ဗံဒါစေ့ကို ပုံမှန်စားရင် ဘာတွေ အကျိုးကျေးဇူး ရှိလာနိုင်လဲ

Sharing is caring!

ဗံဒါစေ့ကို ပုံမှန်စားရင် ဘာတွေ အကျိုးကျေးဇူး ရှိလာနိုင်လဲ

နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်တယ်

ဗံဒါစေ့မှာ အဆီပါဝင်မှုရှိပြီး ဒီအဆီက ဝမ်းဗိုက်ပိုင်းမှာဖြစ်တဲ့ နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ်။

နောက်တစ်ချက်ကဗံဒါစေ့မှာ linoleic အက်ဆစ် နဲ့ linolenic အက်ဆစ်တို့လိုမျိုး အကျိုးပြု fatty acid တွေပါဝင်နေတာကလည်း ခန္ဓာကိုယ်မှာဖြစ်တဲ့ ရောင်ရမ်းမှုတွေကို သက်သာစေနိုင်ပါတယ်။

Fatty acid က သွေးတွင်းက အကျိုးမပြုကိုလက်စထရောတွေကို ကျဆင်းစေနိုင်ပြီး ဆံသား နဲ့ အသားအရေကို ကျန်းမာစေနိုင်ပါသေးတယ်။

ကိုယ်ဝန်ဆောင်တွေအတွက်သင့်တော်တယ်

ဗံဒါစေ့မှာ ဖောလစ်အက်ဆစ်ပါဝင်နေတာကြောင့် ဘေဘီလေးမှာ မွေးရာပါချို့ယွင်းချက်မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်ရော ကလေးပါလိုအပ်တဲ့ ဖောလစ်အက်ဆစ်ရရှိစေပြီး ကျန်းမာစေဖို့ဆိုရင် ဗံဒါစေ့စားပေးလို့ရပါတယ်။

ဝိတ်ကျ စေနိုင်တယ်

ဗံဒါစေ့စေ့က စိတ်ကျေနပ်မှုရစေပြီး ခဏခဏစားချင်စိတ်မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်မှုက အဆာခံနိုင်စေပြီး အစာခြေစနစ် နဲ့ အူမကြီးကို ကျန်းမာစေနိုင်ပါတယ်။

ဗံဒါစေ့ကို ပုံမှန်စားသုံးပေးတာက ဝမ်းမှန်စေနိုင်ပြီး ကိုယ်အလေးချိန်ကို အကောင်းဆုံးထိန်းညှိပေးနိုင်မှာပါ။

အရိုး ကျန်းမာစေနိုင်တယ်

ဗံဒါစေ့မှာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ phosphorus၊ ဗီတာမင် နဲ့ သတ္တုဓာတ်တွေကြွယ်ဝစွာပါဝင်နေပါတယ်။ Phosphorus ကအရိုးတွေဖြစ်ပေါ်စေဖို့ နဲ့ ခန္ဓာကိုယ်က တစ်ရှူးတွေကို ပြန်လည်ပြုပြင်ပေးပါတယ်။

ဗံဒါစေ့ကို ပုံမှန်စားသုံးပေးတာက အရိုးနဲ့သွားတွေကို ကြံ့ခိုင်စေနိုင်ပါတယ်။

ကိုယ်ခံအား ကောင်းစေတယ်

လေ့လာမှုတွေအရ ဗံဒါစေ့မှာ ဇင့် နဲ့ မဂ္ဂနိတို့လိုမျိုး ဇီဝကမ္မဖြစ်စဉ်တွေကို တိုးတက်ကောင်းမွန်စေပြီး ကိုယ်ခံအားစနစ်ကို အကောင်းဆုံးအားဖြည့်ပေးနိုင်တဲ့ ဓာတ်တွေပါဝင်နေပါတယ်။ ကျန်းမာချင်သူတိုင်း စားပေးသင့်ပါတယ်။

ဦးနှောက် စွမ်းဆောင်ရည်ကောင်းစေတယ်

ဗံဒါစေ့မှာ ဦးနှောက်ဖွံ့ဖြိုးစေဖို့ လိုအပ်တဲ့ အာဟာရဓာတ်တွေ ကြွယ်ဝစွာပါဝင်နေပါတယ်။ ဗံဒါစေ့မှာ ဦးနှောက်စွမ်းဆောင်ရည်ကို ကောင်းမွန်စေဖို့ အရေးပါတဲ့ L-carnitine နဲ့ riboflavin တို့လိုမျိုး

