သံဃာများကို စော်ကားသူရဲ့ ညီမှ ကိုယ်တိုင် ရင်ဖွင့်စာ

Sharing is caring!

မိသားစုဝင်တစ်ဦး နှုတ်မစောင့်မိတာကြောင့်ကျန်မိသားစုဝင်တွေပါ အကျိုးသက်ရောက်သွားရပါတယ်။ စိတ်မကောင်းပါဘူး။အောက်မှာ Dr ကျော်ဝင်းသန့်ရဲ့ညီ ရေးထားတဲ့ post ပါ။မှားတာမှန်တာတွေ နောက်ထား။ လက်ငင်း ပြဿနာပါ။

ကျွန်တော့်အကိုဟာ တရားဥပဒေရဲ့ ဆုံးမမှုကိုခံယူမှာဖြစ်ပါတယ်။ အခုအချိန်မှာ လိုင်းပေါ်မှာ တစ်ချို့မဟုတ်မမှန်သတင်းတွေနဲ့ အရမ်းကိုဖွနေတာတွေ့ရတဲ့အတွက် ကျွန်တော်ဖြေရှင်းချင်တာလေးတွေရှိပါတယ်။

ကျွန်တော်တို့မိသားစုဟာ ရိုးရိုးသားသားပဲနေကြသူတွေပါ။ ဘယ်ပါတီ ဘယ်အဖွဲ့အစည်းဝင်မှလည်းမဟုတ်ပါဘူး။ ကျွန်တော့်အကိုဟာလည်း ဘယ်ပါတီဝင်မှ မဟုတ်သလို ဘယ်အဖွဲ့အစည်းနဲ့မှလည်း ပါတ်သတ်မှုမရှိပါဘူး။ ကျွန်တော့်အကိုဟာ သူတင်တဲ့နေ့တုန်းက ရန်ကုန်မှာပါ။ မိတ္ထီလာမြို့မှာမရှိပါဘူး။ မိတ္ထီလာမြို့မှာ ကျွန်တော်ရယ် အဖေရယ် အမေရယ်ပဲရှိပါတယ်။

ပထမဆုံးသတင်းတွေတက်လာတဲ့နေ့က ကျွန်တော်တို့ မိတ္ထီလာအိမ်လိပ်စာအတိအကျနဲ့ တင်ကြပါတယ်။ ကျွန်တော့်အဖေနဲ့ အမေဟာ ကျန်းမာရေးမကောင်းပါဘူး။ လူငယ်ဆိုလို့ အိမ်မှာကျွန်တော်တစ်ယောက်တည်းရှိတာပါ။ မတော်တဆ လူတွေဝိုင်းလာရင် ကျွန်တော်တို့အတွက် အန္တရာယ်အရမ်းများပါတယ်။

ကျွန်တော်တို့ သိသိချင်း ရပ်မိရပ်ဖ တစ်ချို့နဲ့ တွေ့ဆုံပြီး အကြံအဉာဏ်တောင်းပါတယ်။ အကြံပေးတဲ့အတိုင်းပဲ အဖေရယ် ကျွန်တော်ရယ်နှစ်ယောက် လိုက်ပြီး တောင်းပန်ပါတယ်။ အဲဒီမှာ မြို့ရဲ့အဖွဲ့အစည်းတစ်ချို့က ပုဂ္ဂိုလ်တွေက လူကိုယ်တိုင် လာတောင်းပန်မှကျေနပ်မယ်ဆိုပြီးပြောပါတယ်။ ကျွန်တော့်အကိုဆီကိုဖုန်းဆက်ပြီး သူလာနိုင်မဲ့နေ့ကို မေးတဲ့အခါ သူက ချက်ချင်း ရန်ကုန်ကနေ မိတ္ထီလာကိုဆင်းလာခဲ့မယ်ဆိုပြီးပြောပါတယ်။

