နားထဲကို တစ်လတစ်ကြိမ် ဘာ့ကြောင့် ဆီ ထည့်ပေးသင့်တာလဲ
|နားထဲကို တစ်လတစ်ကြိမ် ဘာ့ကြောင့် ဆီ ထည့်ပေးသင့်တာလဲ
တစ်လကိုတစ်ကြိမ်နားထဲကိုသံလွင်ဆီ အပြည့်ထည့်ပေးပါတယ်။ ပြီးတော့မှဂွမ်းတုတ်လေးနဲ့ကျပ်ပြီး သန့်ရှင်းရေးလုပ်ပေးရပါတယ်။
နား ကရေကြောက်တယ်၊ ဆီ ကြိုက်တယ်။ ဒါဆိုနားနဲ့ပတ်သက်ပြီးဘာရောဂါမှမဖြစ်တော့ပါ။နှစ်တစ်ရာတိုင်လည်း နားကနုပျိုဆဲပါတဲ့။ ရှေးရှေးတုန်းကဆိုရိုး စကားတစ်ခုရှိတယ်။ မျက်စိမှာရည်၊ နားမှာဆီ၊ ဒန္တီမှာဆား၊ ဝမ်းမှာခါးတဲ့။
မျက်စိ ကိုသန့်ရှင်းသောရေနဲ့နေ့စဥ်သန့်ရှင်းရေးလုပ်သွားရင် အသက်တစ်ရာတိုင် အပ်ပေါက်ထိုးလို့ရတယ်၊ နားကိုဆီနဲ့ကျပ်ပေးရင်အသက်တစ်ရာတိုင် နား ကောင်းတယ်၊ ခံတွင်းကိုဆားနဲ့ သန့်ရှင်းရင် အသက်တစ်ရာတိုင် သွား ကောင်းတယ်၊ အခါး စားပေးရင်ဝမ်းဗိုက်ထဲက ကလီစာတွေ အသက်တစ်ရာတိုင်ကောင်းတယ်တဲ့။
ဒီနေ့တော့ နားထဲဆီထည့်တဲ့အကြောင်းပဲပြောမယ်။နားပေါက်ကမျက်လုံးတွေနှာခေါင်းတွေ အာခေါင်တွေနဲ့ဆက်စပ်နေပါတယ်။
နား ထဲဆီဖြည့်လိုက်တာနဲ့မျက်လုံးထဲမှာအေးကနဲခံစားလိုက်ရတယ်။ဒါဟာမျက်လုံးကိုအထောက်အကူပြုတယ်ဆိုတာသက်သေပဲ။ နားထဲကိုဖုံတွေမှိုတွေပိုးမွှားတွေဝင်ပြီးနဖာချေးဖြစ်နေတတ်တယ်။
နဖာချေးမှာမှိုထပ်တက်ရင်လည်ချောင်း ယားပြီးချောင်းဆိုးရောဂါဖြစ်လာရော။ အဲဒီကနေအသက်ရှူလေပြွန်ရောက်သွားရင်လေပြွန်တွေရောင်ပြီးရင်ကျပ်လာရော။ အဲဒီကနေအဆုတ်ကိုဆက်ဆင်းရင်အဆုတ်ရောဂါဖြစ်လာရော။
ပိုးတွေပါလာရင်နှလုံးအထိရောက်သွားပြီးလေးဘက်နာနှလုံးရောဂါဖြစ်ပြီး အသက်အန္တရာယ်အထိရောက်သွားတတ်တယ်။ ပေါ့သေးသေးမထင်လိုက်လေနဲ့။
ဆိုတော့ကျနော်တို့ဟာကိုယ့်နားကိုအမြဲတန်းသန့်ရှင်းပေးဖို့လိုပါတယ်။ နားထဲကိုဆီထည့်ပေးလိုက်တဲ့အခါမှ ာနားထဲမှာရှိနေတဲ့အညစ်အကျေးတွေမွလာပါတယ်။
အဲဒီတော့မှ ဂွမ်းတုတ်လေးနဲ့ကျပ်ကျပ်ပေးပြီးအညစ်အကျေးတွေနဖာချေးတွေသန့်ရှင်းသွားမှာဖြစ်ပါတယ်။ နားအတွင်းမှာဆီလေးအမြဲစိုနေရမယ်။
