နွေဦး ရာသီစာ ဆေးရွက် တမာ 

Sharing is caring!

နွေဦး ရာသီစာ ဆေးရွက် တမာ 

ရာသီဥတု မှာ တနေ့ထက် တနေ့ ပူလောင်လာသဖြင့် အစာစားချင်စိတ်လည်း သိပ်မရှိလှ၊ ထမင်း နဲ့ အသားဟင်းတွေ အပေါ် ခံတွင်းမတွေ့ဖြစ်နေတတ်တယ်။

ယခုလို နွေရောက်လု အချိန်အခါမျိုးမှာ တမာရွက်နုလေးတွေ နဲ့အတူ တမာဖူးကလေးတွေ အပင်မှာ ဝေနေလေပြီ…

စျေးထဲမှာလည်း မန်ကျည်းသီးမှည့်၊ ဆီးသီးမှည့်တို့နဲ့ အချဉ်ဖောက်ထားတဲ့ တမာရွက်နု အစည်းလေးတွေ အရောင်းသွက်လာကြတယ်…

မြန်မာ့ရိုးရာ တို့စရာ တမာရွက်နု ကို အိမ်ရှေ့က ခူး၊ မန်ကျည်သီးမှည့်လေး နဲ့ အလွယ်ပြုတ်နိုင်သလို ဆီးသီးနဲ့ ပြုတ်ရင် အရသာ ပိုမို လေးပင်ပြီး စားလို့ပိုကောင်းလှတယ်။

အစားအသောက် သိပ်ခံတွင်းမတွေ့တဲ့ လူ တောင် ထမင်းပူပူလေး ကို ခရမ်းချဉ်သီး ငပိချက်လေးနဲ့နယ်..တမာရွက်ပြုတ်လေး မြုပ်စားလျှင် ထမင်းအလွန်ဝင်မှာ သေချာတယ်..ပြုတ်ဖို့ အချိန်မရ ရင်

ဟင်းချက်နေတုန်း ဟင်းအိုးအဖုံးပေါ်တင်ထားရုံ နဲ့ ငါးပိရည်၊ ငါးပိချက် တို့နဲ့ တို့မြုပ်စားနိုင်တယ်…

တမာရွက်မှာ protein အသားဓာတ်၊ ရေငွေ့ဓာတ် နဲ့ ထုံးဓာတ်တို့ ပါဝင်နေတယ်။ အာရှ တောင်ပိုင်း မှာ တမာရွက်ကို ဟင်းလျာအနေနဲ့ရော ဆေးဝါးအနေနဲ့ပါ သုံးစွဲခဲ့တာ နှစ်ပေါင်း ၂၀၀၀ ကျော်ပြီ လို့တွေ့ရပါတယ်..

အင်းစက်အပါအဝင် ဘတ်တီးရီးယား၊ ဗိုင်းရပ်စ်၊ မှို၊ သန်ကောင်၊ တုတ်ကောင် အပြင် ကြွက်တွေက အစ ပိုးမွှားအကောင်ငယ်ပေါင်း ၂၀၀ ကျော်က ကြောက်ရတဲ့ အပင် ဖြစ်တယ်…

ဒါ့ကြောင့် အမေရိကန်အမျိုးသား သုတေသီအဖွဲ့ က ” တမာပင်ဟာ တကမ္ဘာလုံး ဆိုင်ရာ ကျန်းမာရေးဆိုင်ရာ ပြဿနာအားလုံးကို ဖြေရှင်းပေးနိုင်တဲ့ အပင်” လို့တောင် တင်စားကြတယ်…

အရွက်ကို tea( လဘက်ရည်) လို ခပ်သောက်နိုင်သလို အဖူးအပွင့်တွေကို ဟင်းလျာထဲမှာ ထည့်ချက်ပြုတ်နိုင်တယ်။

