အော်တိုဂီယာ ကားကို အသုံးပြုနေတယ်ဆိုရင် သိထားသင့်တဲ့ အချက် ၉ ချက်

Sharing is caring!

အော်တိုဂီယာဘောက်တွေ အပျက်အစီး မဖြစ်ရအောင် သတိပြုရမယ့် အချက် (၉) ချက်

ရှေးယခင်က အသုံးပြုခဲ့ကြတဲ့ ကားအများစုဟာ Manual စနစ်သုံး ဂီယာ အရွေ့အပြောင်းလုပ်ရတဲ့ကားတွေဖြစ်ပြီး နည်းပညာတိုးတက်လာတာနဲ့အမျှ

နောက်ဆုံးပေါ် နည်းပညာများအသုံးပြုကာ Automatic Transmission လို့ခေါ်တဲ့ Auto Gear ကားတွေဖြစ်လာကြပါတယ်။ Auto Gear စနစ်ဖြစ်လာတာနဲ့အညီ ကားမောင်းသူတွေအနေနဲ့ ဂီယာအရွှေ့အပြောင်းအတွက် အလုပ်ရှုပ်သက်သာစေပါတယ်။

သို့သော် ကားမောင်းသူတွေသတိမပြုမိဘဲ အော်တိုဂီယာစနစ်တွေကိုပျက်စီးစေတတ်သော အလေ့အထတွေလည်းရှိပါတယ်။ ဒီလိုအမှုမှတ်မဲ့ကနေ တန်ဖိုးကြီးတဲ့ အော်တိုဂီယာဘောက်တွေ အပျက်အစီး မဖြစ်ရအောင် သတိပြုရှောင်ရှားနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

၁-ကားမမောင်းဘူးဆိုရင် Position D မှာအကြာကြီး ထိုးမထားပါနဲ့။

ကားကို မမောင်းဘဲ စက်နှိုး၊ ဘရိတ်နင်းပြီး ဂီယာ Position D မှာအချိန်အကြာကြီးထား ထားတာမျိုးရှောင်ကျဉ်သင့်ပါတယ်။ ဘာကြောင့်လဲဆိုရင် ဂီယာ Position D မှာ ထားထားတဲ့အတွက် ဂီယာတွေချိတ်ဆက်မိနေပြီး ဂီယာဘောက်ရဲ့အပူချိန်မြင့်တက်စေပါတယ်။

အချိန်အကြာကြီးရပ်ထားမယ်ဆို ဂီယာ Position “P” အနေအထားမှာ ထားတာ အကောင်းဆုံး ဖြစ်ပါတယ်။

၂-ကားရပ်မယ်ဆို Parking Brake ဆွဲပါ။

အော်တိုဂီယာကားတွေကို မောင်းတဲ့သူတော်တော်များများ သတိမပြုမိတဲ့အချက်တစ်ခုက ကားရပ်ထားရင် Parking Brake (Hand Brake) ကိုမဆွဲဘဲ ဂီယာ P မှာထားပြီးရပ်ထားခဲ့တဲ့သူတွေများပါတယ်။

ဒီလိုအမြဲလုပ်မယ်ဆိုရင် ကားရဲ့ဂီယာဘောက်ထဲ Parking Pawl ဆိုတဲ့ဂီယာချိတ်လေး ပျက်စီးတတ်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ကားကိုဂီယာ Position (P) မှာထားပြီးရပ်ထားခဲ့တဲ့အချိန် ဂီယာတွေမကူးပြောင်းလေအောင် Parking Pawl ဆိုတဲ့ချိတ်လေးနဲ့ထောက်ထားလို့ပါပဲ။

၃-ကုန်းဆင်းတွေမှာ ဂီယာ Free ရိုက်မဆင်းပါနဲ့။

ဂီယာ Free ဆိုတာ အရပ်ခေါ် ခေါ်လိုက်တာပါ။ တကယ်က (N= Neutral) ဂီယာကို ပြောတာပါ။ တချို့ ကလည်း Normal Gear လို့ခေါ်ကြပါသေးတယ်။ မှားပါတယ်။ တကယ့်အမှန်က Neutral ဂီယာပါ။

ကားမောင်းသူတချို့က ကုန်းအဆင်းတွေမှာ ဂီယာ Free လုပ်ပြီးမောင်းရင် ဆီစားသက်သာတယ်လို့ ရမ်းယူဆပြီး မောင်းနေရင်းဂီယာကို N မှာထား ကုန်းဆင်းတတ်ကြပါတယ်။ တကယ်က အဲ့အယူအဆက မှားပါတယ်။

