တစ်ပင်လုံး ရွှေဆိုတာ ကြောင်လျှာပင်ကို ပြောတာ ဖြစ်မယ်

Sharing is caring!

တစ်ပင်လုံး ရွှေဆိုတာ ကြောင်လျှာပင်ကို ပြောတာ ဖြစ်မယ်

ကြောင်လျှာသီး ကို အစိမ်းကို ပါးပါးလှီးပြီး ရေစိမ်တို့လို့ရသလို မီးကင်ပြီးစားတာ၊ ပါးပါးလှီး ဆားနဲ့နယ်၊ ရေသချာဆေးပြီး ပဲမှုန့် ဆီချက်တို့နဲ့ သုပ်စားတာ၊ ဆန်ဆေးရည်ဆားတို့နဲ့ အချဉ်စိမ်ပြီး စားတာမျိုး လုပ်စားလို့ရရပါတယ်။

ကြောင်လျှာသီးသည် ကင်ဆာဆဲလ်တွေ မပြန့်အောင်လည်း ဟန့်တားပေးနိုင်တာကြောင့်ကင်ဆာရောဂါကာကွယ်ပေးနိုင်သည်။

အသည်းနဲ့ ကျောက်ကပ်က အဆိပ်အတောက်တွေကို ဖယ်ရှားပေးလို့ ဆေးသောက်သုံးရတာကြောင့် အသည်း ထိခိုက်တာ နဲ့ ကျောက်ကပ်မှာ ကျောက်တည်တာကိုလည်း သက်သာစေနိုင်ပါတယ်။

ဆီးချိုကိုကာကွယ်ပေးပြီး ဆီးချို ရုတ်တရက် တက်တာကို ထိန်းပေးနိုင်တာကြောင့် ဓာတ်စာအနေနဲ့စားသုံးပေးသင့်ပါတယ်
ကြောင်လျှာဟာ အသီးသာမက အရွက် အမြစ် အခေါက်တွေလည်း ဆေးဖက်ဝင်ပါတယ် ။

-အသီး

အသီးကို ပြုတ်၍ လည်းကောင်း၊ ဖုတ်၍ လည်းကောင်းစားခြင်းဖြင့် အစာမကြေရောဂါ၊ လည်ပင်းကြီးရောဂါ၊ သရိုက်ရောဂါ ပျောက်၏။

သုပ်စားခြင်းဖြင့် လည်ချောင်းတွင်း အပူဖုပေါက်သောရောဂါ ပျောက်သည်။ ကြက်သားနှင့် ချက်စားပါက ပန်းနာရောဂါ ပျောက်၏ ။

ငါးရံ့ဖြင့်ချက်စားပါက ကာလဝမ်းရောဂါပျောက်၏ ။ အားကို ဖြစ်စေပြီး အစာမကြေရောဂါ ဝမ်းပျက်ရောဂါပျောက်၏။

ပုစွန်ဖြင့် ချက်စားက နှလုံးလေရိုက်ရောဂါ ၊ နှလုံးတုန် ၊ ရင်တုန်ရောဂါ ပျောက်၏ ငါးသလောက်ဖြင့် ချက်စားက အဖောရောဂါကို ကျစေ၍ လူကို ဝဖြိုးစေပြီး နှလုံးအားနည်းခြင်းကို ပျောက်စေသည်။

ငါးမြွေထိုးနှင့် ချက်စားက ဒူလာသွေးဝမ်း မီးယပ်သွေးဝမ်းနှင့် မြင်းသရိုက် ရောဂါတို့ကို ပျောက်ကင်းစေ၏။

-အရွက်

ကြောင်လျှာရွက်ညှစ်ရေကို သောက်သော် ဘိန်းဆိပ်သင့် ခြင်း ပျောက်၏ ။ကြောင်လျှာရွက်ပြုတ်တို့စားက ဝမ်းမီးကောင်း၏ ။

-အခေါက်

ကြောင်လျှာအခေါက်မှုန့်ကို ချင်းရည် ၊ ပျားရည်တို့နှင့် ရောစပ်လျက် သောက်သော် ပန်းနာ ချောင်းဆိုးရောဂါ ပျောက်၏ ။

အခေါက်မှုန့်ကို ရေနွေးတွင် ၂ နာရီခန့်စိမ်၍ စစ်ပြီး နံနက် ည သောက်သော် အစာမကြေရောဂါ ပျောက်၏ ။

ကြောင်လျှာခေါက် ကို ရေစိမ်၍ ၎င်းရေနှင့် ပလုတ်ကျင်း ပေးသော် ခံတွင်း ခြောက် ကွဲနာ ပျောက်၏ ။

သားဖွားပြီး နာကျင်ကိုက်ခဲသည့်ရောဂါ ၊ ခေါင်းတစ်ခြမ်း ကိုက်ရောဂါများအတွက်လည်း ကြောင်လျှာခေါက်ကို သုံး၏ ။

အမြစ်ခေါက်ကို အဆစ်အမျက်ရောဂါဖျားရောဂါ ၊ ဝမ်းဖော ၊ ဝမ်းရောင် ၊ ဝမ်းကိုက်ရောဂါများအတွက် အသုံးပြု၏ ။

-အမြစ်

အမြစ်ကိုသွေး၍ လိမ်းပေးခြင်းဖြင့် အနာဝင် မန်းလိုက်ခြင်း ပျောက်ကင်းသည်။

Crd

တစ္ပင္လုံး ေ႐ႊဆိုတာ ေၾကာင္လွ်ာပင္ကို ေျပာတာ ျဖစ္မယ္

ေၾကာင္လွ်ာသီး ကို အစိမ္းကို ပါးပါးလွီးၿပီး ေရစိမ္တို႔လို႔ရသလို မီးကင္ၿပီးစားတာ၊ ပါးပါးလွီး ဆားနဲ႔နယ္၊ ေရသခ်ာေဆးၿပီး ပဲမႈန႔္ ဆီခ်က္တို႔နဲ႔ သုပ္စားတာ၊ ဆန္ေဆးရည္ဆားတို႔နဲ႔ အခ်ဥ္စိမ္ၿပီး စားတာမ်ိဳး လုပ္စားလို႔ရရပါတယ္။

