အိမ် ဆောက်တော့မယ်ဆိုရင် သိထားသင့်တဲ့ အချက်များ

Sharing is caring!

အိမ် ဆောက်တော့မယ်ဆိုရင် သိထားသင့်တဲ့ အချက်များ

၁-အိမ်ရှင်တို့ လိုအပ်ချက်

Residential (လူနေ အဆောက်အဦ)၊ Commercial (စီးပွားဖြစ် အဆောက်အဦ၊, Industrial (စက်ရုံ၊ အလုပ်ရုံ၊ ဂိုထောင်ကြီးများ) အစရှိတဲ့ အဆောက်အဦတွေအပြင်

လိုချင်တဲ့ ပုံပန်းသွင်ပြင်တွေဟာ အိမ်ရှင် (သို့) Developer တွေရဲ့ ဆန္ဒ၊ လိုအပ်ချက်တွေကနေ အစပြုပါတယ်။

၂-သက်ဆိုင်ရာ ကျွမ်းကျင် Consultant များနှင့် ဆွေးနွေးတိုင်ပင်ခြင်း

အိမ်ရှင် (သို့) Developer တွေအနေနဲ့ ဆန္ဒ၊ လိုအပ်ချက်တွေကနေ အစပြုလာတဲ့ အဆောက်အဦ၊ ပုံစံပေါ်မူတည်ပြီး သက်ဆိုင်ရာလုပ်ငန်းလုပ်ကွက်တွေအတွက် ကျွမ်းကျင် Consultant တွေနဲ့အတူ ဆွေးနွေးတိုင်ပင်ဖို့ လိုအပ်ပါတယ်။

ပထမဆုံး ကျွမ်းကျင် ဗိသုကာပညာရှင်တွေနဲ့အတူ တိုင်ပင်ပြီး၊ လိုအပ်ချက်တွေအတိုင်း ဗိသုကာပညာရှင်တွေကနေ ဒီဇိုင်းရေးဆွဲပေးရမှာပဲဖြစ်ပါတယ်။

ရရှိလာတဲ့ အဆောက်အဦပုံစံ ဒီဇိုင်းကို အိမ်ရှင် (သို့) Developer တွေမှ ကြိုက်နှစ်သက်ပြီး အတည်ပြုယူရမှာ ဖြစ်ပါတယ်။

အတည်ပြုယူပြီးတဲ့ ဒီဇိုင်းကို Structure, M&E Consultant တွေကို ထပ်မံအပ်နှံရပါတယ်။ Structure ကောင်းမှသာ ရေဒဏ်၊‌ လေဒဏ်၊ မြေငလျှင်ဒဏ်တွေကို ခံနိုင်မှာဖြစ်ပြီး အဆောက်အဦရဲ့ ရေ၊ မီး၊ လျှပ်စစ်၊

Air Con အစရှိတဲ့ M&E အခြေခံတွေကို စနစ်တကျ ခိုင်ခိုင်မာမာဖြစ်စေမယ့်အပြင် M&E တွေကို Functional ဖြစ်အောင် တည်ဆောက်နိုင်မှာဖြစ်ပါတယ်။

ပြီးနောက် အိမ်ရှင် (သို့) Developer၊ Architect၊ Structure၊ M&E Consultant တွေနဲ့အတူ ဆွေးနွေးကြဖို့လိုပြီး အဆောက်အဦတည်ဆောက်နိုင်ဖို့ ဆုံးဖြတ်ချက်ချနိုင်တဲ့ အဆင့်ကို ရောက်ရှိမှာပဲဖြစ်ပါတယ်။

အတည်ပြုအဆင့် ပြီးနောက်မှာ အချောထည် Interior Decoration (ID) ပညာရှင် နဲ့အတူ အနုစိတ် အချောထည် လုပ်ငန်းတွေကို တိုင်ပင် ဆုံးဖြတ်ရမှာပဲဖြစ်ပါတယ်။