မှားတဲ့အပြင် အန္တရာယ်ပါ ရှိပါသေးတယ်။ ဂီယာကို Neutral မှာထားလိုက်တဲ့အတွက် ကုန်းဆင်းနေတဲ့အချိန် ဂီယာအထိန်းအကွပ်မရှိတော့ဘဲ ကားရောလူပါ အန္တရာယ်ရှိတတ်ပါတယ်။ အရှိန်နဲ့၊ ကားဝိတ်နဲ့ဆို ပိုလို့တောင် အန္တရာယ်များပါဦးမယ်။

နောက်တစ်ချက် မောင်းနေရင်း ကုန်းဆင်းချိန်မှာ ဂီယာကို ရုတ်တရက် Free အနေအထား ပြောင်းလိုက၊ D အနေအထား ပြန်ပြောင်းလိုက်လုပ်တဲ့အတွက် အခန့်မသင့်ရင် ဂီယာဘောက်ပျက်စီးနိုင်ပါသေးတယ်။

ဒီတော့ ကုန်းဆင်းတွေမှာဆီစားသက်သာဖို့ ဂီယာ Free ရိုက်တတ်တဲ့အကျင့်ရှိတယ်ဆို လုံးဝရှောင်ကျဉ်လိုက်ပါခင်ဗျာ။ ကားရောလူရော အန္တရာယ် တကယ်များလို့ပါ။

၄-ကားပိတ်တဲ့အချိန် ၊ ကားမီးပွိုင့်စောင့်နေတဲ့အချိန်တွေမှာ ဂီယာမှာ မထားပါနဲ့။

ယာဉ်ကျောပိတ်ဆို့နေတဲ့အချိန်တွေ၊ ကားမီးပွိုင့်စောင်နေတဲ့အချိန်တွေမှာ ဂီယာ Position ကို မှာထားတတ်ကြပါတယ်။ ဒီလိုထားရင် ဆီစားသက်သာမယ်ဆိုတဲ့ အယူအဆတွေလည်းရှိပါတယ်။

အဲ့ဒါဟာ ဂီယာဘောက်အတွက် မကောင်းတဲ့အလေ့အထပါ။ ပုံမှန်ယာဉ်ကျောပိတ်ဆို့တာ အချိန်မကြာဘူးဆိုရင် ဂီယာ Position (D) မှာပဲထားပြီး ဘရိတ်နင်းစောင့်ပါ။

ဒါမှမဟုတ် အချိန်အရမ်းကြာနိုင်တယ်ဆိုရင် Paking Position (P) မှာထားပေးတာ အကောင်းဆုံးပါ။ ဘာဖြစ်လို့လဲဆိုရင် ဂီယာ Position N မှာ ထားထားရင် ကားဟာ ဂီယာအထိန်းအကွပ် မရှိ Free ဖြစ်နေတာမို့၊ အရှေ့အနောက်ကိုလိမ့်ပြီး တခြားကားတွေကို ဝင်တိုက်မိနိုင်ပါတယ်။

နောက်တစ်ချက် မီးပွိုင့်စိမ်းသွားတဲ့အချိန် ကားထွက်ချင်ဇောနဲ့ သတိမေ့ပြီး လီဘာကိုနင်းကားမထွက်ခါမှ သတိရပြီးလီဘာနင်းလျက်သား ဂီယာကို D အတင်းထိုးတတ်ကြပါတယ်။ အဲ့ဒီလိုလုပ်တဲ့အတွက် ဂီယာဘောက်တွေ ပျက်စီးတတ်ပါတယ်။

ဂီယာ Parking မှာထားထားတယ်ဆိုရင် ဒီလိုလုပ်မရပါဘူး။ ကြားထဲမှာ ဘက်ဂီယာ R (Reverse) ရှိနေတာမို့ လီဘာ အရှိန်လျော့ပြီးမှ ဂီယာထိုးရပါမယ်။ ဒါကြောင့် ဂီယာအပျက်အစီးသက်သာပါမယ်။

၅-ကားလုံး၀ ရပ်သွားမှ ဂီယာ P ကိုထိုးပါ။

ဂီယာကို Position (P) မှာထားတယ်ဆိုတာ ကားမရွေ့လျားအောင် ယာယီလုပ်ထားတဲ့ သဘောပါ။ ကားကို ရပ်မယ်ဆို ကားက လုံး၀ သေသေချာချာ ရပ်ပြီဆိုမှ ဂီယာ (P) မှာထားရပါမယ်။

အဲဒီလိုမဟုတ်ဘဲ အလုပ်ကိစ္စအရေးကြီးလို့၊ အခြားအရေးကြီး ကိစ္စရှိလို့ဆိုပြီး ကားကိုဝူးခနဲထိုးရပ်၊ ကားလုံး၀ သေသေချာချာ မရပ်သေးခင် ဂီယာကို Paking (P) ကိုထိုးတာဟာ ဂီယာဘောက်ပျက်စီးစေတတ်ပါတယ်။