အဲဒီအချိန်မှာ တစ်ချို့ Facebook account တွေကနေ လူကိုယ်တိုင်လာမတောင်းပန်ပဲ ညီနဲ့အဖေကို ကိုယ်စားပဲလွှတ်တယ်ဆိုပြီးတင်ပါတယ်။ ကိုယ်စားလွှတ်တာမဟုတ်ပါဘူး သူကိုယ်တိုင်က မြို့ပေါ်မှာမရှိတာပါ။ ကျွန်တော်တို့တွေ အားလုံးတောင်းပန်ပြီး ညနေအချိန်မှာ ကျွန်တော်တို့အိမ်ကို ရပ်ကွက်မှ တာဝန်ရှိလူကြီးများရောက်ရှိလာပါတယ်။ ကျွန်တော်သတင်းတင်တဲ့သူတွေကို အိမ်လိပ်စာဖျက်ခိုင်းလိုက်ပေမယ့် သူတို့ပြင်ပေးတဲ့အခါ သတင်းက အရမ်းပျံ့နှံ့သွားပါပြီ။ ကျွန်တော်တို့ အိမ်‌ကိုလည်း စောင့်ကြည့်နေကြတဲ့သူတွေရှိနေကြောင်းလည်း အဖွဲ့အစည်းများမှပြောပါတယ်။

ကျွန်တော်တို့လည်းအပြင်မထွက်ရဲပါဘူး။ ညကျွန်တော့်အကိုရောက်လာတဲ့အခါ ရပ်ကွက်ထဲက လူကြီးတွေကိုယ်တိုင်သွားရောက်ခေါ်ဆောင်လာပါတယ်။ ကျွန်တော်တို့ကို အဖွဲ့အစည်းအချို့က လူတွေက ကိုကျော်ဝင်းသန့်ကိုယ်တိုင် မိတ္ထီလာမြို့မှာ ပါချုပ်ဆရာတော်ကိုပင့်ပြီး Facebook မှ live အပါအဝင် အခန်းအနားနဲ့ နိုင်ငံတော်အဆင့်တောင်းပန်ပေးရပါမယ်ဆိုပြီးပြောပါတယ်။

ဒီမှာ ထပ်ပြီးပြောကြားလိုတာက ကျွန်တော့်အကိုဟာ ဖြစ်လာမယ့် အကြောင်းအရာကို သူနားလည်ပါတယ်။ သူ့ကိုတစ်ခါတည်းဖမ်းသွားနိုင်တယ်ဆိုတာလည်း သူသိကြောင်း ကျွန်တော့်ကိုပြောပါတယ်။ ဒါပေမယ့် သူ့လုပ်ရပ်ကိုတောင်းပနမယ် ရ်ဆိုင်စရာရှိတာရင်ဆိုင်ရမှာပဲဆိုပြီးအရောက်လာပါတယ်။ကျွန်တော်တို့နောက်နေ့ ကိုးနဝင်းကျောင်းကိုရောက်တဲ့အခါ လူတွေအများကြီးစုဝေးနေတာကိုတွေ့ရပါတယ်။

ကျွန်တော်တို့တောင်းပန်တဲ့အခါ ဆရာတော်ကြီးတွေဟာ ခွင့်မလွှတ်ကြပါဘူး။ အဲဒီအချိန်မှာ အပြင်က လူစုကြီးဟာ အော်ဟစ်နေကြပါပြီ။ ကျွန်တော်တို့အရမ်းကြောက်ပါတယ်။ ကျွန်တော်သေရမှာထက် ကျွန်တော့်အဖေအမေ တစ်ခုခုဖြစ်မှာကိုပိုစိုးရိမ်ပါတယ်။ “အကိုကိုမရိုက်ရရင် ညီကိုရိုက်ကွာ” ဆိုတဲ့အသံတွေလည်း နားနဲ့ကြားခဲ့ရပါတယ်။