၃-အစိုးရဌာနဆိုင်ရာ Permit လျှောက်ခြင်း

အဆောက်အဦတစ်ခုတည်ဆောက်ဖို့ သက်ဆိုင်ရာ အစိုးရဌာနတွေဖြစ်တဲ့ စည်ပင်၊ မီးသတ်၊ မြေစာရင်းဌာန၊ စည်ပင်ရာအုံဌာန၊ ရေသန့် အစရှိတဲ့ ဌာနအသီးသီးရဲ့ နည်းဥပဒေတွေအတိုင်း ခွင့်ပြုမိန့်တွေကို ရယူသွားရမှာဖြစ်ပါတယ်။

၄-ဆောက်လုပ်ရေး Contractor ရွေးချယ်ခြင်း

ဖော်ပြခဲ့တဲ့ Consultant တွေရဲ့ စံချိန်စံညွှန်းများအတိုင်း တိတိကျကျပုံဖော်တည်ဆောက်ပေးနိုင်မယ့် Contractor ကိုရွေးချယ်ရပါမယ်။ စံချိန်စံညွှန်းတွေအတိုင်း အတိအကျဆောင်ရွက်နိုင်ခြင်း၊

လက်ရာလက်သား ကောင်းမွန်ခြင်း၊ အရည်အသွေးပိုင်းဆိုင်ရာ ကောင်းမွန်ခြင်း၊ Safety ပိုင်းအတွက် စိတ်ချရခြင်း၊ Timeline အမှီဆောင်ရွက်နိုင်ခြင်း စတာတွေအတိုင်း အဓိကထား ရွေးချယ်ဖို့လိုအပ်ပါတယ်။

အိမ်ရှင် (သို့) Developer တွေအနေနဲ့ ထိုက်သင့်တဲ့ ဈေးနှုန်း သက်သာတာကို ရွေးချယ်မိတဲ့အခါ အထက်ပါ စံချိန်စံချိန်ညွှန်းတွေအတိုင်း မပြည့်မီတဲ့ပြဿနာတွေကို ရင်ဆိုင်ရနိုင်ပါတယ်။

၅-တည်ဆောက်မှု လုပ်ငန်းစတင်ခြင်း

လုပ်ငန်းလုပ်ဆောင်နေစဉ် ကာလတစ်လျှောက် Contractor အနေနဲ့ သက်မှတ်ပေးထားတဲ့ ပုံစံပါတွေအတိုင်း လိုက်နာဆောင်ရွက်မှုရှိမရှိတွေကို အိမ်ရှင်တွေကနေ ဌားရမ်းထားတဲ့ Engineering Team နဲ့အတူ စစ်ဆေးခြင်း (သို့)

Project Management Company နဲ့ စစ်ဆေးခြင်း စတာတွေနဲ့ စစ်ဆေးနေဖို့လိုပါတယ်။ Consultant တွေရဲ့ ပုံပါအတိုင်း တိတိကျကျရရှိနိုင်ဖို့ Project Management Company ကို Project စတင်ထဲက ထည့်သွင်းတာခြင်းဟာ ကိုယ့်ရဲ့ အဆောက်အဦအတွက် ပိုမိုကောင်းမွန်စေပါတယ်။

၆-QA/QC စစ်ဆေးခြင်း

အဆောက်အဦရဲ့ စံချိန်စံညွှန်း ကောင်းမွန်စေဖို့အတွက် လုပ်ငန်းခွင် ဆောင်ရွက်နေချိန် အသုံးပြုရမယ့် ပစ္စည်းတွေကိုလည်း သက်ဆိုင်ရာ Lab သို့ ပေးပို့ပြီး Quality (အရည်အသွေး) ကို စစ်ဆေးဖို့ လိုအပ်ပါတယ်၊