အထူးသဖြင့် Parking Pawl လေးကျိုးသွား တတ်ပါတယ်။ တစ်ကြိမ်နှစ်ကြိမ်မဟုတ်ဘဲ အမြဲဒီလိုလုပ်တဲ့အလေ့အထရှိတယ်ဆိုရင် သတိပြုဆင်ခြင်ရမှာပါ။ မဟုတ်ရင်တော့ ဂီယာဘောက်ချပြုပြင်ရတာတွေနဲ့ မလွဲမသေကြုံတွေ့ရမှာပါ။

၆-မှောက်ကျနိုင်တဲ့ အရည်ပါတဲ့ ပစ္စည်းတွေ ဂီယာတံနားမှာထားတာ သတိထားပါ။

အခုနောက်ပိုင်း ဇိမ်ခံကားအများစုရဲ့ဂီယာတံနားမှာ ကော်ဖီခွက်၊ အအေးခွက် အစရှိတဲ့ခွက်တွေ ထည့်လို့ရတဲ့နေရာတွေပါလာတာတွေ့ရပါတယ်။ ဒီလိုဂီယာတံနားကခွက်တွေမှာ မတော်တဆမှောက်ကျနိုင်တဲ့အရည်ပါတဲ့ပစ္စည်းတွေ မထားသင့်ပါဘူး။

ဘာဖြစ်လို့ဆိုရင် အခုနောက်ပိုင်းနည်းပညာမြင့်ကားတွေရဲ့ဂီယာတံအောက်မှာ အီလက်ထရောနစ် ဆားကစ်လိုဟာမျိုးတွေ Control Box တွေ ပါဝင်လာတတ်ပါတယ်။

များသောအားဖြင့် Shift Lock Solenoid တွေ၊ Shift Lock Solenoid Control Unit တွေက ဂီယာတံအောက်မှာရှိပါတယ်။ ဒါကြောင့် မတော်တဆအရည်တွေမှောက်ကျရင် အောက်က Control Unit တွေပျက်စီးတတ်ပါတယ်။

ဒါကလည်း အော်တိုဂီယာကားမောင်းတဲ့ သူတွေအတွက် သတိထားစရာ အချက်တစ်ချက်ပါ။

၇-ဂီယာ Position (D) နဲ့ (R) ပြောင်းတဲ့အခါ ကားရပ်တန့်ပြီးမှ ပြောင်းပါ။

Auto ဂီယာကားမောင်းသူတွေရဲ့ မသိမသာလွဲမှားတဲ့ အပြုအမူတစ်ခုက ဂီယာ (D) ကနေ (R) ချိန်းတာပဲဖြစ်ဖြစ်၊ (R) ကနေ (D) ချိန်းတာပဲဖြစ်ဖြစ် ကားကိုသေချာမရပ်တန့်ဘဲ

ကားကရှေ့ကို အရှိန်နဲ့လိမ့်နေတုန်း Reverse (ဘက်ဂီယာ) ကိုကောက်ထိုးတာ၊ ကားကနောက်လိမ့်နေတုန်း Drive (D) ကို ကောက်ထိုးတာမျိုး လုပ်တတ်ကြပါတယ်။

ဒီအပြုအမူတွေက ကားမောင်းသူတော်တော်များများ အမှုမှတ်မဲ့လုပ်နေကျအပြုအမူတစ်ခုပါ။ ဒီအမူအကျင့်ကလည်း ကားဂီယာဘောက်တွေကို ပျက်စီးတတ်ပါတယ်။

ဒါကြောင့် ရှေ့နောက် မတူညီတဲ့ ဂီယာအပြောင်းအရွေ့တွေလုပ်မယ်ဆိုရင် ကားကိုဘရိတ်သေချာနင်း ကားအရှိန်သတ်ပြီးမှ ဂီယာပြောင်းတာမျိုးလုပ်တာဟာ ကားဂီယာဘောက်အပျက်အစီး သက်သာစေမှာပါ။

၈-Auto ဂီယာကားတွေမောင်းတဲ့အခါ ခြေထောက် တစ်ဖက်တည်းသုံးပါ။

ဒါကတော့ အော်တိုဂီယာကားနဲ့ကားစမောင်းသင်တဲ့သူတွေအတွက် မဟုတ်ပါဘူး။ ဟိုးအရင် Manual စနစ်နဲ့ အသားကျပြီး အခုမှအော်တိုကားတွေမောင်းတဲ့သူတွေအတွက်ပါ။

