ဥမ္မာခင်ကို ခုခံတော်လှန်မယ့် အရိုးပြုတ်ရည် လုပ်နည်း
|အရိုးပြုတ်ရည် အကြောင်း အပိုင်း၁ ——-အစာလမ်းကြောင်း ဟာ ကျန်းမာရေး အတွက် အဓိက အရေးကြီး သော အကြောင်း တစ်ခု ဖြစ် တယ် ဆို တာ သိလာ ကြ ပါ
ပြီ။ရောဂါ အတော်များများ ဖြစ် ကြ တာ က လဲ အစာလမ်းကြောင်း မှာ ရှိ နေ သည့် ပိုး တွေ မမျှတ မှု ကြောင့် ဖြစ် ပါ တယ်။
သကြား တွေ အများကြီးစား ကြ ပြီး ၊ အကျိုးပြုပိုးတွေ နည်း နေ ခြင်း ဖြစ် ပါ တယ်။အစာလမ်းကြောင်း ပြဿနာ တွေ၊ အဆစ်တွေ နာ နေ သူ တွေ ( ကျီးပေါင်း တက်
နေ သူ တွေ ) အတွက် အရိုးပြုတ်ရည် ဟာ အင်မတန် သင့် တော် ပါ တယ်။ဘာရောဂါ ပဲ ဖြစ်ဖြစ် ၊အရိုးပြုတ်ရည် ဟာ ရောဂါ တွေ သက်သာလာစေရန် အခြေခံ အုတ်မြစ်
ဖြစ် ပါ တယ်။ရောဂါ အတော်များများဟာ Leaky gut ခေါ် အူလမ်းကြောင်း မလုံ ခြင်း ကြောင့် ဖြစ် လေ့ ရှိ ကြ ပါ တယ်။ အထူး သဖြင့် allergies, autoimmune
diseases တွေ ဖြစ် ပါ တယ်။
အရိုးပြုတ်ရည် မှာ ပါ နေ တဲ့ collagen ခေါ်ပရိုတင်းဓာတ် တစ် မျိုး ဟာ အူ ရဲ့ lining ကို ပြန် ပြီး ပြုပြင်ပေး နိုင် စွမ်း ရှိ လို့ ဖြစ် ပါ တယ်။
အရိုးပြုတ်ရည် မှာ ပါ သည့် အာဟာရ များဟာ ခန္ဓာကိုယ် က နေ အလွယ်တကူ စုတ်ယူ နိုင် ပြီး ၊ ခန္ဓာကိုယ် က နေ ရောဂါ များ သက်သာစေ နိုင် ရန် အသုံးချ နိုင် ပါ တယ်။
အရိုးပြုတ်ရည် မှာ ပါ နေ တဲ့ အဓိက အာဟာရ များ က တော့ ——–၁. Calcium, Phosphorus and other minerals သတ္တုဓာတ် များ
၂. Glucosamine and chondrointin sulfate အရိုးအဆစ် တွေ အတွက် အဓိက သဘာဝဓာတ် များ ( Move Free မှာ ပါ နေ တဲ့ သဘာဝဓာတ် များ )
၃. အရိုး တွင် ပါ ဝင် နေ သော ပရိုတင်း collagen4. ရိုးတွင်း ချဉ်ဆီ
၅. ခန္ဓာကိုယ် လို အပ် သော aminoacids များ ဖြစ် ကြ သည့် glutamine ( အူလမ်းကြောင်း ပြန် ပြင် ရာ မှာ အဓိက လို အပ် သော ဓာတ် ) ၊ Proline and
Glycine တို့ ဖြစ် ပါ တယ်။အရိုးပြုတ်ရည် ၏ အကျိုးအာနိသင်များ ——-၁. အရိုး၊ အဆစ် ယောင်ကိုင်းခြင်း မှ သက်သာစေခြင်း
၂. နှာစေး၊ ချောင်းဆိုး ကို ဖြစ်စေတတ် သော virus ပိုး များ ကို တားမြစ် နိုင် စေ ခြင်းခန္ဓာကိုယ် ခုခံအား ကောင်း စေ ပါ သည်။
၃. ခန္ဓာကိုယ်တွင်း ယောင်ကိုင်းခြင်း မှ သက်သာစေ ပါ သည်။၄. အရိုး တွေ ကို ခိုင်ခံ့ ကျန်းမာစေ ပါ သည်။
၅. ဆံပင် နှင့် လက်သဲ၊ ခြေသဲ ကျန်းမာရေး အတွက် လည်း ကောင်း ပါ သည်။၆. ဥဏှောက် နဲ့ အာရုံကြောအတွက် လည်း အလွန် ကောင်း ပါ သည်။
