မိမိအိမ် မီတာခ သက်သာစေနိုင်ဖို့ အိမ်သုံးလျှပ်စစ် မီတာ တွက်နည်း

Sharing is caring!

လစဥ် အိမ်သုံးမီတာခတွေများနေလို့ အကုန်အကျများနေသူများအတွက် ချိန်ဆပြီးအသုံးပြုနိုင်စေဖို့ အိမ်သုံးလျှပ်စစ် မီတာ တွက်နည်းအကြောင်းဖော်ပြပေးလိုက်ရပါတယ်။

တွက်နည်းကိုသိထားတဲ့အတွက် ချိန်ဆ တွက်ပြီးသုံးတတ်မယ်ဆိုလျှင် မီတာခကုန်ကျစရိတ်သက်သာစေနိုင်မှာဖြစ်သလို မိမိအိမ်မှာရှိတဲ့ လျှပ်စစ်ပစ္စည်းတွေရဲ့ သုံးစွဲနှုန်းယူနစ်နဲ့ ကုန်ကျစရိတ်ကိုတွက်ကြည့်ပြီး မီတာခကို ကြိုတင်ခန့်မှန်းကြည့်လို့ရပါတယ်။

မီတာခတွက်နည်း (၁)၁၀၀၀ ဝပ် ၁ နာရီ ၁ ယူနစ်” ပုံသေနည်းနဲ့ မီတာခ ကုန်ကျစရိတ်ကို တွက်ကြည့်လို့ရပါတယ်။လျှပ်စစ်ပစ္စည်းတွေမှာလျှပ်စစ်ပါဝါသုံးစွဲနှုန်းတွေရှိပါတယ်။

ပစ္စည်းရဲ့ Specification တွေမှာ Power Consumption ကိုဖတ်ကြည့်ပါ။ Watt နဲ့တိုင်းပါတယ်။အောက်ပါ အတိုင်း ဥပမာတွေနဲ့တွက်ထားတာကို လေ့လာကြည့်ပါ။

အိမ်သုံး မီတာခနှုန်းထားမှာ

၁ ယူနစ်မှ ယူနစ် ၃၀ အထိ ၃၅ ကျပ်နှုန်း

၃၁ ယူနစ်မှ ၅၀ ယူနစ်အထိ ၅၀ ကျပ်နှုန်း၊

၅၁ ယူနစ်မှ ၇၅ ယူနစ် အထိ ၇၀ ကျပ်နှုန်း၊

၇၆ ယူနစ်မှ ၁၀၀ အထိ ၉၀ ကျပ်နှုန်း၊

၁၀၁ မှ ၁၅၀ အထိ ၁၁၀ နှုန်း

၁၅၁ မှ ၂၀၀ အထိ ၁၂၀ ကျပ်

၂၀၁နှင့်အထက် ၁၂၅ ကျပ်

တစ်ယူနစ်ကို အနည်းဆုံး ၃၅ ကျပ် မှ အများဆုံး ၁၂၅ ကျပ်ပါ။ ပျမ်းမျှယူမယ်ဆို တစ်လ ယူနစ် ၅၀၀ လောက် သုံးတဲ့ အိမ်တွေဆို ၁ ယူနစ်ကို ၁၁၀ လောက်ကျပါတယ်။

၁ ယူနစ်ကို ၁၁၀ ကျပ် နဲ့တွက်ကြည့်ရအောင် ။ ဥပမာ (၁) – ၁၀၀၀ ဝပ် ရှိတဲ့ မီးပူကို ၁ နာရီ အသုံးပြုမယ် ဆိုလျှင်မီတာ ၁ ယူနစ်တက်ပါတယ်။၁ ယူနစ်ကို ၁၁၀ ကျပ်နဲ့တွက်ကြည့်ပါမယ်။

1 Unit x 110 Kyats = 110 Kyats(၁၀၀၀ ဝပ် မီးပူကို တစ်နာရီ အသုံးပြုလျှင် မီတာခ ၁၁၀ ကျပ် ကျသင့်ပါတယ်။)

ဥပမာ (၂) အိမ်သုံး အပေါ်ဖွင့် အဝတ်လျှော်စက် ရဲ့ Power Consumption က 850 W လောက်ရှိပါတယ်။ ၁ နာရီ အသုံးပြုမယ်ဆိုလျှင် 0.85 ယူနစ် တက်ပါတယ်။0.85 Unit x 110 Kyats = 93.5 Kyats

(850 Watt အဝတ်လျှော်စက် တစ်နာရီအသုံးပြုလျှင် မီတာခ ၉၄ ကျပ် လောက်ကျသင့်ပါတယ်)ဥပမာ (၃) ၁ ကောင် (1 hp) air con တစ်လုံးရဲ့ Power Consumption က 745.7 W လောက်ရှိပါတယ်။ ၁ နာရီ air con ဖွင့်ထားမယ်ဆိုလျှင် 0.7457