ပုံမှန်အားဖြင့် အော်တိုဂီယာစနစ်မှာ Manual ဂီယာစနစ်လိုမျိုး ကလပ်မပါလို့ ကလပ်ခြေနင်းအတွက်နေရာလွတ်နေတတ်ပါတယ်။ အဲဒါကို ခြေထောက်လွတ်နေတာဟာတာတာကြီးဆိုပြီး ဘရိတ်နဲ့

Accelerator Pedal (လီဘာကို) နှစ်ခုစလုံးကို ခြေထောက် ဘယ်ညာတွဲနင်းပြီး မောင်းတဲ့သူတွေရှိပါတယ်။ ပုံမှန်အခြေနေမှာတော့ ဘရိတ်အကြွ၊ လီဘာအနင်း ဟုတ်နေတတ်ပေမယ့်၊ အရေးအကြောင်းဆို ဘရိတ်နဲ့လီဘာကို တပြိုင်တည်းတွဲနင်းတတ်ပါတယ်။

ဒါကလည်း အော်တိုဂီယာဘောက်စနစ်နဲ့ ကားတွေအတွက် ဂီယာဘောက်ပျက်စီး စေတတ်တာမို့ ဒီလိုအမူအကျင့်တွေရှိရင် ပြုပြင်မောင်းနှင်ရမှာဖြစ်ပါတယ်။

၉-ဘက်ထရီနဲ့ Starter Motor ကိုသတိပြုပါ။

ဒါကတော့ ကားဂီယာဘောက် ပျက်စီးစေတတ်တဲ့အရာမဟုတ်ပါဘူး။ ကားမောင်းတဲ့သူကို တိုင်ပတ် ဒုက္ခရောက်တတ်တဲ့အရာပါ။ အော်တိုဂီယာကားတွေက ကားမှာပါတဲ့ ဘက်ထရီနဲ့

Starter Motor မကောင်းရင် ဟိုးအရင် Manual ကားတွေလို တွန်းနှိုးလို့ မရပါဘူး။ ဒါကြောင့် ကိုယ့်ကားမှာရှိတဲ့ ကား ဘက်ထရီနဲ့ Starter Motor တွေရဲ့အခြေနေကို အမြဲသတိထားစစ်ဆေးရမှာပါ။

ဒီနှစ်မျိုးကို မလဲဘဲ၊ မပြုပြင်ဘဲ ထားတာကြာပြီလား။ ဘယ်လိုအခြေနေရှိလဲဆိုတာ သေချာမစစ်ဆေးထားရင် အရေးတကြီး သွားလာခါနီးမှ ကားစက်နှိုးမရတာတွေကြုံတွေရမှာဖြစ်ပါတယ်။

ဒါကြောင့် အော်တိုဂီယာ ကားပိုင်ရှင်တွေအနေနဲ့ ကားဘတ္ထရီနဲ့ Starter Motor လေးကို အမြဲသတိထားစစ်ဆေးပြုပြင်လဲလှယ်ပေးကြပါခင်ဗျာ။

ဒီအချက်တွေက အော်တိုဂီယာ (Automatic Transmission) ကားမောင်းတဲ့သူတွေအတွက် ကားမှာပါတဲ့ ဂီယာဘောက်သက်တမ်း ကြာရှည်အသုံးပြုနိုင်အောင် လေ့လာ၊ လိုက်နာ ဆင်ခြင်သင့်တဲ့ အခြေခံအချက်တွေပဲဖြစ်ပါတယ်ခင်ဗျာ။

ကားချစ်သူတွေအတွက် ကားနဲ့ပတ်သက်ပြီး ဗဟုသုတ တစ်စုံတစ်ခုရရှိမယ်လို့ ယုံကြည်ပါတယ်။

Crd
ေအာ္တိုဂီယာေဘာက္ေတြ အပ်က္အစီး မျဖစ္ရေအာင္ သတိျပဳရမယ့္ အခ်က္ (၉) ခ်က္

ေရွးယခင္က အသုံးျပဳခဲ့ၾကတဲ့ ကားအမ်ားစုဟာ Manual စနစ္သုံး ဂီယာ အေ႐ြ႕အေျပာင္းလုပ္ရတဲ့ကားေတြျဖစ္ၿပီး နည္းပညာတိုးတက္လာတာနဲ႔အမွ်

ေနာက္ဆုံးေပၚ နည္းပညာမ်ားအသုံးျပဳကာ Automatic Transmission လို႔ေခၚတဲ့ Auto Gear ကားေတြျဖစ္လာၾကပါတယ္။ Auto Gear စနစ္ျဖစ္လာတာနဲ႔အညီ ကားေမာင္းသူေတြအေနနဲ႔ ဂီယာအေ႐ႊ႕အေျပာင္းအတြက္ အလုပ္ရႈပ္သက္သာေစပါတယ္။

