သင့်အိမ်က သရက်ပင် အသီးမတင်တာ ဘာ့ကြောင့်လဲ

Sharing is caring!

၂၀၁၅-၁၆ ခုနှစ် သရက်သီး ရာသီ အတွင်း သရက်ပင် အများစုမှာ ပန်း များစွာ ပွင့်ကြတာကို တွေ့ခဲ့ရ ပါတယ်။ သို့သော် အချို့အပင်တွေမှာ ပန်းခိုင် များက ပန်းပွင့် လာပေမယ့် အသီး မတင်လာ တာတွေ၊ ပန်းခိုင်များ ခြောက်သွား တာတွေကို တွေ့ရ

ပါတယ်။ ဘာ့ကြောင့် ဖြစ်ရတာလည်း ဆိုတာ ရှင်းပြပေး စေလိုပါတယ်။သရက် ပန်းခိုင် များမှ ပန်းများ ပွင့်လာ ပြီးနောက် အသီး မတင်တာ၊ အချို့ပန်းခိုင် များဟာ အသီး မတင်လာဘဲ ခြောက်သွားရတဲ့အကြောင်းရင်း များစွာ ရှိပါတယ်။ ရောဂါ ကျရောက်လို့ ဖြစ်လာ

ရတာ၊ ဇီ၀ကမ္မ ဖောက်ပြန်မှု များကြောင့် ဖြစ်လာရတာနဲ့ ပန်းခိုင်ထွက် စဉ်ကာလမှာ ဖြစ်ပေါ်နေတဲ့ ရာသီဥတုကြောင့် ဖြစ်လာရတာ တွေဆိုပြီး တွေ့ရပါတယ်။

(၁) ပထမ အနေနဲ့ (Anthracnose) လို့ခေါ်တဲ့ ပန်းခိုင်ခြောက် စေတဲ့ သရက်ကိုင်း များမှာလည်း ခြောက်ပြီး သေစေတဲ့ ရောဂါကျရောက်လို့ ဖြစ်ပါတယ်။ Collectotrichum gloeosporioides လို့ခေါ်တဲ့ မှိုကြောင့် ဖြစ်ရတာပါ။ ပန်းပွင့် များမှာ ညီညာမှု မရှိ

တဲ့အနက်ရောင် အကွက်ငယ်များ ဖြစ်လာပြီး အပွင့်များ ကြွေကျသွား စေသလို အသီးမတင်ဘဲ ပန်းခိုင်များလည်း ခြောက်သေသွားစေနိုင်ပါတယ်။ ပန်းခိုင်ထွက်လာပြီး သင့်တော်တဲ့ မှိုသတ်ဆေးများ ပက်ဖျန်း ကာကွယ်ရန် လိုပါတယ်၊

(၂) ပန်းခိုင်များ ခြောက်သွား စေနိုင်တဲ့ နောက်ရောဂါ တစ်မျိုးကတော့Bacterial Black Blight လို့ ခေါ်တဲ့ ရောဂါပါ။ Pseu-domonas syringae ဘက်တီးရီးယား ကြောင့်ဖြစ်ပြီး ယနေ့ထိ ကာကွယ်နည်း မရှိ သေးပါ။ ပန်းပွင့်များ အရောင်ပြောင်း လာစေပြီး

ခြောက်သေသွား စေနိုင်ပါတယ်။ ဒီရောဂါဖြစ်ရင် Anthrac-nose ရောဂါထက် တစ်သျှူးသေမှု ပိုဖြစ်စေပါတယ်။

(၃) ပန်းခိုင်မှာ ဖားဥ မှိုရောဂါ (Powdery mildew) လို့ခေါ်တဲ့ Oidium spp. မှိုကျရောက်ခြင်း ကြောင့်လည်း ပန်းခိုင်များ ပုံမှန်မကြီးထွား လာဘဲ အသီး မတင်နိုင်တာ ဖြစ်စေပါတယ်။ အထူးသဖြင့် စိုထိုင်းဆများ နေကာ ရာသီဥတု အေးပြီး ခြောက်သွေ့နေပါက

ဒီရောဂါကျ ရောက်လာနိုင် ပါတယ်။ ရောဂါကျ ရောက်တာကို စတွေ့တာနဲ့ သင့်တော်တဲ့ မှိုသတ်ဆေးကို ပက်ဖျန်း ကာကွယ်နိုင်ပါတယ်။

