ကားသော့ပြဿနာတွေကို ဘယ်လို ဖြေရှင်းမလဲ
|ကားသော့ပြဿနာတွေကို ဘယ်လို ဖြေရှင်းမလဲ
ကားသော့လှည့်၍ ရသော်လည်းအင်ဂျင်စက်မလည်ခြင်း
သော့အုံထဲသို့ ကားသော့တံ (Key) ထည့်ပြီးလှည့်၍ရသည်။ သို့သော်လည်း စက်နှိုးမော်တာမလည်သောအခြေအနေမျိုးဖြစ်ပါသည်။ Ignition Switch (သော့အုံခလုတ်) မကောင်း၍လား၊
စက်နှိုးမော်တာဆားကတ် (Starting Circuit) မှာအပြစ်အမှားတစ်ခုခုရှိနေ၍လား စဉ်းစားစရာနည်းလမ်းနှစ်မျိုးဖြင့် ချွတ်ယွင်းချက်ကို ရှာပါ။
ကားသော့ဖွင့်လိုက်လျှင် ဒတ်ခ်ျဘုတ်မီးများလင်းလာရမည်။ ကားသော့ ‘On’ Position အနေအထားတွင် မည်သည့်အချက်ပြသတိပေးမီးများမလင်းပါက ဘက်ထရီခေါင်းအဆက်ချောင်းနေသလား၊ လွတ်နေသလား၊ ဘက်ထရီလုံးဝ အားမရှိဘဲDownသွားပြီလားသေချာအောင် မီးကြီးဖွင့်ကြည့်ပါ။
မီးလုံးဝမလင်း၊ ကားဟွန်းသံလည်းမမြည်ခဲ့လျှင် ကားဘက်ထရီ၍ ပြဿနာရှိနေသည်မှာ သေချာသည်။ ကားမီးကြီးလည်းလင်းသည်။ ဟွန်းလည်းမြင် သည်။ ဝိုင်ဘာလည်း အလုပ်လုပ်သည်ဆိုလျှင် ဘက်ထရီကြောင့်မဟုတ်ပါ။
Ignition Switch ဆားကတ်မှာ Fuse ပြတ်နေသလား။ Relay ဘူးမကောင်းတာလား။ Starting System မှာ ဝါယာရိန်းအပြစ်ရှိသလား အဖြေရှာကြည့်ပါ။
ကားသော့ကို “START” Position သို့ လှည့်လိုက်တိုင်း Relay ဘူးကစားနေသောအသံတစ် တောက်တောက်နှင့် ကြားရသည်ဆိုလျှင် Igniton Switch ကောင်းသည်။
မော်တာပိုင်းသာ အမှားတစ်ခုခု ရှိနေသည်။ ကားသော့လှည့်သည်၊ စက်နှိုးမော်တာလည်သည်၊ သို့သော် စက်မနိုးပါ ဤအခြေအနေသည် စက်နှိုးမော်တာနှင့် ကားသော့အုံတွင် အပြစ်လုံးဝမရှိတော့ပါ။
Anti-theft စနစ်၊ ဆီပို့စနစ်၊ မီးပေးစနစ်၊ အင်ဂျင်ကွန်ပျူတာတို့တွင် အမှားတစ်ခုခုရှိနေ၍ စက်မနိုးနိုင်ခြင်းဖြစ်သည်။
ကားအင်ဂျင် စက်နှိုးရန် ဆီစနစ်၊ မီးစနစ်များ မှန်နေရမည်။ ခေတ်ဟောင်းကားများတွင် ဆီပျောက်၊ မီးပျောက်ရှာရလွယ်သည်။ ခေတ်ပေါ်ကားများတွင် နည်းပညာမြင့်၍ ရှုပ်ထွေးသည်။
ကားနည်းပညာအခြေခံ မရှိလျှင် ခေတ်ပေါ်ကားများ၏ အလုပ်လုပ်ပုံကိုနားလည်သဘောပေါက်ရန် အခက်အခဲဖြစ်နိုင်ပါသည်။
ခေတ်ပေါ်ကားများတွင် ကားသော့သည် Smart Key ဖြစ်သည်။ Smart Key တွင် ကားလုံခြုံရေးအတွက်ပရိုဂရမ် Code ထည့်သွင်းထားသည်။ ၄င်း Code ကို Anti-theft Code ဟုခေါ်သည်။
Ignition Switch တွင်ရှိသော Receiver က Smart Key ကိုဖတ်သည်။ Smark Key နှင့် Receiver ကြားတွင် မမြင်ရသော Signal လှိုင်းများရှိသည်။ Smart Key မကောင်းလျှင်လည်းကွန်ပျူတာအလုပ်မလုပ်ပါ။