တမာရွက်ဟာ တမာရဲ့ အခြားအစိတ်အပိုင်းတွေလို အရောင်ကျစေခြင်း၊ ပိုးသေစေခြင်း၊ အဖျားကျစေခြင်း၊ အရေပြားဆိုင်ရာပြဿနာများ၊ သွားနဲ့ခံတွင်းဆိုင်ရာပြဿနာများ အပေါ် အကျိုးသက်ရောက်မှု ရှိပါတယ်။

၎င်း တမာရွက်ကို နေ့စဉ်မှန်မှန် ပမာဏအနည်းငယ် စားပေးရုံ နဲ့ တမာရွက်မှာ ပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင် ဒြပ်ပေါင်း တွေကြောင့် ခန္ဓာကိုယ် မှာ ကင်ဆာဆဲလ် တွေ တိုးပွားမလာအောင် ထိန်းပေးထားနိုင်တယ်..

ကင်ဆာဆဲလ် တွေ သေစေနိုင်တဲ့ အာနိသင်လည်းရှိတယ်..

ဒါ့ပြင် နှလုံး နဲ့ သွေးလည်ပတ်မှုဆိုင်ရာ ပြဿနာများကိုလည်း ကာကွယ်ပေးနိုင်တယ်..အရွက် နဲ့ အပွင့် ပြုတ်ရည် (၂၀၀ ~ ၄၀၀) မီလီလီတာ (သို့) အရွက်ခြောက်မှုန့် (၅ ~ ၁၀) ဂရမ် ကိုသောက်ပေးခြင်းဖြင့် ဆီးချိုရောဂါ ကို သက်သာစေနိုင်တယ်..

တမာရွက် ရဲ့ ပိုးသေစေတဲ့ အာနိသင်ကြောင့် အူလမ်းကြောင်းတလျှောက်ရှိ ရောဂါဖြစ်စေတဲ့ ဘတ်တီးရီးယားများကို သေစေနိုင်တယ်..အူမကြီးကိုလည်း သန့်စင်စေတယ်..

ပွေး၊ဝဲ၊ညှင်း အတွက်သာမက ကိုယ်ခန္ဓာပြင်ပ သန့်ရှင်းစင်ကြယ်စေဖို့ တမာရွက် လက်တစ်ဆုပ်ခန့်ကို မိမိရေချို့မဲ့ ဇလုံ/ကန် အတွင်းမှာ ညသိပ်၍စိမ်ထားပါ..မနက်မှာ ၎င်းရေနဲ့ ရေချိုးပေးပါ..ခန္ဓာကိုယ် သန့်စင်ပြီး ရောဂါပိုးမွှားများ အလွယ်တကူ မဝင်ရောက်နိုင်ပေ…

တမာရွက် ဟာ ခါးပြီး ကြေကျက်တဲ့အခါ စပ်ပြီး ကြေကျက်တတ်တဲ့ သဘောရှိတယ်..သီတတေဇောဓာတ် လွန်ကဲလို့ ခန္ဓာကိုယ်မှာ သလိပ် ဓာတ်တွေ ပွားများလာတဲ့အခြေအနေ မှာ တမာရွက်ဟာ လောင်စာကဲ့သို့ တေဇောဓာတ် ကို ဖြစ်စေတယ်…

ဒါ့ကြောင့် ခန္ဓာကိုယ် ရဲ့ စွမ်းအင်စု (Energy) အဖြစ် တမာရွက်ဟာ ကိုယ်ခံအားကို မြင့်မားစေတယ်…

ဒါပေမဲ့ ၎င်း ဥဏှတေဇောဓာတ် လွန်ကဲလာရင် အမျိုးသားတွေမှာ သုက်ပိုးတွေ သေစေနိုင်တဲ့အထိ ဖြစ်သွားနိုင်တယ်..တန်ဆေး လွန်ဘေး ဆိုပေမဲ့ အချို့ ပုရိသ များကလည်း ၎င်း ဘေး ကိုပင် တားဆေး အဖြစ် တမာရွက်ကို မှန်မှန် စားပေးကြသူများလည်းရှိတယ်..