(၄) ပန်းခိုင်များ ခြောက်သေ သွားနိုင်တဲ့ နောက်အချက် တစ်ခုကတော့ ပန်းခိုင် ထွက်ချိန်မှာ ရာသီဥတု ပိုမိုအေးလာခဲ့ရင်၊ ရေခဲမှတ်လောက်ထိများ ရောက်သွားခဲ့ရင် လည်း ပန်းခိုင်များခြောက်ပြီး သေသွားတတ် ပါသေးတယ်။ ယခုနှစ်သရက်ပင် ပန်းခိုင် ထွက်ပန်း

ပွင့်ချိန်မှာ အအေးဓာတ်ကြောင့် ပန်းခိုင်များ ခြောက်သေသွားရတာ ဖြစ်ပါတယ်။ ပန်းခိုင်ထွက်လာချိန်မှာ အအေး ဓာတ်များနေခဲ့ပါက ထွက်လာတဲ့ ပန်းခိုင် များကို ဖြတ်ခြွေပေးလိုက်ပါ။ ရာသီပြန် လည်ကောင်းလာပါက ပန်းခိုင်ထပ်မံထွက် လာစေမှာဖြစ်ပါတယ်။

(၅) ပန်းခိုင်ထွက် ပန်းပွင့်ပြီး အသီး မတင်နိုင်တဲ့ အခြေအနေကို ဖြစ်လာစေနိုင်တာ နောက်တစ်မျိုးကတော့ ပန်းပွင့်နေစဉ် အပူချိန်မြင့်မား လာခြင်းကြောင့် ဖြစ်ပါတယ်။ ယခင်ဆွေးနွေးခဲ့စဉ်က ပြောခဲ့သလို ပန်းပွင့်များ ၀တ်မှုန်ကူးပြီး သန္ဓေအောင်စေကာ အသီး

တင်လာစေရန် အတွက် သရက် သီးမျိုးအလိုက်မြင့်မားတဲ့အပူချိန်ကို ခံနိုင် ရည်ရှိမှု မတူကြပါ။ အပူဒဏ်မခံနိုင်တဲ့ သရက်မျိုးတွေမှာပန်းပွင့်စဉ် အပူချိန်မြင့် မားနေမှုကြောင့် ၀တ်မှုန်ကူး၊ သန္ဓေအောင်မှု မရှိနိုင်တော့တဲ့အတွက် အသီးမတင်ရခြင်း ဖြစ်စေပါတယ်။

(၆) အပင်ရဲ့ ဇီ၀ကမ္မ ဖောက်ပြန်မှု ကြောင့်လည်း သရက်ပန်းခိုင် ပုံမှန် မဖြစ်လာဘဲ အသီးမသီးနိုင်တာလည်း ဖြစ်နိုင်ပါတယ်။ မြန်မာလို သရက်ပင်မူမမှန်ကြီးထွား ဖွံ့ဖြိုးမှု (Mango Malformation) လို့ခေါ်နိုင်မယ် ထင်ပါတယ်။ အပင်ပိုင်း အကိုင်းအရွက် များမှာ

လည်းဖြစ်နိုင်သလို ပန်းခိုင်များမှာ လည်းဖြစ်စေနိုင်ပါတယ်။ သရက်ပန်းခိုင် ရိုးတံများဖြစ်တဲ့ ပန်းခိုင်ပထမကိုင်း၊ ပန်းခိုင်ဒုတိယကိုင်းနဲ့ တစ်ပွင့်ချင်းရှိအပွင့်ရိုး တံများဟာ သာမန်ထက်တိုနေကြပြီး တုတ်နေတတ်ပါတယ်။ အကိုင်းဖြာမှုများနေပြီး ပန်းခိုင်များဟာ အစိမ်း

ရောင်ဖြစ်နေ တတ်ပါတယ်။ ပန်းခိုင်မှာ ပန်းပွင့်များစွာပါ နေကြပါတယ်။ အများအားဖြင့် အဖိုပွင့်များ ဖြစ်နေကြကာ လိင်စုံပွင့်အထူးနည်းပါးနေပြီး ပန်းပွင့်မလာနိုင်ကြတာများပါတယ်။ အကိုင်းတစ်ခုတည်းမှထွက်လာတဲ့ ပန်းခိုင် တစ်ခုတည်းမှာပင် ပုံမှန်ပန်းခိုင်ရော

မူမမှန် တဲ့ပန်းခိုင်ရော အတူရှိနေနိုင်တာကိုလည်း တွေ့ရပါတယ်။ ပန်းပွင့် များဟာ အသီးမ တင်နိုင်ဘဲ မဲခြောက်သေသွား တတ်ပါတယ်။ အပင် ဇီ၀ကမ္မ ဖောက်ပြန်မှုကြောင့် ဖြစ်လာရမှုဖြစ်ကာ ဖြစ်လာရတဲ့ အကြောင်းရင်းကို တိတိကျကျမ ဖော်ထုတ်နိုင်ကြသေးပါ။

