သန့်ရှင်းလတ်ဆပ်တဲ့ အိမ်တွင်း တို့ဟူးသုပ်

Sharing is caring!

သန့်ရှင်းလတ်ဆပ်တဲ့ အိမ်တွင်း တို့ဟူးသုပ်

တို့ဟူးကြိုနည်း

လွယ်လွယ်ကူကူလုပ်စားလို့ရပီနော် နိုင်လွန်ပဲမှုန့်ဘဲ အသုံးများပါတယ်။ ပဲမှုန့် ၁ ခွက် ရေ ၁ ခွက်ခွဲ အချိုးပါ။

-ရေထည့် ပဲမှုန့်ထည့် နနွင်းမှုန့် နည်းနည်း ဆားနည်းနည်း ထည့်ပါ။ အားလုံးသမသွားတဲ့အထိ မွှေပေးပါ။

-ပဲမှုန့်ကျေသွားရင် တခါ ဇကာနဲ့စစ်ချပေးပါ။ ဆီချက်အရင်ချက်မယ်။

-ဒယ်အိုးထဲ ဆီ နည်းနည်းနဲ့ ထည့်ပါ။

-ပူလာရင် ပါးပါးလှီးထားတဲ့ ကြက်သွန်ဖြူ ထည့်ကြော်။ ကြက်သွန်ဖြူ အရောင်ပြောင်းစပြုလာရင် ဆယ် (နောက်ကျရင် တူးသွားမယ်) ။
ဆီကျက်ကို ခပ်ထား။ အိုးထဲမှာ အနှံ့ ဆီလူးနေပါစေ။

-ဖျော်ထားတဲ့ ပဲမှုန့်ရည် ဒယ်အိုးထဲ ထည့်ပြီး မွှေပါ။ မီးသိပ်မပြင်းပါနဲ့။ သစ်သားယောင်းမ သုံးပါ။ ပျစ်လာတာနဲ့ နာနာမွှေဖို့ လိုတယ်။ ၁၀ မိနစ်လောက်ပဲကြာပါတယ်။

-ယောင်းမကို မ ကြည့်လို့ အမျှင်မပြတ်တော့ဘူးဆိုရင် ချလို့ရပါပြီ။ မန်ကျည်းမှည့် အချဥ်ရေ ငံ​ပြာရည် ငရုပ်သီးမှုန့် အချိုမှုန့် ဂေါ်ဖီခြစ်ထားပါ ခြောက်ရွက် နံနံပင်တိုဖြင့် သုပ်ပြီးသုံးဆောင်နိုင်ပါပြီ။

Crd

သန႔္ရွင္းလတ္ဆပ္တဲ့ အိမ္တြင္း တို႔ဟူးသုပ္

တို႔ဟူးႀကိဳနည္း

လြယ္လြယ္ကူကူလုပ္စားလို႔ရပီေနာ္ ႏိုင္လြန္ပဲမႈန္႔ဘဲ အသုံးမ်ားပါတယ္။ ပဲမႈန္႔ ၁ ခြက္ ေရ ၁ ခြက္ခြဲ အခ်ိဳးပါ။

-ေရထည့္ ပဲမႈန္႔ထည့္ နႏြင္းမႈန္႔ နည္းနည္း ဆားနည္းနည္း ထည့္ပါ။ အားလုံးသမသြားတဲ့အထိ ေမႊေပးပါ။

-ပဲမႈန္႔ေက်သြားရင္ တခါ ဇကာနဲ႔စစ္ခ်ေပးပါ။ ဆီခ်က္အရင္ခ်က္မယ္။

-ဒယ္အိုးထဲ ဆီ နည္းနည္းနဲ႔ ထည့္ပါ။

-ပူလာရင္ ပါးပါးလွီးထားတဲ့ ၾကက္သြန္ျဖဴ ထည့္ေၾကာ္။ ၾကက္သြန္ျဖဴ အေရာင္ေျပာင္းစျပဳလာရင္ ဆယ္ (ေနာက္က်ရင္ တူးသြားမယ္) ။
ဆီက်က္ကို ခပ္ထား။ အိုးထဲမွာ အႏွံ႔ ဆီလူးေနပါေစ။

-ေဖ်ာ္ထားတဲ့ ပဲမႈန္႔ရည္ ဒယ္အိုးထဲ ထည့္ၿပီး ေမႊပါ။ မီးသိပ္မျပင္းပါနဲ႔။ သစ္သားေယာင္းမ သုံးပါ။ ပ်စ္လာတာနဲ႔ နာနာေမႊဖို႔ လိုတယ္။ ၁၀ မိနစ္ေလာက္ပဲၾကာပါတယ္။

-ေယာင္းမကို မ ၾကည့္လို႔ အမွ်င္မျပတ္ေတာ့ဘူးဆိုရင္ ခ်လို႔ရပါၿပီ။ မန္က်ည္းမွည့္ အခ်ဥ္ေရ ငံ​ျပာရည္ င႐ုပ္သီးမႈန္႔ အခ်ိဳမႈန္႔ ေဂၚဖီျခစ္ထားပါ ေျခာက္႐ြက္ နံနံပင္တိုျဖင့္ သုပ္ၿပီးသုံးေဆာင္ႏိုင္ပါၿပီ။

Crd

Add a Comment

Your email address will not be published.