ASANI မုန်တိုင်း ဖြတ်သန်းသွားမယ့် မြို့နယ်များ စာရင်း
|ဒီနေ့ည (၂၁ ည) ကနေစမယ့် တဖြည်းဖြည်းချင်းလေပြင်းလာမယ့် အနေအထားကနေ မနက်ဖြန်နေ့လည်ပိုင်း ရန်ကုန်မှာ 30 knots wind gust ရှိမယ့် အနေအထားပါ… ( 30 knots = 55.6 km/hr)
ဧရာဝတီတိုင်း ကမ်းခြေမြေနိမ့်ပိုင်းဘက်တွေမှာတော့ ပိုပြင်းမှာပါ… Navigators တွေအတွက်တော့ 30 knots ဆိုတာက စားကောင်းအိပ်ပျော်ရုံလေးပဲရှိသေးတယ်ဆိုပေမယ့် အခုဟာက သင်္ဘောပေါ်မှာမဟုတ်တာကို သတိရကြပါ…။
သင်္ဘောမှာက extreme weather conditions တွေအတွက် အရာရာကို စဉ်းစားပြီးတည်ဆောက်ထားတာပါ… IMD ခန့်မှန်းချက်အတိုင်း ဒီနေ့(မတ်လ ၂၁ ရက်) ညနေ ၆ နာရီခွဲမှာ ဆိုင်ကလုန်းမုန်တိုင်း ASANI အဆင့်ကို ရောက်လာနိုင်ဘွယ်ရှိတာကလဲ
သေချာသလောက်ရှိပြီဆိုတော့ ..မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်း ပြင်စလူကို ဦးတည်ပြီး ကုန်းတွင်းကို ဖြတ်ကျော်ဝင်ရောက်မယ်ဆိုရင် ဧရာဝတီတိုင်းတောင်ပိုင်း၊ ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်းဒေသအချို့မှာ
လေပြင်းတိုက်ခတ်တာနဲ့ မိုးကြီးတာတွေ ဒီနေ့ညမှာ စတင်ကြုံတွေ့ရနိုင်ပါမယ်။
လေပြင်းတိုက်ခတ်ချိန်မှာတော့ တစ်နာရီ မိုင် ၄၀ မှ ၅၀ လောက်အထိရှိနိုင်ပြီး မိုးသည်းထန်နိုင်တာ၊ သစ်ပင်/ဓါတ်တိုင်တွေ လဲပြိုတာ ရှိနိုင်ပါမယ်။
23/03/2022 နေ့တွင် အာစနီ မုန်တိုင်းမိုးက မကွေးတိုင်း သရက်ခရိုင် မကွေးမင်းဘူး မင်းလှ ဆင်ဘောင်ဝဲ မိချောင်းရဲ ပြည် ပေါက်ခေါင်း ဝက်ထီးကန် အောင်လံ ဆပ်သွား တောင်တွင်းကြီး မိုးဆွေ လဲဝင်း တောင်ညို ပိန္နဲပေါက် မအူလေးပင် ကျွဲရှဥ်း မင်းကုန်း ဝက်စု
ဘုရားကုန်း ဘူးကွဲ လမ်းသပြေကုန်း နေပြည်တော် ပျဥ်းမနား ရေဆင်း တပ်ကုန်း မိုးတွေရွာနိုင်ပြီး သရက်ခရိုင် ဖဖဧရာဝတီမြစ်အတွင်းစီးဝင်သောမြစ်ချောင်းများရခိုင်ရိုးမပေါ်မိုးကြီးနိုင်သဖြင့် တောင်ကျရေများအရှိန်အုန်ဖြင့်စီးဆင်းလာနိုင်ပါတယ်
မင်းတုန်းချောင်းရေသတိပြုပါ
ပြည်သူ့အချစ်တော်လေး
ခန့်မှန်းချိန် 20/03/2022 @6:12AM(MMT)
Su Su San
Zawgyi Version
ပြည်သူ့အချစ်တော်လေး
Su Su San