တစ်နှစ်ပတ်လုံး အထားခံတဲ့ ခရမ်းချဉ်သီး ဆော့ လုပ်နည်း
|တစ်နှစ်ပတ်လုံး အထားခံတဲ့ ခရမ်းချဉ်သီး ဆော့ လုပ်နည်းလေး မေးထားကြလို့ မအားတဲ့ကြားကနေ ပြောလိုက်ပါတယ်နော်။ခရမ်းချဉ်သီး ၁၀၀၀ ဖိုးဝယ်လာတာရေဆေးညှစ်ချ ပြုတ်ပြီး ကြိတ် အနှစ် ဖြစ်ရင် ပြန်အပူပေးကျို အအေးခံပြီး အထုပ်လေးလုပ် ရေခဲကန်ထဲ
ထည့်သိမ်း။သဘာဝ အိမ်လုပ်ဆော့ချဉ် လုပ်မလား အချဉ်ရည်စပ်မလား ဘာအလုပ်လုပ် အဆင်ပြေပါသော ခရမ်းချဉ်သီး အနှစ်။
🍅🍅ခရမ်းချဉ်သီးဆော့စ် ( tomato sauce )
========================
ခရမ်းချဉ်သီးရဲရဲနီ အမှည့် ( ripe tomatoes)ကို လေးစိတ်စိတ်ပြီးရေနည်းနည်းထည့် အဖုံးအုပ်ပြီးအိနပ်နေအောင်ပြုတ်ပါပြီးရင် blender နဲ့ ကြေအောင်ကြိတ်ပါကြိတ်ပြီးရင် ဆန်ခါ အစိပ်နဲ့ အနှစ်တိုက်ချပါ( အစေ့နဲ့ အခွံ မပါစေရ)
ရလာတဲ့ အနှစ်ကို ဆား / (သကြား ၂ ဆ/ရှာလကာရေ ၁ ဆ) / အရောင်တင်မှုန့်( ငရုတ်သီးမှုန့် ( အရောင်အတွက်)/ရေအနည်းငယ်ထည့်ပြီးမီးအေးအေးနဲ့ အဆက်မပြတ် ၄၅ မိနစ်လောက် မွှေပေးပါအလိုလို နီရဲပြီး ပျစ်လာတာကို တွေ့ရပါမယ်
( ဘယ် အရောင်ဆိုးဆေး ( food colour)မှ ထည့်စရာ မလိုပါ )ရေ ကျန် မကျန် သိလိုပါကအနည်းငယ် ယူပြီး ပန်းကန် နှုတ်ခမ်းမှာ တင်ကြည့်ပါ( ရေစိမ့်ထွက် မလာပါက ရပါပြီ )
ရေမကျန်ပါက နှစ်ချီပြီး အထားခံပါတယ်မိမိစားလိုတဲ့ အချိန်မှာ စားလို့ရအောငအခန်းအပူချိန်အတိုင်း အအေးခံပြီးဗူးသန့်သန့်နဲ့ လေလုံအောင် ထည့်ပိတ်ထားပါစားတဲ့အခါ ဇွန်း အသန့်နဲ့ယူစားပါ
Credit
Zawgyi Version
========================
Credit