ကျန်းမာ သက်ရှည်ဖို့ အရေးကြီးသော အချက်များ

Sharing is caring!

ကျန်းမာ သက်ရှည်ဖို့ အရေးကြီးသော အချက်များ

၁။ ညအိပ်ယာဝင်ခါနီးတိုင်း သွားတိုက်ပါ။ သွားတိုက်ပြီးသည် နှင့် ဘာမျှမစားသင့်တော့ပါ။ ခံတွင်းသန့်လျှင်ရောဂါ အမျိုး အစား ၇၀ ကိုအလိုလိုကာကွယ်ပြီး သားဖြစ်သည်၊

ခံတွင်းမသန့်ရှင်းသည်နှင့်ရောဂါအမျိုးအစား ၇၀ ကိုဖိတ်ခေါ်ပြီးသားဖြစ်သည်။

၂။ အသက်ကြီးသည်အထိသွား ခိုင်မှ သက်ရှည်ကျန်းမာနိုင်သည်၊ ငယ်စဉ်ကတည်းက သွားကျန်းမာ ကြံ့ ခိုင်အောင် အမာစာများ တအား မစားပါနှင့်၊ အချိုလျော့ စားပါ၊ ခံတွင်းသန့်ရှင်းဖို့ အမြဲ ဂရုစိုက်ပါ။

၃။ မိမိစိတ်တွင် မေတ္တာတရား ကိုသာလက်ခံပါ၊ စိတ်ချမ်းသာ စရာ ကိုသာတွေးပါ။

၄။ သူတပါးကိုပေးဖို့ရာသာ တွေးပါ၊ ရယူဖို့ရာဘယ်တော့မှ မတွေးပါနှင့်။

၅။ အစာစားတိုင်း ကြေညက်အောင်ဝါးစားပါ။

၆။ ကန်စွမ်းရွက်ကိုနေ့စဉ်စားပါ၊ ကြော်၊ပြုပ်၊ ချဉ်ရည်ဟင်းချက်၊ တစ်ခါတစ်ရံအရိုးကိုထန်းလျက် နှင့်ပြုပ်သောက်ပါ၊ ကန်စွမ်းရွက် သည်ဝမ်းဗိုက်ထဲရောက်နေသော ရောဂါဖြစ်မည့် အဆိပ်မျိုးစုံကို ပယ်ဖျောက်ပေးသည်။

အသားအရည်ကိုချောမွေ့လှပ စေသည်၊ သွေးကိုသန့်ရှင်းစေသည် အမျိုးသမီးများဓမ္မတာကိစ္စ၊ သွေးဆုံး၊မီးယပ်ရောဂါမှန်သမျှကို ကောင်းအောင်ကုသပေးသည့်

သဘာဝသမားတော်ဖြစ်သည်၊ ကန်စွမ်းရိုးသည်အသက်ကြီးလျှင် အလိုလိုကုန်ခန်းလာသည့် အရိုးတွင်းမှ ကက်ဆီယံဓါတ်ကို ပြန်ဖြည့်ပေးသည်။‌

၇။ မနက်အိပ်ယာထရေနွေးဆူ အောင်တည်၍ ခေတ္တအအေးခံ ကာခပ်နွေးနွေးကိုတစ်ဝကြီး သောက်ပါ၊ သောက်ပြီး ၄၅ မိနစ်ကြာမှ အစာစားပါ၊ သွေးတိုး ဆီးချိုစသောနာတာရှည် ရောဂါများကို ပျောက်ကင်း စေသကဲ့သို့

မလိုအပ်သောအဆီများကိုချပေးသည်၊ သတိပြုရမည်မှာ ညကတည်းကတည်ထားသော ဓါတ်ဘူးထဲထည့်ထားသော ရေနွေးမဖြစ်ဖို့လိုသည်။ ညသိပ် ရေနွေးသည် အဆိပ်ဖြစ်သော ကြောင့်မသောက်သင့်ပါ။

၈။ တစ်ရက်တစ်ကြိမ် ကြက်သွန်ဖြူ ၄ တက်လောက်ကို ထမင်းနှင့်မြှုပ်စားပါ။ စားနည်းမှာ ကြက်သွန်ဖြူ ၄ တက်ကိုအခွံခွါကာ ပြားသွားအောင်ထုပါ။ အနည်းဆုံး ၁၅မိနစ်ကြာအောင် စောင့်ပြီးမှထမင်းနှင့်မြှုပ်စားပါ။

နှလုံးရောဂါသမားများ နှစ် လကျော်အတွင်းသက်သာ ပျောက် ကင်းနိုင်သည်၊ များလွန်းလျှင် မကောင်းပါ၊ သုံးလေးတက်ထက် ပိုမစားသင့်ပါ၊ ကြက်သွန်ဖြူကို ပြားလိုက်လျင်ထွက်လာသော အစေးနှင့်ပြင်ပအောက်ဆီဂျင် လေထိသွားသောအခါကျမှ ဆေး ဖြစ်ပြီး၊သွေးသန့်အောင် သွေးကျဲ အောင်လုပ်ပေးနိုင်သော ဓါတ်ကို ဖြစ်စေသောကြောင့် အနည်းဆုံး ၁၅မိနစ် စောင့်ပြီးမှစားရခြင်းဖြစ် သည်။