သို႔ေသာ္ ကားေမာင္းသူေတြသတိမျပဳမိဘဲ ေအာ္တိုဂီယာစနစ္ေတြကိုပ်က္စီးေစတတ္ေသာ အေလ့အထေတြလည္းရွိပါတယ္။ ဒီလိုအမႈမွတ္မဲ့ကေန တန္ဖိုးႀကီးတဲ့ ေအာ္တိုဂီယာေဘာက္ေတြ အပ်က္အစီး မျဖစ္ရေအာင္ သတိျပဳေရွာင္ရွားႏိုင္ဖို႔ ေဖာ္ျပေပးလိုက္ပါတယ္။

၁-ကားမေမာင္းဘူးဆိုရင္ Position D မွာအၾကာႀကီး ထိုးမထားပါနဲ႔။

ကားကို မေမာင္းဘဲ စက္ႏႈိး၊ ဘရိတ္နင္းၿပီး ဂီယာ Position D မွာအခ်ိန္အၾကာႀကီးထား ထားတာမ်ိဳးေရွာင္က်ဥ္သင့္ပါတယ္။ ဘာေၾကာင့္လဲဆိုရင္ ဂီယာ Position D မွာ ထားထားတဲ့အတြက္ ဂီယာေတြခ်ိတ္ဆက္မိေနၿပီး ဂီယာေဘာက္ရဲ႕အပူခ်ိန္ျမင့္တက္ေစပါတယ္။

အခ်ိန္အၾကာႀကီးရပ္ထားမယ္ဆို ဂီယာ Position “P” အေနအထားမွာ ထားတာ အေကာင္းဆုံး ျဖစ္ပါတယ္။

၂-ကားရပ္မယ္ဆို Parking Brake ဆြဲပါ။

ေအာ္တိုဂီယာကားေတြကို ေမာင္းတဲ့သူေတာ္ေတာ္မ်ားမ်ား သတိမျပဳမိတဲ့အခ်က္တစ္ခုက ကားရပ္ထားရင္ Parking Brake (Hand Brake) ကိုမဆြဲဘဲ ဂီယာ P မွာထားၿပီးရပ္ထားခဲ့တဲ့သူေတြမ်ားပါတယ္။

ဒီလိုအၿမဲလုပ္မယ္ဆိုရင္ ကားရဲ႕ဂီယာေဘာက္ထဲ Parking Pawl ဆိုတဲ့ဂီယာခ်ိတ္ေလး ပ်က္စီးတတ္ပါတယ္။ ဘာျဖစ္လို႔လဲဆိုရင္ ကားကိုဂီယာ Position (P) မွာထားၿပီးရပ္ထားခဲ့တဲ့အခ်ိန္ ဂီယာေတြမကူးေျပာင္းေလေအာင္ Parking Pawl ဆိုတဲ့ခ်ိတ္ေလးနဲ႔ေထာက္ထားလို႔ပါပဲ။

၃-ကုန္းဆင္းေတြမွာ ဂီယာ Free ႐ိုက္မဆင္းပါနဲ႔။

ဂီယာ Free ဆိုတာ အရပ္ေခၚ ေခၚလိုက္တာပါ။ တကယ္က (N= Neutral) ဂီယာကို ေျပာတာပါ။ တခ်ိဳ႕ ကလည္း Normal Gear လို႔ေခၚၾကပါေသးတယ္။ မွားပါတယ္။ တကယ့္အမွန္က Neutral ဂီယာပါ။

ကားေမာင္းသူတခ်ိဳ႕က ကုန္းအဆင္းေတြမွာ ဂီယာ Free လုပ္ၿပီးေမာင္းရင္ ဆီစားသက္သာတယ္လို႔ ရမ္းယူဆၿပီး ေမာင္းေနရင္းဂီယာကို N မွာထား ကုန္းဆင္းတတ္ၾကပါတယ္။ တကယ္က အဲ့အယူအဆက မွားပါတယ္။

မွားတဲ့အျပင္ အႏၲရာယ္ပါ ရွိပါေသးတယ္။ ဂီယာကို Neutral မွာထားလိုက္တဲ့အတြက္ ကုန္းဆင္းေနတဲ့အခ်ိန္ ဂီယာအထိန္းအကြပ္မရွိေတာ့ဘဲ ကားေရာလူပါ အႏၲရာယ္ရွိတတ္ပါတယ္။ အရွိန္နဲ႔၊ ကားဝိတ္နဲ႔ဆို ပိုလို႔ေတာင္ အႏၲရာယ္မ်ားပါဦးမယ္။

