ဒီစာကို မဖတ်ကြည့်ပဲ Solar ဝယ်ဖို့ လုံးဝ မစဉ်းပါနဲ့
|ဒီစာက Solarဝယ်မယ်လို့ဆုံးဖြတ်ထားသူတွေ အတွက်ပါ။မြန်မာနိုင်ငံကို တင်သွင်းရောင်းချနေတဲ့Solar၃မျိုးရှိပါတယ်။
(၁)ပထမတန်းစားSolarဆဲလ်ကွက်တွေက လေးထောင့်ကျကျ မဟုတ်ဘဲထောင့်ချိုးလေးတွေ ကွေးထားပါတယ်။
(၂)ဒုတိယတန်းစား(အလတ်စား)Solar ဆဲလ်ကွက်တွေက လေးထောင့်ကျကျ ပါ။ထောင့်ချိုးတွေ ကွေးမထားပါဘူး။
(၃)တတိယတန်းစား(အညံ့စား)ဆဲလ်ကွက်ရှိချင်မှရှိတယ်။ပြောင်တွေ၊အစင်းတွေနဲ့။
မှတ်ချက်။ ။ဒီနိုင်ငံမှာ Solarရဲ့Output Wattကို အရှိအတိုင်းပြပြီး ရောင်းချနိုင်တဲ့ဆိုင် မတွေ့မိသေးပါ။
II. Solarဝယ်ရုံနဲ့ မီးလုံးထွန်း၊TVကြည့်၊ကွန်ပြူတာသုံးလို့ မရပါဘူး။(၁)ဘက်ထရီအိုး ဝယ်ရမယ်(၂)အင်ဗာတာ ဝယ်ရပါမယ်။
Solarရဲ့သဘောက နေရောင်ခြည်အသုံးပြုပြီး ဘက်ထရီအိုးကို အားသွင်းပေးရုံသက်သက်ပါ။အဓိကက ဘက်ထရီအိုးနဲ့အင်ဗာတာပါ။
III. ဘက်ထရီအိုး ရွေးပါ။ဘက်ထရီအိုးကို သူရဲ့ Ah(Ampere hour)ကိုကြည့်ပြီး100Ah(၁၀၀အိုး)၊200Ah(၂၀၀အိုး)စသဖြင့်ခေါ်ပါတယ်။
ဘယ်ဘက်ထရီအိုးဖြင့်ဖြင့် ရာနှုန်းပြည့် သုံးစွဲခြင်းကို ရှောင်ပါ။၈၀%လောက်ပဲ သုံးစွဲပါ။လုံးဝ အားကုန်သွားသည်အထိ မသုံးပါနဲ့။
နောက်ပြီး တနေ့ကို ဘယ်နှစ်နာရီအသုံးပြုမယ်ဆိုတာကို သတ်မှတ်ပါ။၃နာရီလား?၄နာရီလား?
ဘက်ထရီအိုးရွေးဖို့ ကိုယ့်အသုံးပြုမဲ့ မီးလုံးရဲ့ Watt၊TVရဲ့Watt၊ကွန်ပြူတာရဲ့Wattအားလုံးကို ပေါင်းပါ။ဥပမာ-မီးလုံး-18W+18W
TV -90W ၊ ကွန်ပြူတာ-45W ၊ အဲ့ဒါတွေအားလုံး ။ ပေါင်း(18+90+45+18)171W။စုစုပေါင်း171Wကို Ampereပြန်ပြောင်းတော့171/12=14.25Aစုစုပေါင်းအသုံးပြုချိန်
က၄နာရီဆိုပါစို့-14.25A x4h=57Ahအနီးစပ်ဆုံး60Ahလောက်စဉ်းစားထား။Lossesတွေအတွက်က 25%လောက် ထပ်ဆောင်းပါ။အဲ့တော့ (60 x 0.25=15Ah)
ထို့ကြောင့် ဘက်ထရီအိုးSizeက=60+15Ah=75Ah👉အနီးစပ်ဆုံး80Ahဝယ်ပါ။(171Wကို ၄နာရီကြာအောင်သုံးမယ်ဆိုရင်80Ahအိုးကကောင်းကောင်းနိုင်ပါတယ်။)
IV. အင်ဗာတာ ရွေးပါ။ဘယ်အင်ဗာတာကမှလည်း ရာနှုန်းပြည့်ယူသုံးလို့မရပါဘူး။ပျှမ်းမျှ၇၀%ပါပဲ။အင်ဗာတာရွေးဖို့ ကိုယ့်ရဲ့Total Loadကို ပျှမ်းမျှ၇၀%နဲ့စားပါ။
ဥပမာ-171/0.7=244.3👉 အနီးစပ်ဆုံး 300W inverterသုံးပါ။
V. Solar ရွေးပါ။Solarက ဘက်ထရီအားသွင်းဖို့ပါ။အချိန်ဘယ်လောက်နဲ့ပြည့်ချင်လဲဆိုတာကိုကြည့်ပြီးSolarဆိုဒ်ကို ဝယ်ရမှာပါ။
ဥပမာ-မိမိရဲ့ 80Ahအိုးကို ၄နာရီလောက်နဲ့ပြည့်ချင်တယ်ဆိုရင်-80Ah/4h=20A x 12V=240W👉 အနီးစပ်ဆုံး 300WSolarဝယ်ပါ။
အချုပ်ပြောရရင်-စုစုပေါင်း 171Wကို ၄နာရီကြာအသုံးပြုဖို့အတွက်Solar-300WBattery-80AhInverter-300W လိုပါမယ်။