Autism ဖြစ် နေ တဲ့ ကလေး တွေ ကို လည်း တိုက် ကြည့် စေ ချင် ပါ တယ်။
အခုဆိုရင် အရိုးပြုတ်ရည်ဟာ ကျန်းမာရေး အတွက် ဆေးတစ်ခွက် အဖြစ် ဖြင့် အလွန် ပေါ်ပြူလာ ဖြစ် လာ နေ ပါ ပြီ။
New York က အချို့ ဆိုင် တွေ မှာ တောင် ရောင်းကုန် ကြ ပြီ ဖြစ် ပါ တယ်။အချိုမှုံ့ ၊ သကြား တို့ မထည့် ဖို့ အရေးကြီး ပါ တယ်။
အကောင်းဆုံး က တော့ အိမ် မှာ ပြုတ် စား စေ ချင် ပါ တယ်။မိတ်ဆွေ များ အားလုံး အရိုးပြုတ်ရည် တွေ သောက် ပြီး ကျန်းမာ လာ ကြ ပါ စေ။
အရိုးပြုတ်ရေ အပိုင်း ၂အရိုးပြုတ်ရေ လုပ် နည်း —–
၁. အမဲရိုး ၃ – ၄ ပေါင် အဆစ်ရိုး ၊ ချဉ်ဆီရိုး ( ကြက်ရိုး ၊ ဆိပ်ရိုး နှင့် အစားထိုး နိုင် ပါ သည် )၂. ရင်ရိုး များ short ribs
၃. ပန်းသီး ရှာလကာရေ apple cider vinegar ½ cupထည့် ဖို့ အရေးကြီး ပါ သည်။
အရိုး မှာ ရှိ တဲ့ အာနိသင်ဓာတ် တွေ ကို ဟင်း ချို ထဲ ရောက် အောင် လုပ် ပေး မှာ ဖြစ် ပါ တယ်။
၄. 4 quarts of water ( 1quart = 4 cups )
၅. တရုပ်နံနံ ၃ ချောင်း celery halved
၆. ဥနီ ၃ ချောင်း carrot halved
၇. ကြက်သွန်နီ ၃ ဥ လေးစိတ်စိတ်
၈. Sea salt or Rock salt
9. Fresh parsley (နံနံပင် နဲ့ အစားထိုး နိုင် ပါ သည် )
ပြုတ်နည်း
ရှေးဦးစွာ အရိုး တွေ ကို သန့် စင် သွား စေ ရန် ရေ ထဲ မှာ ရှာလကာရေ ထည့် ပြီး ဆေး ပြစ် ပါ။ ပြီး ရင် ရေ နဲ့ တစ်ခါ ထပ် ဆေး ပါ။
အရိုး တွေ ကို အိုး ထဲ မှာ ထည့် ပါ။Apple cider vinegar ပန်းသီး ရှာလကာရေ နဲ့ ရေ ထည့် ပါ။ တစ်နာရီ ခန့် စိမ် ထား ရင် အရိုးထဲ မှ ကိုယ်လို ချင် တဲ့
အကျိုးပြု မဲ့ ဓာတ် တွေ အား လုံး စိမ့် ထွက် လာ ပါ လိမ့် မယ်။အရိုးမြုပ် တဲ့ အထိ ရေ ထည့် ဖို့ လို ရင် ထပ် ထည့် နိုင် ပါ တယ်။
အထက်ဖော်ပြ ပါ ဟင်းသီးဟင်းရွက် များ ကို ထည့် ပြီး ဆူ အောင် တည် ပါ။အပေါ် ကို ဝေတက် လာသော အမြှုပ် မဲမဲ တွေ ကို ဇွန်း နဲ့ ဖယ် ပြစ် ပါ။ ဒါ တွေ ဟာ မ
သန့် ရှင်း သော အရာ များ ဖြစ် ပါ သည်။ ( impurities )ဆူလာ သည့် အခါ မီး ကို လျော့ ချ လိုက် ပြီး မီးအေးအေး နဲ့ တည် ထား လိုက် ပါ။
ကြာလေ ကောင်း လေ ဖြစ် ပါ တယ်။အရိုး ထဲ က ဓာတ် မျိုးစုံ ဟာ တဖြေးဖြေး နဲ့ စိမ့် ထွက် မှာ ဖြစ် ပါ တယ်။ အချို့တွေ ဆို ရင် ၂၄ နာရီ လောက် တောင် မီး