လုပ်ငန်း အလွှာတဆင့်ပြီးစီးတိုင်း အိမ်ရှင် (သို့) Developer (သို့) Project Management Team မှ (QA/QC) စစ်ဆေး ဆောင်ရွက်ပေးမှသာ အဆောက်အဦရဲ့ စံချိန်စံညွှန်း ကောင်းမွန်မှာဖြစ်ပါတယ်။

၇-သော့အပ်နှံခြင်း

အဆောက်အဦ အလုံးစုံတည်ဆောက်ပြီးစီးချိန်မှာ အိမ်ရှင်ထံ သော့အပ်နှံနိုင်မှာဖြစ်ပြီး သောအပ်နှံပြီးနောက်မှာလည်း Contractor အနေနဲ့ Maintenance Process တွေဖြစ်တဲ့ မီးသတ်ရေဖြန်းစနစ်၊ ဓာတ်လှေကား၊ Air Con၊ ရေပိုက်တွေကို အမြဲစောင့်ကြည့် ထိန်းသိမ်းနေဖို့လိုအပ်ပါတယ်။ ဒါမှသာ အဆောက်အဦဟာ သတ်မှတ်ထားတဲ့ သက်တမ်းထိကြံခိုင်နေမှာ ဖြစ်ပါတယ်။

အိမ်ရှင်တွေအနေနဲ့ ကိုယ့်ရဲ့ အဆောက်အဦကို အကောင်အထည်ဖော်ရာမှာ ဖော်ပြပါအချက်တွေကို သိရှိထားဖို့လိုအပ်ကြောင်းကို Haven Group Of Companies ကနေ ဗဟုသုတအနေနဲ့ မျှဝေပေးလိုက်ရပါတယ်။

Crd

အိမ္ ေဆာက္ေတာ့မယ္ဆိုရင္ သိထားသင့္တဲ့ အခ်က္မ်ား

၁-အိမ္ရွင္တို႔ လိုအပ္ခ်က္

Residential (လူေန အေဆာက္အဦ)၊ Commercial (စီးပြားျဖစ္ အေဆာက္အဦ၊, Industrial (စက္႐ုံ၊ အလုပ္႐ုံ၊ ဂိုေထာင္ႀကီးမ်ား) အစရွိတဲ့ အေဆာက္အဦေတြအျပင္

လိုခ်င္တဲ့ ပုံပန္းသြင္ျပင္ေတြဟာ အိမ္ရွင္ (သို႔) Developer ေတြရဲ႕ ဆႏၵ၊ လိုအပ္ခ်က္ေတြကေန အစျပဳပါတယ္။

၂-သက္ဆိုင္ရာ ကြၽမ္းက်င္ Consultant မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္ျခင္း

အိမ္ရွင္ (သို႔) Developer ေတြအေနနဲ႔ ဆႏၵ၊ လိုအပ္ခ်က္ေတြကေန အစျပဳလာတဲ့ အေဆာက္အဦ၊ ပုံစံေပၚမူတည္ၿပီး သက္ဆိုင္ရာလုပ္ငန္းလုပ္ကြက္ေတြအတြက္ ကြၽမ္းက်င္ Consultant ေတြနဲ႔အတူ ေဆြးေႏြးတိုင္ပင္ဖို႔ လိုအပ္ပါတယ္။

ပထမဆုံး ကြၽမ္းက်င္ ဗိသုကာပညာရွင္ေတြနဲ႔အတူ တိုင္ပင္ၿပီး၊ လိုအပ္ခ်က္ေတြအတိုင္း ဗိသုကာပညာရွင္ေတြကေန ဒီဇိုင္းေရးဆြဲေပးရမွာပဲျဖစ္ပါတယ္။

ရရွိလာတဲ့ အေဆာက္အဦပုံစံ ဒီဇိုင္းကို အိမ္ရွင္ (သို႔) Developer ေတြမွ ႀကိဳက္ႏွစ္သက္ၿပီး အတည္ျပဳယူရမွာ ျဖစ္ပါတယ္။