(၇) သရက် ပင်များ ပန်းခိုင်ထွက်ပန်း ပွင့်ကာ အသီးမတင်နိုင်တဲ့အခြားအ ကြောင်းများလည်းရှိကြပါတယ်။ ဥပမာ- ပန်းပွင့်စဉ် မြေတွင်း အစိုဓာတ် မလုံလောက်မှု၊ အစာအာဟာရဓာတ်များ ချို့တဲ့နေမှု၊ ပန်းပွင့်နေစဉ် ၀တ်မှုန်ကူးပေးမည့်ပျား၊ ယင်စသည့် အင်း

ဆက်ပိုး များနည်းပါးနေမှု၊ လေပြင်းတိုက်ခတ်မှု စတဲ့အချက်များ ကြောင့်လည်း အသီးမတင်နိုင်ကြတာကို တွေ့ရနိုင်ပါတယ်။ ဒီနေရာမှာ သတိထားရ မှာက ပန်းခိုင်ထွက်ပန်းပွင့်ပြီး အသီးကင်း စတင်လာပြီးနောက်ပိုင်း အသီးတွေ ကြွေ ကျကုန်လို့ အသီး မတင်

တာနဲ့ မရောမိစေ ဖို့လိုပါတယ်။အသီးကင်း၀င်ပြီးနောက်ပိုင်း သရက် သီးများမမှည့်မီအဆင့်ထိ သရက်သီးများ ကြွေကျ သွားရတဲ့ အခြေအနေ တွေကိုလည်း တစ်ဆက်တည်းရှင်းပြပေးစေလိုပါတယ်။

သရက်ပင်များ ပန်းခိုင်ထွက်ပန်းပွင့် လာကာ အသီးတင်လာပြီးနောက်ပိုင်း အသီး များ ဆက်လက်ကြီးထွားဖွံ့ဖြိုးနေစဉ် အသီး ရင့်မှည်လာသည့်ကာလအတွင်းမှာလည်း သရက်သီးများ အကြောင်း အမျိုးမျိုးကြောင့် အသီးများ ကြွေကျ သွားတတ်ပါတယ်။ အများ

အားဖြင့် သရက်ပန်းခိုင် တစ်ခိုင်မှာ ပါတဲ့ လိင်စုံပွင့်များရဲ့ သုည ဒသမ ၆ မှ ၃ ဒသမ ၁ ရာခိုင်နှုန်းခန့်သာ အသီးရင့် မှည့်ခူး ဆွတ်နိုင်ကြပါတယ်။ သရက်မျိုး အလိုက် ကွာခြားမှုရှိကြသော်လည်း သရက် မျိုးအများစုမှာ သရက်သီးကင်းဖြစ်လာပြီးနောက် ၈၀ ရာခိုင်နှုန်း

ခန့်ကြွေကျသွားလေ့ ရှိကြပါတယ်။ သရက်မျိုးအများစုမှာ ပန်း ခိုင်တစ်ခိုင်မှာ ရင့်မှည့်တဲ့အသီးတစ်သီး သာကျန်နေလေ့ရှိပြီး အချို့သရက်မျိုးများ မှာ ပန်းခိုင်တစ်ခိုင်မှာရင့်မှည့်တဲ့သရက်သီး နှစ်လုံး သို့မဟုတ် ပိုပြီးကျန်ရှိပါတယ်။ အချို့သရက်မျိုး များမှာမူ ၀တ်မှုန်ကူး၊

သန္ဓေ အောင်ထားတဲ့အသီးကင်း ၁၅၀ မှာ တစ်လုံးသာ ရင့်မှည့်ချိန်မှာ ကျန်နေ တတ်ပါတယ်။

အသီးအရွယ် မရင့်သေးမီ အသီးကြီး ထွားမှုအဆင့်တိုင်းမှာ သရက်မျိုးတိုင်း အသီးကြွေကျ ပါတယ်။ အသီးအများဆုံး ကြွေကျေမှုကိုတော့ ၀တ်မှုန်ကူးပြီးနောက် ရက်သတ္တ သုံးပတ်မှ လေးပတ်သားမှာတွေ့ ရပါတယ်။ စောစွာ အသီးကြွေမှု အများဆုံးဖြစ်ရခြင်းရဲ့