အမျိုးသမီးများအတွက် တမာရွက် များများစားလျှင် သားအိမ်ကို တိုက်ရိုက်မထိခိုက်သော်လည်း ကိုယ်ဝန်ရှိစ ၄~၅ လ မှာ လုံးဝ မစားသင့်ပါ..ကလေးငယ်များ လည်း မစားသင့်ပါ..

အမျိုးသမီး အပျိုငယ်များ တမာရွက်များများစားလျှင် ဥဏှတေဇောလွန်ကဲမှု ကြောင့် ရာသီသွေးဆင်းတာ နည်းသွားတတ်ကြတယ်…ထိုအခါ ရေများများပြန်သောက်ပေးခြင်း..ရေ ထဲ၌ ရှောက်ရည် အနည်းငယ်ထည့်၍ သောက်ပေးခြင်းဖြင့် အပူငြိမ်းစေပါတယ်..

မည်သို့ပင်ဖြစ်စေ…တမာရွက်ကို ဥာဏ်ဖြင့် ချင့်ချိန်ကာ နေ့စဉ် မှန်မှန် ပမာဏ အနည်းငယ်စီ စားပေးလျှင် အလွန် ဆေးဘက်ဝင်လှပါတယ်..အခါးအရသာကြောင့် လူကြိုက်နည်းသော်လည်း ရာသီစာ ဖြစ်လို့ လူတိုင်းစားသုံးသင့်သော ဓာတ်စာ ဖြစ်ပါတယ်…

Crd

ေႏြဦး ရာသီစာ ေဆး႐ြက္ တမာ 

ရာသီဥတု မွာ တေန႔ထက္ တေန႔ ပူေလာင္လာသျဖင့္ အစာစားခ်င္စိတ္လည္း သိပ္မရွိလွ၊ ထမင္း နဲ႔ အသားဟင္းေတြ အေပၚ ခံတြင္းမေတြ႕ျဖစ္ေနတတ္တယ္။

ယခုလို ေႏြေရာက္လု အခ်ိန္အခါမ်ိဳးမွာ တမာ႐ြက္ႏုေလးေတြ နဲ႔အတူ တမာဖူးကေလးေတြ အပင္မွာ ေဝေနေလၿပီ…

ေစ်းထဲမွာလည္း မန္က်ည္းသီးမွည့္၊ ဆီးသီးမွည့္တို႔နဲ႔ အခ်ဥ္ေဖာက္ထားတဲ့ တမာ႐ြက္ႏု အစည္းေလးေတြ အေရာင္းသြက္လာၾကတယ္…

ျမန္မာ့႐ိုးရာ တို႔စရာ တမာ႐ြက္ႏု ကို အိမ္ေရွ႕က ခူး၊ မန္က်ည္သီးမွည့္ေလး နဲ႔ အလြယ္ျပဳတ္ႏိုင္သလို ဆီးသီးနဲ႔ ျပဳတ္ရင္ အရသာ ပိုမို ေလးပင္ၿပီး စားလို႔ပိုေကာင္းလွတယ္။

အစားအေသာက္ သိပ္ခံတြင္းမေတြ႕တဲ့ လူ ေတာင္ ထမင္းပူပူေလး ကို ခရမ္းခ်ဥ္သီး ငပိခ်က္ေလးနဲ႔နယ္..တမာ႐ြက္ျပဳတ္ေလး ျမဳပ္စားလွ်င္ ထမင္းအလြန္ဝင္မွာ ေသခ်ာတယ္..ျပဳတ္ဖို႔ အခ်ိန္မရ ရင္

ဟင္းခ်က္ေနတုန္း ဟင္းအိုးအဖုံးေပၚတင္ထား႐ုံ နဲ႔ ငါးပိရည္၊ ငါးပိခ်က္ တို႔နဲ႔ တို႔ျမဳပ္စားႏိုင္တယ္…

တမာ႐ြက္မွာ protein အသားဓာတ္၊ ေရေငြ႕ဓာတ္ နဲ႔ ထုံးဓာတ္တို႔ ပါဝင္ေနတယ္။ အာရွ ေတာင္ပိုင္း မွာ တမာ႐ြက္ကို ဟင္းလ်ာအေနနဲ႔ေရာ ေဆးဝါးအေနနဲ႔ပါ သုံးစြဲခဲ့တာ ႏွစ္ေပါင္း ၂၀၀၀ ေက်ာ္ၿပီ လို႔ေတြ႕ရပါတယ္..