နောက်ပိုင်းအဖြစ်ပျက်ကတော့ live မှာမြင်တွေ့ကြတဲ့အတိုင်းပါပဲ။ ကျွန်တော့်အကိုကိုခေါ်သွားတဲ့ ရဲကားကိုခဲတွေနဲ့ဝိုင်းထုကြပါတယ်။ ရဲအချို့ ဒဏ်ရာရသွားတယ်ပြောပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေ သံဃာတော်‌တွေ ရပ်မိရပ်ဖတွေ ကျန်းမာချမ်းသာကြပါစေခင်ဗျာ။ သူတို့သာမရှိရင် ကျွန်တော်တို့ မိသားစုဟာ အသတ်ခံရပါပြီ။

ကျွန်တော်တို့ ကျန်တဲ့ မိသားစုဟာ မိတ္ထီလာမြို့မှာ မနေရဲတော့ပါဘူး။ ကျွန်တော်တို့ အဝေးတစ်နေရာကို ထွက်သွားပါတော့မယ်။ ရပ်ကွက်က တာဝန်ရှိလူကြီးတွေလည်း အဝေးတစ်နေရာကို သွားဖို့အကြံပြုပါတယ်။

အခုအချိန်မှာ ကျွန်တော့်အကို ဘယ်မှာလည်းဆိုတာ မသိရပါဘူး။ သတင်းဌာနတစ်ချို့က မန္တလေးမှာလို့လည်းတင်ကြပါတယ်။

ကျွန်တော့်အကိုမှာ ဇနီးနဲ့လူမမည်အရွယ်သမီးလေးတစ်ဦးရှိပါတယ်။ တစ်ချို့ အကောင့်တွေမှာ မဆိုင်တဲ့ ကျွန်တော့်အကိုရဲ့ ဇနီးနဲ့ကလေး မိသားစုဝင်တွေကိုပါ ဓာတ်ပုံနှင့်တကွတင်ပြီး အသက်အန္တရာယ်ကို ခြိမ်းခြောက်နေကြပါတယ်။ ကျွန်တော့်အကိုရဲ့ ရန်ကုန်လိပ်စာတွေလည်းတင်ကြတဲ့အတွက် သူတို့လည်း အဲဒီမှာမနေရဲတော့ပါဘူး။

ပြီးတော့ သူသေနတ်ကိုကိုင်ပြီးတင်ထားတဲ့ပုံကို ဝိုင်းဖွနေတာလည်းတွေ့ရပါတယ်။ အဲဒီပုံဟာလွန်ခဲ့တဲ့ လေးနှစ်လောက်တုန်းကပုံပါ။ ကျွန်တော့်အကိုဟာ NGO အဖွဲ့တစ်ခုမှာ အလုပ်လုပ်ခဲ့ပါတယ်။ ကရင်ပြည်နယ် ကယားပြည်နယ် နယ်စပ်တွေကိုသွားရပါတယ်။ အဲ့ဒီ သေနတ်ဟာ လေသေနတ်ပါ။ နယ်စပ်တွေမှာပေါပါတယ်ခင်ဗျာ။ အဲဒီပုံကိုပြပြီး အဖွဲ့အစည်းတစ်ခုခုကျောထောက်နောက်ခံရှိရမယ်ဆိုပြီးပြောနေကြပါတယ်။ ဘယ်အဖွဲ့အစည်းမှ လေသေနတ်လိုလိုတူမီးလိုလိုသေနတ်တွေမကိုင်ကြပါဘူး။

အခုခေတ်ဟာ Facebook အကောင့်တစ်ခုကို လွယ်လွယ်လေးဖွင့်လိုရတဲ့ခေတ်ပါ။ အဓိကရုဏ်းတွေအတွက်ဖွနေကြတဲ့အကောင့်တွေဆိုတာ အကောင့်တုတွေများပါတယ်။ လူတစ်ယောက်ဟာ သူ Facebook မှာအမှတ်မထင်တင်လိုက်တဲ့ post တစ်ခုကြောင့် သူ့မိသားစုကို ထိခိုက်မယ်ဆိုတာ သိရင်သိသိကြီးနဲ့ အကောင့်အစစ်ကနေတင်စရာအကြောင်းမရှိပါဘူး။

