ခန္ဓာကိုယ်က အနံဆိုးတွေ ပျောက်စေမဲ့ သဘာဝ ဆေးနည်း

Sharing is caring!

ဂျိုင်းနံ့ ထွက်သူများအတွက်သဘာဝဆေး

ဂျိုင်းနံ နံခြင်း

ကျွန်မက အလှပြင်ဆိုင်ကို ကိုဗစ် first wave အထိ ၉ နှစ်လောက်ဖွင့်ခဲ့ပါတယ် ခုတော့ပိတ်ထားပါတယ်။

အလုပ်သင် ကောင်မလေးတွေ အများအားဖြင့်က ဂျိုင်းနံ့တော်တော် ဆိုးဆိုးဝါးဝါး နံကြတာများပါတယ်။

ဘေးကဖြတ်သွားတာမျိုးဆို ဂျိုင်းနံက ဝေ့ခနဲ မျက်နှာပေါင်းတင်ပေးတာမျိုး ခေါင်းလျှော်ပေးတာမျိုးဆို ဧည့်သည်နဲ့အနီးကပ် ထိတွေ့ရတော့ ပါးစပ်နံ့ ဂျိုင်းနံ့ နံနေရင် ဧည့်သည်နဲ့က အဆင်မပြေပါဘူး။

အလှပြင်ဆိုင်အလုပ်က ဝန်ထမ်းတွေ လှပ သပ်ရပ် အနံ့အသက်ကင်းနေမှ လာတဲ့ ဧည့်သည်လည်း စိတ်ချမ်းသာတာပါ။

ဒါကြောင့် ဝန်ထမ်းတွေကို တယောက်တလှဲ့ ချွေးပုတ်ထုတ်ခိုင်းတာမျိုး ဂျိုင်းကို မန်ကျည်းမှဲ့နဲ့ ပွတ်လိမ်းခိုင်းတာမျိုး တွေ လုပ်ပေးပါတယ်။

ပါးစပ်ကို ထမင်းစားပြီးတိုင်း တိုက်ခိုင်းပါတယ်။ ဂျိုင်းက နေ့တိုင်းပွတ်ပေးတော့ အနံနံတာ ပျောက်လာပါတယ်။

ဒါကြောင့် တချို့လူတွေအတွက် အသုံးဝင်လိမ့်မယ်ထင်ပါတယ်။

နည်းလေးမျှဝေပေးလိုက်ပါတယ်ရှင့်

မန်ကျည်းအနှစ်ကို မျက်နှာ ချေးချွတ်တာ ကိုယ်လုံးချေးချွတ်တာ အပူကင်းစင်ဖို့ အပြင် “ဂျိုင်းနံနံတဲ့သူ”တွေပါ သုံးလို့ရပါတယ်။

ရေချိုးခါနီး ၅ မိနစ် လောက် လက္ဘရည်ဇွန်းတဝက်လောက် ပွတ်လိမ်းပြီး ရေဆေးချလိုက်ရင် လုံးဝ အနံမနံတော့ပါဘူး။

တနေကုန် roll on လိမ်းစရာမလိုအောင် အနံ မနံတာပါ။

ဂျိုင်းချွေးထွက်နေရင်တောင် ဂျိုင်းနံကနံမနေပါဘူး။

နေ့စဥ် ရေချိုးခါနီးတိုင်း သုံးလို့ရသလို တနေကုန်မေ့ပြီး ပွတ်ထားမိလည်း ယားတာ စပ်တာ ဘာမှ မဖြစ်ပါဘူး။

ဒါပေမဲ့ ရေချိုးခါနီး ပဲ ပွတ်တာပိုကောင်းပါတယ် တန်ဆေးလွန်ဘေးမဖြစ်အောင်ပါ။

ဂျိုင်းနံပျောက်တဲ့အပြင် ဂျိုင်းလည်း ဖြူပါတယ်။ Roll on တွေကတော့ ဘာလိမ်းလိမ်း အပေါ်ယံပဲ ဖုံးပေးတဲ့အတွက် ကျွန်မကတော့ မကြိုက်ပါဘူး။