အင္းစက္အပါအဝင္ ဘတ္တီးရီးယား၊ ဗိုင္းရပ္စ္၊ မႈိ၊ သန္ေကာင္၊ တုတ္ေကာင္ အျပင္ ႂကြက္ေတြက အစ ပိုးမႊားအေကာင္ငယ္ေပါင္း ၂၀၀ ေက်ာ္က ေၾကာက္ရတဲ့ အပင္ ျဖစ္တယ္…

ဒါ့ေၾကာင့္ အေမရိကန္အမ်ိဳးသား သုေတသီအဖြဲ႕ က ” တမာပင္ဟာ တကမာၻလုံး ဆိုင္ရာ က်န္းမာေရးဆိုင္ရာ ျပႆနာအားလုံးကို ေျဖရွင္းေပးႏိုင္တဲ့ အပင္” လို႔ေတာင္ တင္စားၾကတယ္…

အ႐ြက္ကို tea( လဘက္ရည္) လို ခပ္ေသာက္ႏိုင္သလို အဖူးအပြင့္ေတြကို ဟင္းလ်ာထဲမွာ ထည့္ခ်က္ျပဳတ္ႏိုင္တယ္။

တမာ႐ြက္ဟာ တမာရဲ႕ အျခားအစိတ္အပိုင္းေတြလို အေရာင္က်ေစျခင္း၊ ပိုးေသေစျခင္း၊ အဖ်ားက်ေစျခင္း၊ အေရျပားဆိုင္ရာျပႆနာမ်ား၊ သြားနဲ႔ခံတြင္းဆိုင္ရာျပႆနာမ်ား အေပၚ အက်ိဳးသက္ေရာက္မႈ ရွိပါတယ္။

၎ တမာ႐ြက္ကို ေန႔စဥ္မွန္မွန္ ပမာဏအနည္းငယ္ စားေပး႐ုံ နဲ႔ တမာ႐ြက္မွာ ပါဝင္တဲ့ ဓာတ္တိုးဆန္႔က်င္ ျဒပ္ေပါင္း ေတြေၾကာင့္ ခႏၶာကိုယ္ မွာ ကင္ဆာဆဲလ္ ေတြ တိုးပြားမလာေအာင္ ထိန္းေပးထားႏိုင္တယ္..

ကင္ဆာဆဲလ္ ေတြ ေသေစႏိုင္တဲ့ အာနိသင္လည္းရွိတယ္..

ဒါ့ျပင္ ႏွလုံး နဲ႔ ေသြးလည္ပတ္မႈဆိုင္ရာ ျပႆနာမ်ားကိုလည္း ကာကြယ္ေပးႏိုင္တယ္..အ႐ြက္ နဲ႔ အပြင့္ ျပဳတ္ရည္ (၂၀၀ ~ ၄၀၀) မီလီလီတာ (သို႔) အ႐ြက္ေျခာက္မႈန္႔ (၅ ~ ၁၀) ဂရမ္ ကိုေသာက္ေပးျခင္းျဖင့္ ဆီးခ်ိဳေရာဂါ ကို သက္သာေစႏိုင္တယ္..

တမာ႐ြက္ ရဲ႕ ပိုးေသေစတဲ့ အာနိသင္ေၾကာင့္ အူလမ္းေၾကာင္းတေလွ်ာက္ရွိ ေရာဂါျဖစ္ေစတဲ့ ဘတ္တီးရီးယားမ်ားကို ေသေစႏိုင္တယ္..အူမႀကီးကိုလည္း သန္႔စင္ေစတယ္..