ကျွန်တော့်အကိုဟာ အရက်သောက်ပါတယ်။ သူ့မှာ အဝလွန်နေတော့ ဒေါသအလွယ်ထွက်တက်ပါတယ်။ သူ post တွေတင်တဲ့နေ့တုန်းက အရက်သောက်ထားပါတယ်လို့ပြောပါတယ်။ အရက်မူးတဲ့ကောင်ဟာ ချီးကျွေးရင် မစားဘူးဆိုကြပေမယ့်။ အရက်နဲ့ဒေါသ နှစ်ခုပေါင်းလိုက်တဲ့အခါမှာ သိစိတ်ရော မသိစိတ်ရော လွတ်သွားတတ်ပါတယ်။ သူ့ရဲ့ Post မှာ လက်မခံတဲ့သူတွေနဲ့ပြောရင်းပြောရင်း ဒေါသရယ် အရက်ရယ် ပါလာတဲ့အခါ တစ်ဖက်သား နာအောင်အဆုံးထိပြောမိသွားပါတယ်။ ကျွန်တော်တို့ညီအကိုနှစ်ယောက်လည်း အဲဒီကိစ္စနဲ့ရန်ဖြစ်နေကျပါပဲ။ သူကိုယ်တိုင်လည်း ဒီလောက်ထိဖြစ်သွားမယ်လို့ မထင်ခဲ့မိပါဘူး။

နောက်ဆုံးပြောရရင် ကျွန်တော့်အကိုဟာ ထောင်ကျမှာဖြစ်ပါတယ်။ ကျွန်တော်တို့လည်း အဲဒီကိစ္စကို လက်ခံပါတယ်။ အခုပိုစ့်တင်ရခြင်းရဲ့ရည်ရွယ်ချက်က ကျွန်တော်ဟာ အဖေအမေနဲ့ ကိုကျော်ဝင်းသန့်ရဲ့ ဇနီးနဲ့သမီး မိသားစုရဲ့လုံခြုံမှုကို ဂရုစိုက်စေလိုတဲ့အတွက်ပဲဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ရိုးရိုးသားသားနေတဲ့ မိသားစုဝင်တွေပါ။

မိတ္ထီလာမှာဆွေမျိုးလည်းမရှိပါဘူး အားကိုးစရာလည်းမရှိပါဘူး။ ကျွန်တော့်အကိုဟာလည်း သူ့လုပ်ရပ်အတွက်သူ တရားဥပဒေရဲ့ ပြစ်ဒဏ်ကို သူခံပါလိမ့်မယ်။ သူ့ဟာ မိတ္ထီလာမြို့မှာ အဓိကရုဏ်းဖြစ်ပါစေဆိုတဲ့ ဆန္ဒမရှိသလို။ သူ့ရဲ့နောက်ကွယ်မှာ အနီတွေအစိမ်းတွေမပါပါဘူးဆိုတာ အလေးအနက်ပြောချင်ပါတယ်။

မိတ္ထီလာမြို့နေ သံဃာတော်များ မြို့မိ မြို့ဖများ တာဝန်ရှိအဖွဲ့အစည်းများ လူပုဂ္ဂိုလ်များကို ကျွန်တော် အနူးအညွတ်တောင်းပန်ပါတယ်။

အောင်ဝင်းသန့်။

Zawgyi Version

မိသားစုဝင္တစ္ဦး ႏႈတ္မေစာင့္မိတာေၾကာင့္က်န္မိသားစုဝင္ေတြပါ အက်ိဳးသက္ေရာက္သြားရပါတယ္။ စိတ္မေကာင္းပါဘူး။ေအာက္မွာ Dr ေက်ာ္ဝင္းသန႔္ရဲ႕ညီ ေရးထားတဲ့ post ပါ။မွားတာမွန္တာေတြ ေနာက္ထား။ လက္ငင္း ျပႆနာပါ။

