နှလုံးရောဂါဖြစ်နေပြီလား ဆိုတာ သိနိုင်မယ့် လက္ခဏာများ

Sharing is caring!

နှလုံးရောဂါဖြစ်နေပြီလား ဆိုတာ သိနိုင်မယ့် လက္ခဏာများ

နှလုံးရောဂါရှိနေပြီလားလို့ ကိုယ့်ကိုယ်ကို သံသယရှိတဲ့အချိန်တွေရှိတတ်ပါတယ်။မောတယ်၊ ရင်ဘတ်အောင့်တယ်(တခါတလေလေထိုးတာဖြစ်နေတတ်တယ်) ဆိုရင် ငါတော့နှလုံးရောဂါဖြစ်နေပါပြီဆိုပြီး

စိတ်ပူနေတတ်တာက ပြဿနာမရှိပေမယ့် တကယ်တမ်းဆေးကုသဖို့လိုအပ်နေတဲ့သူတွေကရောဂါကိုစောစောမသိလို့ အချိန်မီမကုသနိုင်တာမျိုး၊ ရုတ်တရက် နှလုံးရပ်မှသိရတာမျိုးက အန္တရာယ်ကြီးပါတယ်။

နှလုံးရောဂါရှိနေနိုင်တာ ဘယ်လိုသိမလဲ

ဒီလက္ခဏာတွေဖြစ်လာတယ်ဆိုရင် နှလုံးကျန်းမာရေးကို စစ်ဆေးကြည့်ဖို့ အချက်ပြနေတာပါ။

၁-အိပ်ပျော်နေစဉ် အသက်ရှူခေတ္တရပ်တာ (ညအိပ်ချိန် တအားဟောက်တာ)

ကိုယ့်ရဲ့ဟောက်သံကျယ်ကျယ်ထွက်နေတယ်ဆိုတာ အသက်ရှူခေတ္တရပ်တာကြောင့်ပါ။ အဲဒီအချိန်ဆိုရင် ဦးနှောက်ကိုအောက်ဆီဂျင်အလုံအလောက်မရောက်တော့ပါဘူး။

ဒီလိုဖြစ်ရင် သွေးလည်ပတ်စေဖို့ နှလုံးနဲ့သွေးကြောတွေကို ပိုအလုပ်လုပ်စေပါတော့တယ်။ ရလဒ်ကတော့သွေးဖိအားကိုမြင့်စေနိုင်တယ်၊ နှလုံးခုန်စည်းချက် မူမမှန်ဖြစ်စေတယ်၊လေဖြတ်ခြင်းနဲ့

နှလုံးလုပ်ဆောင်ချက်ပျက်စီးခြင်းတု့ိဖြစ်လာနိုင်တဲ့ အန္တရာယ်ရှိပါတယ်။ ဒါပေမယ့် ကံကောင်းတာတစ်ခုက ဟောက်တတ်တဲ့အကျင့်ဆိုတာ ကုသလို့ရပါတယ်။

၂-အနီရောင်သမ်းတဲ့ရည်ကြည်ဖုတွေထွက်တာ

သွေးတွင်းအဆီဓါတ်triglyceride ပမာဏအရမ်းများနေရင် လက်ဆစ်၊ခြေဆစ်နဲ့ တင်ပါးမှာ ရည်ကြည်ဖုလေးတွေဖြစ်လာတဲ့ လက္ခဏာရှိတတ်ပါတယ်။သွေးထဲမှာ ဒီအဆီတွေများနေတဲ့အခါသွေးကြောမာစေတာနဲ့ နှလုံးရောဂါ၊လေဖြတ်ခြင်းအန္တရာယ်တွေပါ စိုးရိမ်ရပါတယ်။

၃-လက်ရဲ့ ဆုပ်ကိုင်နိုင်စွမ်း အားနည်းတာ

လက်ရဲ့ဆုပ်ကိုင်နိုင်အားက နှလုံးကျန်းမာရေးကို တစ်စိတ်တစ်ပိုင်းဖော်ပြနိုင်တာ သင်သိပါသလား။ သုတေသနတွေအရ လက်ရဲ့ဆုပ်ကိုင်နိုင်စွမ်း၊ ဖျစ်ညှစ်နိုင်အားကောင်းတယ်ဆိုရင်

နှလုံးရောဂါအန္တရာယ်နည်းပါတယ်တဲ့။ အရာဝတ္တုတစ်ခုခုကို ဆုပ်ကိုင်နိုင်ဖို့မလွယ်ဘူး၊ လက်မမြဲဘူး၊ မဖျစ်ညှစ်နိုင်ဘူး ဆိုရင် ကိုယ့်မှာပြဿနာတစ်ခုခုရှိနေဖို့ ရာခိုင်နှုန်းများပါတယ်။