အကြောင်းရင်းများကတော့ ၀တ်မှုန်ကူးမှုမရှိခြင်း၊ မိမိ၀တ်မှုန်နဲ့ သဟ ဇာတမဖြစ်ခြင်း (self-incompatibility)၊သန္ဓေမ အောင်ခြင်း၊အသီးငယ်များအချင်း ချင်း အစာအပြိုင် စားသုံးကြခြင်း (competition among developing fruit)၊ ပိုးနှင့် ရောဂါ များကျ

ရောက်ဖျက်ဆီးခြင်း၊ အစိုဓာတ် လုံလောက်မှုမရှိခြင်း (ရေငတ်ခြင်း) ကြောင့် အပင်တွင်းအစာအာဟာရနဲ့ ဟော်မုန်းများ မညီမျှမှုစသည်တို့ကြောင့်ဖြစ်ပါတယ်။

ဒုတိယအကြိမ် အသီးကြွေမှု များတဲ့ ကာလကတော့ သန္ဓေ အောင်မြင်ကာ အသီးတင် ပြီးနောက် ရက် ၆၀-၇၀၊ အသီး ကြီးထွားမှုအလယျပိုငျး ကာလမှာ ဖွစျပွီး တတိယ အကွိမျ အသီးေ<ကမှုကိုတော့ အသီးမခူး ဆှတျမီ ကာလ ကွှကေမြှုတို့ ဖွစျပါတယျ။ ဒုတိယ နဲ့ တတိယအကြိမ် အသီးကြွေကျမှု ပမာဏ များမှာ ပထမအကြိမ် အသီးကြွေမှုလောက် မများပါ။ သုတေသီများဟာ အသီးကြွေမှုများမှသက်သာစေရန် နည်းလမ်းများ အဖြစ် (၁) ပိုးနှင့် မှိုသတ်ဆေးများ ပက်ဖျန်း ကာကွယ်ပေးခြင်း၊ (၂) ရေသွင်းပေးခြင်း၊ (၃)

လိုအပ်သည့် အစာ အာဟာရများ ကြွေးခြင်း၊ (၄) အပင်ဟော်မုန် များကို အသုံးပြု ကြခြင်းနှင့် (၅) ၀တ်မှုန်ကူးမှု ကောင်းမွန် လာစေရန် ပျားများ၊ ယင်များ မွေးမြူ ကူညီပေးခြင်းများကို ဆောင်ရွက်ပေးကြပါတယ်။

အသီး ကြီးထွားနေစဉ် ဖြစ်ပေါ်လာတဲ့ လေပြင်းတိုက်ခြင်း၊ မိုးသီးကျခြင်း၊ မုန်တိုင်း တိုက်ခတ်ခြင်း၊ မိုးအုံ့မှိုင်း နေကာ နေသာမှု နည်းပါးုခြင်း စတဲ့ ရာသီဥတု အခြေအနေ များကြောင့်လည်း အသီးများ ကြွေကျ နိုင်ပါတယ်။ အသီးကြွေမှု နည်းပါး သက်သာ စေရန်

အတွက်သရက်မျိုး အလိုက်၊ စိုက်ပျိုးရာ ဒေသအလိုက် သင့်တော် ကိုက်ညီတဲ့ စိုက်ပျိုး ပြုစုနည်း စနစ်များကို အသုံးပြု ဆောင်ရွက် ကြရန်ဖြစ်ပါတယ်။

credit

– ဒေါက်တာ (စိန်လှဗိုလ်)

Zawgyi Version

၂၀၁၅-၁၆ ခုႏွစ္ သရက္သီး ရာသီ အတြင္း သရက္ပင္ အမ်ားစုမွာ ပန္း မ်ားစြာ ပြင့္ၾကတာကို ေတြ႕ခဲ့ရ ပါတယ္။ သို႔ေသာ္ အခ်ိဳ႕အပင္ေတြမွာ ပန္းခိုင္ မ်ားက ပန္းပြင့္ လာေပမယ့္ အသီး မတင္လာ တာေတြ၊ ပန္းခိုင္မ်ား ေျခာက္သြား တာေတြကို ေတြ႕ရ

ပါတယ္။ ဘာ့ေၾကာင့္ ျဖစ္ရတာလည္း ဆိုတာ ရွင္းျပေပး ေစလိုပါတယ္။သရက္ ပန္းခိုင္ မ်ားမွ ပန္းမ်ား ပြင့္လာ ၿပီးေနာက္ အသီး မတင္တာ၊ အခ်ိဳ႕ပန္းခိုင္ မ်ားဟာ အသီး မတင္လာဘဲ ေျခာက္သြားရတဲ့အေၾကာင္းရင္း မ်ားစြာ ရွိပါတယ္။ ေရာဂါ က်ေရာက္လို႔ ျဖစ္လာ

