ဆေးဘဲဥကြိုက်တဲ့သူများ မဖြစ်မနေဖတ်ကြည့်ပါ
|ဆေးဘဲဥဆိုတာကို လူတိုင်းစားသောက်ဆိုင်မှာစားဖူးကြမှာပါ။ ကိုယ်တိုင်လဲ အရမ်းကြိုက်လို့ ခနခန စားဖြစ်ခဲ့ပါတယ်။ ဆေးဘဲဉရဲ့ ကြောက်စရာကောင်းတဲ့ အန္တရယ် တွေကို ကိုယ်တိုင် သိရလို့ ဆက်မစားတော့ပါဘူး။
တခြားလူတွေကိုလည်း ဆေးဘဲဥ မစားစေရန် Share နှင့် ကိုယ့်ရဲ့ ချစ်ရသော ချစ်သူများ ၊ သူငယ်ချင်းများအား မစားမိစေရန် သတိပေးကြပါ။
ဆေးဘဲဥ ကို centry egg , preserved egg, hundred year egg , thousand year egg , millennium egg , ထုံးဘဲဥ ၊ ဖီတန် ( တကယ်တော့ တရုပ် လို နာမည် Pidan ) လို့ ခေါ်ကြပါသည်။
ဆေးဘဲဥ တွေဟာ တရုတ်နိုင်ငံကနေ စတင်ပြီး ထုတ်လုပ်လိုက်တာဖြစ်ပြီး ဘဲဥ ၊ ကြက်ဥ နှင့် ငုံးဥ တို့ကို အသုံးပြု ပြီးပြုလုပ်ထားခြင်းဖြစ်ပါသည်။
ဆေးဘဲဥလုပ်တဲ့ အခါမှာ ပါဝင်ပြီး လုပ်ထားသော အရာများကတော့ ရွှံ့မြေ၊ ဆား၊ ထုံး၊ ထမင်းပျော့ အဲ့ဒါတွေကို လိုအပ်သလို ထည့်ပြီးပြုလုပ်ထားပါသည်။
ဘဲဥ ရဲ့ အကာ တွေဟာ အစိမ်းပုပ်ရောင်မှသည် မီးခိုးရောင်၊ မီးခိုးရောင်မှသည် အညို ရောင်သို့ ပြောင်းလဲ သွားပြီး ပြစ်ခဲမှု ကလဲ အရည် အဖြစ်မှ ဂျယ်လီ အဖြစ်သို့ ပြောင်းလဲ ကာ ပြု လုပ်ထားခြင်း ဖြစ်ပါသည်။
အနံ့ကလဲ ကန့် sulphur အနံ့ နှင့် အမိုးနီးယား ( ကျင်ငယ်ရေနံ့) ဘက်သို့ ပြောင်းလဲ သွားပါသည်။
PH Level ကလည်း ၉ နဲ့ ၁၀ ကြားမှာရှိပြီး Alkaline ရဲ့ ပြင်းအားရှိသည် ။ ဆေးဘဲဥ တစ်ခုပြုလုပ်ရန် အတွက် လအနည်းငယ်ကြာပါသည်။ ဒါကို ခုနောက်ပိုင်းမှာ လူတွေက စားသောက်မှုများလာတော့
စီးပွားရေး လုပ်ငန်းရှင်များဟာ သူတို့ဝင်ငွေရရန်အတွက် လ အနည်းငယ်ကြာအောင် လုပ်ရသော ဆေးဘဲဥကိုရက်ပိုင်းအတွင်း နည်းလမ်းများ ရှာဖွေကာ ထုတ်လုပ်လာကြပါသည်။
ဒါကြောင့် ဆေးဘဲဥကို calcium hydroxide နှင့် sodium carbonate ပျော်ရည် ထဲမှာ ဘဲဥကို စိမ်ထားခြင်းဖြင့် ဆယ်ရက်အတွင်း ပုံမှန်လုပ်နေကျ နည်းဖြင့် ပြုလုပ်သော ဆေးဘဲဥ ကို ပုံမှန်အရသာ မပျက်ပဲ သောကြောင့် ဒီနည်းကို အသုံးပြုလာကြပါသည်။
