တရုတ်စကားနီ အစွမ်း
|တရုတ်စကားနီ အစွမ်း
တရုတ်စကားအနီပင်၏အခေါက်ကို ခွါယူပါ အပြင်မှ အကြေးခွံအကြမ်းများကို ခြစ်ပစ်ပါ အခေါက်တစ်ပိဿာကို လက် ၂ လုံး သုံးလုံး ခန့်လေးတွေ ဖြတ်ပါ ဒါန်အိုးကြီးကြီးတစ်လုံးတွင်ထည့်ပါ။
ထန်းဖိုဦးထန်းလျှက် ၂၀ ကျပ်သားထည့်ပါ ရေသုံးပိဿာထည့်ပြီး ကျိုပါ ဆေးရည်တစ်ပိဿကျန်သည်အထိ ကျိုပြီး ဆေးရည်တစ်ပိဿာကျန်လျှင် ချပြီး ဆေးရည်ကို ပိတ်ပါး ရေစစ်ဖြင် စစ်ယူပြီး သန့်ရှင်းစင်ကြယ်သောပုလင်းတွင်ထည့်ပြီး သိမ်းဆည်းပါ။
ဆေးရည် ဂုဏ်သတ္တိ
ဆေးရည်၏အရသာမှာခါး၏။ ဆေးရည်ကို ဂူနာဝေဒနာရှင်များ တစ်နေ့ သုံးကြိမ် (နံနက် ၇ နာရီ နေ့ ၂ နာရီ ည အိပ်ယာဝင်အချိန် ) တစ်ခါသောက် အကြမ်းပုဂံတစ်လုံး ခန့် သောက်ပေးပါ။
အထက်ဆိုခဲ့သည့်အတိုင်း သုံးကြိမ်မှီဝဲပါက သွေးတဂူ လေတဂူ ရေတဂူ သွေးလုံး သွေလိပ် ရေလိပ် စသော ဂူနာအမျိုးမျိုးကို ပျောက်ကင်းစေပါသည်။
ထို့အပြင် ဝမ်းထဲတွင်ဖြစ်တတ်သော သွေးကျိတ် လေကျိတ် အနာလုံး အနာခဲ အနာကျိတ်တို့ကို လည်းပျောက်ကင်းစေ၏။
သွေးမြင်းသရိုက် လေမြင်းသရိုက် ဒူလာ ပါဒရက် ထုံနာ ကျဉ်နာ လေရိုက် လေဖြတ် လေငန်းရောဂါတို့ကိုလဲ သက်သာပျောက်ကင်းစေ၍
လေနာ အမျိုးမျိုးတို့ကို လက်တွေ့သက်သာပျောက်ကင်းစေသော တန်းဖိုးနည်းဝန်ပါ ဆေးနည်း တစ်ခု ကို မေတ္တာရှေ့ထားပြီး မှတ်စုထဲမှထုတ်နှုတ်ဝေငှလိုက်ပါသည်။
အားလုံး ကျန်းမာ ချမ်းသာ ကြပါစေ အလိုရှိသူမှန်သမျှ အလိုရှိသလို မျှဝေနိုင်ပါတယ် ခင်ဗျာ။
Crd
တ႐ုတ္စကားနီ အစြမ္း
တ႐ုတ္စကားအနီပင္၏အေခါက္ကို ခြါယူပါ အျပင္မွ အေၾကးခြံအၾကမ္းမ်ားကို ျခစ္ပစ္ပါ အေခါက္တစ္ပိႆာကို လက္ ၂ လုံး သုံးလုံး ခန္႔ေလးေတြ ျဖတ္ပါ ဒါန္အိုးႀကီးႀကီးတစ္လုံးတြင္ထည့္ပါ။
ထန္းဖိုဦးထန္းလွ်က္ ၂၀ က်ပ္သားထည့္ပါ ေရသုံးပိႆာထည့္ၿပီး က်ိဳပါ ေဆးရည္တစ္ပိႆက်န္သည္အထိ က်ိဳၿပီး ေဆးရည္တစ္ပိႆာက်န္လွ်င္ ခ်ၿပီး ေဆးရည္ကို ပိတ္ပါး ေရစစ္ျဖင္ စစ္ယူၿပီး သန္႔ရွင္းစင္ၾကယ္ေသာပုလင္းတြင္ထည့္ၿပီး သိမ္းဆည္းပါ။
ေဆးရည္ ဂုဏ္သတၱိ
ေဆးရည္၏အရသာမွာခါး၏။ ေဆးရည္ကို ဂူနာေဝဒနာရွင္မ်ား တစ္ေန႔ သုံးႀကိမ္ (နံနက္ ၇ နာရီ ေန႔ ၂ နာရီ ည အိပ္ယာဝင္အခ်ိန္ ) တစ္ခါေသာက္ အၾကမ္းပုဂံတစ္လုံး ခန္႔ ေသာက္ေပးပါ။
အထက္ဆိုခဲ့သည့္အတိုင္း သုံးႀကိမ္မွီဝဲပါက ေသြးတဂူ ေလတဂူ ေရတဂူ ေသြးလုံး ေသြလိပ္ ေရလိပ္ စေသာ ဂူနာအမ်ိဳးမ်ိဳးကို ေပ်ာက္ကင္းေစပါသည္။
ထို႔အျပင္ ဝမ္းထဲတြင္ျဖစ္တတ္ေသာ ေသြးက်ိတ္ ေလက်ိတ္ အနာလုံး အနာခဲ အနာက်ိတ္တို႔ကို လည္းေပ်ာက္ကင္းေစ၏။
ေသြးျမင္းသ႐ိုက္ ေလျမင္းသ႐ိုက္ ဒူလာ ပါဒရက္ ထုံနာ က်ဥ္နာ ေလ႐ိုက္ ေလျဖတ္ ေလငန္းေရာဂါတို႔ကိုလဲ သက္သာေပ်ာက္ကင္းေစ၍
ေလနာ အမ်ိဳးမ်ိဳးတို႔ကို လက္ေတြ႕သက္သာေပ်ာက္ကင္းေစေသာ တန္းဖိုးနည္းဝန္ပါ ေဆးနည္း တစ္ခု ကို ေမတၱာေရွ႕ထားၿပီး မွတ္စုထဲမွထုတ္ႏႈတ္ေဝငွလိုက္ပါသည္။
အားလုံး က်န္းမာ ခ်မ္းသာ ၾကပါေစ အလိုရွိသူမွန္သမွ် အလိုရွိသလို မွ်ေဝႏိုင္ပါတယ္ ခင္ဗ်ာ။
Crd