ရတာ၊ ဇီ၀ကမၼ ေဖာက္ျပန္မႈ မ်ားေၾကာင့္ ျဖစ္လာရတာနဲ႔ ပန္းခိုင္ထြက္ စဥ္ကာလမွာ ျဖစ္ေပၚေနတဲ့ ရာသီဥတုေၾကာင့္ ျဖစ္လာရတာ ေတြဆိုၿပီး ေတြ႕ရပါတယ္။

(၁) ပထမ အေနနဲ႔ (Anthracnose) လို႔ေခၚတဲ့ ပန္းခိုင္ေျခာက္ ေစတဲ့ သရက္ကိုင္း မ်ားမွာလည္း ေျခာက္ၿပီး ေသေစတဲ့ ေရာဂါက်ေရာက္လို႔ ျဖစ္ပါတယ္။ Collectotrichum gloeosporioides လို႔ေခၚတဲ့ မႈိေၾကာင့္ ျဖစ္ရတာပါ။ ပန္းပြင့္ မ်ားမွာ ညီညာမႈ မရွိ

တဲ့အနက္ေရာင္ အကြက္ငယ္မ်ား ျဖစ္လာၿပီး အပြင့္မ်ား ေႂကြက်သြား ေစသလို အသီးမတင္ဘဲ ပန္းခိုင္မ်ားလည္း ေျခာက္ေသသြားေစႏိုင္ပါတယ္။ ပန္းခိုင္ထြက္လာၿပီး သင့္ေတာ္တဲ့ မႈိသတ္ေဆးမ်ား ပက္ဖ်န္း ကာကြယ္ရန္ လိုပါတယ္၊

(၂) ပန္းခိုင္မ်ား ေျခာက္သြား ေစႏိုင္တဲ့ ေနာက္ေရာဂါ တစ္မ်ိဳးကေတာ့Bacterial Black Blight လို႔ ေခၚတဲ့ ေရာဂါပါ။ Pseu-domonas syringae ဘက္တီးရီးယား ေၾကာင့္ျဖစ္ၿပီး ယေန႔ထိ ကာကြယ္နည္း မရွိ ေသးပါ။ ပန္းပြင့္မ်ား အေရာင္ေျပာင္း လာေစၿပီး

ေျခာက္ေသသြား ေစႏိုင္ပါတယ္။ ဒီေရာဂါျဖစ္ရင္ Anthrac-nose ေရာဂါထက္ တစ္သွ်ဴးေသမႈ ပိုျဖစ္ေစပါတယ္။

(၃) ပန္းခိုင္မွာ ဖားဥ မႈိေရာဂါ (Powdery mildew) လို႔ေခၚတဲ့ Oidium spp. မႈိက်ေရာက္ျခင္း ေၾကာင့္လည္း ပန္းခိုင္မ်ား ပုံမွန္မႀကီးထြား လာဘဲ အသီး မတင္ႏိုင္တာ ျဖစ္ေစပါတယ္။ အထူးသျဖင့္ စိုထိုင္းဆမ်ား ေနကာ ရာသီဥတု ေအးၿပီး ေျခာက္ေသြ႕ေနပါက

ဒီေရာဂါက် ေရာက္လာႏိုင္ ပါတယ္။ ေရာဂါက် ေရာက္တာကို စေတြ႕တာနဲ႔ သင့္ေတာ္တဲ့ မႈိသတ္ေဆးကို ပက္ဖ်န္း ကာကြယ္ႏိုင္ပါတယ္။

(၄) ပန္းခိုင္မ်ား ေျခာက္ေသ သြားႏိုင္တဲ့ ေနာက္အခ်က္ တစ္ခုကေတာ့ ပန္းခိုင္ ထြက္ခ်ိန္မွာ ရာသီဥတု ပိုမိုေအးလာခဲ့ရင္၊ ေရခဲမွတ္ေလာက္ထိမ်ား ေရာက္သြားခဲ့ရင္ လည္း ပန္းခိုင္မ်ားေျခာက္ၿပီး ေသသြားတတ္ ပါေသးတယ္။ ယခုႏွစ္သရက္ပင္ ပန္းခိုင္ ထြက္ပန္း

