စိုက်ပျိုးရေးကို စီးပွားဖြစ် စတင်မည့် သူများအတွက် အကြံပြုချက်များ

Sharing is caring!

စိုက်ပျိုးရေးကို စီးပွားဖြစ် စတင်မည့် သူများအတွက် အကြံပြုချက်များ

စိုက်ပျိုးရေးကို စီးပွားဖြစ်စမ်းသပ်ချင်သူတွေ၊ ယခုမှစီးပွားဖြစ်စတင်စိုက်ပျိုးမယ့် လူများအအတွက် အကြုံပြုချက်လေးများကိုဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။

-Business Plan အရင်ချပါ။

စိတ်ဝင်စားလို့ စိုက်ပျိုးရေးကို စမ်းသပ်ချင်တာ ကောင်းပါတယ်။ ဒါပေမဲ့ အစီအစဉ်မရှိပဲနဲ့တော့ အဆင်ပြေရာရာကို စိုက်ပျိုးနေရင် ရေရှည်မှာ အဆင်မပြေပါဘူး။

စိုက်ပျိုးနေရင်းနဲ့မှ နားလည်ကျွမ်းဝင်လာပြီး အစီအစဉ်ချတာကောင်းသလို မစခင်ကတည်းက ကြိုတင်ပြီး အစီအစဉ်ချထားလည်း ပိုကောင်းပါတယ်။

-စိတ်ရှည်ပါ။

ယခုမှစတင်ခြင်းဖြစ်တဲ့အတွက် ပထမဆုံးနှစ်တွေမှာ အမြတ်ရဖို့ရာခက်ခဲသလို တစ်ခါတလေမှာ လိုအပ်သော ပစ္စည်းကိရိယာများ ဝယ်ယူလိုက်တဲ့အတွက် အရှုံးပေါ်နိုင်ခြေရှိပါတယ်။

ဒါကြောင့် ပထမပိုင်းနှစ်တွေမှာ အဆိုးရွားဆုံးအခြေအနေတွေ အတွက်ကြိုတင် ပြင်ဆင်ထားဖို့၊ အစီအစဉ်တွေရှိဖို့ လိုအပ်ပါတယ်။ ချေးငွေလည်းအတတ်နိုင်ဆုံးမယူတာကောင်းပါတယ်။

ဘာကြောင့်လဲဆိုတော့ ရရှိလာသောဝင်ငွေလည်ပတ်မှုမှာချေးငွေကို ပြန်ဆပ်နေရမှာ ဖြစ်တဲ့အတွက် အမြတ်ရဖို့အခွင့်အရေးနည်းပါတယ်။

-စိုက်ပျိုးရေးကို စီးပွားရေးလို့ သတ်မှတ်ပြီးလုပ်ကိုင်ပါ။

ဝါသနာပါလို့၊ စမ်းသပ်ချင်လို့ စိုက်တာဆိုရင်တော့ ဥယျာဉ်ခြံစိုက်ခြင်း၊ မိမိအိမ်ခြံဝန်းထဲမှာ စိုက်ခြင်းတို့ကိုသာရွေးချယ်သင့်ပါတယ်။

စီးပွားဖြစ် စိုက်ပျိုးပြီဆိုရင်တော့ အရှုံးအမြတ်၊ လိုအပ်သောအတတ်ပညာ၊ လုပ်ဆောင်မှုတွေနဲ့ စျေးကွက်သဘော စတာတွေကိုနားလည်ထားဖို့လိုပါတယ်။

-အကျိုးရှိအောင်စိုက်ပျိုးပါ။

အများကြီးစိုက်ပြီး မဖြစ်ထွန်းတာထက် နည်းနည်းစိုက်ပြီးများများဖြစ်ထွန်းတာ ပိုကောင်းပါတယ်။ ငွေလည်းအများကြီးမကုန်ပဲ တိကျသေချာတဲ့ ထွက်နှုန်းကို ရရှိနိုင်မှာဖြစ်ပါတယ်။

