သိမ်းထားသင့်သောအဖိုးတန် ဆေးမြီးတိုများ
Sharing is caring!
သိမ်းထားသင့်သောအဖိုးတန် ဆေးမြီးတိုများ
၁-သွေးတိုးလို့သွေးကျလိုလျှင် သံပုရာသီးတစ်လုံးကို ၁၅ မိနစ်ခန့်ကြာအောင်ရေစိမ်ပြီး အရည်ညှစ်၍ ကြက်ဥတစ်လုံး ဖောက်ထည့်ကာ ရောမွှေ သောက်လိုက်ပါ။ သွေးကျဆေး အထူးသောက်စရာ မလိုဘဲ သက်သာပျောက်ကင်းစေပါသည်။
၂-အပူကျိတ်ဖြစ်ရင် ပါးချိတ်အောက်နှင့် ပေါင်ကြားတို့တွင် ပေါက်တက်သော အပူကျိတ်များကိုပျောက်လိုလျှင် **နနွင်းခါးဥကို သွေးလိမ်းပါ။
သုံးကြိမ်မျှ လူးရုံ လိမ်းရုံနှင့် ပျောက်ကင်းစေပါသည်။
၃-အိပ်မပျော်ခြင်းဖြစ်လျှင် ဒန့်ကျွဲမြစ်ကိုပြုတ်၍သကြားအနည်းငယ် ထည့်ပြီးသောက်ပါ။တစ်ခါသောက်လျှင် အကြမ်းပန်းကန်နှင့်တစ်လုံးသောက် ည ၊ နံနက် သောက်ပါ။ အိပ်မပျော်ခြင်းဝေဒနာ သက်သာပျောက်ကင်းစေမည်။
၄-ပန်းသေပန်းညှိုးရောဂါဖြစ်လျှင် ကစော့ပုပ်မြစ်ကိုအခြောက်လှန်း အမှုန့်ပြုပြီး ပျားရည်နှင့်သောက်ပါ။ ရက်မရှည်ဘဲ ပျောက်ကင်းစေပါသည်။
၅-အမျိုးသမီးများ မီးယပ်ဖြူဆင်းရောဂါဖြစ်လျှင် **အဝေရာရွက်ကို မကြာခဏ သုပ်စားပါ။ ထို့အပြင် သိန္ဓော ဆားတစ်ဆ ၊ လက်ပံပွင့်ခြောက်မှုန့်နှစ်ဆတို့ကို ထောပတ်နှင့် ရော၍ ကွမ်းသီးလုံးခန့့်နံနက် ၊ ည ခွဲပြီးစားပါ ပျောက်ကင်းစေပါသည်။
၆-သွားကိုက်သွားဖုံးရောင်သွားပြည်ယိုဖြစ်လျှင် မာလကာခေါက်ကို ပြုတ်၍ ငုံပေးပါ။ သက်သာပျောက်ကင်းစေပါသည်။ မာလကာစေ့ခြောက်မှုန့်ကိုသွားခြေထဲ ထည့်ပေးလျှင်လည်း သက်သာ ပျောက်ကင်းစေပါသည်။
၇-သွေးဝမ်းလွန်ခြင်းဖြစ်လျှင် ထမင်းခြောက်ကိုလှော်၍ ထန်းလျက်နှင့် အညက်ကြိတ်၍စားပါ၊ သက်သာပျောက်ကင်းစေပါသည်။
၈-လေထိုးလေအောင့်ဖြစ်လျှင် **ပုန်းညှက်ပန်းပွင့်ခြောက်များကို ရေနွေးတွင်ထည့်၍ လက်ဖက်ရည်ကြမ်းလုပ်သောက်ပါ သက်သာပျောက်ကင်းစေသည်။
၉-အော့အန်ခြင်း ဝေဒနာဖြစ်လျှင် **ရှောက်မြစ်ကိုသွေး၍ ပျားရည်နှင့် စားပါက သက်သာပျောက်ကင်းစေပါသည်။
၁၀-ဆီးအိမ်တွင်းမှာကျောက်တည်ခြင်းဖြစ်လျှင်သမင်ချိုကိုသွေး၍ သံပုရာရည်နှင့်လက်ဖက်ရည်ဇွန်းနှစ်ဇွန်းသောက်ပါ။ သုံးခါပင် မသောက်ရဘဲ သက်သာပျောက်ကင်းစေပါသည်။
၁၁-ဆီးကျဉ်ဆီးနီဆီးနှောက်ဖြစ်လျှင် ( ဘုရားကပ်လှူသည့်) ကျောက်စိမ်းပန်းကျားပင် အမြစ်ရောအရိုးပါ ထုခြေလို့ရသောအရည်၅ ကျပ်သားကိုရေနှင့်ပြုတ်ကျိုပြီး နံနက် ၊ ည နှစ်ခွက်သောက်ပါ။ နေချင်းပင်သက်သာပျောက်ကင်းစေပါသည်။
၁၂-စားမဝင် အိပ်မပျော်ဖြစ်လျှင် ပျားရည်စစ်စစ်ကို လက်ဖက်ရည်ဇွန်းလေးနဲ့တစ်ဇွန်းကို ညအိပ်ရာဝင်တိုင်း သောက်ပေးပါ။ ခံတွင်းကောင်းစားဝင်အိပ်ပျော်စေနိုင်ပါသည်။
၁၃-မီးယပ်သွေးဆင်းချိန်တွင် မူးဝေတတ်ပါသည်။ ထို့သို့ဖြစ်လျှင် **ရှောက်သီးနှင့််ထန်းလျက်ကိုရောစားလိုက်ပါ။ သက်သာပျောက်ကင်းစေပါသည်။
၁၄-ပန်းနာရင်ကျပ်ချောင်းဆိုးခြင်းဖြစ်လျှင် **သစ်ဆိမ့်သီးအခွံကိုသွေး ပျားရည်နှင့် စားပေးပါ ။သက်သာပျောက်ကင်းစေပါသည်။
၁၅-ကင်းကိုက်ခြင်းခံရလျှင် **ကစော့မြစ်ကိုဆန်ဆေးရည်နှင့် သွေးပြီး အဆိပ်သင့်တဲ့နေရာကို လိမ်းပေးပါ။ ဝေဒနာချက်ချင်းသက်သာစေပါသည်။
၁၆-ဆံပင်ကျွတ်လျှင် ပိထောက်ရွက်ကို ထုထောင်း၍ ခေါင်းလျှော်ရည်နှင့်တွဲဖက် လျှော်ပေးပါ။ဆံပင်များလုံးဝမကျွတ်စေပါ။
၁၇-အဖုအကျိတ်များပေါက်လျှင် လဝန်းဂမုန်းပင် ပဉ္စငါးပါးကို ထုထောင်း၍အကျိတ်ပေါ်သို့အုံပေးကာပတ်တီးစည်းထားပါပျောက်ကင်းစေပါသည်။
၁၈-ဒူးနာခါးနားလျှင် နံ့သာဖြူနှင့် ဂျင်းကိုဆတူရော၍လိမ်းပါ။ ယူပစ်သလို သက်သာပျောက်ကင်းသွားပါလိမ့်မည်။
ဤဆေးနည်းများပြောပြပေးသော မောင်နန္ဒာ မန္တလေး ကိုအထူးကျေးဇူးတင်ရှိပါတယ်။
Crd
Crd
Add a Comment
Your email address will not be published. Required fields are marked *