ရေသောက်ခြင်းကြောင့် ရလာမယ့် အကျိုးကျေးဇူးနှင့် ရေကို လုံးဝ မသောက်သင့်တဲ့ အချိန်များ
|ရေသောက်ခြင်းကြောင့် ရလာမယ့် အကျိုးကျေးဇူးနှင့် ရေကို လုံးဝ မသောက်သင့်တဲ့ အချိန်များ
လူတစ်ယောက်ရဲ့့ခန္ဓာကိုယ်မှာ ရေဟာလိုအပ်ပါတယ်။
ဦးနှောက်ရဲ့ 75% ဟာ ရေနဲ့ဖွဲ့စည်းတည်ဆောက်ထားလို့ပါပဲ။
သွေးရဲ့ 80%.ကြွက်သားရဲ့25%. အရိုးထဲမှာ21%.တို့ဟာ ရေဓာတ်တွေပါရှိပါတယ်။ ရေဟာ အသက်ရှုခြင်းကိုအထောက်အပံ့ဖြစ်စေပြီး အရိုးအဆစ်တွေ ပွန်းပဲ့တိုက်စားတာကိုလည်း ကာကွယ်စေပါတယ်။
ခန္ဓာကိုယ်ထဲက Cell.(ဆဲလ်) တွေကို အောက်စီဂျင်ပြတ်တာမျိုးတွေမဖြစ်အောင် ထိန်းပေးပါတယ်။
-ရေသောက်သင့်တဲ့အချိန် တွေကတော့
ခန္ဓာကိုယ်အတွင်းက ကလီဇာတွေ တက်ကြွစေဖို့အတွက် မနက်အိပ်ယာထတိုင်း ရေ သင့်တင့်စွာသောက်ပေးပါ။ အစာကြေညက်စေဖို့ ထမင်းမစားမီ သင့်တင့်စွာ ရေသောက်ပေးပါ။
သွေးခုန်နှုံးမှန်စေဖို့နဲ့ သွေးမကျစေဖို့ ရေမချိုးခင် ရေ ၁-ခွက်သောက်ပေးပါ။ လေဖြတ်ရောဂါနဲ့-နှလုံးရောဂါမဖြစ်စေဖို့ ညအိပ်ယာဝင်ခါနီးမှာ ရေ၁-ခွက်သောက်ပေးပါ။
ခြေသလုံးကြွက်သားတွေ ကြွက်မတက်စေဖို့ ည တစ်ရေးနိုး ရေထသောက်ပေးပါ။
-ရေ လုံးဝ မသောက်သင့်တဲ့ အချိန်များ
တချို့ထမင်းစားရင်း ရေခဲရေကို သောက်လေ့ရှိကြပါတယ်။ ရှောင်ပါ။ ဟင်းထဲမှာပါတဲ့အဆီအနှစ်တွေက အစာအိမ်နဲ့အူလမ်းကြောင်းတွေမှာ
ရွှံစေးအနှစ်တွေလို ပြစ်ခဲသွားတတ်ကြပါတယ်။ အစာလည်းကောင်းစွာမချက်တော့ပဲ အူ ကင်ဆာကိုဖြစ်လာစေပါတယ်။
ဒါ့အပြင် ထမင်းဟင်း ပူပူကိုစားရင်း ရေအေးအေးသောက်လိုက်တဲ့အခါမှာလည်း အပူနဲ့အအေးတိုက်ရိုက်ထိတွေ့လိုက်တာကြောင့် အစာအိမ်ကို ကသိကအောင့် ဖြစ်စေပါတယ်။
အပူအအေး တန်ပြန်သက်ရောက်မှုက အစာအိမ် အက်စစ်ထွက်ခြင်းကို ကမောက်ကမဖြစ်စေပြီး ဗိုက်နာ ဗိုက်အောင့် ဖြစ်တော့တာပါပဲ။
ထမင်းစားတဲ့အခါမှာ ရေခဲရေ-သောက်ရေအေးတို့ဖြင့် မျှောချတာမျိုး ရှောင်ပြီး ဟင်းချိုပူပူ-ရေနွေးကြမ်းတို့ကိုသာ သောက်သုံပေးပါ ။ ထမင်းစားပြီး အနည်းဆုံးမိနစ် ၃၀ ကျော်ကြာမှသာရေအေးသောက်ကြဖို့ အကြံပြုပါရစေခင်ဗျာ။
အားလုံး ရောဂါဘယကင်းရှင်းကြပါစေ
Crd
လူတစ်ယောက်ရဲ့ခန္ဓာကိုယ်မှာ ရေဟာလိုအပ်ပါတယ်။
Crd