-မိမိငွေကြေးလည်ပတ်မှုကို အမြဲတမ်းဂရုစိုက်ဆန်းစစ်ပါ။

အသုံးစရိတ်ကိုထိန်းချုပ်ပါ။ လိုအပ်သောအရာများကို ဝယ်ယူရာတွင် မှန်ကန်စွာရွေးချယ်ပါ။ မိမိရဲ့ လစဉ်ဝင်ငွေ နဲ့ ထွက်ငွေကို သေချာမှတ်သားပြီး ဆန်းစစ်ပါ။

မိမိရဲ့ရင်းနှီးမြှုပ်နှံမှုဟာ ရသင့်တဲ့အမြတ်ရနေရဲ့လား၊ မရရင်ဘယ်လိုအပိုကုန်ကျမှုတွေကိုလျှော့ချရမလဲ၊ ဘယ်လိုအမြတ်အများဆုံးရအောင်လုပ်နိုင်မလဲ စသည်ဖြင့်အမြဲတမ်းငွေလည်ပတ်မှုကို ထိန်းချုပ်ထားသင့်ပါတယ်။

-စျေးကွက်ကိုနားလည်ခြင်း။

စတင်မစိုက်ပျိုးခင်ကတည်း မိမိရောင်းချရမဲ့ စျေးကွက်အကြောင်းကို သေချာလေ့လာထားသင့်ပါတယ်။ ဘယ်လိုအချိန်တွေမှာ စျေးအတက်အကျတွေရှိမယ်၊ ရာသီဥတုကြောင့် (သို့)

အခြားပြင်ပအကြောင်းတရားများကြောင့် စျေးကွက်ကဘယ်လိုပြောင်းလဲနိုင်တယ်၊ ရုတ်တရက်စျေးအတက်အကျ ရှိ၊မရှိ စတာတွေကို နားလည်ထားဖို့လိုပါတယ်။ စျေးနှုန်းကိုလေ့လာတာထက်စာရင် စျေးကွက်ကိုလေ့လာခြင်းဟာ ပိုမိုအထောက်အကူဖြစ်မှာပါ။

-အချိန်ကိုစေ့စပ်သေချာစွာ အသုံးချခြင်း။

စီမံခန့်ခွဲမှု အပေါ်မှာ အာရုံစိုက်ပါ။ လုပ်ငန်းကျွမ်းကျင်သော အလုပ်သမားများကို အသုံးပြုပါ။ ဘယ်နေ့မှာ ဘယ်လုပ်ငန်းပြီးရမယ်စသည်ဖြင့် အချိန်ဇယားရေးဆွဲလုပ်ဆောင်ပါ။

ပုံမှန်နေ့စဉ်ပြုလုပ်ရမဲ့အရာများလည်း သတ်မှတ်ထားပါ။ ဒီလိုပြုလုပ်ခြင်းဖြင့် အချိန်ကိုအကျိုးရှိအောင်အသုံးချရာ ရောက်ပါတယ်။

-ဝယ်ယူသူအတွက် အရည်အသွေးစံနှုန်းတစ်ခုဖန်တီးပေးပါ။

မိမိရဲ့ သီးနှံထွက်ကုန်တွေကို ဝယ်ယူမဲ့လူနေရာက စဉ်းစားပြီးသူ့အတွက် ဘယ်လိုစံနှုန်းထားပေးရမယ်စဉ်းစားပါ။

သီးနှံအရည်အသွေး၊ သီးနှံထွက်ကုန်များ သိုလှောင်ပုံ၊ သယ်ယူပို့ဆောင်ခြင်း စတဲ့အချက်တွေမှာ သူများနဲ့မတူကွဲပြားကောင်းမွန်အောင် ပြုလုပ်ပေးပါ။

-ဥာဏ်ရှိပါ။

စိုက်ပျိုးပညာရှင်များ၊ အကြံပေးများနဲ့တိုင်ပင်ဆွေးနွေးပါ။ အခြားအောင်မြင်နေပြီးသော စိုက်ပျိုးရေးလုပ်ငန်းရှင်များ၊ စိုက်ပျိုးရေးနှင့်ဆက်စပ်နေသော နယ်ပယ်မှလုပ်ငန်းရှင်များနှင့် အဆက်အသွယ်ရအောင် ပြုလုပ်ပါ။

