstick ျဖင့္ စစ္ေဆးျခင္းက အလြယ္ဆုံးနည္းလမ္းပါ။ သင့္ကား ဂီယာဆီ Dipstick ရွိတဲ့ ေနရာကို Manual ထဲက ရွာၾကည့္ပါ။
-ကားအင္ဂ်င္ကို Neutral ဒါမွ မဟုတ္ Pack မွာထားၿပီး အင္ဂ်င္ ေႏြးထဲထိ ေစာင့္ပါ။ ၿပီးရင္ အင္ဂ်င္မရပ္ပဲ Dipstick ထုတ္လိုက္ပါ။
-အင္ဂ်င္ဆီ အေရာင္ သိဖို႔ လက္မလက္ညႇိဳးနဲ႔ ပြတ္လိုက္ပါ။
အဲဒိအရည္ဟာ ပန္းေရာင္ ရွိၿပီး ၾကည္လင္ေနရပါမယ္။
-အညိဳေရာင္ျဖစ္ၿပီး ေလာင္ထားတဲ့ အနံ႔ရရင္ေတာ့ လဲသင့္ပါၿပီ။
-အရည္ ျပည့္မျပည့္ကိုလဲ စစ္ၾကည့္ပါဦး။
၅-အသံဆိုးမ်ား
ဒီေနရာမွာေတာ့ ေအာ္တိုနဲ႔ Manual ဂီယာစနစ္အသံဆိုးေတြ မတူၾကပါဘူး။
Manual စနစ္မွာဆိုရင္ ဂီယာခ်ိန္းတိုင္းမွာ အရမ္း ဖိႀကိတ္ခံထားရသလို အသံထြက္တာ မေကာင္းတဲ့ လကၡဏာပါ။
-ကလပ္ နင္းလိုက္ရင္ အဲလို အသံထြက္ရင္လဲ မေကာင္းပါဘူး။ ကလပ္ ျပန္ခ်ိန္ရမွာပါ။
-ဂီယာစက္သြားေတြ စားသြားတာလဲ ျဖစ္ႏိုင္ပါတယ္။
ေအာ္တိုဂီယာ ဆိုရင္ေတာ့ ဂီယာခ်ိန္းတိုင္းမွာ မသိမသာ ေျပာင္းသြားတာမဟုတ္ပဲ သိသိသာသာ ခံစားသိရွိေနရရင္ေတာ့ တစ္ခုခု မွားေနပါၿပီ။
-တုန္ေနတဲ့ အသံပါၾကားရရင္ေတာ့ ပိုေသခ်ာပါတယ္။
-တတ္ကြၽမ္းသူနဲ႔ သြားျပၾကည့္ပါ။
၆-ဂီယာ ခ်က္ျခင္းမေျပာင္းတာ
ဂီယာေတြဟာ လိုအပ္တဲ့ အဆင့္ကို ခ်က္ျခင္းေရာက္ဖို႔ ဒီဇိုင္း ထုတ္ထားတာပါ။ အဲဒါကို ခ်က္ျခင္း မေျပာက္းရင္ေတာ့ တစ္ခုခုမွားေနပါၿပီ။
Manual ဂီယာေတြမွာဆို ဂီယာေျပာင္းလိုက္ရင္ ကားအင္ဂ်င္ပါ ပိုလည္လာေပမယ့္ ကားသြားႏႈန္း ပိုတက္မလာရင္ေတာ့ ကလပ္ စားေနတာ ျဖစ္ျဖစ္၊ ဂီယာျပသနာျဖစ္ျဖစ္ ျဖစ္ႏိုင္ပါတယ္။
Auto ဂီယာမွာေတာ့ Park နဲ႔ Drive ေျပာင္းတဲ့အခါမွာ ခ်က္ျခင္းမေရာက္တာ ျဖစ္တတ္ပါတယ္။ အဲဒါဟာ ကားျပသနာတင္မဟုတ္ပဲ သင့္ လုံၿခဳံေရးအတြက္လဲ ျပသနာ ျဖစ္ပါတယ္။
Crd