အတည္ျပဳယူၿပီးတဲ့ ဒီဇိုင္းကို Structure, M&E Consultant ေတြကို ထပ္မံအပ္ႏွံရပါတယ္။ Structure ေကာင္းမွသာ ေရဒဏ္၊‌ ေလဒဏ္၊ ေျမငလွ်င္ဒဏ္ေတြကို ခံႏိုင္မွာျဖစ္ၿပီး အေဆာက္အဦရဲ႕ ေရ၊ မီး၊ လွ်ပ္စစ္၊

Air Con အစရွိတဲ့ M&E အေျခခံေတြကို စနစ္တက် ခိုင္ခိုင္မာမာျဖစ္ေစမယ့္အျပင္ M&E ေတြကို Functional ျဖစ္ေအာင္ တည္ေဆာက္ႏိုင္မွာျဖစ္ပါတယ္။

ၿပီးေနာက္ အိမ္ရွင္ (သို႔) Developer၊ Architect၊ Structure၊ M&E Consultant ေတြနဲ႔အတူ ေဆြးေႏြးၾကဖို႔လိုၿပီး အေဆာက္အဦတည္ေဆာက္ႏိုင္ဖို႔ ဆုံးျဖတ္ခ်က္ခ်ႏိုင္တဲ့ အဆင့္ကို ေရာက္ရွိမွာပဲျဖစ္ပါတယ္။

အတည္ျပဳအဆင့္ ၿပီးေနာက္မွာ အေခ်ာထည္ Interior Decoration (ID) ပညာရွင္ နဲ႔အတူ အႏုစိတ္ အေခ်ာထည္ လုပ္ငန္းေတြကို တိုင္ပင္ ဆုံးျဖတ္ရမွာပဲျဖစ္ပါတယ္။

၃-အစိုးရဌာနဆိုင္ရာ Permit ေလွ်ာက္ျခင္း

အေဆာက္အဦတစ္ခုတည္ေဆာက္ဖို႔ သက္ဆိုင္ရာ အစိုးရဌာနေတြျဖစ္တဲ့ စည္ပင္၊ မီးသတ္၊ ေျမစာရင္းဌာန၊ စည္ပင္ရာအုံဌာန၊ ေရသန႔္ အစရွိတဲ့ ဌာနအသီးသီးရဲ႕ နည္းဥပေဒေတြအတိုင္း ခြင့္ျပဳမိန႔္ေတြကို ရယူသြားရမွာျဖစ္ပါတယ္။

၄-ေဆာက္လုပ္ေရး Contractor ေ႐ြးခ်ယ္ျခင္း

ေဖာ္ျပခဲ့တဲ့ Consultant ေတြရဲ႕ စံခ်ိန္စံၫႊန္းမ်ားအတိုင္း တိတိက်က်ပုံေဖာ္တည္ေဆာက္ေပးႏိုင္မယ့္ Contractor ကိုေ႐ြးခ်ယ္ရပါမယ္။ စံခ်ိန္စံၫႊန္းေတြအတိုင္း အတိအက်ေဆာင္႐ြက္ႏိုင္ျခင္း၊

လက္ရာလက္သား ေကာင္းမြန္ျခင္း၊ အရည္အေသြးပိုင္းဆိုင္ရာ ေကာင္းမြန္ျခင္း၊ Safety ပိုင္းအတြက္ စိတ္ခ်ရျခင္း၊ Timeline အမွီေဆာင္႐ြက္ႏိုင္ျခင္း စတာေတြအတိုင္း အဓိကထား ေ႐ြးခ်ယ္ဖို႔လိုအပ္ပါတယ္။

အိမ္ရွင္ (သို႔) Developer ေတြအေနနဲ႔ ထိုက္သင့္တဲ့ ေဈးႏႈန္း သက္သာတာကို ေ႐ြးခ်ယ္မိတဲ့အခါ အထက္ပါ စံခ်ိန္စံခ်ိန္ၫႊန္းေတြအတိုင္း မျပည့္မီတဲ့ျပႆနာေတြကို ရင္ဆိုင္ရႏိုင္ပါတယ္။