၄-လက်သည်းအောက်မှာ အမည်းစက်လေးတွေပေါ်နေတာ

ထိမိခိုက်မိတာလည်း မဟုတ်ဘဲ လက်သည်းမှာ အမည်းစက်လေးတွေပေါ်လာတာကendocarditis လို့ခေါ်တဲ့ နှလုံးနံရံ သို့မဟုတ် အဆို့ရှင်ပိုးဝင်ခြင်းရောဂါဖြစ်နေတာကိုဖော်ပြတာဖြစ်နိုင်ပါတယ်။

ကိုယ့်မှာ ဆီးချိုသွေးချိုရှိနေရင်လည်း ဒီလက္ခဏာဖြစ်တတ်တယ်။ ဆီးချိုရှိနေရင် နှလုံးရောဂါနဲ့လေဖြတ်ခြင်းအန္တရာယ်ဖြစ်နိုင်ခြေ နှစ်ဆပိုများပါတယ်။

၅-ခေါင်းမူးတာ

ခေါင်းမူးတာ(ခေါင်းထဲပေါ့ခနဲဖြစ်သွားတာ)ဟာ ဦးနှောက်ဆီကို နှလုံးကသွေးအလုံအလောက်မပို့နိုင်တာကြောင့်ဖြစ်ပါတယ်။ခေါင်းမူးတာက နှလုံးခုန်စည်းချက်မမှန်ခြင်း(arrhythmia)ရဲ့ လက္ခဏာတစ်ခုဖြစ်ပါတယ်။

နှလုံးကြွက်သားအားနည်းခြင်းကြောင့်လည်း နှလုံးခုန်မမှန်ဖြစ်စေနိုင်ပါတယ်။

၆-အသားအရောင်ပြောင်းလဲတာ

လက်ချောင်း၊ခြေချောင်းတွေပြာနေတာ၊ ညိုလာတာတွေက နှလုံးသွေးကြောကျဉ်း သို့မဟုတ် ပိတ်ဆို့နေတဲ့အတွက် သွေးလည်ပတ်မှုမကောင်း၊ အောက်ဆီဂျင်မလုံလောက်တာကြောင့်ပါ။

ကိုလက်စထရောအဆီချေးတွေ စုလာတဲ့အခါသွေးကြောငယ်တွေထဲမှာ ပိတ်ဆို့လာပြီး ဒီလက္ခဏာဖြစ်စေတာပါ။ လက်ဖဝါး၊ခြေဖဝါးအရေပြားအောက်မှာသွေးယိုသလို အကွက်အပြောက်တွေဖြစ်လာနိုင်ပါတယ်။

၇-အသက်ရှူရအဆင်မပြေတာ

အသက်ရှူမဝတာက နှလုံးကြွက်သားအားနည်းခြင်း၊ နှလုံးခုန်စည်းချက်မူမမှန်ခြင်း၊ နှလုံးလုပ်ဆောင်ချက်ရုတ်တရက်ရပ်ဆိုင်းခြင်း တို့ရဲ့လက္ခဏာဖြစ်နေနိုင်ပါတယ်။

အရင်လုပ်ဆောင်ရအဆင်ပြေနေကျ အလုပ်တွေကို အခုလုပ်တဲ့အခါ အသက်ကို မနည်းလုရှူနေရတာမျိုး ဒါမှမဟုတ် လှဲအိပ်လိုက်ရင် အသက်ရှူရခက်တာမျိုးဆို ဆရာဝန်ပြပါ။

၈-ခြေထောက်အောက်ပိုင်းဖောရောင်တာ

အချိန်ကြာကြာ မတ်တပ်ရပ်နေတဲ့အခါ ဒါမှမဟုတ် ထိုင်နေတဲ့အခါမျိုးမှာခြေထောက်ရောင်လာတတ်သလို ကိုယ်ဝန်ဆောင်ကာလမှာလည်းဖြစ်တတ်ပါတယ်။

ဒီလိုအရည်တွေစုတယ်ဆိုတာ နှလုံးလုပ်ဆောင်ချက်ပျက်ယွင်းတာနဲ့ခြေထောက်မှာသွေးလည်ပတ်မှုမကောင်းရာက အရင်းခံတာပါ။ခြေထောက်ဖောရောင်ခြင်းကခြေထောက်အောက်ပိုင်းကနေ နှလုံးဆီကိုသွေးပြန်မပို့နိုင်အောင် ပိတ်ဆို့မှုရှိနေတာကောင့်ဖြစ်ပါတယ်။

