ကျောက်ကပ် ရောဂါ ခံစားနေရပြီလား
|ကျောက်ကပ် ရောဂါ ခံစားနေရပြီလား
ဖန်ခွက်ထဲကိုအုန်းစိမ်းရည်ထည့်၊ပြီးရင်ကျောက်ဖရုံယိုတစ်တောင့့်ထည့်စိမ်ထားလိုက်၊တစ်နာရီကျော်လောက်စိမ်ထားရင်ရပြီ၊ အရည်လည်းသောက်အဖတ်လည်းစား၊အဲဒါဟာကျောက်ကပ်အတွက်ထာဝရဆေးပြဲဖစ်ပါတယ်။
ကျောက်ကပ်အမြဲတန်းကောင်းချင်ရင်တစ်ပတ်တစ်ခါလောက်သောက်ပေး။ ကျောက်ကပ်မကောင်းတော့ဘူးဆိုရင်လည်းစိတ်မပျက်ပါနဲ့၊အခုပြောတဲ့ကျောက်ကပ်အတွက်ထာဝရဆေးကိုတစ်ပတ်၃ကြိမ်စားပေးနိုင်ပါတယ်။
ကျောက်ကပ်ဟာအသက်၄၀ကျော်ပြီဆိုရင်အိုဟောင်းသွားတော့တာပါပဲ။ ကျောက်ကပ်အလုပ်လုပ်မှုဟာအသက်၄၀ပြည့်တဲ့နှစ်ကစလို့၁နှစ်ကို1ရာခိုင်နှုန်းကျဆင်းသွားပါတယ်။
ဒါကြောင့်အသက်ကြီးလာတာနဲ့အမျှကျောက်ကပ်လည်းအားနည်းလာတော့တယ်။ သို့သော်လည်းသူ့ကိုသေချာထိန်းသိမ်းစောင့်ရှောက်တတ်ရင်တော့အကောင်းအတိုင်းရှိနေပြီးလုပ်ဆောင်ချက်တွေမကျဆင်းနိုင်ဘူး။
ကျောက်ကပ်အတွက်မြစ်ချင်းပြီးသဘာဝဆေးဟာကျောက်ဖရုံသီးဖြစ်ကြောင်းအရင်အပတ်ကပြောခဲ့ပြီးဖြစ်တယ်။
ကျောက်ဖရုံသီးကိုကမ္ဘာပေါ်မှာအကောင်းဆုံးရေဖြစ်တဲ့အုန်းစိမ်းရည်ထဲထည့်စိမ်လိုက်တဲ့အခါမှာတော့ကျောက်ကပ်အတွက်ကမ္ဘာပေါ်မှာအကောင်းဆုံးဆေးဖြစ်သွားတော့တာပါပဲ။
ယ္ခုအခါမှာကျောက်ကပ်နဲ့ပတ်သက်တဲ့ရောဂါတွေအများကြီးဖြစ်နေကြပါတယ်။
ကျောက်ကပ်ရောင်ခြင်း၊ကျောက်ကပ်ကျောက်တည်ခြင်း၊ကျောက်ကပ်အားနည်းခြင်း၊လုပ်ဆောင်ချက်ကျဆင်းခြင်း၊ဆီးအမြှုပ်များခြင်း၊ဆီးဆိပ်များခြင်း၊၊ကျောက်ကပ်ပျက်စီးခြင်း၊ကျောက်ကပ်ကင်ဆာစသည်ဖြင့်အမျိုးမျိုးဖြစ်နေကြတာတွေ့ရပါတယ်။
ကျောက်ကပ်ရောဂါဖြစ်တဲ့သူတွေကြည့်လိုက်ရင်မိန်းမထက်ယောက်ကျားကပိုများတာကိုတွေ့ရပါတယ်။
ယောက်ကျားမှာဆီး-မိန်းမမှာမီးတဲ့။ယောက်ကျားတွေဆီးမကောင်းရင်ကျောက်ကပ်ရောဂါဖြစ်လွယ်တယ်။
ယောက်ကျားတွေကပေလည်းပေကြတာကိုး။ဒါကြောင့်လည်းယောက်ကျားတွေအသက်တိုကြတာဖြစ်တယ်။
အသက်ကြီးသည်အထိကျောက်ကပ်ကောင်းကြတဲ့သူတွေကိုကြည့့်ရင်သူတို့ဟာအစားအသောက်ကိုသင့်ရုံလောက်ပဲစားကြတဲ့သူတွေဖြစ်တယ်ဆိုတာတွေ့ရလိမ့်မယ်။ကျောက်ကပ်ဟာစားသမျှအစားအသောက်တွေထဲကပါလာတဲ့
အညစ်အကျေးအဆိပ်အတောက်တွေကိုသန့်စင်ပေးပြီးဆီးလမ်းကြောင်းကနေစွန့်ထုတ်ပေးရတဲ့အင်္ဂါဖြစ်ပါတယ်။သင့်ရုံသာစားရင်ကျောက်ကပ်ကအလုပ်နဲနဲပဲအလုပ်လုပ်ရလို့မပင်ပန်းဘဲကြာရှည်ခံမယ်။
အစားကြူးရင်တော့ကျောက်ကပ်ကပင်ပင်ပန်းပန်းအလုပ်လုပ်ရလို့ကြာရှည်မခံနိုင်ဘူး။အဲဒါအရေးကြီးဆုံးအချက်ပြဲဖစ်ပါတယ်။အဲဒီအပြင်အခြားသောဆောင်ရန်ရှောင်ရန်တွေလည်းရှိပါသေးတယ်။
ဘာတွေလည်းဆိုရင်…..