ထိုကြက်သွန်ဖြူသည်နှလုံးသမား များစားနေသော သွေးကြဲဆေးထက် လေးဆ ပိုပြီးအာနိသင်ရှိ ကြောင်း၊ ပြင်သစ်ဆရာဝန် တယောက်ပြောဖူးသည်။

ကြိုတင်စားထားလျင်လေအား သွေးအားကို ကောင်းစေသည့် အပြင် သွေးကိုပါသန့်စေသော ကြောင့် သွေးတိုး၊လေးဘက်နာ ရောဂါ၊လေဖြတ်ရောဂါ၊ နှလုံး ရောဂါများကို ကာကွယ်ပြီးသား ဖြစ်သည်။

၉။ တစ်ရက်လျင်ပုံမှန်ဖန်ခွက် ဖြင့် ရေ ၈ ခွက်ခန့် ဝင်အောင် သတိထားသောက်ပါ။ ဆီးသွားချင် လျှင် အောင့်မထားဘဲချက်ခြင်း သွားပါ။
ကျန်းမာခြင်းသည်အမြတ်ဆုံး လာဘ် ဟူသောဘုရားရှင်စကား တော်ကို ဦးထိပ်ထားပြီး၊ ကျန်းမာရေးကို ရွှေငွေပစ္စည်းဥစ္စာများနှင့်ဘယ်သောအခါမှမလဲမိ အောင်ဂရုစိုက်ပါ။

အချိန်မှန်အိပ် အချိန်မှန်စားလျှင် ရောဂါဖြစ်ဖို့ အလွန်ခဲယဉ်းပါသည်။ ကျန်းမာရေး ထိခိုက်သည်နှင့် ပြည့်စုံနေသော စီးပွါးရေး၊ အိမ်ထောင်ရေး၊ ပညာရေးများသည် ဘာမျှ သုံးစားမရတော့ သည်ကိုသတိပြုပါ။

အားလုံး သက်ရှည်ကျန်းမာကြပါစေ။

က်န္းမာ သက္ရွည္ဖို႔ အေရးႀကီးေသာ အခ်က္မ်ား

၁။ ညအိပ္ယာဝင္ခါနီးတိုင္း သြားတိုက္ပါ။ သြားတိုက္ၿပီးသည္ ႏွင့္ ဘာမွ်မစားသင့္ေတာ့ပါ။ ခံတြင္းသန႔္လွ်င္ေရာဂါ အမ်ိဳး အစား ၇၀ ကိုအလိုလိုကာကြယ္ၿပီး သားျဖစ္သည္၊

ခံတြင္းမသန႔္ရွင္းသည္ႏွင့္ေရာဂါအမ်ိဳးအစား ၇၀ ကိုဖိတ္ေခၚၿပီးသားျဖစ္သည္။

၂။ အသက္ႀကီးသည္အထိသြား ခိုင္မွ သက္ရွည္က်န္းမာႏိုင္သည္၊ ငယ္စဥ္ကတည္းက သြားက်န္းမာ ႀကံ့ ခိုင္ေအာင္ အမာစာမ်ား တအား မစားပါႏွင့္၊ အခ်ိဳေလ်ာ့ စားပါ၊ ခံတြင္းသန႔္ရွင္းဖို႔ အၿမဲ ဂ႐ုစိုက္ပါ။

၃။ မိမိစိတ္တြင္ ေမတၱာတရား ကိုသာလက္ခံပါ၊ စိတ္ခ်မ္းသာ စရာ ကိုသာေတြးပါ။

၄။ သူတပါးကိုေပးဖို႔ရာသာ ေတြးပါ၊ ရယူဖို႔ရာဘယ္ေတာ့မွ မေတြးပါႏွင့္။

၅။ အစာစားတိုင္း ေၾကညက္ေအာင္ဝါးစားပါ။

၆။ ကန္စြမ္း႐ြက္ကိုေန႔စဥ္စားပါ၊ ေၾကာ္၊ျပဳပ္၊ ခ်ဥ္ရည္ဟင္းခ်က္၊ တစ္ခါတစ္ရံအ႐ိုးကိုထန္းလ်က္ ႏွင့္ျပဳပ္ေသာက္ပါ၊ ကန္စြမ္း႐ြက္ သည္ဝမ္းဗိုက္ထဲေရာက္ေနေသာ ေရာဂါျဖစ္မည့္ အဆိပ္မ်ိဳးစုံကို ပယ္ေဖ်ာက္ေပးသည္။

အသားအရည္ကိုေခ်ာေမြ႕လွပ ေစသည္၊ ေသြးကိုသန႔္ရွင္းေစသည္ အမ်ိဳးသမီးမ်ားဓမၼတာကိစၥ၊ ေသြးဆုံး၊မီးယပ္ေရာဂါမွန္သမွ်ကို ေကာင္းေအာင္ကုသေပးသည့္