ေပြး၊ဝဲ၊ညႇင္း အတြက္သာမက ကိုယ္ခႏၶာျပင္ပ သန္႔ရွင္းစင္ၾကယ္ေစဖို႔ တမာ႐ြက္ လက္တစ္ဆုပ္ခန္႔ကို မိမိေရခ်ိဳ႕မဲ့ ဇလုံ/ကန္ အတြင္းမွာ ညသိပ္၍စိမ္ထားပါ..မနက္မွာ ၎ေရနဲ႔ ေရခ်ိဳးေပးပါ..ခႏၶာကိုယ္ သန္႔စင္ၿပီး ေရာဂါပိုးမႊားမ်ား အလြယ္တကူ မဝင္ေရာက္ႏိုင္ေပ…

တမာ႐ြက္ ဟာ ခါးၿပီး ေၾကက်က္တဲ့အခါ စပ္ၿပီး ေၾကက်က္တတ္တဲ့ သေဘာရွိတယ္..သီတေတေဇာဓာတ္ လြန္ကဲလို႔ ခႏၶာကိုယ္မွာ သလိပ္ ဓာတ္ေတြ ပြားမ်ားလာတဲ့အေျခအေန မွာ တမာ႐ြက္ဟာ ေလာင္စာကဲ့သို႔ ေတေဇာဓာတ္ ကို ျဖစ္ေစတယ္…

ဒါ့ေၾကာင့္ ခႏၶာကိုယ္ ရဲ႕ စြမ္းအင္စု (Energy) အျဖစ္ တမာ႐ြက္ဟာ ကိုယ္ခံအားကို ျမင့္မားေစတယ္…

ဒါေပမဲ့ ၎ ဥဏွေတေဇာဓာတ္ လြန္ကဲလာရင္ အမ်ိဳးသားေတြမွာ သုက္ပိုးေတြ ေသေစႏိုင္တဲ့အထိ ျဖစ္သြားႏိုင္တယ္..တန္ေဆး လြန္ေဘး ဆိုေပမဲ့ အခ်ိဳ႕ ပုရိသ မ်ားကလည္း ၎ ေဘး ကိုပင္ တားေဆး အျဖစ္ တမာ႐ြက္ကို မွန္မွန္ စားေပးၾကသူမ်ားလည္းရွိတယ္..

အမ်ိဳးသမီးမ်ားအတြက္ တမာ႐ြက္ မ်ားမ်ားစားလွ်င္ သားအိမ္ကို တိုက္႐ိုက္မထိခိုက္ေသာ္လည္း ကိုယ္ဝန္ရွိစ ၄~၅ လ မွာ လုံးဝ မစားသင့္ပါ..ကေလးငယ္မ်ား လည္း မစားသင့္ပါ..

အမ်ိဳးသမီး အပ်ိဳငယ္မ်ား တမာ႐ြက္မ်ားမ်ားစားလွ်င္ ဥဏွေတေဇာလြန္ကဲမႈ ေၾကာင့္ ရာသီေသြးဆင္းတာ နည္းသြားတတ္ၾကတယ္…ထိုအခါ ေရမ်ားမ်ားျပန္ေသာက္ေပးျခင္း..ေရ ထဲ၌ ေရွာက္ရည္ အနည္းငယ္ထည့္၍ ေသာက္ေပးျခင္းျဖင့္ အပူၿငိမ္းေစပါတယ္..

မည္သို႔ပင္ျဖစ္ေစ…တမာ႐ြက္ကို ဥာဏ္ျဖင့္ ခ်င့္ခ်ိန္ကာ ေန႔စဥ္ မွန္မွန္ ပမာဏ အနည္းငယ္စီ စားေပးလွ်င္ အလြန္ ေဆးဘက္ဝင္လွပါတယ္..အခါးအရသာေၾကာင့္ လူႀကိဳက္နည္းေသာ္လည္း ရာသီစာ ျဖစ္လို႔ လူတိုင္းစားသုံးသင့္ေသာ ဓာတ္စာ ျဖစ္ပါတယ္…

Crd

Add a Comment

Your email address will not be published. Required fields are marked *