ေနာက္တစ္ခ်က္ ေမာင္းေနရင္း ကုန္းဆင္းခ်ိန္မွာ ဂီယာကို ႐ုတ္တရက္ Free အေနအထား ေျပာင္းလိုက၊ D အေနအထား ျပန္ေျပာင္းလိုက္လုပ္တဲ့အတြက္ အခန႔္မသင့္ရင္ ဂီယာေဘာက္ပ်က္စီးႏိုင္ပါေသးတယ္။

ဒီေတာ့ ကုန္းဆင္းေတြမွာဆီစားသက္သာဖို႔ ဂီယာ Free ႐ိုက္တတ္တဲ့အက်င့္ရွိတယ္ဆို လုံးဝေရွာင္က်ဥ္လိုက္ပါခင္ဗ်ာ။ ကားေရာလူေရာ အႏၲရာယ္ တကယ္မ်ားလို႔ပါ။

၄-ကားပိတ္တဲ့အခ်ိန္ ၊ ကားမီးပြိဳင့္ေစာင့္ေနတဲ့အခ်ိန္ေတြမွာ ဂီယာမွာ မထားပါနဲ႔။

ယာဥ္ေက်ာပိတ္ဆို႔ေနတဲ့အခ်ိန္ေတြ၊ ကားမီးပြိဳင့္ေစာင္ေနတဲ့အခ်ိန္ေတြမွာ ဂီယာ Position ကို မွာထားတတ္ၾကပါတယ္။ ဒီလိုထားရင္ ဆီစားသက္သာမယ္ဆိုတဲ့ အယူအဆေတြလည္းရွိပါတယ္။

အဲ့ဒါဟာ ဂီယာေဘာက္အတြက္ မေကာင္းတဲ့အေလ့အထပါ။ ပုံမွန္ယာဥ္ေက်ာပိတ္ဆို႔တာ အခ်ိန္မၾကာဘူးဆိုရင္ ဂီယာ Position (D) မွာပဲထားၿပီး ဘရိတ္နင္းေစာင့္ပါ။

ဒါမွမဟုတ္ အခ်ိန္အရမ္းၾကာႏိုင္တယ္ဆိုရင္ Paking Position (P) မွာထားေပးတာ အေကာင္းဆုံးပါ။ ဘာျဖစ္လို႔လဲဆိုရင္ ဂီယာ Position N မွာ ထားထားရင္ ကားဟာ ဂီယာအထိန္းအကြပ္ မရွိ Free ျဖစ္ေနတာမို႔၊ အေရွ႕အေနာက္ကိုလိမ့္ၿပီး တျခားကားေတြကို ဝင္တိုက္မိႏိုင္ပါတယ္။

ေနာက္တစ္ခ်က္ မီးပြိဳင့္စိမ္းသြားတဲ့အခ်ိန္ ကားထြက္ခ်င္ေဇာနဲ႔ သတိေမ့ၿပီး လီဘာကိုနင္းကားမထြက္ခါမွ သတိရၿပီးလီဘာနင္းလ်က္သား ဂီယာကို D အတင္းထိုးတတ္ၾကပါတယ္။ အဲ့ဒီလိုလုပ္တဲ့အတြက္ ဂီယာေဘာက္ေတြ ပ်က္စီးတတ္ပါတယ္။

ဂီယာ Parking မွာထားထားတယ္ဆိုရင္ ဒီလိုလုပ္မရပါဘူး။ ၾကားထဲမွာ ဘက္ဂီယာ R (Reverse) ရွိေနတာမို႔ လီဘာ အရွိန္ေလ်ာ့ၿပီးမွ ဂီယာထိုးရပါမယ္။ ဒါေၾကာင့္ ဂီယာအပ်က္အစီးသက္သာပါမယ္။

၅-ကားလုံး၀ ရပ္သြားမွ ဂီယာ P ကိုထိုးပါ။

ဂီယာကို Position (P) မွာထားတယ္ဆိုတာ ကားမေ႐ြ႕လ်ားေအာင္ ယာယီလုပ္ထားတဲ့ သေဘာပါ။ ကားကို ရပ္မယ္ဆို ကားက လုံး၀ ေသေသခ်ာခ်ာ ရပ္ၿပီဆိုမွ ဂီယာ (P) မွာထားရပါမယ္။