သံပုရာသီးဆိုရင် ပွတ်လိမ်းတာနဲ့ စပ်ပါတယ်။ ကျောက်ချဥ်ဆိုရင်လည်း ကျောက်ပျဥ်မှာ သွေးလိမ်းနေရတာရယ် ကျောက်ပျဥ်ပြန်ဆေးချရတာ ရှုပ်ပါတယ်။

မန်ကျည်းသီးကတော့ အနှစ်လေး နည်းနည်းဖျော်ပြီး ဘူးပိစိလေးထဲထည့်ထားရင် ၃ ရက်လောက်ခံပါတယ်။ ရေခဲသေတ္တာထဲထည့်ရင် ၁ လ လောက် ခံပါတယ်။

ခန္ဓာကိုယ်အပူများတဲ့သူတွေအတွက်က မြန်မာ့တိုင်းရင်းဆေးဆရာကြီး ဦးရန်အောင်က မန်ကျည်းနှစ်ကို ရေမချိုးခင် လက်တွေ ခြေတွေမှာ လူးထား ပြီးမှ ရေချိုးရင် အပူကင်းတဲ့အကြောင်းလည်း MRTV မှာ ဝေမျှထားပါတယ်။

အပူများတဲ့သူတွေလဲ ဒီနည်းအသုံးပြုလို့ရပါတယ်။ သိတဲ့သူတွေလည်း သိမယ်ထင်ပါတယ်။

မသိသေးသူတွေအတွက် လွယ်ကူ တဲ့ နည်းလေးမို့ မျှ ဝေပေးလိုက်ပါတယ်။ အဆင်ပြေကြပါစေရှင်……

Crd

ဂ်ိဳင္းနံ႔ ထြက္သူမ်ားအတြက္သဘာဝေဆး

ဂ်ိဳင္းနံ နံျခင္း

ကြၽန္မက အလွျပင္ဆိုင္ကို ကိုဗစ္ first wave အထိ ၉ ႏွစ္ေလာက္ဖြင့္ခဲ့ပါတယ္ ခုေတာ့ပိတ္ထားပါတယ္။

အလုပ္သင္ ေကာင္မေလးေတြ အမ်ားအားျဖင့္က ဂ်ိဳင္းနံ႔ေတာ္ေတာ္ ဆိုးဆိုးဝါးဝါး နံၾကတာမ်ားပါတယ္။

ေဘးကျဖတ္သြားတာမ်ိဳးဆို ဂ်ိဳင္းနံက ေဝ့ခနဲ မ်က္ႏွာေပါင္းတင္ေပးတာမ်ိဳး ေခါင္းေလွ်ာ္ေပးတာမ်ိဳးဆို ဧည့္သည္နဲ႔အနီးကပ္ ထိေတြ႕ရေတာ့ ပါးစပ္နံ႔ ဂ်ိဳင္းနံ႔ နံေနရင္ ဧည့္သည္နဲ႔က အဆင္မေျပပါဘူး။

အလွျပင္ဆိုင္အလုပ္က ဝန္ထမ္းေတြ လွပ သပ္ရပ္ အနံ႔အသက္ကင္းေနမွ လာတဲ့ ဧည့္သည္လည္း စိတ္ခ်မ္းသာတာပါ။

ဒါေၾကာင့္ ဝန္ထမ္းေတြကို တေယာက္တလွဲ႔ ေခြၽးပုတ္ထုတ္ခိုင္းတာမ်ိဳး ဂ်ိဳင္းကို မန္က်ည္းမွဲ႔နဲ႔ ပြတ္လိမ္းခိုင္းတာမ်ိဳး ေတြ လုပ္ေပးပါတယ္။

ပါးစပ္ကို ထမင္းစားၿပီးတိုင္း တိုက္ခိုင္းပါတယ္။ ဂ်ိဳင္းက ေန႔တိုင္းပြတ္ေပးေတာ့ အနံနံတာ ေပ်ာက္လာပါတယ္။

