မြေတစ်ခုမှာ အပင်စိုက်ဖို့ ဒါမှမဟုတ် စိုက်ပျိုးမြေအဖြစ် သုံးဖို့ ကောင်းမကောင်း စမ်းသပ်နည်း စိုက်ပျိုးမြေကောင်း/မကောင်း စမ်းသပ်နည်း

Sharing is caring!

မြေတစ်ခုမှာ အပင်စိုက်ဖို့ ဒါမှမဟုတ် စိုက်ပျိုးမြေအဖြစ် သုံးဖို့ ကောင်းမကောင်း စမ်းသပ်နည်း စိုက်ပျိုးမြေကောင်း/မကောင်း စမ်းသပ်နည်း

ကိုယ့် မြေကြီးဘယ်လောက်ပျက်စီးနေသလဲ သိချင်ရင်လက်ရှိစိုက်ပျိုးလုပ်ကိုင်နေတဲ့ ၄၊ ၅ နေရာကမြေကြီး လက်တဆုပ် ကျုံးပါ။

ရေသန့်ဗူးလွတ်ထဲထည့်ရေအပြည့်ထပ်ဖြည့်ပြီး အဖုံးကို မတင်းမလျော့ ဖုံးပေးပါ။အရိပ်ရပြီး ခြောက်သွေ့တဲ့နေရာမှာ ထားလိုက်ပါ။

ဗူးကို လုံးဝမလှုပ်စေရပါ။မြေကြီးကျုံးတဲ့နေရာဟာမြေသြဇာ တိရိစ္ဆာန်ချေး၊ ဘိုကာချီ အီးအမ်၊ အင်ဇိုင်း နဲ့ အမိုင်နို ၊ဟော်မုန်းဆေးတွေ ဖျန်းထားတဲ့နေရာ မဖြစ်ရပါဘူး (၂၁) ရက် ကျော်ကြာလာရင် ပုံစံပြောင်းလာရပါမယ်။အောက်ပါတို့ဟာ အဖြေ ဖြစ်ပါတယ်။

၁-အရောင်မပြောင်းဘူးကြည်လင်နေတယ် ဆိုရင် သင့်ခြံမှာ မြေဆီ မြေနှစ် မရှိတော့သလောက်ဖြစ်နေပါပြီ။

၂-အနည်းငယ်နောက်ကျိနေမယ်ဆိုရင်သင့်ခြံဟာ အလယ်အလတ် အဆင့်ပါ။

၃-နီညိုရောင် စိမ်းပြာပုပ်ရောင်ဆိုရင်တော့ သင့်ခြံမြေအခြေအနေကောင်းပါတယ်။

မြန်မာနိုင်ငံ ရဲ့ လယ်မြေတွေကို စမ်းသပ်ကြည့်လိုက်ရာ ရေအရောင်ဟာအကြည်လင်ဆုံး ဖြစ်နေတာကို ဝမ်းနည်းစရာ တွေ့ရပါတယ်။

သစ်တောကြီးတွေရဲ့အောက်ကမြေကိုစမ်းကြည့်ရာ နီညိုစိမ်းပြာမဲပုပ်နေတာ တွေ့ရပါတယ်။

Crd

ေျမတစ္ခုမွာ အပင္စိုက္ဖို႔ ဒါမွမဟုတ္ စိုက္ပ်ိဳးေျမအျဖစ္ သုံးဖို႔ ေကာင္းမေကာင္း စမ္းသပ္နည္း စိုက္ပ်ိဳးေျမေကာင္း/မေကာင္း စမ္းသပ္နည္း

ကိုယ့္ ေျမႀကီးဘယ္ေလာက္ပ်က္စီးေနသလဲ သိခ်င္ရင္လက္ရွိစိုက္ပ်ိဳးလုပ္ကိုင္ေနတဲ့ ၄၊ ၅ ေနရာကေျမႀကီး လက္တဆုပ္ က်ဳံးပါ။

ေရသန္႔ဗူးလြတ္ထဲထည့္ေရအျပည့္ထပ္ျဖည့္ၿပီး အဖုံးကို မတင္းမေလ်ာ့ ဖုံးေပးပါ။အရိပ္ရၿပီး ေျခာက္ေသြ႕တဲ့ေနရာမွာ ထားလိုက္ပါ။

ဗူးကို လုံးဝမလႈပ္ေစရပါ။ေျမႀကီးက်ဳံးတဲ့ေနရာဟာေျမၾသဇာ တိရိစာၦန္ေခ်း၊ ဘိုကာခ်ီ အီးအမ္၊ အင္ဇိုင္း နဲ႔ အမိုင္ႏို ၊ေဟာ္မုန္းေဆးေတြ ဖ်န္းထားတဲ့ေနရာ မျဖစ္ရပါဘူး (၂၁) ရက္ ေက်ာ္ၾကာလာရင္ ပုံစံေျပာင္းလာရပါမယ္။ေအာက္ပါတို႔ဟာ အေျဖ ျဖစ္ပါတယ္။

၁-အေရာင္မေျပာင္းဘူးၾကည္လင္ေနတယ္ ဆိုရင္ သင့္ၿခံမွာ ေျမဆီ ေျမႏွစ္ မရွိေတာ့သေလာက္ျဖစ္ေနပါၿပီ။

၂-အနည္းငယ္ေနာက္က်ိေနမယ္ဆိုရင္သင့္ၿခံဟာ အလယ္အလတ္ အဆင့္ပါ။

၃-နီညိဳေရာင္ စိမ္းျပာပုပ္ေရာင္ဆိုရင္ေတာ့ သင့္ၿခံေျမအေျခအေနေကာင္းပါတယ္။

ျမန္မာႏိုင္ငံ ရဲ႕ လယ္ေျမေတြကို စမ္းသပ္ၾကည့္လိုက္ရာ ေရအေရာင္ဟာအၾကည္လင္ဆုံး ျဖစ္ေနတာကို ဝမ္းနည္းစရာ ေတြ႕ရပါတယ္။

သစ္ေတာႀကီးေတြရဲ႕ေအာက္ကေျမကိုစမ္းၾကည့္ရာ နီညိဳစိမ္းျပာမဲပုပ္ေနတာ ေတြ႕ရပါတယ္။

Crd

Add a Comment

Your email address will not be published.