ဖြေးဖြေး လေး နဲ့ ပြစ် ထား လိုက် ကြ ပါ တယ်။ချခါနီး ၁၀ မိနစ် လောက် အလို မှာ parsley or နံနံပင် ထည့် လို့ ရ ပါ ပြီ။ မွှေးပြီး အရသာ လည်း ရှိ ၊ အာနိသင်
တွေ လည်း အပြည့် ဖြစ် ပါ တယ်။အအေးခံ ထား ပါ။ အရိုးတွေ နဲ့ ဟင်း ရွက် တွေ ကို ဇကာ နဲ့ စစ် ချ လိုက် ပါ။
ထွက်လာတဲ့ ချဉ်ဆီ တွေ ကို အရိုးပြုပ် ရေ ထဲ ပြန် ထည့် ပေး ပါ။Sea salt or Rock salt ကို မိမိ နှစ်သက် သလောက် မြီးကြည့် ပြီး ထည့် နိုင် ပါ တယ်။
အရိုးပြုပ် ရေ သောက် ဖို့ အဆင်သင့် ဖြစ် နေ ပါ ပြီ။slow cooker ရှိ သူ များ အတွက် အလွန် သင့် တော် ပါ သည်။ ပြစ် ထား လိုက် လို့ ရ လို့ ပါ။
ပို နေ တာ ကို ရေခဲသေတ္တာ ထဲ မှာ ထည့် ထား ရင် ၅ -၇ ရက် ခံ ပါ တယ်။Freezer ဆိုရင် ၆ လ ခံ ပါ တယ်။
မိတ်ဆွေ များ အားလုံး အရိုးပြုပ်ရေ များ သောက် ကြ ပြီး ကျန်းမာ လာ ကြ ပါ စေ။( အရိုးပြုပ်ရေ ဟာ ဥဏှောက် နဲ့ အာရုံကြော ရောဂါ ဖြစ် နေ တဲ့ သူ များ အတွက်
အလွန် သင့် တော် ပါ တယ် )။အဖေ၊ အမေ၊ အဖိုး၊အဖွား၊ အကုန်လုံး ကို တိုက် ပါ။ဗီတာမင် တွေ ဝယ်ပြီး သောက် ရန် မတတ် နိုင် သူ များ အရိုူးပြုတ် ရေ ကို သောက်
ကြ ပါ။ကျန်းမာရေး ကောင်း လာ ပါ လိမ့် မယ်။
အရိုးပြုတ် ရည် အပိုင်း ၃ ——-
ကြက်ပေါင်းရည် နဲ့ ကြက်ပြုတ်ရည်ဘယ်ဟာ က အာနိသင် ပို ရှိ ပါ သလဲ?ကျွန်မ စဉ်းစား ကြည့် တာ ဖြစ် ပါ တယ်။
ကြက်ပေါင်းရည် မှာ ကြည့် မယ် ဆို ရင် ကြက် ရဲ့ အရိုး တွေ က ရေ နဲ့ လဲ မထိ ပါ။အကောင် လိုက် ပေါင်း ကြ တာ များ တယ် လေ။
ကြက်ရဲ့ အသား တွေ က အရိုး တွေ ကို ကာရံ ထား တာ မို့ ပရိုတင်းဓာတ် တော့ ရ နိုင် ပေ မဲ့ အရိုး က ထွက် မဲ့ ဓာတ် တွေ ကို ဆုံး ရှုံး သွား မှာ ဖြစ် ပါ တယ်။
ပေါင်း မယ် ဆို ရင် အလွန် အဖိုးတန် ပြီး ခန္ဓာကိုယ် အတွက် အလွန် အကျိုးသက် ရောက် စေ မဲ့ အရိုး မှ ထွက် မဲ့ ဓာတ် တွေ မပါ နိုင် ဖူး လို့ ထင် ပါ တယ်။
ကြက် ပြုတ်ရည် ကြ တော့ အသား က ပရိုတင်းဓာတ် တွေ ကော၊ အရိုး က ထွက် တဲ့ ဓာတ် မျိုးစုံ ကော၊ ရ ပါ တယ်။
ကျွန်မ အနေ နဲ့ က တော့ ကြက် ပေါင်းရည် ထက် ကြက် ပြုတ်ရည် ကို သဘော ပို ကျ ပါ တယ်။သို့ ပါ သော် လည်း မိမိ နှစ်သက် ရာ ကို လုပ် နိုင် ပါ တယ်။
အလုပ် ရှုပ် မဲ့ အတူတူ၊ အကျိုး ပို ရှိ မှာ ကို ရွေး မယ် ဆို ရင် ပို ပြီး သင့် တော် မယ် လို့ ထင် ပါ တယ်။
အရိုးပြုတ်ရည် စမ်းကြည့် သည့် နေ့ ——-
အရိုးလတ်လတ်ဆပ်ဆပ် ရ အောင် ကျွန်မ တို့ Baltimore မြို့ ထဲ ရှိ Lexington Market ဆီ သို့ မြို့ ပတ် ရထားစီး ပြီး သွား ခဲ့ ကြ ပါ တယ်။