အဲဒီလိုမဟုတ္ဘဲ အလုပ္ကိစၥအေရးႀကီးလို႔၊ အျခားအေရးႀကီး ကိစၥရွိလို႔ဆိုၿပီး ကားကိုဝူးခနဲထိုးရပ္၊ ကားလုံး၀ ေသေသခ်ာခ်ာ မရပ္ေသးခင္ ဂီယာကို Paking (P) ကိုထိုးတာဟာ ဂီယာေဘာက္ပ်က္စီးေစတတ္ပါတယ္။

အထူးသျဖင့္ Parking Pawl ေလးက်ိဳးသြား တတ္ပါတယ္။ တစ္ႀကိမ္ႏွစ္ႀကိမ္မဟုတ္ဘဲ အၿမဲဒီလိုလုပ္တဲ့အေလ့အထရွိတယ္ဆိုရင္ သတိျပဳဆင္ျခင္ရမွာပါ။ မဟုတ္ရင္ေတာ့ ဂီယာေဘာက္ခ်ျပဳျပင္ရတာေတြနဲ႔ မလြဲမေသႀကဳံေတြ႕ရမွာပါ။

၆-ေမွာက္က်ႏိုင္တဲ့ အရည္ပါတဲ့ ပစၥည္းေတြ ဂီယာတံနားမွာထားတာ သတိထားပါ။

အခုေနာက္ပိုင္း ဇိမ္ခံကားအမ်ားစုရဲ႕ဂီယာတံနားမွာ ေကာ္ဖီခြက္၊ အေအးခြက္ အစရွိတဲ့ခြက္ေတြ ထည့္လို႔ရတဲ့ေနရာေတြပါလာတာေတြ႕ရပါတယ္။ ဒီလိုဂီယာတံနားကခြက္ေတြမွာ မေတာ္တဆေမွာက္က်ႏိုင္တဲ့အရည္ပါတဲ့ပစၥည္းေတြ မထားသင့္ပါဘူး။

ဘာျဖစ္လို႔ဆိုရင္ အခုေနာက္ပိုင္းနည္းပညာျမင့္ကားေတြရဲ႕ဂီယာတံေအာက္မွာ အီလက္ထေရာနစ္ ဆားကစ္လိုဟာမ်ိဳးေတြ Control Box ေတြ ပါဝင္လာတတ္ပါတယ္။

မ်ားေသာအားျဖင့္ Shift Lock Solenoid ေတြ၊ Shift Lock Solenoid Control Unit ေတြက ဂီယာတံေအာက္မွာရွိပါတယ္။ ဒါေၾကာင့္ မေတာ္တဆအရည္ေတြေမွာက္က်ရင္ ေအာက္က Control Unit ေတြပ်က္စီးတတ္ပါတယ္။

ဒါကလည္း ေအာ္တိုဂီယာကားေမာင္းတဲ့ သူေတြအတြက္ သတိထားစရာ အခ်က္တစ္ခ်က္ပါ။

၇-ဂီယာ Position (D) နဲ႔ (R) ေျပာင္းတဲ့အခါ ကားရပ္တန႔္ၿပီးမွ ေျပာင္းပါ။

Auto ဂီယာကားေမာင္းသူေတြရဲ႕ မသိမသာလြဲမွားတဲ့ အျပဳအမူတစ္ခုက ဂီယာ (D) ကေန (R) ခ်ိန္းတာပဲျဖစ္ျဖစ္၊ (R) ကေန (D) ခ်ိန္းတာပဲျဖစ္ျဖစ္ ကားကိုေသခ်ာမရပ္တန႔္ဘဲ

ကားကေရွ႕ကို အရွိန္နဲ႔လိမ့္ေနတုန္း Reverse (ဘက္ဂီယာ) ကိုေကာက္ထိုးတာ၊ ကားကေနာက္လိမ့္ေနတုန္း Drive (D) ကို ေကာက္ထိုးတာမ်ိဳး လုပ္တတ္ၾကပါတယ္။

ဒီအျပဳအမူေတြက ကားေမာင္းသူေတာ္ေတာ္မ်ားမ်ား အမႈမွတ္မဲ့လုပ္ေနက်အျပဳအမူတစ္ခုပါ။ ဒီအမူအက်င့္ကလည္း ကားဂီယာေဘာက္ေတြကို ပ်က္စီးတတ္ပါတယ္။

ဒါေၾကာင့္ ေရွ႕ေနာက္ မတူညီတဲ့ ဂီယာအေျပာင္းအေ႐ြ႕ေတြလုပ္မယ္ဆိုရင္ ကားကိုဘရိတ္ေသခ်ာနင္း ကားအရွိန္သတ္ၿပီးမွ ဂီယာေျပာင္းတာမ်ိဳးလုပ္တာဟာ ကားဂီယာေဘာက္အပ်က္အစီး သက္သာေစမွာပါ။

