ခွေးကြောက်တတ်တဲ့ လူတွေ သိထားသင့်တဲ့ လမ်းဘေးက ခွေးလေးတွေ အကြောင်း

Sharing is caring!

ခွေးကြောက်တတ်တဲ့ လူတွေ သိထားသင့်တဲ့ လမ်းဘေးက ခွေးလေးတွေ အကြောင်း

“ဟဲ့ခွေး ဒီခွေးစုတ် သွားသွား”ဆိုတဲ့ စကားတွေနည်းသွားနိုင်သမျှနည်းအောင် ခွေးကြောက်တယ့်လူတွေ မကြောက်တော့အောင် ရည်ရွယ်ပြီး The Smart Dog or The Stray Dog လမ်းဘေး ခွေးလေးတွေအကြောင်း အချက်ကလေးတွေနဲ့ပြောပြချင်ပါတယ် …

၁-လမ်းဘေးခွေးလေးတွေဟာ စမတ်အကျဆုံး ခွေးကလေးတွေဖြစ်ပါတယ်

ကိုယ်ကိုတိုင်လမ်းပေါ်မှာရှင်သန်ဖို့အတွက်ရုန်းကန်ကြရပါတယ် အစာဆိုတာ ကိုယ်တိုင်ရှာဖွေရတာများပါတယ် ဒါကြောင့် ဒီခွေးလေးတွေကို နှိုင်းပြရရင် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နေတယ့် လူတွေလိုပါပဲ

၂-လမ်းဘေးခွေးလေးတွေကလည်း နူးညံ့တယ့် စိတ်နှလုံးသားရှိကြပါတယ်

စိတ်ကောက်တတ်တယ် မနာလိုတတ်သလို ချစ်တတ်ပါတယ်သို့သော် လူတွေရဲ့ရိုက်နှက်မှုတွေ နဲ့ တခြားသော လောကဓံတွေကြောင့်

အသဲမာချင်ယောင်ဆောင်နေတယ့် နှလုံးလှ လူမိုက်ကြီးတွေပါ လောကဓံတွေ တိုက်ခိုက်ခံရတာတွေများရင် ဘယ်သူ့ကိုမှ မယုံကြည်တော့သလို ဖြစ်နေတယ့် လူတွေလိုပါပဲ ဒါကြောင့် အနားကပ်တယ့် လူတွေကို ရန်မမူ အောင် ပြုမူကြတာပါ …

၃-တစ်ယောက်ဆို တစ်ယောက် ပိတောက်ဆို

ပိတောက် ချစ်တတ်တယ့် သူတွေပါ မတရားလည်းမနာလိုတတ်ပါတယ် ဒီသခင်ကို ချစ်ပြီဆို တခြားလူတွေကို မချစ်ကြတော့ပါပဲ သစ္စာအရာမှာလည်းပြောစရာမလိုပါဘူး

ဥပမာ ပေးရရင် ကျွန်တော်အိမ်က မြန်မာခွေး လမ်းဘေးခွေးလေးဆို ကျွန်တော် ခရီးသွားတာမျိူးဆို အခန်းရှေ့မှာပဲထိုင်စောင့်နေတတ်ပါတယ် တခြားခွေးလေးတွေ အိမ်ခေါ်လာပြီဆိုလည်းမရပါဘူး တအားသဝန်တိုပါတယ်

၄-ကျန်းမာရေးအရာမှာ ဒူပေဒဏ်ပေခံတာတော့နှစ်ယောက်မရှိပါဘူး

ကျွန်တော်တို့ အညာက ကလေးတွေနဲ့ မြို့ကြီးပြကြီးက ကလေးတွေနဲ့ခြားနားသလိုပါပဲ ကိုယ်လက်လှုပ်ရှားရှိတယ် မြေဓာတ်အပြည့်အဝရတယ့်အတွက် သိပ်ကို ကျန်းမာကြပါတယ်

၅-ဦးနောက်ကလည်း သိပ်ကောင်းကြပါတယ်

အိမ်မွေးခွေးလေးတွေရဲ့ ဦးနောက်က ကျွန်တော်တို့ လူသားကလေးလေးတွေရဲ့ ဦးနောက်နဲ့တူပြီး လမ်းဘေးခွေးလေးတွေက လူကြီးတွေရဲ့ ဦးနောက်အတွေးအခေါ်တွေနဲ့ တူပါတယ်

၆-သိပ်ကို လှပပြီး ချစ်စရာကောင်းကြပါတယ် ချွဲတတ်ကပ်တတ်ကြပါတယ်

သူတို့မရင်းနှီးတယ့်လူတွေကိုဆို ခက်ခက်ထန်ထန်ဆက်ဆံသလောက် ချစ်တယ့်ခင်တယ့်လူတွေဆို ကလေးတစ်ယောက်လိုပဲ ချွဲနွဲ့ကြပါတယ်

ကဲ ဒီအကြောင်းအရာတွေ ဖတ်ပြီးပြီဆိုရင် သူတို့ရဲ့ လောကဓံတွေကို နားလည်ပေးပြီး ကြင်နာပေးကြပါ အသားလွတ်ကြီးကြောက်နေစရာလည်းမလိုပါဘူး

