နွေရာသီမှာ အပူငြိမ်းစေမယ့် သဘာဝဓါတ်စာ

Sharing is caring!

နွေရာသီမှာ အပူငြိမ်းစေမယ့် သဘာဝဓါတ်စာ

ပြုလုပ်ပုံ

မြန်မာအိမ်တိုင်းမှာ သင်္ကြန်ရောက်ရင် မြေအိုးသေးသေးလေးတွေ ဝယ်ကြတယ်။

အဲဒီ မြေအိုး သေးသေးလေးထဲကို ရေ မပြည့်တပြည့်ထည့်ပြီး မကျည်းသီး လက်တဆုပ်ခန့် ထည့်ပါ။

ထန်းလျက် အလုံးသေးသေးလေးတွေ ၁၅လုံးခန့် ဆား ဇွန်းသေးသေး တစ်ဇွန်းခန့် ၊ အဲဒီ ၃မျိုးကို ဒီအတိုင်းထည့်ထားလိုက်တယ် မမွှေနဲ့ မွှေစရာမလိုဘူး။ မွှေရင် အဖတ်မှုန်တွေ ထလာလိမ့်မယ်။

တစ်ချက်မှမမွှေဘဲ သူ့ဘာသာ ကြည်တက်လာတဲ့ အရည်ကြည်ကို ရေမသောက်ဘဲ ရေအစားထိုးပြီး သောက်တယ်။

မကျည်းဖျော်ရည် သောက်ခြင်း၏ အကျိုးကျေးဇူးများ

မကျည်းဖျော်ရည်ကို ရေအစားထိုး သောက်မယ်ဆို အမျိုးသားတွေအတွက်ရော အမျိုးသမီးတွေ အတွက်ရော ကလေး လူကြီးပါမကျန် သောက်တဲ့ အကျိုးကြောင့်

-ဝမ်းတွင်းအေးနေမယ်။

-ကိုယ်တွင်းအဆိပ်အတောက်များကို ဝမ်းအဖြစ်ဖယ်ရှားပေးလို့ အပူအစပ်ကင်းစင်ပြီး မျက်နာမှာ ထွက်နေတဲ့ ဝက်ခြံတွေကို ပါးသထက် ပါးစေမယ်။

-အမြဲတမ်းသောက်ရင် ဝက်ခြံတွေ အမြစ်ပြတ်ပျောက်သွားမယ်။

-ရင်အေးတယ် ၊ ဝမ်းမှန်တယ် ၊ ဆီးမှန်တယ် ၊ ခံတွင်းရှင်းပြီး အနံ့ပျောက်တယ် ၊ မျက်လုံးကြည်တယ် ၊ အသည်းကို အား​ကောင်း​စေပါတယ်။

အထူးသဖြင့် သောက်တုန်းက ဝက်ခြံတွေပျောက်ချင်လို့ သောက်ခဲ့တာပါ။ တခြား အကျိုးတွေပါရရှိပါတယ်။

ပိုက်ဆံ အကုန်ကျ သက်သာပြီး အကျိုးများ လို့ အထင်မသေးဘဲ စမ်းကြည့်ရအောင် ဝမ်းတစ်လုံးကောင်းရင် ခေါင်းမခဲဘူးဆိုတဲ့ ရှေးစကားပုံလည်း ရှိတယ်နော်။

တခြားအသုံးဝင်ပုံများ အနေနဲ့ကတော့

မကျည်းသီးကို ကြေးဘုရား ၊ ကြေးခွက်တွေ အညှိတွေတက်နေတာတွေကို ပွတ်တိုက်ဆေးကြောပေးရင် ပြောင်လက်သွားတယ်။

အသားကိုင်ထားတဲ့လက်တွေကို မကျည်းသီးနဲ့ ဆေးပေးရင် အနံ့ပျောက်တယ်။ တစ်ချို့က ဆိတ်သားကို အညှီနံ့ ပျောက်အောင် မကျည်းသီးနဲ့ နှယ်ပြီးဆေးတယ်။

အခုလို ကိုယ်တိုင် ကိုယ်ကျ အိမ်မှာ ပြုလုပ်ဖို့ လွယ်ကူပြီး အကျိုးကျေးဇူး အများကြီး ရတဲ့ အခုလို နွေအခါ နဲ့ အရမ်းတည့် တဲ့ သဘာ၀ ဓာတ်စာ (ဝါ) မကျည်းဖျော်ရည် လုပ်နည်းလေး တင်ဆက်ပေးလိုက်ပါတယ်။