သဘာဝသမားေတာ္ျဖစ္သည္၊ ကန္စြမ္း႐ိုးသည္အသက္ႀကီးလွ်င္ အလိုလိုကုန္ခန္းလာသည့္ အ႐ိုးတြင္းမွ ကက္ဆီယံဓါတ္ကို ျပန္ျဖည့္ေပးသည္။‌

၇။ မနက္အိပ္ယာထေရေႏြးဆူ ေအာင္တည္၍ ေခတၱအေအးခံ ကာခပ္ေႏြးေႏြးကိုတစ္ဝႀကီး ေသာက္ပါ၊ ေသာက္ၿပီး ၄၅ မိနစ္ၾကာမွ အစာစားပါ၊ ေသြးတိုး ဆီးခ်ိဳစေသာနာတာရွည္ ေရာဂါမ်ားကို ေပ်ာက္ကင္း ေစသကဲ့သို႔

မလိုအပ္ေသာအဆီမ်ားကိုခ်ေပးသည္၊ သတိျပဳရမည္မွာ ညကတည္းကတည္ထားေသာ ဓါတ္ဘူးထဲထည့္ထားေသာ ေရေႏြးမျဖစ္ဖို႔လိုသည္။ ညသိပ္ ေရေႏြးသည္ အဆိပ္ျဖစ္ေသာ ေၾကာင့္မေသာက္သင့္ပါ။

၈။ တစ္ရက္တစ္ႀကိမ္ ၾကက္သြန္ျဖဴ ၄ တက္ေလာက္ကို ထမင္းႏွင့္ျမႇဳပ္စားပါ။ စားနည္းမွာ ၾကက္သြန္ျဖဴ ၄ တက္ကိုအခြံခြါကာ ျပားသြားေအာင္ထုပါ။ အနည္းဆုံး ၁၅မိနစ္ၾကာေအာင္ ေစာင့္ၿပီးမွထမင္းႏွင့္ျမႇဳပ္စားပါ။

ႏွလုံးေရာဂါသမားမ်ား ႏွစ္ လေက်ာ္အတြင္းသက္သာ ေပ်ာက္ ကင္းႏိုင္သည္၊ မ်ားလြန္းလွ်င္ မေကာင္းပါ၊ သုံးေလးတက္ထက္ ပိုမစားသင့္ပါ၊ ၾကက္သြန္ျဖဴကို ျပားလိုက္လ်င္ထြက္လာေသာ အေစးႏွင့္ျပင္ပေအာက္ဆီဂ်င္ ေလထိသြားေသာအခါက်မွ ေဆး ျဖစ္ၿပီး၊ေသြးသန႔္ေအာင္ ေသြးက်ဲ ေအာင္လုပ္ေပးႏိုင္ေသာ ဓါတ္ကို ျဖစ္ေစေသာေၾကာင့္ အနည္းဆုံး ၁၅မိနစ္ ေစာင့္ၿပီးမွစားရျခင္းျဖစ္ သည္။

ထိုၾကက္သြန္ျဖဴသည္ႏွလုံးသမား မ်ားစားေနေသာ ေသြးႀကဲေဆးထက္ ေလးဆ ပိုၿပီးအာနိသင္ရွိ ေၾကာင္း၊ ျပင္သစ္ဆရာဝန္ တေယာက္ေျပာဖူးသည္။

ႀကိဳတင္စားထားလ်င္ေလအား ေသြးအားကို ေကာင္းေစသည့္ အျပင္ ေသြးကိုပါသန႔္ေစေသာ ေၾကာင့္ ေသြးတိုး၊ေလးဘက္နာ ေရာဂါ၊ေလျဖတ္ေရာဂါ၊ ႏွလုံး ေရာဂါမ်ားကို ကာကြယ္ၿပီးသား ျဖစ္သည္။

၉။ တစ္ရက္လ်င္ပုံမွန္ဖန္ခြက္ ျဖင့္ ေရ ၈ ခြက္ခန႔္ ဝင္ေအာင္ သတိထားေသာက္ပါ။ ဆီးသြားခ်င္ လွ်င္ ေအာင့္မထားဘဲခ်က္ျခင္း သြားပါ။
က်န္းမာျခင္းသည္အျမတ္ဆုံး လာဘ္ ဟူေသာဘုရားရွင္စကား ေတာ္ကို ဦးထိပ္ထားၿပီး၊ က်န္းမာေရးကို ေ႐ႊေငြပစၥည္းဥစၥာမ်ားႏွင့္ဘယ္ေသာအခါမွမလဲမိ ေအာင္ဂ႐ုစိုက္ပါ။

အခ်ိန္မွန္အိပ္ အခ်ိန္မွန္စားလွ်င္ ေရာဂါျဖစ္ဖို႔ အလြန္ခဲယဥ္းပါသည္။ က်န္းမာေရး ထိခိုက္သည္ႏွင့္ ျပည့္စုံေနေသာ စီးပြါးေရး၊ အိမ္ေထာင္ေရး၊ ပညာေရးမ်ားသည္ ဘာမွ် သုံးစားမရေတာ့ သည္ကိုသတိျပဳပါ။

အားလုံး သက္ရွည္က်န္းမာၾကပါေစ။

Add a Comment

Your email address will not be published. Required fields are marked *