၅-တည္ေဆာက္မႈ လုပ္ငန္းစတင္ျခင္း

လုပ္ငန္းလုပ္ေဆာင္ေနစဥ္ ကာလတစ္ေလွ်ာက္ Contractor အေနနဲ႔ သက္မွတ္ေပးထားတဲ့ ပုံစံပါေတြအတိုင္း လိုက္နာေဆာင္႐ြက္မႈရွိမရွိေတြကို အိမ္ရွင္ေတြကေန ဌားရမ္းထားတဲ့ Engineering Team နဲ႔အတူ စစ္ေဆးျခင္း (သို႔)

Project Management Company နဲ႔ စစ္ေဆးျခင္း စတာေတြနဲ႔ စစ္ေဆးေနဖို႔လိုပါတယ္။ Consultant ေတြရဲ႕ ပုံပါအတိုင္း တိတိက်က်ရရွိႏိုင္ဖို႔ Project Management Company ကို Project စတင္ထဲက ထည့္သြင္းတာျခင္းဟာ ကိုယ့္ရဲ႕ အေဆာက္အဦအတြက္ ပိုမိုေကာင္းမြန္ေစပါတယ္။

၆-QA/QC စစ္ေဆးျခင္း

အေဆာက္အဦရဲ႕ စံခ်ိန္စံၫႊန္း ေကာင္းမြန္ေစဖို႔အတြက္ လုပ္ငန္းခြင္ ေဆာင္႐ြက္ေနခ်ိန္ အသုံးျပဳရမယ့္ ပစၥည္းေတြကိုလည္း သက္ဆိုင္ရာ Lab သို႔ ေပးပို႔ၿပီး Quality (အရည္အေသြး) ကို စစ္ေဆးဖို႔ လိုအပ္ပါတယ္၊

လုပ္ငန္း အလႊာတဆင့္ၿပီးစီးတိုင္း အိမ္ရွင္ (သို႔) Developer (သို႔) Project Management Team မွ (QA/QC) စစ္ေဆး ေဆာင္႐ြက္ေပးမွသာ အေဆာက္အဦရဲ႕ စံခ်ိန္စံၫႊန္း ေကာင္းမြန္မွာျဖစ္ပါတယ္။

၇-ေသာ့အပ္ႏွံျခင္း

အေဆာက္အဦ အလုံးစုံတည္ေဆာက္ၿပီးစီးခ်ိန္မွာ အိမ္ရွင္ထံ ေသာ့အပ္ႏွံႏိုင္မွာျဖစ္ၿပီး ေသာအပ္ႏွံၿပီးေနာက္မွာလည္း Contractor အေနနဲ႔ Maintenance Process ေတြျဖစ္တဲ့ မီးသတ္ေရျဖန္းစနစ္၊ ဓာတ္ေလွကား၊ Air Con၊ ေရပိုက္ေတြကို အၿမဲေစာင့္ၾကည့္ ထိန္းသိမ္းေနဖို႔လိုအပ္ပါတယ္။ ဒါမွသာ အေဆာက္အဦဟာ သတ္မွတ္ထားတဲ့ သက္တမ္းထိႀကံခိုင္ေနမွာ ျဖစ္ပါတယ္။

အိမ္ရွင္ေတြအေနနဲ႔ ကိုယ့္ရဲ႕ အေဆာက္အဦကို အေကာင္အထည္ေဖာ္ရာမွာ ေဖာ္ျပပါအခ်က္ေတြကို သိရွိထားဖို႔လိုအပ္ေၾကာင္းကို Haven Group Of Companies ကေန ဗဟုသုတအေနနဲ႔ မွ်ေဝေပးလိုက္ရပါတယ္။

Crd

Add a Comment

Your email address will not be published. Required fields are marked *