ပြင့္ခ်ိန္မွာ အေအးဓာတ္ေၾကာင့္ ပန္းခိုင္မ်ား ေျခာက္ေသသြားရတာ ျဖစ္ပါတယ္။ ပန္းခိုင္ထြက္လာခ်ိန္မွာ အေအး ဓာတ္မ်ားေနခဲ့ပါက ထြက္လာတဲ့ ပန္းခိုင္ မ်ားကို ျဖတ္ေႁခြေပးလိုက္ပါ။ ရာသီျပန္ လည္ေကာင္းလာပါက ပန္းခိုင္ထပ္မံထြက္ လာေစမွာျဖစ္ပါတယ္။

(၅) ပန္းခိုင္ထြက္ ပန္းပြင့္ၿပီး အသီး မတင္ႏိုင္တဲ့ အေျခအေနကို ျဖစ္လာေစႏိုင္တာ ေနာက္တစ္မ်ိဳးကေတာ့ ပန္းပြင့္ေနစဥ္ အပူခ်ိန္ျမင့္မား လာျခင္းေၾကာင့္ ျဖစ္ပါတယ္။ ယခင္ေဆြးေႏြးခဲ့စဥ္က ေျပာခဲ့သလို ပန္းပြင့္မ်ား ၀တ္မႈန္ကူးၿပီး သေႏၶေအာင္ေစကာ အသီး

တင္လာေစရန္ အတြက္ သရက္ သီးမ်ိဳးအလိုက္ျမင့္မားတဲ့အပူခ်ိန္ကို ခံႏိုင္ ရည္ရွိမႈ မတူၾကပါ။ အပူဒဏ္မခံႏိုင္တဲ့ သရက္မ်ိဳးေတြမွာပန္းပြင့္စဥ္ အပူခ်ိန္ျမင့္ မားေနမႈေၾကာင့္ ၀တ္မႈန္ကူး၊ သေႏၶေအာင္မႈ မရွိႏိုင္ေတာ့တဲ့အတြက္ အသီးမတင္ရျခင္း ျဖစ္ေစပါတယ္။

(၆) အပင္ရဲ႕ ဇီ၀ကမၼ ေဖာက္ျပန္မႈ ေၾကာင့္လည္း သရက္ပန္းခိုင္ ပုံမွန္ မျဖစ္လာဘဲ အသီးမသီးႏိုင္တာလည္း ျဖစ္ႏိုင္ပါတယ္။ ျမန္မာလို သရက္ပင္မူမမွန္ႀကီးထြား ဖြံ႕ၿဖိဳးမႈ (Mango Malformation) လို႔ေခၚႏိုင္မယ္ ထင္ပါတယ္။ အပင္ပိုင္း အကိုင္းအ႐ြက္ မ်ားမွာ

လည္းျဖစ္ႏိုင္သလို ပန္းခိုင္မ်ားမွာ လည္းျဖစ္ေစႏိုင္ပါတယ္။ သရက္ပန္းခိုင္ ႐ိုးတံမ်ားျဖစ္တဲ့ ပန္းခိုင္ပထမကိုင္း၊ ပန္းခိုင္ဒုတိယကိုင္းနဲ႔ တစ္ပြင့္ခ်င္းရွိအပြင့္႐ိုး တံမ်ားဟာ သာမန္ထက္တိုေနၾကၿပီး တုတ္ေနတတ္ပါတယ္။ အကိုင္းျဖာမႈမ်ားေနၿပီး ပန္းခိုင္မ်ားဟာ အစိမ္း

ေရာင္ျဖစ္ေန တတ္ပါတယ္။ ပန္းခိုင္မွာ ပန္းပြင့္မ်ားစြာပါ ေနၾကပါတယ္။ အမ်ားအားျဖင့္ အဖိုပြင့္မ်ား ျဖစ္ေနၾကကာ လိင္စုံပြင့္အထူးနည္းပါးေနၿပီး ပန္းပြင့္မလာႏိုင္ၾကတာမ်ားပါတယ္။ အကိုင္းတစ္ခုတည္းမွထြက္လာတဲ့ ပန္းခိုင္ တစ္ခုတည္းမွာပင္ ပုံမွန္ပန္းခိုင္ေရာ

မူမမွန္ တဲ့ပန္းခိုင္ေရာ အတူရွိေနႏိုင္တာကိုလည္း ေတြ႕ရပါတယ္။ ပန္းပြင့္ မ်ားဟာ အသီးမ တင္ႏိုင္ဘဲ မဲေျခာက္ေသသြား တတ္ပါတယ္။ အပင္ ဇီ၀ကမၼ ေဖာက္ျပန္မႈေၾကာင့္ ျဖစ္လာရမႈျဖစ္ကာ ျဖစ္လာရတဲ့ အေၾကာင္းရင္းကို တိတိက်က်မ ေဖာ္ထုတ္ႏိုင္ၾကေသးပါ။