မိမိရဲ့ စီမံခန့်ခွဲနိုင်မှု၊ ဦးဆောင်နိုင်စွမ်း၊ ပြသနာဖြေရှင်းနိုင်စွမ်း စတာတွေကို မြှင့်တင်ပါ။

အနားယူပါ။

ဘယ်လောက်ပဲကြိုးစားကြိုးစား မိမိစိတ်အခြေအနေဟာ ရှုပ်ထွေးနေရင် ဆုံးဖြတ်ချက်များမှားယွင်းတတ်ပြီးတော့ အလုပ်လုပ်နိုင်စွမ်းလည်းကျဆင်းတတ်ပါတယ်။

ဒါကြောင့် အလွန်အကျွံအလုပ်လုပ်မိစေရန် သတိထားပြီး အရမ်းမွန်းကြပ်လာပါက မိမိကိုယ်မိမိအနားပေးသင့်ပါတယ်။

ဒီအချက်တွေအကုန်လုံးဟာ စိုက်ပျိုးရေးပြုလုပ်နေသူ၊ စတင်ရန်ကြိုးစားနေသူ တောင်သူများအတွက် အင်တာနက်ပေါ်မှဘာသာပြန်၍ ကောက်နုတ်တင်ပြခြင်း ဖြစ်ပါတယ်။

Crd

စိုက္ပ်ိဳးေရးကို စီးပြားျဖစ္ စတင္မည့္ သူမ်ားအတြက္ အႀကံျပဳခ်က္မ်ား

စိုက္ပ်ိဳးေရးကို စီးပြားျဖစ္စမ္းသပ္ခ်င္သူေတြ၊ ယခုမွစီးပြားျဖစ္စတင္စိုက္ပ်ိဳးမယ့္ လူမ်ားအအတြက္ အႀကဳံျပဳခ်က္ေလးမ်ားကိုေဖာ္ျပေပးလိုက္ပါတယ္ခင္ဗ်ာ။

-Business Plan အရင္ခ်ပါ။

စိတ္ဝင္စားလို႔ စိုက္ပ်ိဳးေရးကို စမ္းသပ္ခ်င္တာ ေကာင္းပါတယ္။ ဒါေပမဲ့ အစီအစဥ္မရွိပဲနဲ႔ေတာ့ အဆင္ေျပရာရာကို စိုက္ပ်ိဳးေနရင္ ေရရွည္မွာ အဆင္မေျပပါဘူး။

စိုက္ပ်ိဳးေနရင္းနဲ႔မွ နားလည္ကြၽမ္းဝင္လာၿပီး အစီအစဥ္ခ်တာေကာင္းသလို မစခင္ကတည္းက ႀကိဳတင္ၿပီး အစီအစဥ္ခ်ထားလည္း ပိုေကာင္းပါတယ္။

-စိတ္ရွည္ပါ။

ယခုမွစတင္ျခင္းျဖစ္တဲ့အတြက္ ပထမဆုံးႏွစ္ေတြမွာ အျမတ္ရဖို႔ရာခက္ခဲသလို တစ္ခါတေလမွာ လိုအပ္ေသာ ပစၥည္းကိရိယာမ်ား ဝယ္ယူလိုက္တဲ့အတြက္ အရႈံးေပၚႏိုင္ေျခရွိပါတယ္။

ဒါေၾကာင့္ ပထမပိုင္းႏွစ္ေတြမွာ အဆိုး႐ြားဆုံးအေျခအေနေတြ အတြက္ႀကိဳတင္ ျပင္ဆင္ထားဖို႔၊ အစီအစဥ္ေတြရွိဖို႔ လိုအပ္ပါတယ္။ ေခ်းေငြလည္းအတတ္ႏိုင္ဆုံးမယူတာေကာင္းပါတယ္။