အချစ်ကလေးတွေကို အချစ်ပိုနိုင်စေဖို့

Crd

ေခြးေၾကာက္တတ္တဲ့ လူေတြ သိထားသင့္တဲ့ လမ္းေဘးက ေခြးေလးေတြ အေၾကာင္း

“ဟဲ့ေခြး ဒီေခြးစုတ္ သြားသြား”ဆိုတဲ့ စကားေတြနည္းသြားႏိုင္သမွ်နည္းေအာင္ ေခြးေၾကာက္တယ့္လူေတြ မေၾကာက္ေတာ့ေအာင္ ရည္႐ြယ္ၿပီး The Smart Dog or The Stray Dog လမ္းေဘး ေခြးေလးေတြအေၾကာင္း အခ်က္ကေလးေတြနဲ႔ေျပာျပခ်င္ပါတယ္ …

၁-လမ္းေဘးေခြးေလးေတြဟာ စမတ္အက်ဆုံး ေခြးကေလးေတြျဖစ္ပါတယ္

ကိုယ္ကိုတိုင္လမ္းေပၚမွာရွင္သန္ဖို႔အတြက္႐ုန္းကန္ၾကရပါတယ္ အစာဆိုတာ ကိုယ္တိုင္ရွာေဖြရတာမ်ားပါတယ္ ဒါေၾကာင့္ ဒီေခြးေလးေတြကို ႏႈိင္းျပရရင္ ကိုယ့္ေျခေထာက္ေပၚ ကိုယ္ရပ္တည္ေနတယ့္ လူေတြလိုပါပဲ

၂-လမ္းေဘးေခြးေလးေတြကလည္း ႏူးညံ့တယ့္ စိတ္ႏွလုံးသားရွိၾကပါတယ္

စိတ္ေကာက္တတ္တယ္ မနာလိုတတ္သလို ခ်စ္တတ္ပါတယ္သို႔ေသာ္ လူေတြရဲ႕႐ိုက္ႏွက္မႈေတြ နဲ႔ တျခားေသာ ေလာကဓံေတြေၾကာင့္

အသဲမာခ်င္ေယာင္ေဆာင္ေနတယ့္ ႏွလုံးလွ လူမိုက္ႀကီးေတြပါ ေလာကဓံေတြ တိုက္ခိုက္ခံရတာေတြမ်ားရင္ ဘယ္သူ႔ကိုမွ မယုံၾကည္ေတာ့သလို ျဖစ္ေနတယ့္ လူေတြလိုပါပဲ ဒါေၾကာင့္ အနားကပ္တယ့္ လူေတြကို ရန္မမူ ေအာင္ ျပဳမူၾကတာပါ …

၃-တစ္ေယာက္ဆို တစ္ေယာက္ ပိေတာက္ဆို

ပိေတာက္ ခ်စ္တတ္တယ့္ သူေတြပါ မတရားလည္းမနာလိုတတ္ပါတယ္ ဒီသခင္ကို ခ်စ္ၿပီဆို တျခားလူေတြကို မခ်စ္ၾကေတာ့ပါပဲ သစၥာအရာမွာလည္းေျပာစရာမလိုပါဘူး

ဥပမာ ေပးရရင္ ကြၽန္ေတာ္အိမ္က ျမန္မာေခြး လမ္းေဘးေခြးေလးဆို ကြၽန္ေတာ္ ခရီးသြားတာမ်ိဴးဆို အခန္းေရွ႕မွာပဲထိုင္ေစာင့္ေနတတ္ပါတယ္ တျခားေခြးေလးေတြ အိမ္ေခၚလာၿပီဆိုလည္းမရပါဘူး တအားသဝန္တိုပါတယ္

၄-က်န္းမာေရးအရာမွာ ဒူေပဒဏ္ေပခံတာေတာ့ႏွစ္ေယာက္မရွိပါဘူး

ကြၽန္ေတာ္တို႔ အညာက ကေလးေတြနဲ႔ ၿမိဳ႕ႀကီးျပႀကီးက ကေလးေတြနဲ႔ျခားနားသလိုပါပဲ ကိုယ္လက္လႈပ္ရွားရွိတယ္ ေျမဓာတ္အျပည့္အဝရတယ့္အတြက္ သိပ္ကို က်န္းမာၾကပါတယ္

၅-ဦးေနာက္ကလည္း သိပ္ေကာင္းၾကပါတယ္

အိမ္ေမြးေခြးေလးေတြရဲ႕ ဦးေနာက္က ကြၽန္ေတာ္တို႔ လူသားကေလးေလးေတြရဲ႕ ဦးေနာက္နဲ႔တူၿပီး လမ္းေဘးေခြးေလးေတြက လူႀကီးေတြရဲ႕ ဦးေနာက္အေတြးအေခၚေတြနဲ႔ တူပါတယ္

၆-သိပ္ကို လွပၿပီး ခ်စ္စရာေကာင္းၾကပါတယ္ ခြၽဲတတ္ကပ္တတ္ၾကပါတယ္

သူတို႔မရင္းႏွီးတယ့္လူေတြကိုဆို ခက္ခက္ထန္ထန္ဆက္ဆံသေလာက္ ခ်စ္တယ့္ခင္တယ့္လူေတြဆို ကေလးတစ္ေယာက္လိုပဲ ခြၽဲႏြဲ႕ၾကပါတယ္

ကဲ ဒီအေၾကာင္းအရာေတြ ဖတ္ၿပီးၿပီဆိုရင္ သူတို႔ရဲ႕ ေလာကဓံေတြကို နားလည္ေပးၿပီး ၾကင္နာေပးၾကပါ အသားလြတ္ႀကီးေၾကာက္ေနစရာလည္းမလိုပါဘူး

အခ်စ္ကေလးေတြကို အခ်စ္ပိုႏိုင္ေစဖို႔

Crd

 

Add a Comment

Your email address will not be published.