ယူနစ်တက်ပါတယ်။0.7457 Unit x 110 Kyats = 82.027 Kyats(၁ ကောင်အား air con ၁ နာရီ ဖွင့်လျှင် 83 ကျပ်လောက် ကျသင့်ပါတယ်)တစ်နေ့ကို ၁၀ နာရီ ဖွင့်မယ်ဆိုရင် ၁ ရက် 830 ကျပ်၊ တစ် လ ဆိုလျှင် ၂၄၉၀၀ ကျပ် လောက် ကျသင့်နိုင်ပါ
တယ်။

အိမ်ရဲ့ စုစုပေါင်း မီတာခ ကုန်ကျစရိတ်ကို ဒီ တွက်နည်းနဲ့ အသုံးပြုတဲ့ လျှပ်စစ်ပစ္စည်းတွေရဲ့ စုစုပေါင်း Power Consumption ဝပ်၊ အသုံးပြုချိန် စတဲ့အချက်တွေကို မှတ်သားထားပြီး တစ်ဆိုင်လုံး လည်ပတ်မှုအတွက် တွက်ချက်ကြည့်လို့ရပါတယ်။ Aung Kyaw Minn

မီတာခတွက်နည်း (၂)

ဦးဇင်းတို့ မီတာတွက် တဲ့ အခါအသုံး ပြုတဲ့ လျှပ်စစ်ပစ္စည်း လေးတွေကို အရင် watt (ဝပ်) ဘယ်လောက်နူန်းစားလဲလို့ သိရပါမယ်။မီးလုံး တစ်လုံး ဆိုရင် 60 W လို့ ရေးထားပါတယ်။ 60 W (ဝပ်) ရှိတဲ့ အဲဒီ မီးလုံးလေးကို နှစ်နာရီတိတိ ထွန်းထားမယ်ဆိုရင်(60×2

= 120) ၁၂၀ ပေါ့။သူကိုတို့နာရီနဲ့ မြှောက်ပြီးသား ဖြစ်လို့ ဝပ်နာရီ (Watt Hours= WH ) လို့ခေါ်ပါတယ်။ 1000 WH ကို 1 KWH (Kilowatt hour ) ဖြစ်လို့ တစ်ထောင်နဲ့ စားပါ ကကီလိုဝပ်ဟာဝါရပါတယ်။

ဒါကြောင့် ခုနက ၁၂၀ ကို ၁ထောင် နဲ့ စားရင် 0.12 ရမယ် အဲဒါ ကို မီတာခ ကောက်ခံ နူန်းတား ၃၅ကျပ် နဲ့ မြှောက်တဲ့ အခါ 4.2 ရပါတယ်။ ဒါဆိုရင် 60W မီးသီ လေးကို နှစ်နာရီ ထွန်းရင် ၄ ကျပ် ကျော်ကျော် ကျပါတယ်။

မီတာခတွေ ကောက် ခံတဲ့ အခါ အိမ်သုံး နဲ့လုပ်ငန်းသုံးဆို ပြီးနှစ်မျိုး ရှိပါတယ်။ အဲဒီ နှစ်မျိုး မှာလဲ ယူနစ် အသုံးပြု့မူ့အလိုက် အခကြေးငွေကွာပါ တယ်။ကိုယ် ဘယ်လောက် နူန်း မီတာခ အကောက်ခံရတယ်ဆိုတာ ဘောင်ချာမှာ ကြည့်ရင်သိနိူင်ပါ တယ်။

မိမိတို့ အသုံးပြုနေတဲ့ လျှပ်စစ်ပစ္စည်း တိုင်းမှာ မီတာစားနူန်းလေး တွေ ရေးထားတာတွေ့ရပါလိမ့်မယ် ။တစ်ကောင် အဲယားကွန်း 750 W၊ ထမင်းပေါင်းအိုး 700 W၊ လေးပေ မီးချောင်း 40 W အဲဒီလို လေးတွေ ပါတာ တွေ့မှာပါ။ ပိုပြီးရှင်းလင်း သွားအောင် ဦးဇင်း ပြ

ပေး ထားတဲ့ပုံလေးကိုကြည့်လိုက်ပါ။

AshinThuseikta

Zawgyi Version

လစဥ္ အိမ္သုံးမီတာခေတြမ်ားေနလို႔ အကုန္အက်မ်ားေနသူမ်ားအတြက္ ခ်ိန္ဆၿပီးအသုံးျပဳႏိုင္ေစဖို႔ အိမ္သုံးလွ်ပ္စစ္ မီတာ တြက္နည္းအေၾကာင္းေဖာ္ျပေပးလိုက္ရပါတယ္။