နောက်ဆုံးရလာတဲ့အရာကတော့ အာ့လိုလုပ်ခြင်းကြောင့် ဆေးဘဲဥထဲမှာ ခဲ ( Lead ) ဓာတ်တွေ များပြားစွာ ပါဝင်လာပါတယ်။
ခုန စိမ်ထားသော ပျော်ရည် တွေဟာ ဘဲဥထဲသို့ မြန်မြန်ဆန်ဆန် ဝင်သွားသောကြောင့် ခဲ ဓာတ်များလာတာ ဖြစ်ပါတယ်။ အဲ့လိုခဲဓာတ်တွေ များလာတဲ့ ဆေးဘဲဥတွေကို စားသောက်တာများလာသောအခါ ခန္ဓာကိုယ် ထဲမှာ ခဲဓာတ်တွေ စုပုံလာပြီး အသက်ဆုံးရှုံးမှု ဖြစ်နိုင်ပါသည်။
Lead Poisoning ခဲဆိပ်သင့်ခြင်း လို့ခေါ်ပါသည်။ ခဲဆိပ်သင့် ခြင်းကြောင့် ဖြစ်လာနိုင်သော လက္ခဏာ တွေကတော့ –
– အော့အန်ခြင်း
– ဗိုက်နာခြင်း
– မောပန်းခြင်း
– ကြွက်သားများ နာကျင် ခြင်း
– ဝမ်းလျှောခြင်း
– ဝမ်းချုပ် ခြင်း
– သုတ်ကောင်များ နည်းသွားခြင်း
– အာရုံစူးစိုက်မှု နည်းသွားခြင်း
– ဦးနှောက် အမှေးပါးရောင်ခြင်း
– သွားပိုးစားခြင်း
– သွေးပေါင်တက်ခြင်း
အထက်ပါ လက္ခဏာများမှ အသက်သေဆုံးသည်ထိ ဖြစ်နိုင်ပါသည် ။ ခန္ဓာကိုယ်မှာ ခဲ ဓာတ်များနေလားဆိုတာကို သိချင်ရင်တော့ သွေးဖောက်ပြီး စစ်လို့ရပါသည် ။
သွေးထဲမှာ ခဲဓာတ်ပါဝင်မှု ၁၀ မိုက်ခရို ဂရမ် ဒက်ဆီလီတာ ထက်ကျော်နေပြီ ဆိုရင် တော့ ခဲဓာတ် အဆိပ်မသင့် သေးသည့် တိုင်အောင် ခဲဓာတ်များနေပြီလို့ သိထားရပါမည် ။
ခဲစိတ်ဟာ အစားအသောက် တစ်ခုထဲမှ ရရှိတာမဟုပါဘူး။ တခြားခဲနှင့် ထိတွေ့နေသော သူများအားလုံးလည်း ရနိုင်ပါသည်။
– အိမ်သုတ်ဆေး ကိုင်သူ
– ဘတ္ထရီ အိုးပြင်သူ
– ခဲ ဂေဟတို့သူ
– ဓာတ်ရောင်ခြည်ကာကွယ်သော ခဲအကျီဝတ်သူ
– မာကျူရီ နှင့် ခဲဓာတ်ပါသော ဓာတ်ခဲထုတ်လုပ်သော နေရာ တွင် အလုပ်လုပ်သူ
– ခဲ က်ည္ဆံ ကိုင္သူ စသော သူများလဲ အဖြစ်များပါသည် ။
အားလုံး သတိပြုမိကြပါစေ …..
Crd
– အော့အန်ခြင်း
– ဗိုက်နာခြင်း
– မောပန်းခြင်း
– ဝမ်းလျှောခြင်း
– ဝမ်းချုပ် ခြင်း
– သွားပိုးစားခြင်း
– သွေးပေါင်တက်ခြင်း
– အိမ်သုတ်ဆေး ကိုင်သူ
– ဘတ္ထရီ အိုးပြင်သူ
– ခဲ ဂေဟတို့သူ
– ခဲ က်ည္ဆံ ကိုင်သူ စသော သူများလဲ အဖြစ်များပါသည် ။