ဘာေၾကာင့္လဲဆိုေတာ့ ရရွိလာေသာဝင္ေငြလည္ပတ္မႈမွာေခ်းေငြကို ျပန္ဆပ္ေနရမွာ ျဖစ္တဲ့အတြက္ အျမတ္ရဖို႔အခြင့္အေရးနည္းပါတယ္။

-စိုက္ပ်ိဳးေရးကို စီးပြားေရးလို႔ သတ္မွတ္ၿပီးလုပ္ကိုင္ပါ။

ဝါသနာပါလို႔၊ စမ္းသပ္ခ်င္လို႔ စိုက္တာဆိုရင္ေတာ့ ဥယ်ာဥ္ၿခံစိုက္ျခင္း၊ မိမိအိမ္ၿခံဝန္းထဲမွာ စိုက္ျခင္းတို႔ကိုသာေ႐ြးခ်ယ္သင့္ပါတယ္။

စီးပြားျဖစ္ စိုက္ပ်ိဳးၿပီဆိုရင္ေတာ့ အရႈံးအျမတ္၊ လိုအပ္ေသာအတတ္ပညာ၊ လုပ္ေဆာင္မႈေတြနဲ႔ ေစ်းကြက္သေဘာ စတာေတြကိုနားလည္ထားဖို႔လိုပါတယ္။

-အက်ိဳးရွိေအာင္စိုက္ပ်ိဳးပါ။

အမ်ားႀကီးစိုက္ၿပီး မျဖစ္ထြန္းတာထက္ နည္းနည္းစိုက္ၿပီးမ်ားမ်ားျဖစ္ထြန္းတာ ပိုေကာင္းပါတယ္။ ေငြလည္းအမ်ားႀကီးမကုန္ပဲ တိက်ေသခ်ာတဲ့ ထြက္ႏႈန္းကို ရရွိႏိုင္မွာျဖစ္ပါတယ္။

-မိမိေငြေၾကးလည္ပတ္မႈကို အၿမဲတမ္းဂ႐ုစိုက္ဆန္းစစ္ပါ။

အသုံးစရိတ္ကိုထိန္းခ်ဳပ္ပါ။ လိုအပ္ေသာအရာမ်ားကို ဝယ္ယူရာတြင္ မွန္ကန္စြာေ႐ြးခ်ယ္ပါ။ မိမိရဲ႕ လစဥ္ဝင္ေငြ နဲ႔ ထြက္ေငြကို ေသခ်ာမွတ္သားၿပီး ဆန္းစစ္ပါ။

မိမိရဲ႕ရင္းႏွီးျမႇဳပ္ႏွံမႈဟာ ရသင့္တဲ့အျမတ္ရေနရဲ႕လား၊ မရရင္ဘယ္လိုအပိုကုန္က်မႈေတြကိုေလွ်ာ့ခ်ရမလဲ၊ ဘယ္လိုအျမတ္အမ်ားဆုံးရေအာင္လုပ္ႏိုင္မလဲ စသည္ျဖင့္အၿမဲတမ္းေငြလည္ပတ္မႈကို ထိန္းခ်ဳပ္ထားသင့္ပါတယ္။

-ေစ်းကြက္ကိုနားလည္ျခင္း။

စတင္မစိုက္ပ်ိဳးခင္ကတည္း မိမိေရာင္းခ်ရမဲ့ ေစ်းကြက္အေၾကာင္းကို ေသခ်ာေလ့လာထားသင့္ပါတယ္။ ဘယ္လိုအခ်ိန္ေတြမွာ ေစ်းအတက္အက်ေတြရွိမယ္၊ ရာသီဥတုေၾကာင့္ (သို႔)

အျခားျပင္ပအေၾကာင္းတရားမ်ားေၾကာင့္ ေစ်းကြက္ကဘယ္လိုေျပာင္းလဲႏိုင္တယ္၊ ႐ုတ္တရက္ေစ်းအတက္အက် ရွိ၊မရွိ စတာေတြကို နားလည္ထားဖို႔လိုပါတယ္။ ေစ်းႏႈန္းကိုေလ့လာတာထက္စာရင္ ေစ်းကြက္ကိုေလ့လာျခင္းဟာ ပိုမိုအေထာက္အကူျဖစ္မွာပါ။