ရုတ်တရက်ခြေထောက်ရောင်လာရင် နောက်ခံအကြောင်းရင်းကိုသိနိုင်ဖို့ ဆရာဝန်ပြသင့်ပါတယ်။

၉-မောဟိုက်ခြင်း

အိပ်ရေးပျက်ထားတာကြောင့် ချည်းပဲမထင်ပါနဲ့။ နှလုံးကြွက်သားအားနည်းရင်လည်း လူကိုပင်ပန်းစေပြီးဒေါင်းသွားစေနိုင်ပါတယ်။ ဒီလက္ခဏာသက်သာသွားချိန်မှာချောင်းဆိုးတာ၊ဖောရောင်တာလိုမျိုး တခြားလက္ခဏာတွေရှိသလား သတိထားကြည့်ပါ။

ကိုယ့်ကိုယ်ကိုချစ်တယ်ဆို ဘယ်လိုလက္ခဏာမျိုးနဲ့မှ မပေါ့ဆပါနဲ့။ ပုံမှန်ထက် ထူးခြားနေတာရှိရင် ဟိုဟာကြောင့်နေမှာပါ၊ ဒီဟာကြောင့်နေမှာပါတွေးပြီး ကိုယ့်ဘာသာမဆုံးဖြတ်ပါနဲ့။

ကျန်းမာရေးစစ်ဆေးပြီးစောစောကုသလေ အန္တရာယ်ဖြစ်နိုင်ခြေနည်းလေပါပဲ။ဖြစ်လေ့ဖြစ်ထရှိတာတွေကိုလေ့လာ၊ ဖတ်ရှု၊ မှတ်သားရင်း ကျန်းမာရေးဗဟုသုတတွေ စုဆောင်းသင့်ပါတယ်။

Crd

ႏွလုံးေရာဂါျဖစ္ေနၿပီလား ဆိုတာ သိႏိုင္မယ့္ လကၡဏာမ်ား

ႏွလုံးေရာဂါရွိေနၿပီလားလို႔ ကိုယ့္ကိုယ္ကို သံသယရွိတဲ့အခ်ိန္ေတြရွိတတ္ပါတယ္။ေမာတယ္၊ ရင္ဘတ္ေအာင့္တယ္(တခါတေလေလထိုးတာျဖစ္ေနတတ္တယ္) ဆိုရင္ ငါေတာ့ႏွလုံးေရာဂါျဖစ္ေနပါၿပီဆိုၿပီး

စိတ္ပူေနတတ္တာက ျပႆနာမရွိေပမယ့္ တကယ္တမ္းေဆးကုသဖို႔လိုအပ္ေနတဲ့သူေတြကေရာဂါကိုေစာေစာမသိလို႔ အခ်ိန္မီမကုသႏိုင္တာမ်ိဳး၊ ႐ုတ္တရက္ ႏွလုံးရပ္မွသိရတာမ်ိဳးက အႏၲရာယ္ႀကီးပါတယ္။

ႏွလုံးေရာဂါရွိေနႏိုင္တာ ဘယ္လိုသိမလဲ

ဒီလကၡဏာေတြျဖစ္လာတယ္ဆိုရင္ ႏွလုံးက်န္းမာေရးကို စစ္ေဆးၾကည့္ဖို႔ အခ်က္ျပေနတာပါ။

၁-အိပ္ေပ်ာ္ေနစဥ္ အသက္ရႉေခတၱရပ္တာ (ညအိပ္ခ်ိန္ တအားေဟာက္တာ)

ကိုယ့္ရဲ႕ေဟာက္သံက်ယ္က်ယ္ထြက္ေနတယ္ဆိုတာ အသက္ရႉေခတၱရပ္တာေၾကာင့္ပါ။ အဲဒီအခ်ိန္ဆိုရင္ ဦးေႏွာက္ကိုေအာက္ဆီဂ်င္အလုံအေလာက္မေရာက္ေတာ့ပါဘူး။

ဒီလိုျဖစ္ရင္ ေသြးလည္ပတ္ေစဖို႔ ႏွလုံးနဲ႔ေသြးေၾကာေတြကို ပိုအလုပ္လုပ္ေစပါေတာ့တယ္။ ရလဒ္ကေတာ့ေသြးဖိအားကိုျမင့္ေစႏိုင္တယ္၊ ႏွလုံးခုန္စည္းခ်က္ မူမမွန္ျဖစ္ေစတယ္၊ေလျဖတ္ျခင္းနဲ႔