အဟာရဓာတ်တွေပါဝင်နေသလို အယ်လ်ဇိုင်းမားရောဂါခံစားရနိုင်ခြေကိုလည်း လျှော့ချပေးပါတယ်။ အာရုံကြောစနစ် ကျန်းမာပြီး ဦးနှောက်စွမ်းဆောင်ရည်ကောင်းစေဖို့ဆိုရင် ဗံဒါစေ့စားပေးလို့ရပါတယ်။

ဝမ်းမှန်စေနိုင်တယ်

ဗံဒါစေ့မှာ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်နေတာကြောင့် ဝမ်းချုပ်တာကို သက်သာစေနိုင်ပါတယ်။ ဗံဒါစေ့စားပြီပြီးချင်း ရေသောက်ချလိုက်မယ်ဆိုရင် အစာခြေစနစ်ကို အကောင်းဆုံးလှုပ်ရှားမှုဖြစ်စေနိုင်မှာပါ။

ဒါကြောင့် အစာခြေစနစ်ကျန်းမာပြီး ဝမ်းမှန်စေဖို့ဆိုရင် တစ်နေ့ကို ဗံဒါစေ့ ၄ စေ့ကနေ ၅စေ့လောက်အထိ စားပေးပါ။

သွေးပေါင်ချိန်ကို ထိန်းညှိပေးတယ်

ဗံဒါစေ့မှာ ပိုတက်ဆီယမ်ပါဝင်မှုက သွေးပေါင်ချိန်ကို အကောင်းဆုံး အနေအထားဖြစ်အောင် ထိန်းညှိပေးနိုင်ပါတယ်။ နောက်တစ်ခုက ဗံဒါစေ့မှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့အာဟာရတွေ ပြည့်ဝစွာပါဝင်နေတာပါ။

လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓာတ်တွေကို ပြည့်ဝအောင်စားသုံးမှုက စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုတွေလိုမျိုး စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ကောင်းစေနိုင်သလို သွေးပေါင်ချိန်ကို အကောင်းဆုံးထိန်းညှိပေးနိုင်ပြီး ကျန်းမာပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်စေမှာပါ။

သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်တယ်

ဗံဒါစေ့က အင်ဆူလင်ထွက်ရှိမှုကို ကောင်းမွန်စေပြီး သွေးတွင်းသကြားဓာတ် ရုတ်တရက်မြင့်တက်တာမျိုးမဖြစ်အောင် မဖြစ်အောင် အကောင်းဆုံးထိန်းညှိပေးနိုင်ပါတယ်။

ဒါကြောင့် ဆီးချိုရှိသူတွေအနေနဲ့ သွေးတွင်းသကြားဓာတ်ကို အကောင်းဆုံးထိန်းညှိနိုင်စေဖို့ စားပေးသင့်ပါတယ်။

နှလုံးကျန်းမာစေနိုင်တယ်

ဗံဒါစေ့မှာ monounsaturated fat၊ ပိုတက်ဆီယမ် နဲ့ ပရိုတင်းတို့ကြွယ်ဝစွာပါဝင်နေတာကြောင့် နှလုံးကျန်းမာစေဖို့ အကောင်းဆုံးအထောက်အကူပြုပေးနိုင်ပါတယ်။

ဒါတွေအပြင် ဗံဒါစေ့မှာ မဂ္ဂနီဆီယမ်ပါဝင်နေတာကြောင့် ရုတ်တရက်နှလုံးရပ်တာမျိုးမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဗီတာမင် E ပါဝင်နေတာကြောင့် နှလုံးကျန်းမာစေနိုင်ပါတယ်။

ဖောလစ်အက်ဆစ်ကြွယ်ဝမှုက သွေးကြောတွေထဲမှာ အဆီတွေစုပုံတာမျိုးမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် နှလုံးကျန်းမာချင်တယ်ဆိုရင် ဗာဒံစေ့ပုံမှန်စားပေးသင့်ပါတယ်။

ကင်ဆာ ကာကွယ်ပေးတယ်

ဗံဒါစေ့ပုံမှန်စားသုံးပေးတာက အစာခြေစနစ်ကိုကျန်းမာစေပြီး ဝမ်းမှန်စေတာကြောင့် အူမကြီးကင်ဆာမဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဒါ့အပြင် လေဒီတော်တော်များများမှာ ခံစားရတဲ့ ရင်သားကင်ဆာမဖြစ်စေဖို့အတွက် စားသုံးလို့ရပါတယ်။

ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝတဲ့ ဗံဒါစေ့က ကင်ဆာရောဂါတွေမဖြစ်အောင် အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။

Crd

Add a Comment

Your email address will not be published.