ကြၽန္ေတာ့္အကိုဟာ တရားဥပေဒရဲ႕ ဆုံးမမႈကိုခံယူမွာျဖစ္ပါတယ္။ အခုအခ်ိန္မွာ လိုင္းေပၚမွာ တစ္ခ်ိဳ႕မဟုတ္မမွန္သတင္းေတြနဲ႔ အရမ္းကိုဖြေနတာေတြ႕ရတဲ့အတြက္ ကြၽန္ေတာ္ေျဖရွင္းခ်င္တာေလးေတြရွိပါတယ္။

ကြၽန္ေတာ္တို႔မိသားစုဟာ ႐ိုး႐ိုးသားသားပဲေနၾကသူေတြပါ။ ဘယ္ပါတီ ဘယ္အဖြဲ႕အစည္းဝင္မွလည္းမဟုတ္ပါဘူး။ ကြၽန္ေတာ့္အကိုဟာလည္း ဘယ္ပါတီဝင္မွ မဟုတ္သလို ဘယ္အဖြဲ႕အစည္းနဲ႔မွလည္း ပါတ္သတ္မႈမရွိပါဘူး။ ကြၽန္ေတာ့္အကိုဟာ သူတင္တဲ့ေန႔တုန္းက ရန္ကုန္မွာပါ။ မိတၳီလာၿမိဳ႕မွာမရွိပါဘူး။ မိတၳီလာၿမိဳ႕မွာ ကြၽန္ေတာ္ရယ္ အေဖရယ္ အေမရယ္ပဲရွိပါတယ္။

ပထမဆုံးသတင္းေတြတက္လာတဲ့ေန႔က ကြၽန္ေတာ္တို႔ မိတၳီလာအိမ္လိပ္စာအတိအက်နဲ႔ တင္ၾကပါတယ္။ ကြၽန္ေတာ့္အေဖနဲ႔ အေမဟာ က်န္းမာေရးမေကာင္းပါဘူး။ လူငယ္ဆိုလို႔ အိမ္မွာကြၽန္ေတာ္တစ္ေယာက္တည္းရွိတာပါ။ မေတာ္တဆ လူေတြဝိုင္းလာရင္ ကြၽန္ေတာ္တို႔အတြက္ အႏၲရာယ္အရမ္းမ်ားပါတယ္။

ကြၽန္ေတာ္တို႔ သိသိခ်င္း ရပ္မိရပ္ဖ တစ္ခ်ိဳ႕နဲ႔ ေတြ႕ဆုံၿပီး အႀကံအဉာဏ္ေတာင္းပါတယ္။ အႀကံေပးတဲ့အတိုင္းပဲ အေဖရယ္ ကြၽန္ေတာ္ရယ္ႏွစ္ေယာက္ လိုက္ၿပီး ေတာင္းပန္ပါတယ္။ အဲဒီမွာ ၿမိဳ႕ရဲ႕အဖြဲ႕အစည္းတစ္ခ်ိဳ႕က ပုဂၢိဳလ္ေတြက လူကိုယ္တိုင္ လာေတာင္းပန္မွေက်နပ္မယ္ဆိုၿပီးေျပာပါတယ္။ ကြၽန္ေတာ့္အကိုဆီကိုဖုန္းဆက္ၿပီး သူလာႏိုင္မဲ့ေန႔ကို ေမးတဲ့အခါ သူက ခ်က္ခ်င္း ရန္ကုန္ကေန မိတၳီလာကိုဆင္းလာခဲ့မယ္ဆိုၿပီးေျပာပါတယ္။