၈-Auto ဂီယာကားေတြေမာင္းတဲ့အခါ ေျခေထာက္ တစ္ဖက္တည္းသုံးပါ။

ဒါကေတာ့ ေအာ္တိုဂီယာကားနဲ႔ကားစေမာင္းသင္တဲ့သူေတြအတြက္ မဟုတ္ပါဘူး။ ဟိုးအရင္ Manual စနစ္နဲ႔ အသားက်ၿပီး အခုမွေအာ္တိုကားေတြေမာင္းတဲ့သူေတြအတြက္ပါ။

ပုံမွန္အားျဖင့္ ေအာ္တိုဂီယာစနစ္မွာ Manual ဂီယာစနစ္လိုမ်ိဳး ကလပ္မပါလို႔ ကလပ္ေျခနင္းအတြက္ေနရာလြတ္ေနတတ္ပါတယ္။ အဲဒါကို ေျခေထာက္လြတ္ေနတာဟာတာတာႀကီးဆိုၿပီး ဘရိတ္နဲ႔

Accelerator Pedal (လီဘာကို) ႏွစ္ခုစလုံးကို ေျခေထာက္ ဘယ္ညာတြဲနင္းၿပီး ေမာင္းတဲ့သူေတြရွိပါတယ္။ ပုံမွန္အေျခေနမွာေတာ့ ဘရိတ္အႂကြ၊ လီဘာအနင္း ဟုတ္ေနတတ္ေပမယ့္၊ အေရးအေၾကာင္းဆို ဘရိတ္နဲ႔လီဘာကို တၿပိဳင္တည္းတြဲနင္းတတ္ပါတယ္။

ဒါကလည္း ေအာ္တိုဂီယာေဘာက္စနစ္နဲ႔ ကားေတြအတြက္ ဂီယာေဘာက္ပ်က္စီး ေစတတ္တာမို႔ ဒီလိုအမူအက်င့္ေတြရွိရင္ ျပဳျပင္ေမာင္းႏွင္ရမွာျဖစ္ပါတယ္။

၉-ဘက္ထရီနဲ႔ Starter Motor ကိုသတိျပဳပါ။

ဒါကေတာ့ ကားဂီယာေဘာက္ ပ်က္စီးေစတတ္တဲ့အရာမဟုတ္ပါဘူး။ ကားေမာင္းတဲ့သူကို တိုင္ပတ္ ဒုကၡေရာက္တတ္တဲ့အရာပါ။ ေအာ္တိုဂီယာကားေတြက ကားမွာပါတဲ့ ဘက္ထရီနဲ႔

Starter Motor မေကာင္းရင္ ဟိုးအရင္ Manual ကားေတြလို တြန္းႏႈိးလို႔ မရပါဘူး။ ဒါေၾကာင့္ ကိုယ့္ကားမွာရွိတဲ့ ကား ဘက္ထရီနဲ႔ Starter Motor ေတြရဲ႕အေျခေနကို အၿမဲသတိထားစစ္ေဆးရမွာပါ။

ဒီႏွစ္မ်ိဳးကို မလဲဘဲ၊ မျပဳျပင္ဘဲ ထားတာၾကာၿပီလား။ ဘယ္လိုအေျခေနရွိလဲဆိုတာ ေသခ်ာမစစ္ေဆးထားရင္ အေရးတႀကီး သြားလာခါနီးမွ ကားစက္ႏႈိးမရတာေတြႀကဳံေတြရမွာျဖစ္ပါတယ္။

ဒါေၾကာင့္ ေအာ္တိုဂီယာ ကားပိုင္ရွင္ေတြအေနနဲ႔ ကားဘတၳရီနဲ႔ Starter Motor ေလးကို အၿမဲသတိထားစစ္ေဆးျပဳျပင္လဲလွယ္ေပးၾကပါခင္ဗ်ာ။

ဒီအခ်က္ေတြက ေအာ္တိုဂီယာ (Automatic Transmission) ကားေမာင္းတဲ့သူေတြအတြက္ ကားမွာပါတဲ့ ဂီယာေဘာက္သက္တမ္း ၾကာရွည္အသုံးျပဳႏိုင္ေအာင္ ေလ့လာ၊ လိုက္နာ ဆင္ျခင္သင့္တဲ့ အေျခခံအခ်က္ေတြပဲျဖစ္ပါတယ္ခင္ဗ်ာ။

ကားခ်စ္သူေတြအတြက္ ကားနဲ႔ပတ္သက္ၿပီး ဗဟုသုတ တစ္စုံတစ္ခုရရွိမယ္လို႔ ယုံၾကည္ပါတယ္။

Crd

Add a Comment

Your email address will not be published.