ႏွလုံးလုပ္ေဆာင္ခ်က္ပ်က္စီးျခင္းတု႔ိျဖစ္လာႏိုင္တဲ့ အႏၲရာယ္ရွိပါတယ္။ ဒါေပမယ့္ ကံေကာင္းတာတစ္ခုက ေဟာက္တတ္တဲ့အက်င့္ဆိုတာ ကုသလို႔ရပါတယ္။

၂-အနီေရာင္သမ္းတဲ့ရည္ၾကည္ဖုေတြထြက္တာ

ေသြးတြင္းအဆီဓါတ္triglyceride ပမာဏအရမ္းမ်ားေနရင္ လက္ဆစ္၊ေျခဆစ္နဲ႔ တင္ပါးမွာ ရည္ၾကည္ဖုေလးေတြျဖစ္လာတဲ့ လကၡဏာရွိတတ္ပါတယ္။ေသြးထဲမွာ ဒီအဆီေတြမ်ားေနတဲ့အခါေသြးေၾကာမာေစတာနဲ႔ ႏွလုံးေရာဂါ၊ေလျဖတ္ျခင္းအႏၲရာယ္ေတြပါ စိုးရိမ္ရပါတယ္။

၃-လက္ရဲ႕ ဆုပ္ကိုင္ႏိုင္စြမ္း အားနည္းတာ

လက္ရဲ႕ဆုပ္ကိုင္ႏိုင္အားက ႏွလုံးက်န္းမာေရးကို တစ္စိတ္တစ္ပိုင္းေဖာ္ျပႏိုင္တာ သင္သိပါသလား။ သုေတသနေတြအရ လက္ရဲ႕ဆုပ္ကိုင္ႏိုင္စြမ္း၊ ဖ်စ္ညႇစ္ႏိုင္အားေကာင္းတယ္ဆိုရင္

ႏွလုံးေရာဂါအႏၲရာယ္နည္းပါတယ္တဲ့။ အရာဝတၱဳတစ္ခုခုကို ဆုပ္ကိုင္ႏိုင္ဖို႔မလြယ္ဘူး၊ လက္မၿမဲဘူး၊ မဖ်စ္ညႇစ္ႏိုင္ဘူး ဆိုရင္ ကိုယ့္မွာျပႆနာတစ္ခုခုရွိေနဖို႔ ရာခိုင္ႏႈန္းမ်ားပါတယ္။

၄-လက္သည္းေအာက္မွာ အမည္းစက္ေလးေတြေပၚေနတာ

ထိမိခိုက္မိတာလည္း မဟုတ္ဘဲ လက္သည္းမွာ အမည္းစက္ေလးေတြေပၚလာတာကendocarditis လို႔ေခၚတဲ့ ႏွလုံးနံရံ သို႔မဟုတ္ အဆို႔ရွင္ပိုးဝင္ျခင္းေရာဂါျဖစ္ေနတာကိုေဖာ္ျပတာျဖစ္ႏိုင္ပါတယ္။

ကိုယ့္မွာ ဆီးခ်ိဳေသြးခ်ိဳရွိေနရင္လည္း ဒီလကၡဏာျဖစ္တတ္တယ္။ ဆီးခ်ိဳရွိေနရင္ ႏွလုံးေရာဂါနဲ႔ေလျဖတ္ျခင္းအႏၲရာယ္ျဖစ္ႏိုင္ေျခ ႏွစ္ဆပိုမ်ားပါတယ္။

၅-ေခါင္းမူးတာ

ေခါင္းမူးတာ(ေခါင္းထဲေပါ့ခနဲျဖစ္သြားတာ)ဟာ ဦးေႏွာက္ဆီကို ႏွလုံးကေသြးအလုံအေလာက္မပို႔ႏိုင္တာေၾကာင့္ျဖစ္ပါတယ္။ေခါင္းမူးတာက ႏွလုံးခုန္စည္းခ်က္မမွန္ျခင္း(arrhythmia)ရဲ႕ လကၡဏာတစ္ခုျဖစ္ပါတယ္။

ႏွလုံးႂကြက္သားအားနည္းျခင္းေၾကာင့္လည္း ႏွလုံးခုန္မမွန္ျဖစ္ေစႏိုင္ပါတယ္။

၆-အသားအေရာင္ေျပာင္းလဲတာ

လက္ေခ်ာင္း၊ေျခေခ်ာင္းေတြျပာေနတာ၊ ညိဳလာတာေတြက ႏွလုံးေသြးေၾကာက်ဥ္း သို႔မဟုတ္ ပိတ္ဆို႔ေနတဲ့အတြက္ ေသြးလည္ပတ္မႈမေကာင္း၊ ေအာက္ဆီဂ်င္မလုံေလာက္တာေၾကာင့္ပါ။

