စိုးပျိုးရေးသမားများ အတွက် ဘိုကာရှီ ( Bokashi ) သဘာဝမြေသြဇာပြုလုပ်နည်း
|စိုးပျိုးရေးသမားများ အတွက် ဘိုကာရှီ ( Bokashi ) သဘာဝမြေသြဇာပြုလုပ်နည်း
အဆင့်(၁)
ဖွဲကြမ်း ၁၀ပေါင် (၃ ပိသာခန့်) ကို ပုံးထဲထည့်ရန်
အဆင့်(၂)
ဖွဲကြမ်းပေါ်သို့ အုတ်နီခဲမှုန့်စတီးဇွန်းအမောက်တစ်ဇွန်း၊ ဆားကြမ်းစတီးဇွန်းအမောက်တစ်ဇွန်း၊ထည့်ပါ။
အဆင့်(၃)
ရေနွေး (၃) လီတာကိုပုံးသေးထဲထည့်ပြီး၊၄င်းရေထဲသို့EM (၃၀cc)ကို ခွက်ငယ်ဖြင့်ချဉ်တွယ်ထည်ပြီးသမအောင်မွှေပါ။
အဆင့်(၄)
၄င်းဖျော်ရည်ကိုဖွဲကြမ်းပေါ်သို့လောင်းထည့်ပြီးလက်နှစ်ဖက်နှင့်သမအောင်မွှေပါ။ လက်နှင့်ဆုတ်ကြည့်ပါကအလုံးမပျက်သောအခြေအနေဖြစ်ရမည်။၄င်း EM ရောမွှေထားသောဖွဲကြမ်း၁၀ပေါင်ကိုအိတ်ထဲထည့်၊ လေမ၀င်အောင်
ကြိုးဖြင့်တင်းကြပ်စွာစည်းပြီး၊ နေလုံး၀မထိသည့်အမှောင်ခန်းထဲတွင်(၁၄) ရက်ထားရပါမည်။ ဖွဲကြမ်းများအရောင်ဝါ၀င်းလာပြီး၊နို့ချဉ်စုတ်စုတ်နံထွက်သော ဘိုကာရှီသဘာဝမြေသြဇာရရှိပါမည်။
EM ပြုလုပ်နည်း
အဆင့်(၁)
ဆန်ကြမ်းနို့ဆီတစ်ဗူးခန့်ကို ရေသန့် (၁)လီတာ( ရေသန့်မရှိပါက ကလိုရင်းလုံး၀မပါသော ရိုးရိုးရေကိုသုံးနိုင်ပါသည်) ဖြင့်ပွတ်ဆေးပြီး ဆန်ရောရေပါ
ဟောလစ်၊မိုင်လို၊အိုဗာတင်း အစရှိသည့်အဝြကယ်ဖန်ပုလင်းကြီး ထဲလောင်းထည့်ပါ။ ပုလင်းအပြည့်မဖြည့်ဘဲသုံးပုံတစ်ပုံခန့်အလွတ်ချန်ထားရပါမည်။
ပုလင်းဖုံးကိုမတင်းမကြတ်လျော့လျော့လေးဖုံးပြီးနေရောင်တိုက်ရိုက်မထိသောနေရာ၊
(အဆင့်တစ်ခုခုအောက်)အခန်းအပူချိန်တွင်(၇)၇က်ထားရပါမည်။ရာသီဥတုပူပြင်းပါက(၅)ရက်၊ အရမ်းအေးပါက(၁၀)ရက်ခန်ုထားရပါမည်။
ရက်စေ့ပါကအပေါ်ရံအဖြူရောင်ခပ်နောက်နောက်အလွှာကိုဖယ်ရှားပြီး၊ အလယ်ရေကိုဌဲ့ယူပါမည်။
အဆင့်(၂)
အထက်ပါအချဉ်ဖေါက်ပြီးဆန်ဆေးရေ (၁)ဆနှင့်နွားနို့(၁၀)ဆကိုသန့်ရှင်းသော အဖုံးပါသည့် ပလတ်စတစ်ပုံးထဲတွင် ရောထည့်ပြီး အဖုံးကို အနည်းငယ် စောင်း၍လက်ငါးလုံးလောက်ခတ်ဟဟတင်ပြီးဖုံးပါ။
၄င်းပုံးကို နေရောင်တိုက်ရိုက်မထိသောမလင်းမမှောင်နေရာ(အဆင့်တစ်ခုခုအောက်)၊ အခန်းအပူချိန်တွင်(၁၄)၇က်ခန့်ထားရပါမည်။ထိုအချိန်တွင်ပုံးအပေါ်ယံတွင်တင်းမာသော၄လက္မအထူခန့်ရှိဒိန်ခဲအလွှာတက်နေသည်ပိုတွေ့ရပါမည်(၄င်းအလွှာကိုဖယ်၇ှားပြီး၀က်၊နွား၊ကျွဲ၊ကြက်စာများနှင့်ရောကာအိမ်မွေး တိရိစ္ဆာန်များကျွေး၍ ရပါသည်)
၎င်းအပေါ်ယံလွှကို ဖယ်ရှားပြီး အောက်တွင် ညိုဝါနောက်နောက် အကျိုးပြု အဏုဇီဝပိုးများစွာပါသော EM အရည်ရရှိပါမည်။
အဆင့်(၃)
ထန်းလျက် (၅၀) သားခန့်ကို ရေသန့် (၁) လီတာဖြင့် ကြိုရပါမည်။ အဆိုပါ ထန်းလျက်ရည်ကို အအေးခံပြီး အထက်ပါ EM ရည်ထဲ လောင်းထည့်ပြီး ဇွန်း ရှည် သန်သန့်ဖြင့် မွှေရပါမည်။
ရရှိသော အရည်များကို ပလတ်စတစ်ကတော့ သန့်သန်ဖြင့်(၁) လီတာရေသန့်ဘုးအလွတ်များ၊ လီတာပုံးများထဲသို့လောင်းထည့်ကာ
အဖုံးလုံအောင်တင်းကြပ်စွာပိတ်၍အေးသောနေရာ(ရေခဲသေတ္တာ(သို့)ရေစိုအ၀တ်ပါတ်၍)တွင် တစ်ပါတ်လောက်ထားကာ အသုံးပြု နိုင်ပြီ ဖြစ်ပါသည်။
ရေခဲသေတ္တာတွင်ထားလျှင်ရေပုလင်းများထားသည့်နေရာတွင်တားရပါမည်။
ရေခဲသည့်နေရာတွင်လုံး၀မထားရပါ။ရေခဲသေတ္တာတွင်ထားပါကတစ်နှစ်အထိထား၍အသုံးပြုနိုင်ပါသည်။ထန်းညက်ရည်ရောခြင်းမှာအကျိုးပြုအဏုဇီ၀ပိုးများရှင်သန်နေစေရန်အစာကျွေးခြင်းဖြစ်ပါသည်။
Crd