ကားတစ်စီးလုံး၏ ဆီစနစ်၊ မီးစနစ်အားလုံးကို PCM (Powertrain Control Module) ခေါ် ကွန်ပျူတာကထိန်းချုပ် သည်။ ကွန်ပျူတာသည် အင်ဂျင်ဆင်ဆာ (Sensor) မျိုးစုံမှ လက်ခံရရှိသောသတင်းအချက်အလက်များကို အခြေခံ၍ အင်ဂျင်ကိုထိန်းချုပ်အမိန့်ပေးခြင်းဆောင်ရွက်သည်။
ဆီတိုင်ကီထဲတွင် ဆီရှိကြောင်းဆီဂိတ်တွင် ပြသည်။ ကားသော့ဖွင့်လိုက်လျှင် Fuel Pump လည်သော ‘buzz’ မြည်သံကြားရသည်။ Fuel Pump လည်သော အသံမကြားရပါက Injector ဆီလိုင်းများသို့ လောင်စာဆီမရောက်ပါ။
Fuel Pump မလည်ခြင်းမှာ ဝါယာရိန်း ကြောင့်လား၊ Fuse ပြတ်နေသလား၊ Pump မော်တာ မကောင်း၍လားစစ်ဆေးရမည်။ Fuel Pump လည်လျှင် Injector ဆီလိုင်းများသို့ ဆီရောက်လာမည်။
အင်ဂျင် စတင်လည်ရန် Crankshaft Position Sensor နှင့် Ignition Control Module တို့ ကောင်းရမည်။ သို့မှသာအင်ဂျင်တိုင်မင်ကိုက် မီးပေးနိုင်မည်။
အင်ဂျင်စက်နှိုး၍ ရသည်။ ပုံမှန်လည် သည်။ သို့သော် ကားမောင်းနေစဉ် ရုတ်တရက်စက်သေသွားသည် ဤကဲ့သို့ ချွတ်ယွင်းချက်လက္ခဏာသည် Igniton Switchမကောင်းသည့် လက္ခဏာဖြစ်သည်။
လမ်းအဆောင့်ဒဏ်တုန်ခါမှုကြောင့် Ignition Switch အတွင်းပိုင်းထိတွေ့နေရာများသည် တိုတောင်းသောအချိန်အတွင်းလွတ်သွားတတ်သည်။ ထိုအခါ Ignition Switch မှ ပါဝါဖြတ်တောက်သွားပြီးစက်သေသွားခြင်း ဖြစ်သည်။
အသုံးပြုချိန်ကြာသောကားအိုကားဟောင်းများတွင် အများဆုံးဖြစ်တတ်သည်။ ကားသစ်များတွင် လည်း ဖြစ်တတ်သည်။ ကားသော့တံ (Key) ကျိုး၍ ကျန်နေခြင်း၊ သောတံနှုတ်၍ မရခြင်း
ကားသော့အုံတွင် စတီယာရင် Column Lock Cylinder အတွင်း၌ Pin ချောင်းကလေးများညှပ်နေပါက ကော်လံ Locking Mechanism ပျက်စီးသွားတတ်သည်။ ထိုအခါမျိုးတွင် ကားသော့ (Key) ကိုသော့အုံမှ ဆွဲထုတ်၍ မရဖြစ်တတ်သည်။
ကားသော့ကျိုးကျန်ခဲ့ပါကကားသော့ပြင်ဆိုင် Key Master တစ်ဦး၏ အကူအညီဖြင့် ကျိုးကျန်ခဲ့သောကားသော့ကို ပြန်ဆွဲထုတ်နိုင်ရန် ကြိုးစားပါ။ ကားသော့အုံ မကောင်းပါက ကားသော့နှင့် သော့အုံအစုံလိုက်လဲလှယ်ပါ။
ကားသော့တစ်ချောင်းသည် ကားတစ်စီးအတွက် အဓိကကျပြီးအရေးကြီးသောအရာလည်း ဖြစ် သည်။ ကားသော့တစ်ချောင်းအရန်ရှိထားသင့်သည်။ ဆောင့်ထားသင့်သည်။
ခေတ်ပေါ် Smart Key ဖြစ်လျှင် လည်းကွန်ပျူတာဖြင့် ပရိုဂရမ်ပြန်လည်ရေးသားပြီး Smart Key အရန်တစ်ချောင်းဆောင်ထားသင့်သည်။