နားခြောက်တဲ့လူတွေဆိုရင်အဟုမ်းအဟုမ်းနဲ့ ချောင်းခြောက်တွေဆိုးနေတတ်တာတွေ့ရလိမ့်မယ်။ အသက်ကြီးသူတွေဆိုရင်ချောင်းခြောက်ဆိုးရင် အရမ်းမောပြီးပင်ပန်းနေတတ်တယ်။
ဘာဆေးသောက်သောက်ပျောက်တယ်လို့ကိုမရှိဘူး။ နားထဲကိုဆီထည့်ပေးလိုက်တော့အဆင်ပြေသွားပါတယ်။ အချို့လူတွေခေါင်းခြာခြာလည်အောင်မူးတယ်၊ အကြောင်းရင်ကနားရေချိန်မညီတာ၊ ဆီထည့်ပေးလ်ုက်တော့ပြန်ကောင်းသွားရော။
ဝေဒနာတစ်ခုဖြစ်လာရင် ဖြစ်တဲ့အကြောင်းရင်းကိုရှာသတ်မှ အဲဒီဝေဒနာကပျောက်မှာဖြစ်တယ်။ အကျိုးကိုကုနေရင်ပင်ပန်းရုံပဲရှိမယ်။အကြောင်းရင်းကိုရှာကုမှသဘာဝကျတာဖြစ်တယ်။ နားထဲကိုဆီထည့်ဖို့ အကောင်းဆုံးဆီက သံလွင်ဆီဖြစ်ပါတယ်။
သံလွင်ဆီခက်ခဲရင်အခြားဆီထည့်လို့ရပါတယ်။ ရှေးတုန်းကမြန်မာတွေကတော့ အုန်းပျိုဆီ၊ နှမ်းဆီတွေ တစ်လတစ်ခါထည့်ကြတယ်။ နားမှာ ဆီဆိုတဲ့အတိုင်းနားတွေ ကောင်းကြတယ်။
Crd
နားထဲကို တစ္လတစ္ႀကိမ္ ဘာ့ေၾကာင့္ ဆီ ထည့္ေပးသင့္တာလဲ
တစ္လကိုတစ္ႀကိမ္နားထဲကိုသံလြင္ဆီ အျပည့္ထည့္ေပးပါတယ္။ ၿပီးေတာ့မွဂြမ္းတုတ္ေလးနဲ႔က်ပ္ၿပီး သန္႔ရွင္းေရးလုပ္ေပးရပါတယ္။
နား ကေရေၾကာက္တယ္၊ ဆီ ႀကိဳက္တယ္။ ဒါဆိုနားနဲ႔ပတ္သက္ၿပီးဘာေရာဂါမွမျဖစ္ေတာ့ပါ။ႏွစ္တစ္ရာတိုင္လည္း နားကႏုပ်ိဳဆဲပါတဲ့။ ေရွးေရွးတုန္းကဆို႐ိုး စကားတစ္ခုရွိတယ္။ မ်က္စိမွာရည္၊ နားမွာဆီ၊ ဒႏၲီမွာဆား၊ ဝမ္းမွာခါးတဲ့။
မ်က္စိ ကိုသန္႔ရွင္းေသာေရနဲ႔ေန႔စဥ္သန္႔ရွင္းေရးလုပ္သြားရင္ အသက္တစ္ရာတိုင္ အပ္ေပါက္ထိုးလို႔ရတယ္၊ နားကိုဆီနဲ႔က်ပ္ေပးရင္အသက္တစ္ရာတိုင္ နား ေကာင္းတယ္၊ ခံတြင္းကိုဆားနဲ႔ သန္႔ရွင္းရင္ အသက္တစ္ရာတိုင္ သြား ေကာင္းတယ္၊ အခါး စားေပးရင္ဝမ္းဗိုက္ထဲက ကလီစာေတြ အသက္တစ္ရာတိုင္ေကာင္းတယ္တဲ့။
ဒီေန႔ေတာ့ နားထဲဆီထည့္တဲ့အေၾကာင္းပဲေျပာမယ္။နားေပါက္ကမ်က္လုံးေတြႏွာေခါင္းေတြ အာေခါင္ေတြနဲ႔ဆက္စပ္ေနပါတယ္။