အဲဒီအခ်ိန္မွာ တစ္ခ်ိဳ႕ Facebook account ေတြကေန လူကိုယ္တိုင္လာမေတာင္းပန္ပဲ ညီနဲ႔အေဖကို ကိုယ္စားပဲလႊတ္တယ္ဆိုၿပီးတင္ပါတယ္။ ကိုယ္စားလႊတ္တာမဟုတ္ပါဘူး သူကိုယ္တိုင္က ၿမိဳ႕ေပၚမွာမရွိတာပါ။ ကြၽန္ေတာ္တို႔ေတြ အားလုံးေတာင္းပန္ၿပီး ညေနအခ်ိန္မွာ ကြၽန္ေတာ္တို႔အိမ္ကို ရပ္ကြက္မွ တာဝန္ရွိလူႀကီးမ်ားေရာက္ရွိလာပါတယ္။ ကြၽန္ေတာ္သတင္းတင္တဲ့သူေတြကို အိမ္လိပ္စာဖ်က္ခိုင္းလိုက္ေပမယ့္ သူတို႔ျပင္ေပးတဲ့အခါ သတင္းက အရမ္းပ်ံ႕ႏွံ႔သြားပါၿပီ။ ကြၽန္ေတာ္တို႔ အိမ္‌ကိုလည္း ေစာင့္ၾကည့္ေနၾကတဲ့သူေတြရွိေနေၾကာင္းလည္း အဖြဲ႕အစည္းမ်ားမွေျပာပါတယ္။

ကြၽန္ေတာ္တို႔လည္းအျပင္မထြက္ရဲပါဘူး။ ညကြၽန္ေတာ့္အကိုေရာက္လာတဲ့အခါ ရပ္ကြက္ထဲက လူႀကီးေတြကိုယ္တိုင္သြားေရာက္ေခၚေဆာင္လာပါတယ္။ ကြၽန္ေတာ္တို႔ကို အဖြဲ႕အစည္းအခ်ိဳ႕က လူေတြက ကိုေက်ာ္ဝင္းသန႔္ကိုယ္တိုင္ မိတၳီလာၿမိဳ႕မွာ ပါခ်ဳပ္ဆရာေတာ္ကိုပင့္ၿပီး Facebook မွ live အပါအဝင္ အခန္းအနားနဲ႔ ႏိုင္ငံေတာ္အဆင့္ေတာင္းပန္ေပးရပါမယ္ဆိုၿပီးေျပာပါတယ္။

ဒီမွာ ထပ္ၿပီးေျပာၾကားလိုတာက ကြၽန္ေတာ့္အကိုဟာ ျဖစ္လာမယ့္ အေၾကာင္းအရာကို သူနားလည္ပါတယ္။ သူ႔ကိုတစ္ခါတည္းဖမ္းသြားႏိုင္တယ္ဆိုတာလည္း သူသိေၾကာင္း ကြၽန္ေတာ့္ကိုေျပာပါတယ္။ ဒါေပမယ့္ သူ႔လုပ္ရပ္ကိုေတာင္းပနမယ္ ရ္ဆိုင္စရာရွိတာရင္ဆိုင္ရမွာပဲဆိုၿပီးအေရာက္လာပါတယ္။ကြၽန္ေတာ္တို႔ေနာက္ေန႔ ကိုးနဝင္းေက်ာင္းကိုေရာက္တဲ့အခါ လူေတြအမ်ားႀကီးစုေဝးေနတာကိုေတြ႕ရပါတယ္။

ကြၽန္ေတာ္တို႔ေတာင္းပန္တဲ့အခါ ဆရာေတာ္ႀကီးေတြဟာ ခြင့္မလႊတ္ၾကပါဘူး။ အဲဒီအခ်ိန္မွာ အျပင္က လူစုႀကီးဟာ ေအာ္ဟစ္ေနၾကပါၿပီ။ ကြၽန္ေတာ္တို႔အရမ္းေၾကာက္ပါတယ္။ ကြၽန္ေတာ္ေသရမွာထက္ ကြၽန္ေတာ့္အေဖအေမ တစ္ခုခုျဖစ္မွာကိုပိုစိုးရိမ္ပါတယ္။ “အကိုကိုမ႐ိုက္ရရင္ ညီကို႐ိုက္ကြာ” ဆိုတဲ့အသံေတြလည္း နားနဲ႔ၾကားခဲ့ရပါတယ္။