တြက္နည္းကိုသိထားတဲ့အတြက္ ခ်ိန္ဆ တြက္ၿပီးသုံးတတ္မယ္ဆိုလွ်င္ မီတာခကုန္က်စရိတ္သက္သာေစႏိုင္မွာျဖစ္သလို မိမိအိမ္မွာရွိတဲ့ လွ်ပ္စစ္ပစၥည္းေတြရဲ႕ သုံးစြဲႏႈန္းယူနစ္နဲ႔ ကုန္က်စရိတ္ကိုတြက္ၾကည့္ၿပီး မီတာခကို ႀကိဳတင္ခန႔္မွန္းၾကည့္လို႔ရပါတယ္။

မီတာခတြက္နည္း (၁)၁၀၀၀ ဝပ္ ၁ နာရီ ၁ ယူနစ္” ပုံေသနည္းနဲ႔ မီတာခ ကုန္က်စရိတ္ကို တြက္ၾကည့္လို႔ရပါတယ္။လွ်ပ္စစ္ပစၥည္းေတြမွာလွ်ပ္စစ္ပါဝါသုံးစြဲႏႈန္းေတြရွိပါတယ္။

ပစၥည္းရဲ႕ Specification ေတြမွာ Power Consumption ကိုဖတ္ၾကည့္ပါ။ Watt နဲ႔တိုင္းပါတယ္။ေအာက္ပါ အတိုင္း ဥပမာေတြနဲ႔တြက္ထားတာကို ေလ့လာၾကည့္ပါ။

အိမ္သုံး မီတာခႏႈန္းထားမွာ

၁ ယူနစ္မွ ယူနစ္ ၃၀ အထိ ၃၅ က်ပ္ႏႈန္း

၃၁ ယူနစ္မွ ၅၀ ယူနစ္အထိ ၅၀ က်ပ္ႏႈန္း၊

၅၁ ယူနစ္မွ ၇၅ ယူနစ္ အထိ ၇၀ က်ပ္ႏႈန္း၊

၇၆ ယူနစ္မွ ၁၀၀ အထိ ၉၀ က်ပ္ႏႈန္း၊

၁၀၁ မွ ၁၅၀ အထိ ၁၁၀ ႏႈန္း

၁၅၁ မွ ၂၀၀ အထိ ၁၂၀ က်ပ္

၂၀၁ႏွင့္အထက္ ၁၂၅ က်ပ္

တစ္ယူနစ္ကို အနည္းဆုံး ၃၅ က်ပ္ မွ အမ်ားဆုံး ၁၂၅ က်ပ္ပါ။ ပ်မ္းမွ်ယူမယ္ဆို တစ္လ ယူနစ္ ၅၀၀ ေလာက္ သုံးတဲ့ အိမ္ေတြဆို ၁ ယူနစ္ကို ၁၁၀ ေလာက္က်ပါတယ္။

၁ ယူနစ္ကို ၁၁၀ က်ပ္ နဲ႔တြက္ၾကည့္ရေအာင္ ။ ဥပမာ (၁) – ၁၀၀၀ ဝပ္ ရွိတဲ့ မီးပူကို ၁ နာရီ အသုံးျပဳမယ္ ဆိုလွ်င္မီတာ ၁ ယူနစ္တက္ပါတယ္။၁ ယူနစ္ကို ၁၁၀ က်ပ္နဲ႔တြက္ၾကည့္ပါမယ္။

1 Unit x 110 Kyats = 110 Kyats(၁၀၀၀ ဝပ္ မီးပူကို တစ္နာရီ အသုံးျပဳလွ်င္ မီတာခ ၁၁၀ က်ပ္ က်သင့္ပါတယ္။)

ဥပမာ (၂) အိမ္သုံး အေပၚဖြင့္ အဝတ္ေလွ်ာ္စက္ ရဲ႕ Power Consumption က 850 W ေလာက္ရွိပါတယ္။ ၁ နာရီ အသုံးျပဳမယ္ဆိုလွ်င္ 0.85 ယူနစ္ တက္ပါတယ္။0.85 Unit x 110 Kyats = 93.5 Kyats

(850 Watt အဝတ္ေလွ်ာ္စက္ တစ္နာရီအသုံးျပဳလွ်င္ မီတာခ ၉၄ က်ပ္ ေလာက္က်သင့္ပါတယ္)ဥပမာ (၃) ၁ ေကာင္ (1 hp) air con တစ္လုံးရဲ႕ Power Consumption က 745.7 W ေလာက္ရွိပါတယ္။ ၁ နာရီ air con ဖြင့္ထားမယ္ဆိုလွ်င္ 0.7457