(၇) သရက္ ပင္မ်ား ပန္းခိုင္ထြက္ပန္း ပြင့္ကာ အသီးမတင္ႏိုင္တဲ့အျခားအ ေၾကာင္းမ်ားလည္းရွိၾကပါတယ္။ ဥပမာ- ပန္းပြင့္စဥ္ ေျမတြင္း အစိုဓာတ္ မလုံေလာက္မႈ၊ အစာအာဟာရဓာတ္မ်ား ခ်ိဳ႕တဲ့ေနမႈ၊ ပန္းပြင့္ေနစဥ္ ၀တ္မႈန္ကူးေပးမည့္ပ်ား၊ ယင္စသည့္ အင္း

ဆက္ပိုး မ်ားနည္းပါးေနမႈ၊ ေလျပင္းတိုက္ခတ္မႈ စတဲ့အခ်က္မ်ား ေၾကာင့္လည္း အသီးမတင္ႏိုင္ၾကတာကို ေတြ႕ရႏိုင္ပါတယ္။ ဒီေနရာမွာ သတိထားရ မွာက ပန္းခိုင္ထြက္ပန္းပြင့္ၿပီး အသီးကင္း စတင္လာၿပီးေနာက္ပိုင္း အသီးေတြ ေႂကြ က်ကုန္လို႔ အသီး မတင္

တာနဲ႔ မေရာမိေစ ဖို႔လိုပါတယ္။အသီးကင္း၀င္ၿပီးေနာက္ပိုင္း သရက္ သီးမ်ားမမွည့္မီအဆင့္ထိ သရက္သီးမ်ား ေႂကြက် သြားရတဲ့ အေျခအေန ေတြကိုလည္း တစ္ဆက္တည္းရွင္းျပေပးေစလိုပါတယ္။

သရက္ပင္မ်ား ပန္းခိုင္ထြက္ပန္းပြင့္ လာကာ အသီးတင္လာၿပီးေနာက္ပိုင္း အသီး မ်ား ဆက္လက္ႀကီးထြားဖြံ႕ၿဖိဳးေနစဥ္ အသီး ရင့္မွည္လာသည့္ကာလအတြင္းမွာလည္း သရက္သီးမ်ား အေၾကာင္း အမ်ိဳးမ်ိဳးေၾကာင့္ အသီးမ်ား ေႂကြက် သြားတတ္ပါတယ္။ အမ်ား

အားျဖင့္ သရက္ပန္းခိုင္ တစ္ခိုင္မွာ ပါတဲ့ လိင္စုံပြင့္မ်ားရဲ႕ သုည ဒသမ ၆ မွ ၃ ဒသမ ၁ ရာခိုင္ႏႈန္းခန္႔သာ အသီးရင့္ မွည့္ခူး ဆြတ္ႏိုင္ၾကပါတယ္။ သရက္မ်ိဳး အလိုက္ ကြာျခားမႈရွိၾကေသာ္လည္း သရက္ မ်ိဳးအမ်ားစုမွာ သရက္သီးကင္းျဖစ္လာၿပီးေနာက္ ၈၀ ရာခိုင္ႏႈန္း

ခန္႔ေႂကြက်သြားေလ့ ရွိၾကပါတယ္။ သရက္မ်ိဳးအမ်ားစုမွာ ပန္း ခိုင္တစ္ခိုင္မွာ ရင့္မွည့္တဲ့အသီးတစ္သီး သာက်န္ေနေလ့ရွိၿပီး အခ်ိဳ႕သရက္မ်ိဳးမ်ား မွာ ပန္းခိုင္တစ္ခိုင္မွာရင့္မွည့္တဲ့သရက္သီး ႏွစ္လုံး သို႔မဟုတ္ ပိုၿပီးက်န္ရွိပါတယ္။ အခ်ိဳ႕သရက္မ်ိဳး မ်ားမွာမူ ၀တ္မႈန္ကူး၊

သေႏၶ ေအာင္ထားတဲ့အသီးကင္း ၁၅၀ မွာ တစ္လုံးသာ ရင့္မွည့္ခ်ိန္မွာ က်န္ေန တတ္ပါတယ္။

အသီးအ႐ြယ္ မရင့္ေသးမီ အသီးႀကီး ထြားမႈအဆင့္တိုင္းမွာ သရက္မ်ိဳးတိုင္း အသီးေႂကြက် ပါတယ္။ အသီးအမ်ားဆုံး ေႂကြေက်မႈကိုေတာ့ ၀တ္မႈန္ကူးၿပီးေနာက္ ရက္သတၱ သုံးပတ္မွ ေလးပတ္သားမွာေတြ႕ ရပါတယ္။ ေစာစြာ အသီးေႂကြမႈ အမ်ားဆုံးျဖစ္ရျခင္းရဲ႕