-အခ်ိန္ကိုေစ့စပ္ေသခ်ာစြာ အသုံးခ်ျခင္း။

စီမံခန္႔ခြဲမႈ အေပၚမွာ အာ႐ုံစိုက္ပါ။ လုပ္ငန္းကြၽမ္းက်င္ေသာ အလုပ္သမားမ်ားကို အသုံးျပဳပါ။ ဘယ္ေန႔မွာ ဘယ္လုပ္ငန္းၿပီးရမယ္စသည္ျဖင့္ အခ်ိန္ဇယားေရးဆြဲလုပ္ေဆာင္ပါ။

ပုံမွန္ေန႔စဥ္ျပဳလုပ္ရမဲ့အရာမ်ားလည္း သတ္မွတ္ထားပါ။ ဒီလိုျပဳလုပ္ျခင္းျဖင့္ အခ်ိန္ကိုအက်ိဳးရွိေအာင္အသုံးခ်ရာ ေရာက္ပါတယ္။

-ဝယ္ယူသူအတြက္ အရည္အေသြးစံႏႈန္းတစ္ခုဖန္တီးေပးပါ။

မိမိရဲ႕ သီးႏွံထြက္ကုန္ေတြကို ဝယ္ယူမဲ့လူေနရာက စဥ္းစားၿပီးသူ႔အတြက္ ဘယ္လိုစံႏႈန္းထားေပးရမယ္စဥ္းစားပါ။

သီးႏွံအရည္အေသြး၊ သီးႏွံထြက္ကုန္မ်ား သိုေလွာင္ပုံ၊ သယ္ယူပို႔ေဆာင္ျခင္း စတဲ့အခ်က္ေတြမွာ သူမ်ားနဲ႔မတူကြဲျပားေကာင္းမြန္ေအာင္ ျပဳလုပ္ေပးပါ။

-ဥာဏ္ရွိပါ။

စိုက္ပ်ိဳးပညာရွင္မ်ား၊ အႀကံေပးမ်ားနဲ႔တိုင္ပင္ေဆြးေႏြးပါ။ အျခားေအာင္ျမင္ေနၿပီးေသာ စိုက္ပ်ိဳးေရးလုပ္ငန္းရွင္မ်ား၊ စိုက္ပ်ိဳးေရးႏွင့္ဆက္စပ္ေနေသာ နယ္ပယ္မွလုပ္ငန္းရွင္မ်ားႏွင့္ အဆက္အသြယ္ရေအာင္ ျပဳလုပ္ပါ။

မိမိရဲ႕ စီမံခန္႔ခြဲႏိုင္မႈ၊ ဦးေဆာင္ႏိုင္စြမ္း၊ ျပသနာေျဖရွင္းႏိုင္စြမ္း စတာေတြကို ျမႇင့္တင္ပါ။

အနားယူပါ။

ဘယ္ေလာက္ပဲႀကိဳးစားႀကိဳးစား မိမိစိတ္အေျခအေနဟာ ရႈပ္ေထြးေနရင္ ဆုံးျဖတ္ခ်က္မ်ားမွားယြင္းတတ္ၿပီးေတာ့ အလုပ္လုပ္ႏိုင္စြမ္းလည္းက်ဆင္းတတ္ပါတယ္။

ဒါေၾကာင့္ အလြန္အကြၽံအလုပ္လုပ္မိေစရန္ သတိထားၿပီး အရမ္းမြန္းၾကပ္လာပါက မိမိကိုယ္မိမိအနားေပးသင့္ပါတယ္။

ဒီအခ်က္ေတြအကုန္လုံးဟာ စိုက္ပ်ိဳးေရးျပဳလုပ္ေနသူ၊ စတင္ရန္ႀကိဳးစားေနသူ ေတာင္သူမ်ားအတြက္ အင္တာနက္ေပၚမွဘာသာျပန္၍ ေကာက္ႏုတ္တင္ျပျခင္း ျဖစ္ပါတယ္။

Crd

Add a Comment

Your email address will not be published.