ေနာက္ပိုင္းအျဖစ္ပ်က္ကေတာ့ live မွာျမင္ေတြ႕ၾကတဲ့အတိုင္းပါပဲ။ ကြၽန္ေတာ့္အကိုကိုေခၚသြားတဲ့ ရဲကားကိုခဲေတြနဲ႔ဝိုင္းထုၾကပါတယ္။ ရဲအခ်ိဳ႕ ဒဏ္ရာရသြားတယ္ေျပာပါတယ္။ ရဲတပ္ဖြဲ႕ဝင္ေတြ သံဃာေတာ္‌ေတြ ရပ္မိရပ္ဖေတြ က်န္းမာခ်မ္းသာၾကပါေစခင္ဗ်ာ။ သူတို႔သာမရွိရင္ ကြၽန္ေတာ္တို႔ မိသားစုဟာ အသတ္ခံရပါၿပီ။

ကြၽန္ေတာ္တို႔ က်န္တဲ့ မိသားစုဟာ မိတၳီလာၿမိဳ႕မွာ မေနရဲေတာ့ပါဘူး။ ကြၽန္ေတာ္တို႔ အေဝးတစ္ေနရာကို ထြက္သြားပါေတာ့မယ္။ ရပ္ကြက္က တာဝန္ရွိလူႀကီးေတြလည္း အေဝးတစ္ေနရာကို သြားဖို႔အႀကံျပဳပါတယ္။

အခုအခ်ိန္မွာ ကြၽန္ေတာ့္အကို ဘယ္မွာလည္းဆိုတာ မသိရပါဘူး။ သတင္းဌာနတစ္ခ်ိဳ႕က မႏၲေလးမွာလို႔လည္းတင္ၾကပါတယ္။

ကြၽန္ေတာ့္အကိုမွာ ဇနီးနဲ႔လူမမည္အ႐ြယ္သမီးေလးတစ္ဦးရွိပါတယ္။ တစ္ခ်ိဳ႕ အေကာင့္ေတြမွာ မဆိုင္တဲ့ ကြၽန္ေတာ့္အကိုရဲ႕ ဇနီးနဲ႔ကေလး မိသားစုဝင္ေတြကိုပါ ဓာတ္ပုံႏွင့္တကြတင္ၿပီး အသက္အႏၲရာယ္ကို ၿခိမ္းေျခာက္ေနၾကပါတယ္။ ကြၽန္ေတာ့္အကိုရဲ႕ ရန္ကုန္လိပ္စာေတြလည္းတင္ၾကတဲ့အတြက္ သူတို႔လည္း အဲဒီမွာမေနရဲေတာ့ပါဘူး။

ၿပီးေတာ့ သူေသနတ္ကိုကိုင္ၿပီးတင္ထားတဲ့ပုံကို ဝိုင္းဖြေနတာလည္းေတြ႕ရပါတယ္။ အဲဒီပုံဟာလြန္ခဲ့တဲ့ ေလးႏွစ္ေလာက္တုန္းကပုံပါ။ ကြၽန္ေတာ့္အကိုဟာ NGO အဖြဲ႕တစ္ခုမွာ အလုပ္လုပ္ခဲ့ပါတယ္။ ကရင္ျပည္နယ္ ကယားျပည္နယ္ နယ္စပ္ေတြကိုသြားရပါတယ္။ အဲ့ဒီ ေသနတ္ဟာ ေလေသနတ္ပါ။ နယ္စပ္ေတြမွာေပါပါတယ္ခင္ဗ်ာ။ အဲဒီပုံကိုျပၿပီး အဖြဲ႕အစည္းတစ္ခုခုေက်ာေထာက္ေနာက္ခံရွိရမယ္ဆိုၿပီးေျပာေနၾကပါတယ္။ ဘယ္အဖြဲ႕အစည္းမွ ေလေသနတ္လိုလိုတူမီးလိုလိုေသနတ္ေတြမကိုင္ၾကပါဘူး။

အခုေခတ္ဟာ Facebook အေကာင့္တစ္ခုကို လြယ္လြယ္ေလးဖြင့္လိုရတဲ့ေခတ္ပါ။ အဓိက႐ုဏ္းေတြအတြက္ဖြေနၾကတဲ့အေကာင့္ေတြဆိုတာ အေကာင့္တုေတြမ်ားပါတယ္။ လူတစ္ေယာက္ဟာ သူ Facebook မွာအမွတ္မထင္တင္လိုက္တဲ့ post တစ္ခုေၾကာင့္ သူ႔မိသားစုကို ထိခိုက္မယ္ဆိုတာ သိရင္သိသိႀကီးနဲ႔ အေကာင့္အစစ္ကေနတင္စရာအေၾကာင္းမရွိပါဘူး။