ဒါေၾကာင့္ တခ်ိဳ႕လူေတြအတြက္ အသုံးဝင္လိမ့္မယ္ထင္ပါတယ္။

နည္းေလးမွ်ေဝေပးလိုက္ပါတယ္ရွင့္

မန္က်ည္းအႏွစ္ကို မ်က္ႏွာ ေခ်းခြၽတ္တာ ကိုယ္လုံးေခ်းခြၽတ္တာ အပူကင္းစင္ဖို႔ အျပင္ “ဂ်ိဳင္းနံနံတဲ့သူ”ေတြပါ သုံးလို႔ရပါတယ္။

ေရခ်ိဳးခါနီး ၅ မိနစ္ ေလာက္ လကၻရည္ဇြန္းတဝက္ေလာက္ ပြတ္လိမ္းၿပီး ေရေဆးခ်လိုက္ရင္ လုံးဝ အနံမနံေတာ့ပါဘူး။

တေနကုန္ roll on လိမ္းစရာမလိုေအာင္ အနံ မနံတာပါ။

ဂ်ိဳင္းေခြၽးထြက္ေနရင္ေတာင္ ဂ်ိဳင္းနံကနံမေနပါဘူး။

ေန႔စဥ္ ေရခ်ိဳးခါနီးတိုင္း သုံးလို႔ရသလို တေနကုန္ေမ့ၿပီး ပြတ္ထားမိလည္း ယားတာ စပ္တာ ဘာမွ မျဖစ္ပါဘူး။

ဒါေပမဲ့ ေရခ်ိဳးခါနီး ပဲ ပြတ္တာပိုေကာင္းပါတယ္ တန္ေဆးလြန္ေဘးမျဖစ္ေအာင္ပါ။

ဂ်ိဳင္းနံေပ်ာက္တဲ့အျပင္ ဂ်ိဳင္းလည္း ျဖဴပါတယ္။ Roll on ေတြကေတာ့ ဘာလိမ္းလိမ္း အေပၚယံပဲ ဖုံးေပးတဲ့အတြက္ ကြၽန္မကေတာ့ မႀကိဳက္ပါဘူး။

သံပုရာသီးဆိုရင္ ပြတ္လိမ္းတာနဲ႔ စပ္ပါတယ္။ ေက်ာက္ခ်ဥ္ဆိုရင္လည္း ေက်ာက္ပ်ဥ္မွာ ေသြးလိမ္းေနရတာရယ္ ေက်ာက္ပ်ဥ္ျပန္ေဆးခ်ရတာ ရႈပ္ပါတယ္။

မန္က်ည္းသီးကေတာ့ အႏွစ္ေလး နည္းနည္းေဖ်ာ္ၿပီး ဘူးပိစိေလးထဲထည့္ထားရင္ ၃ ရက္ေလာက္ခံပါတယ္။ ေရခဲေသတၱာထဲထည့္ရင္ ၁ လ ေလာက္ ခံပါတယ္။

ခႏၶာကိုယ္အပူမ်ားတဲ့သူေတြအတြက္က ျမန္မာ့တိုင္းရင္းေဆးဆရာႀကီး ဦးရန္ေအာင္က မန္က်ည္းႏွစ္ကို ေရမခ်ိဳးခင္ လက္ေတြ ေျခေတြမွာ လူးထား ၿပီးမွ ေရခ်ိဳးရင္ အပူကင္းတဲ့အေၾကာင္းလည္း MRTV မွာ ေဝမွ်ထားပါတယ္။

အပူမ်ားတဲ့သူေတြလဲ ဒီနည္းအသုံးျပဳလို႔ရပါတယ္။ သိတဲ့သူေတြလည္း သိမယ္ထင္ပါတယ္။

မသိေသးသူေတြအတြက္ လြယ္ကူ တဲ့ နည္းေလးမို႔ မွ် ေဝေပးလိုက္ပါတယ္။ အဆင္ေျပၾကပါေစရွင္……

Crd

Add a Comment

Your email address will not be published.