ယူနစ္တက္ပါတယ္။0.7457 Unit x 110 Kyats = 82.027 Kyats(၁ ေကာင္အား air con ၁ နာရီ ဖြင့္လွ်င္ 83 က်ပ္ေလာက္ က်သင့္ပါတယ္)တစ္ေန႔ကို ၁၀ နာရီ ဖြင့္မယ္ဆိုရင္ ၁ ရက္ 830 က်ပ္၊ တစ္ လ ဆိုလွ်င္ ၂၄၉၀၀ က်ပ္ ေလာက္ က်သင့္ႏိုင္ပါ
တယ္။

အိမ္ရဲ႕ စုစုေပါင္း မီတာခ ကုန္က်စရိတ္ကို ဒီ တြက္နည္းနဲ႔ အသုံးျပဳတဲ့ လွ်ပ္စစ္ပစၥည္းေတြရဲ႕ စုစုေပါင္း Power Consumption ဝပ္၊ အသုံးျပဳခ်ိန္ စတဲ့အခ်က္ေတြကို မွတ္သားထားၿပီး တစ္ဆိုင္လုံး လည္ပတ္မႈအတြက္ တြက္ခ်က္ၾကည့္လို႔ရပါတယ္။ Aung Kyaw Minn

မီတာခတြက္နည္း (၂)

ဦးဇင္းတို႔ မီတာတြက္ တဲ့ အခါအသုံး ျပဳတဲ့ လွ်ပ္စစ္ပစၥည္း ေလးေတြကို အရင္ watt (ဝပ္) ဘယ္ေလာက္ႏူန္းစားလဲလို႔ သိရပါမယ္။မီးလုံး တစ္လုံး ဆိုရင္ 60 W လို႔ ေရးထားပါတယ္။ 60 W (ဝပ္) ရွိတဲ့ အဲဒီ မီးလုံးေလးကို ႏွစ္နာရီတိတိ ထြန္းထားမယ္ဆိုရင္(60×2

= 120) ၁၂၀ ေပါ့။သူကိုတို႔နာရီနဲ႔ ေျမႇာက္ၿပီးသား ျဖစ္လို႔ ဝပ္နာရီ (Watt Hours= WH ) လို႔ေခၚပါတယ္။ 1000 WH ကို 1 KWH (Kilowatt hour ) ျဖစ္လို႔ တစ္ေထာင္နဲ႔ စားပါ ကကီလိုဝပ္ဟာဝါရပါတယ္။

ဒါေၾကာင့္ ခုနက ၁၂၀ ကို ၁ေထာင္ နဲ႔ စားရင္ 0.12 ရမယ္ အဲဒါ ကို မီတာခ ေကာက္ခံ ႏူန္းတား ၃၅က်ပ္ နဲ႔ ေျမႇာက္တဲ့ အခါ 4.2 ရပါတယ္။ ဒါဆိုရင္ 60W မီးသီ ေလးကို ႏွစ္နာရီ ထြန္းရင္ ၄ က်ပ္ ေက်ာ္ေက်ာ္ က်ပါတယ္။

မီတာခေတြ ေကာက္ ခံတဲ့ အခါ အိမ္သုံး နဲ႔လုပ္ငန္းသုံးဆို ၿပီးႏွစ္မ်ိဳး ရွိပါတယ္။ အဲဒီ ႏွစ္မ်ိဳး မွာလဲ ယူနစ္ အသုံးျပဳ႕မူ႔အလိုက္ အခေၾကးေငြကြာပါ တယ္။ကိုယ္ ဘယ္ေလာက္ ႏူန္း မီတာခ အေကာက္ခံရတယ္ဆိုတာ ေဘာင္ခ်ာမွာ ၾကည့္ရင္သိႏိူင္ပါ တယ္။

မိမိတို႔ အသုံးျပဳေနတဲ့ လွ်ပ္စစ္ပစၥည္း တိုင္းမွာ မီတာစားႏူန္းေလး ေတြ ေရးထားတာေတြ႕ရပါလိမ့္မယ္ ။တစ္ေကာင္ အဲယားကြန္း 750 W၊ ထမင္းေပါင္းအိုး 700 W၊ ေလးေပ မီးေခ်ာင္း 40 W အဲဒီလို ေလးေတြ ပါတာ ေတြ႕မွာပါ။ ပိုၿပီးရွင္းလင္း သြားေအာင္ ဦးဇင္း ျပ

ေပး ထားတဲ့ပုံေလးကိုၾကည့္လိုက္ပါ။

AshinThuseikta

Add a Comment

Your email address will not be published.