Crd

ေႏြရာသီမွာ အပူၿငိမ္းေစမယ့္ သဘာဝဓါတ္စာ

ျပဳလုပ္ပုံ

ျမန္မာအိမ္တိုင္းမွာ သၾကၤန္ေရာက္ရင္ ေျမအိုးေသးေသးေလးေတြ ဝယ္ၾကတယ္။

အဲဒီ ေျမအိုး ေသးေသးေလးထဲကို ေရ မျပည့္တျပည့္ထည့္ၿပီး မက်ည္းသီး လက္တဆုပ္ခန႔္ ထည့္ပါ။

ထန္းလ်က္ အလုံးေသးေသးေလးေတြ ၁၅လုံးခန႔္ ဆား ဇြန္းေသးေသး တစ္ဇြန္းခန႔္ ၊ အဲဒီ ၃မ်ိဳးကို ဒီအတိုင္းထည့္ထားလိုက္တယ္ မေမႊနဲ႔ ေမႊစရာမလိုဘူး။ ေမႊရင္ အဖတ္မႈန္ေတြ ထလာလိမ့္မယ္။

တစ္ခ်က္မွမေမႊဘဲ သူ႔ဘာသာ ၾကည္တက္လာတဲ့ အရည္ၾကည္ကို ေရမေသာက္ဘဲ ေရအစားထိုးၿပီး ေသာက္တယ္။

မက်ည္းေဖ်ာ္ရည္ ေသာက္ျခင္း ၏ အက်ိဳးေက်းဇူးမ်ား

မက်ည္းေဖ်ာ္ရည္ကို ေရအစားထိုး ေသာက္မယ္ဆို အမ်ိဳးသားေတြအတြက္ေရာ အမ်ိဳးသမီးေတြ အတြက္ေရာ ကေလး လူႀကီးပါမက်န္ ေသာက္တဲ့ အက်ိဳးေၾကာင့္

-ဝမ္းတြင္းေအးေနမယ္။

-ကိုယ္တြင္းအဆိပ္အေတာက္မ်ားကို ဝမ္းအျဖစ္ဖယ္ရွားေပးလို႔ အပူအစပ္ကင္းစင္ၿပီး မ်က္နာမွာ ထြက္ေနတဲ့ ဝက္ၿခံေတြကို ပါးသထက္ ပါးေစမယ္။

-အၿမဲတမ္းေသာက္ရင္ ဝက္ၿခံေတြ အျမစ္ျပတ္ေပ်ာက္သြားမယ္။

-ရင္ေအးတယ္ ၊ ဝမ္းမွန္တယ္ ၊ ဆီးမွန္တယ္ ၊ ခံတြင္းရွင္းၿပီး အနံ႔ေပ်ာက္တယ္ ၊ မ်က္လုံးၾကည္တယ္ ၊ အသည္းကို အား​ေကာင္း​ေစပါတယ္။

အထူးသျဖင့္ ေသာက္တုန္းက ဝက္ၿခံေတြေပ်ာက္ခ်င္လို႔ ေသာက္ခဲ့တာပါ။ တျခား အက်ိဳးေတြပါရရွိပါတယ္။

ပိုက္ဆံ အကုန္က် သက္သာၿပီး အက်ိဳးမ်ား လို႔ အထင္မေသးဘဲ စမ္းၾကည့္ရေအာင္ ဝမ္းတစ္လုံးေကာင္းရင္ ေခါင္းမခဲဘူးဆိုတဲ့ ေရွးစကားပုံလည္း ရွိတယ္ေနာ္။

တျခားအသုံးဝင္ပုံမ်ား အေနနဲ႔ကေတာ့

မက်ည္းသီးကို ေၾကးဘုရား ၊ ေၾကးခြက္ေတြ အညႇိေတြတက္ေနတာေတြကို ပြတ္တိုက္ေဆးေၾကာေပးရင္ ေျပာင္လက္သြားတယ္။

အသားကိုင္ထားတဲ့လက္ေတြကို မက်ည္းသီးနဲ႔ ေဆးေပးရင္ အနံ႔ေပ်ာက္တယ္။ တစ္ခ်ိဳ႕က ဆိတ္သားကို အညႇီနံ႔ ေပ်ာက္ေအာင္ မက်ည္းသီးနဲ႔ ႏွယ္ၿပီးေဆးတယ္။

အခုလို ကိုယ္တိုင္ ကိုယ္က် အိမ္မွာ ျပဳလုပ္ဖို႔ လြယ္ကူၿပီး အက်ိဳးေက်းဇူး အမ်ားႀကီး ရတဲ့ အခုလို ေႏြအခါ နဲ႔ အရမ္းတည့္ တဲ့ သဘာ၀ ဓာတ္စာ (ဝါ) မက်ည္းေဖ်ာ္ရည္ လုပ္နည္းေလး တင္ဆက္ေပးလိုက္ပါတယ္။

Crd

Add a Comment

Your email address will not be published.