Crd-Ko Kyaw Some
Zawgyi Version
ဒီစာက Solarဝယ္မယ္လို႔ဆုံးျဖတ္ထားသူေတြ အတြက္ပါ။ျမန္မာႏိုင္ငံကို တင္သြင္းေရာင္းခ်ေနတဲ့Solar၃မ်ိဳးရွိပါတယ္။
(၁)ပထမတန္းစားSolarဆဲလ္ကြက္ေတြက ေလးေထာင့္က်က် မဟုတ္ဘဲေထာင့္ခ်ိဳးေလးေတြ ေကြးထားပါတယ္။
(၂)ဒုတိယတန္းစား(အလတ္စား)Solar ဆဲလ္ကြက္ေတြက ေလးေထာင့္က်က် ပါ။ေထာင့္ခ်ိဳးေတြ ေကြးမထားပါဘူး။
(၃)တတိယတန္းစား(အညံ့စား)ဆဲလ္ကြက္ရွိခ်င္မွရွိတယ္။ေျပာင္ေတြ၊အစင္းေတြနဲ႔။
မွတ္ခ်က္။ ။ဒီႏိုင္ငံမွာ Solarရဲ႕Output Wattကို အရွိအတိုင္းျပၿပီး ေရာင္းခ်ႏိုင္တဲ့ဆိုင္ မေတြ႕မိေသးပါ။
II. Solarဝယ္႐ုံနဲ႔ မီးလုံးထြန္း၊TVၾကည့္၊ကြန္ျပဴတာသုံးလို႔ မရပါဘူး။(၁)ဘက္ထရီအိုး ဝယ္ရမယ္(၂)အင္ဗာတာ ဝယ္ရပါမယ္။
Solarရဲ႕သေဘာက ေနေရာင္ျခည္အသုံးျပဳၿပီး ဘက္ထရီအိုးကို အားသြင္းေပး႐ုံသက္သက္ပါ။အဓိကက ဘက္ထရီအိုးနဲ႔အင္ဗာတာပါ။
III. ဘက္ထရီအိုး ေ႐ြးပါ။ဘက္ထရီအိုးကို သူရဲ႕ Ah(Ampere hour)ကိုၾကည့္ၿပီး100Ah(၁၀၀အိုး)၊200Ah(၂၀၀အိုး)စသျဖင့္ေခၚပါတယ္။
ဘယ္ဘက္ထရီအိုးျဖင့္ျဖင့္ ရာႏႈန္းျပည့္ သုံးစြဲျခင္းကို ေရွာင္ပါ။၈၀%ေလာက္ပဲ သုံးစြဲပါ။လုံးဝ အားကုန္သြားသည္အထိ မသုံးပါနဲ႔။
ေနာက္ၿပီး တေန႔ကို ဘယ္ႏွစ္နာရီအသုံးျပဳမယ္ဆိုတာကို သတ္မွတ္ပါ။၃နာရီလား?၄နာရီလား?
ဘက္ထရီအိုးေ႐ြးဖို႔ ကိုယ့္အသုံးျပဳမဲ့ မီးလုံးရဲ႕ Watt၊TVရဲ႕Watt၊ကြန္ျပဴတာရဲ႕Wattအားလုံးကို ေပါင္းပါ။ဥပမာ-မီးလုံး-18W+18W
TV -90W ၊ ကြန္ျပဴတာ-45W ၊ အဲ့ဒါေတြအားလုံး ။ ေပါင္း(18+90+45+18)171W။စုစုေပါင္း171Wကို Ampereျပန္ေျပာင္းေတာ့171/12=14.25Aစုစုေပါင္းအသုံးျပဳခ်ိန္
က၄နာရီဆိုပါစို႔-14.25A x4h=57Ahအနီးစပ္ဆုံး60Ahေလာက္စဥ္းစားထား။Lossesေတြအတြက္က 25%ေလာက္ ထပ္ေဆာင္းပါ။အဲ့ေတာ့ (60 x 0.25=15Ah)
ထို႔ေၾကာင့္ ဘက္ထရီအိုးSizeက=60+15Ah=75Ah👉အနီးစပ္ဆုံး80Ahဝယ္ပါ။(171Wကို ၄နာရီၾကာေအာင္သုံးမယ္ဆိုရင္80Ahအိုးကေကာင္းေကာင္းႏိုင္ပါတယ္။)
IV. အင္ဗာတာ ေ႐ြးပါ။ဘယ္အင္ဗာတာကမွလည္း ရာႏႈန္းျပည့္ယူသုံးလို႔မရပါဘူး။ပွ်မ္းမွ်၇၀%ပါပဲ။အင္ဗာတာေ႐ြးဖို႔ ကိုယ့္ရဲ႕Total Loadကို ပွ်မ္းမွ်၇၀%နဲ႔စားပါ။
ဥပမာ-171/0.7=244.3👉 အနီးစပ္ဆုံး 300W inverterသုံးပါ။
V. Solar ေ႐ြးပါ။Solarက ဘက္ထရီအားသြင္းဖို႔ပါ။အခ်ိန္ဘယ္ေလာက္နဲ႔ျပည့္ခ်င္လဲဆိုတာကိုၾကည့္ၿပီးSolarဆိုဒ္ကို ဝယ္ရမွာပါ။
ဥပမာ-မိမိရဲ႕ 80Ahအိုးကို ၄နာရီေလာက္နဲ႔ျပည့္ခ်င္တယ္ဆိုရင္-80Ah/4h=20A x 12V=240W👉 အနီးစပ္ဆုံး 300WSolarဝယ္ပါ။
အခ်ဳပ္ေျပာရရင္-စုစုေပါင္း 171Wကို ၄နာရီၾကာအသုံးျပဳဖို႔အတြက္Solar-300WBattery-80AhInverter-300W လိုပါမယ္။
Crd-Ko Kyaw Some