အေၾကာင္းရင္းမ်ားကေတာ့ ၀တ္မႈန္ကူးမႈမရွိျခင္း၊ မိမိ၀တ္မႈန္နဲ႔ သဟ ဇာတမျဖစ္ျခင္း (self-incompatibility)၊သေႏၶမ ေအာင္ျခင္း၊အသီးငယ္မ်ားအခ်င္း ခ်င္း အစာအၿပိဳင္ စားသုံးၾကျခင္း (competition among developing fruit)၊ ပိုးႏွင့္ ေရာဂါ မ်ားက်

ေရာက္ဖ်က္ဆီးျခင္း၊ အစိုဓာတ္ လုံေလာက္မႈမရွိျခင္း (ေရငတ္ျခင္း) ေၾကာင့္ အပင္တြင္းအစာအာဟာရနဲ႔ ေဟာ္မုန္းမ်ား မညီမွ်မႈစသည္တို႔ေၾကာင့္ျဖစ္ပါတယ္။

ဒုတိယအႀကိမ္ အသီးေႂကြမႈ မ်ားတဲ့ ကာလကေတာ့ သေႏၶ ေအာင္ျမင္ကာ အသီးတင္ ၿပီးေနာက္ ရက္ ၆၀-၇၀၊ အသီး ႀကီးထြားမႈအလယ်ပိုင်း ကာလမွာ ဖြစ်ပြီး တတိယ အကြိမ် အသီးေ<ကမႈကိုေတာ့ အသီးမခူး ဆွတ်မီ ကာလ ကႊေကျမႇဳတို႔ ဖြစ်ပါတယ်။ ဒုတိယ နဲ႔ တတိယအႀကိမ္ အသီးေႂကြက်မႈ ပမာဏ မ်ားမွာ ပထမအႀကိမ္ အသီးေႂကြမႈေလာက္ မမ်ားပါ။ သုေတသီမ်ားဟာ အသီးေႂကြမႈမ်ားမွသက္သာေစရန္ နည္းလမ္းမ်ား အျဖစ္ (၁) ပိုးႏွင့္ မႈိသတ္ေဆးမ်ား ပက္ဖ်န္း ကာကြယ္ေပးျခင္း၊ (၂) ေရသြင္းေပးျခင္း၊ (၃)

လိုအပ္သည့္ အစာ အာဟာရမ်ား ေႂကြးျခင္း၊ (၄) အပင္ေဟာ္မုန္ မ်ားကို အသုံးျပဳ ၾကျခင္းႏွင့္ (၅) ၀တ္မႈန္ကူးမႈ ေကာင္းမြန္ လာေစရန္ ပ်ားမ်ား၊ ယင္မ်ား ေမြးျမဴ ကူညီေပးျခင္းမ်ားကို ေဆာင္႐ြက္ေပးၾကပါတယ္။

အသီး ႀကီးထြားေနစဥ္ ျဖစ္ေပၚလာတဲ့ ေလျပင္းတိုက္ျခင္း၊ မိုးသီးက်ျခင္း၊ မုန္တိုင္း တိုက္ခတ္ျခင္း၊ မိုးအုံ႔မႈိင္း ေနကာ ေနသာမႈ နည္းပါးုျခင္း စတဲ့ ရာသီဥတု အေျခအေန မ်ားေၾကာင့္လည္း အသီးမ်ား ေႂကြက် ႏိုင္ပါတယ္။ အသီးေႂကြမႈ နည္းပါး သက္သာ ေစရန္

အတြက္သရက္မ်ိဳး အလိုက္၊ စိုက္ပ်ိဳးရာ ေဒသအလိုက္ သင့္ေတာ္ ကိုက္ညီတဲ့ စိုက္ပ်ိဳး ျပဳစုနည္း စနစ္မ်ားကို အသုံးျပဳ ေဆာင္႐ြက္ ၾကရန္ျဖစ္ပါတယ္။

credit

– ေဒါက္တာ (စိန္လွဗိုလ္)

ျမန္မာေတာင္သူႀကီးမ်ား ဂ်ာနယ္

အတြဲ(၁၄) အမွတ္(၂၀၅)၊ ဇြန္ ၂၇ – ဇူလိုင္ ၃၊ ၂၀၁၆ ခုႏွစ္

Add a Comment

Your email address will not be published.