ကိုလက္စထေရာအဆီေခ်းေတြ စုလာတဲ့အခါေသြးေၾကာငယ္ေတြထဲမွာ ပိတ္ဆို႔လာၿပီး ဒီလကၡဏာျဖစ္ေစတာပါ။ လက္ဖဝါး၊ေျခဖဝါးအေရျပားေအာက္မွာေသြးယိုသလို အကြက္အေျပာက္ေတြျဖစ္လာႏိုင္ပါတယ္။

၇-အသက္ရႉရအဆင္မေျပတာ

အသက္ရႉမဝတာက ႏွလုံးႂကြက္သားအားနည္းျခင္း၊ ႏွလုံးခုန္စည္းခ်က္မူမမွန္ျခင္း၊ ႏွလုံးလုပ္ေဆာင္ခ်က္႐ုတ္တရက္ရပ္ဆိုင္းျခင္း တို႔ရဲ႕လကၡဏာျဖစ္ေနႏိုင္ပါတယ္။

အရင္လုပ္ေဆာင္ရအဆင္ေျပေနက် အလုပ္ေတြကို အခုလုပ္တဲ့အခါ အသက္ကို မနည္းလုရႉေနရတာမ်ိဳး ဒါမွမဟုတ္ လွဲအိပ္လိုက္ရင္ အသက္ရႉရခက္တာမ်ိဳးဆို ဆရာဝန္ျပပါ။

၈-ေျခေထာက္ေအာက္ပိုင္းေဖာေရာင္တာ

အခ်ိန္ၾကာၾကာ မတ္တပ္ရပ္ေနတဲ့အခါ ဒါမွမဟုတ္ ထိုင္ေနတဲ့အခါမ်ိဳးမွာေျခေထာက္ေရာင္လာတတ္သလို ကိုယ္ဝန္ေဆာင္ကာလမွာလည္းျဖစ္တတ္ပါတယ္။

ဒီလိုအရည္ေတြစုတယ္ဆိုတာ ႏွလုံးလုပ္ေဆာင္ခ်က္ပ်က္ယြင္းတာနဲ႔ေျခေထာက္မွာေသြးလည္ပတ္မႈမေကာင္းရာက အရင္းခံတာပါ။ေျခေထာက္ေဖာေရာင္ျခင္းကေျခေထာက္ေအာက္ပိုင္းကေန ႏွလုံးဆီကိုေသြးျပန္မပို႔ႏိုင္ေအာင္ ပိတ္ဆို႔မႈရွိေနတာေကာင့္ျဖစ္ပါတယ္။

႐ုတ္တရက္ေျခေထာက္ေရာင္လာရင္ ေနာက္ခံအေၾကာင္းရင္းကိုသိႏိုင္ဖို႔ ဆရာဝန္ျပသင့္ပါတယ္။

၉-ေမာဟိုက္ျခင္း

အိပ္ေရးပ်က္ထားတာေၾကာင့္ ခ်ည္းပဲမထင္ပါနဲ႔။ ႏွလုံးႂကြက္သားအားနည္းရင္လည္း လူကိုပင္ပန္းေစၿပီးေဒါင္းသြားေစႏိုင္ပါတယ္။ ဒီလကၡဏာသက္သာသြားခ်ိန္မွာေခ်ာင္းဆိုးတာ၊ေဖာေရာင္တာလိုမ်ိဳး တျခားလကၡဏာေတြရွိသလား သတိထားၾကည့္ပါ။

ကိုယ့္ကိုယ္ကိုခ်စ္တယ္ဆို ဘယ္လိုလကၡဏာမ်ိဳးနဲ႔မွ မေပါ့ဆပါနဲ႔။ ပုံမွန္ထက္ ထူးျခားေနတာရွိရင္ ဟိုဟာေၾကာင့္ေနမွာပါ၊ ဒီဟာေၾကာင့္ေနမွာပါေတြးၿပီး ကိုယ့္ဘာသာမဆုံးျဖတ္ပါနဲ႔။

က်န္းမာေရးစစ္ေဆးၿပီးေစာေစာကုသေလ အႏၲရာယ္ျဖစ္ႏိုင္ေျခနည္းေလပါပဲ။ျဖစ္ေလ့ျဖစ္ထရွိတာေတြကိုေလ့လာ၊ ဖတ္ရႈ၊ မွတ္သားရင္း က်န္းမာေရးဗဟုသုတေတြ စုေဆာင္းသင့္ပါတယ္။

Crd

Add a Comment

Your email address will not be published.