နား ထဲဆီျဖည့္လိုက္တာနဲ႔မ်က္လုံးထဲမွာေအးကနဲခံစားလိုက္ရတယ္။ဒါဟာမ်က္လုံးကိုအေထာက္အကူျပဳတယ္ဆိုတာသက္ေသပဲ။ နားထဲကိုဖုံေတြမႈိေတြပိုးမႊားေတြဝင္ၿပီးနဖာေခ်းျဖစ္ေနတတ္တယ္။
နဖာေခ်းမွာမႈိထပ္တက္ရင္လည္ေခ်ာင္း ယားၿပီးေခ်ာင္းဆိုးေရာဂါျဖစ္လာေရာ။ အဲဒီကေနအသက္ရႉေလႁပြန္ေရာက္သြားရင္ေလႁပြန္ေတြေရာင္ၿပီးရင္က်ပ္လာေရာ။ အဲဒီကေနအဆုတ္ကိုဆက္ဆင္းရင္အဆုတ္ေရာဂါျဖစ္လာေရာ။
ပိုးေတြပါလာရင္ႏွလုံးအထိေရာက္သြားၿပီးေလးဘက္နာႏွလုံးေရာဂါျဖစ္ၿပီး အသက္အႏၲရာယ္အထိေရာက္သြားတတ္တယ္။ ေပါ့ေသးေသးမထင္လိုက္ေလနဲ႔။
ဆိုေတာ့က်ေနာ္တို႔ဟာကိုယ့္နားကိုအၿမဲတန္းသန္႔ရွင္းေပးဖို႔လိုပါတယ္။ နားထဲကိုဆီထည့္ေပးလိုက္တဲ့အခါမွ ာနားထဲမွာရွိေနတဲ့အညစ္အေက်းေတြမြလာပါတယ္။
အဲဒီေတာ့မွ ဂြမ္းတုတ္ေလးနဲ႔က်ပ္က်ပ္ေပးၿပီးအညစ္အေက်းေတြနဖာေခ်းေတြသန္႔ရွင္းသြားမွာျဖစ္ပါတယ္။ နားအတြင္းမွာဆီေလးအၿမဲစိုေနရမယ္။
နားေျခာက္တဲ့လူေတြဆိုရင္အဟုမ္းအဟုမ္းနဲ႔ ေခ်ာင္းေျခာက္ေတြဆိုးေနတတ္တာေတြ႕ရလိမ့္မယ္။ အသက္ႀကီးသူေတြဆိုရင္ေခ်ာင္းေျခာက္ဆိုးရင္ အရမ္းေမာၿပီးပင္ပန္းေနတတ္တယ္။
ဘာေဆးေသာက္ေသာက္ေပ်ာက္တယ္လို႔ကိုမရွိဘူး။ နားထဲကိုဆီထည့္ေပးလိုက္ေတာ့အဆင္ေျပသြားပါတယ္။ အခ်ိဳ႕လူေတြေခါင္းျခာျခာလည္ေအာင္မူးတယ္၊ အေၾကာင္းရင္ကနားေရခ်ိန္မညီတာ၊ ဆီထည့္ေပးလ္ုက္ေတာ့ျပန္ေကာင္းသြားေရာ။
ေဝဒနာတစ္ခုျဖစ္လာရင္ ျဖစ္တဲ့အေၾကာင္းရင္းကိုရွာသတ္မွ အဲဒီေဝဒနာကေပ်ာက္မွာျဖစ္တယ္။ အက်ိဳးကိုကုေနရင္ပင္ပန္း႐ုံပဲရွိမယ္။အေၾကာင္းရင္းကိုရွာကုမွသဘာဝက်တာျဖစ္တယ္။ နားထဲကိုဆီထည့္ဖို႔ အေကာင္းဆုံးဆီက သံလြင္ဆီျဖစ္ပါတယ္။
သံလြင္ဆီခက္ခဲရင္အျခားဆီထည့္လို႔ရပါတယ္။ ေရွးတုန္းကျမန္မာေတြကေတာ့ အုန္းပ်ိဳဆီ၊ ႏွမ္းဆီေတြ တစ္လတစ္ခါထည့္ၾကတယ္။ နားမွာ ဆီဆိုတဲ့အတိုင္းနားေတြ ေကာင္းၾကတယ္။
Crd