ေၾကာင္လွ်ာသီးသည္ ကင္ဆာဆဲလ္ေတြ မျပန႔္ေအာင္လည္း ဟန႔္တားေပးႏိုင္တာေၾကာင့္ကင္ဆာေရာဂါကာကြယ္ေပးႏိုင္သည္။

အသည္းနဲ႔ ေက်ာက္ကပ္က အဆိပ္အေတာက္ေတြကို ဖယ္ရွားေပးလို႔ ေဆးေသာက္သုံးရတာေၾကာင့္ အသည္း ထိခိုက္တာ နဲ႔ ေက်ာက္ကပ္မွာ ေက်ာက္တည္တာကိုလည္း သက္သာေစႏိုင္ပါတယ္။

ဆီးခ်ိဳကိုကာကြယ္ေပးၿပီး ဆီးခ်ိဳ ႐ုတ္တရက္ တက္တာကို ထိန္းေပးႏိုင္တာေၾကာင့္ ဓာတ္စာအေနနဲ႔စားသုံးေပးသင့္ပါတယ္
ေၾကာင္လွ်ာဟာ အသီးသာမက အ႐ြက္ အျမစ္ အေခါက္ေတြလည္း ေဆးဖက္ဝင္ပါတယ္ ။

-အသီး

အသီးကို ျပဳတ္၍ လည္းေကာင္း၊ ဖုတ္၍ လည္းေကာင္းစားျခင္းျဖင့္ အစာမေၾကေရာဂါ၊ လည္ပင္းႀကီးေရာဂါ၊ သ႐ိုက္ေရာဂါ ေပ်ာက္၏။

သုပ္စားျခင္းျဖင့္ လည္ေခ်ာင္းတြင္း အပူဖုေပါက္ေသာေရာဂါ ေပ်ာက္သည္။ ၾကက္သားႏွင့္ ခ်က္စားပါက ပန္းနာေရာဂါ ေပ်ာက္၏ ။

ငါးရံ႕ျဖင့္ခ်က္စားပါက ကာလဝမ္းေရာဂါေပ်ာက္၏ ။ အားကို ျဖစ္ေစၿပီး အစာမေၾကေရာဂါ ဝမ္းပ်က္ေရာဂါေပ်ာက္၏။

ပုစြန္ျဖင့္ ခ်က္စားက ႏွလုံးေလ႐ိုက္ေရာဂါ ၊ ႏွလုံးတုန္ ၊ ရင္တုန္ေရာဂါ ေပ်ာက္၏ ငါးသေလာက္ျဖင့္ ခ်က္စားက အေဖာေရာဂါကို က်ေစ၍ လူကို ဝၿဖိဳးေစၿပီး ႏွလုံးအားနည္းျခင္းကို ေပ်ာက္ေစသည္။

ငါးေႁမြထိုးႏွင့္ ခ်က္စားက ဒူလာေသြးဝမ္း မီးယပ္ေသြးဝမ္းႏွင့္ ျမင္းသ႐ိုက္ ေရာဂါတို႔ကို ေပ်ာက္ကင္းေစ၏။

-အ႐ြက္

ေၾကာင္လွ်ာ႐ြက္ညႇစ္ေရကို ေသာက္ေသာ္ ဘိန္းဆိပ္သင့္ ျခင္း ေပ်ာက္၏ ။ေၾကာင္လွ်ာ႐ြက္ျပဳတ္တို႔စားက ဝမ္းမီးေကာင္း၏ ။

-အေခါက္

ေၾကာင္လွ်ာအေခါက္မႈန႔္ကို ခ်င္းရည္ ၊ ပ်ားရည္တို႔ႏွင့္ ေရာစပ္လ်က္ ေသာက္ေသာ္ ပန္းနာ ေခ်ာင္းဆိုးေရာဂါ ေပ်ာက္၏ ။

အေခါက္မႈန႔္ကို ေရေႏြးတြင္ ၂ နာရီခန႔္စိမ္၍ စစ္ၿပီး နံနက္ ည ေသာက္ေသာ္ အစာမေၾကေရာဂါ ေပ်ာက္၏ ။

ေၾကာင္လွ်ာေခါက္ ကို ေရစိမ္၍ ၎ေရႏွင့္ ပလုတ္က်င္း ေပးေသာ္ ခံတြင္း ေျခာက္ ကြဲနာ ေပ်ာက္၏ ။

သားဖြားၿပီး နာက်င္ကိုက္ခဲသည့္ေရာဂါ ၊ ေခါင္းတစ္ျခမ္း ကိုက္ေရာဂါမ်ားအတြက္လည္း ေၾကာင္လွ်ာေခါက္ကို သုံး၏ ။

အျမစ္ေခါက္ကို အဆစ္အမ်က္ေရာဂါဖ်ားေရာဂါ ၊ ဝမ္းေဖာ ၊ ဝမ္းေရာင္ ၊ ဝမ္းကိုက္ေရာဂါမ်ားအတြက္ အသုံးျပဳ၏ ။

-အျမစ္

အျမစ္ကိုေသြး၍ လိမ္းေပးျခင္းျဖင့္ အနာဝင္ မန္းလိုက္ျခင္း ေပ်ာက္ကင္းသည္။

Crd

Add a Comment

Your email address will not be published.