ကြၽန္ေတာ့္အကိုဟာ အရက္ေသာက္ပါတယ္။ သူ႔မွာ အဝလြန္ေနေတာ့ ေဒါသအလြယ္ထြက္တက္ပါတယ္။ သူ post ေတြတင္တဲ့ေန႔တုန္းက အရက္ေသာက္ထားပါတယ္လို႔ေျပာပါတယ္။ အရက္မူးတဲ့ေကာင္ဟာ ခ်ီးေကြၽးရင္ မစားဘူးဆိုၾကေပမယ့္။ အရက္နဲ႔ေဒါသ ႏွစ္ခုေပါင္းလိုက္တဲ့အခါမွာ သိစိတ္ေရာ မသိစိတ္ေရာ လြတ္သြားတတ္ပါတယ္။ သူ႔ရဲ႕ Post မွာ လက္မခံတဲ့သူေတြနဲ႔ေျပာရင္းေျပာရင္း ေဒါသရယ္ အရက္ရယ္ ပါလာတဲ့အခါ တစ္ဖက္သား နာေအာင္အဆုံးထိေျပာမိသြားပါတယ္။ ကြၽန္ေတာ္တို႔ညီအကိုႏွစ္ေယာက္လည္း အဲဒီကိစၥနဲ႔ရန္ျဖစ္ေနက်ပါပဲ။ သူကိုယ္တိုင္လည္း ဒီေလာက္ထိျဖစ္သြားမယ္လို႔ မထင္ခဲ့မိပါဘူး။

ေနာက္ဆုံးေျပာရရင္ ကြၽန္ေတာ့္အကိုဟာ ေထာင္က်မွာျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔လည္း အဲဒီကိစၥကို လက္ခံပါတယ္။ အခုပိုစ့္တင္ရျခင္းရဲ႕ရည္႐ြယ္ခ်က္က ကြၽန္ေတာ္ဟာ အေဖအေမနဲ႔ ကိုေက်ာ္ဝင္းသန႔္ရဲ႕ ဇနီးနဲ႔သမီး မိသားစုရဲ႕လုံၿခဳံမႈကို ဂ႐ုစိုက္ေစလိုတဲ့အတြက္ပဲျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ဟာ ႐ိုး႐ိုးသားသားေနတဲ့ မိသားစုဝင္ေတြပါ။

မိတၳီလာမွာေဆြမ်ိဳးလည္းမရွိပါဘူး အားကိုးစရာလည္းမရွိပါဘူး။ ကြၽန္ေတာ့္အကိုဟာလည္း သူ႔လုပ္ရပ္အတြက္သူ တရားဥပေဒရဲ႕ ျပစ္ဒဏ္ကို သူခံပါလိမ့္မယ္။ သူ႔ဟာ မိတၳီလာၿမိဳ႕မွာ အဓိက႐ုဏ္းျဖစ္ပါေစဆိုတဲ့ ဆႏၵမရွိသလို။ သူ႔ရဲ႕ေနာက္ကြယ္မွာ အနီေတြအစိမ္းေတြမပါပါဘူးဆိုတာ အေလးအနက္ေျပာခ်င္ပါတယ္။

မိတၳီလာၿမိဳ႕ေန သံဃာေတာ္မ်ား ၿမိဳ႕မိ ၿမိဳ႕ဖမ်ား တာဝန္ရွိအဖြဲ႕အစည္းမ်ား လူပုဂၢိဳလ္မ်ားကို ကြၽန္ေတာ္ အႏူးအၫြတ္ေတာင္းပန္ပါတယ္။

ေအာင္ဝင္းသန႔္။

Add a Comment

Your email address will not be published. Required fields are marked *