အရိုးရောင်း တဲ့ သူ က ကိုရီးယား အမျိုးသား ဖြစ် ပါ တယ်။ကျွန်မ တို့ ကို ထုတ် ပြ တဲ့ အရိုး က တော့ ဒူးရိုး နဲ့ ပေါင်ရိုး တဆက်တည်း ဖြစ် ပါ တယ်။
အရိုး တွေ ကို သင့် တော် သည့် အရွယ် စက် နဲ့ ဖြတ် ခိုင်း တော့ ကိုးရီးယား ဆိုင်ရှင် အမျိုးသား က ကျွန်မ တို့ ကို မေး လိုက် ပါ တယ်။
အိမ် မှာ ခွေး တွေ ရှိ လား တဲ့။ ခွေးကြွေး ဖို့ လား တဲ့။ကျွန်မ တို့ က ရယ် ပြီး ခွေး မရှိ ပါ ဖူး။ ကျွန်မ တို့ အတွက် ပါ လို့ ပြောတော့ ကိုးရီးယား အမျိုး သား ရဲ့ မျက်
နှာ က very puzzled look ( စဉ်းစားရ ကြပ် သွား တဲ့ ပုံ ပါ ပဲ ) ဖြစ် သွား ပါ တယ်။
အရိုးပြုတ်ရည် ချက် မလို့ ပါ လို့ ပြော လိုက် ပါ တယ်။
နွား မှီး လဲ ယူ သွားဦး လေ တဲ့။ ဒါ နဲ့ ပဲ နွားမှီး ပါ ဝယ် လာ ပြီး အရိုးပြုတ်ရည် ထဲ မှာ ထည့် ကြည့် လိုက် ပါ တယ်။
အညွှန်း အတိုင်း အရိုး တွေ ကို ပြုပြင် ပြီး slow cooker နဲ့ တည် ထား လိုက် ပါ ပြီ။ မနက် ကြ ရင် သောက် ကြည့် ကြ မှာ ဖြစ် ပါ တယ်။
သုံး တဲ့ ရှာလကာရေ က organic raw unfiltered apple cider vinegar with the mother ဖြစ် တာ မို့ ချိုချဉ် လေး ဖြစ် ပြီး မွှေး နေ တာ ပါ ပဲ။
သူ တို့ ပြော ထား တဲ့ အညွှန်း ထက် ကျွန်မ အပို ထည့် လိုက် တာ က တော့ ဂျင်း၊ ကြက်သွန်ဖြူ၊ ကရဝေးရွက် ဖြစ် ပါ တယ်။
ဘယ် လို လဲ ဆို တာ မိတ်ဆွေ တို့ ကို မနက် ကြ မှ ပေး သိ တော့ မယ်။
အရိုးပြုတ်ရည် နောက် ဆက် တွဲ —-
အရိုးပြုတ်ရည် စမ်း လုပ် ကြည့် တာ အောင် မြင် ပါ တယ်။အတော် လေး ကို ကောင်း ပါ တယ်။ အညှီနံ့ လည်း မရှိ ပါ။
အခု ဆို ရင် နေ့ လည်စာ မစား ခင် ၈အောင်စ ဖန်ခွက် တစ်ခွက် သောက် ပါ တယ်။ပရိုတင်း ဓာတ် တွေ မို့ အလွန် ကောင်း ပြီး ဗိုက် လဲ သိပ် မဆာ တော့ ပါ။
နေ့လည်စာ မစား ခင်၊ organic raw unfiltered apple cider vinegar 1 teaspoon and 8 oz of water ထပ် သောက် ပါ တယ်။ အစာ ကြေလွယ်
တာ ကို သတိ ပြု မိ ပါ တယ်။ နေ လို့ လဲ အလွန် ကောင်း ပါ တယ်။ထမင်း စား ရင်း နဲ့ ထုံးစံ အတိုင်း အရွက် ရည် တစ် ခွက် ပေါ့။
Apple cider vinegar သောက် ရ တာ ကောင်း လို့ ညနေ တစ် ခါ ထပ် ပြီး သောက် ပါ တယ်။
ကဲ မိတ်ဆွေ တို့ ရေ၊ ကျွန်မ တော့ ကိုယ် ပို့ ချ တဲ့ အတိုင်း စ လုပ် နေ ပါ ပြီ။မိတ်ဆွေ တို့ ကော ဘယ် လို လဲ?
Credit -to a better health