– ထုံးဓာတ်များတဲ့ရေကိုရှောင်ခြင်း
-အက်စစ်ဓာတ်များတဲ့အစားအသောက်ကိုလျှော့စားခြင်း
– အယ်ကာလီများတဲ့အစားအသောက်ကိုပိုစားခြင်း
-အသီးအရွက်မစားတဲ့အကျင့်ကိုပြုပြင်ခြင်း
-အနီရောင်အသားကိုသင့်ရုံသာစားခြင်း
-အသားထက်အဆီကနေကယ်လိုရီပိုရယူခြင်း
-ဝမ်းမချုပ်အောင်လေ့ကျင့်ခြင်း
– ချွေးထွက်အောင်ပြုလုပ်ပေးခြင်း
-သွားနှင့်ခံတွင်းကိုအမြဲသန့်ရှင်းနေစေခြင်း
-ကိုယ်လက်လှုပ်ရှားမှုများစေခြင်း
-ည၁၀နာရီအိပ်ယာဝင်ခြင်း
-အရက်သေစာမူးယစ်ဆေးဝါးရှောင်ရှားခြင်း
-အနားယူပေးခြင်း
-သင့်ရုံသာစားသောက်ခြင်း
-အစာကိုကြေညက်အောင်ဝါးစားခြင်း
ဓာတုဆေးဝါးများကိုလိုအပ်မှသောက်ခြင်း
-ကွမ်းယာ၊ဆေးလိပ်သုံးစွဲမှုမများစေခြင်း
-ဆိုဒီယမ်ပါသောအစာများလျှော့စားခြင်း
-ပန်းရောင်ကျောက်ဆားသုံးခြင်း
-သွေးတိုးစာများလျှော့စားခြင်း
-မနက်စောစောစာကိုပြည့်စုံစွာစားခြင်း
-ရေသောက်မနည်းစေခြင်း
-နေရောင်ခြည်ခံပေးခြင်းတွေပဲဖြစ်ပါတယ်။
အဲဒီလိုဆောင်ရန်ရှောင်ရန်တွေကိုသိထားပြီးကျောက်ကပ်အတွက်ထာဝရဆေးကိုလည်းပုံမှန်စားပေးသွားမယ်ဆိုရင်တော့ကိုယ့်ကျောက်ကပ်အတွက်စိတ်ပူစရာမရှိနိုင်လောက်တော့ဘူးပေါ့။
ကျောက်ကပ်ဆေးနေရတဲ့သူတွေလည်းရှီးပတီးပေါင်းစားခြင်းနဲ့အတူအခုပေးတဲ့ဆေးကိုသောက်နိုင်စားနိုင်ကြပါတယ်။
ကျောက်ကပ်အတွက်ဆေးကိုဘယ်အချိန်မှာစားရမလဲတဲ့။အသင့်တော်ဆုံးအချိန်ကတော့ကျောက်ကပ်အဆိပ်ထုတ်ချိန်ဖြစ်တဲ့3 pm- 5pm မတိုင်မီနေ့လည် 2pm လောက်ပါပဲ။
ပြီးရင်ရေများများသောက်ပေးပါ။ကျောက်ကပ်ကအနည်အနှစ်တွေအားလုံးဆီးလမ်းကြောင်းကနေထွက်သွားပါလိမ့်မယ်။5pm – 7pm ကဆီးအိမ်အဆိပ်ထုတ်ချိန်ဖြစ်တဲ့အတွက်အဲဒီအချိန်တွေအထိဆီးကောင်းကောင်းသွားပေးနေဖို့လည်းလိုပါတယ်။
ကျောက်ကပ်ရောဂါတွေဟာဖြစ်လာရင်သိပ်ကိုစိတ်ညစ်ရတတ်တယ်။ပိုက်ဆံတွေအများကြီးကုန်ပြီးလူဖြစ်လည်းရှုံးတတ်တယ်။ဒါကြောင့့်မိမိကျောက်ကပ်ကိုသဘာဝနည်းနဲ့စောင့်ရှောက်ပါလို့နည်းကောင်းလေးတစ်ခုမျှဝေပေးလိုက်ပါတယ်။
မိတ်ဆွေများအားလုံးကျောက်ကပ်ရောဂါတွေကနေကင်းဝေးပြီးကိုယ်စိတ်နှစ်ပါးချမ်းမြေ့ကြပါစေ။
Crd
ေက်ာက္ကပ္ ေရာဂါ ခံစားေနရၿပီလား
ဖန္ခြက္ထဲကိုအုန္းစိမ္းရည္ထည့္၊ၿပီးရင္ေက်ာက္ဖ႐ုံယိုတစ္ေတာင့့္ထည့္စိမ္ထားလိုက္၊တစ္နာရီေက်ာ္ေလာက္စိမ္ထားရင္ရၿပီ၊ အရည္လည္းေသာက္အဖတ္လည္းစား၊အဲဒါဟာေက်ာက္ကပ္အတြက္ထာဝရေဆးၿပဲဖစ္ပါတယ္။
ေက်ာက္ကပ္အၿမဲတန္းေကာင္းခ်င္ရင္တစ္ပတ္တစ္ခါေလာက္ေသာက္ေပး။ ေက်ာက္ကပ္မေကာင္းေတာ့ဘူးဆိုရင္လည္းစိတ္မပ်က္ပါနဲ႔၊အခုေျပာတဲ့ေက်ာက္ကပ္အတြက္ထာဝရေဆးကိုတစ္ပတ္၃ႀကိမ္စားေပးႏိုင္ပါတယ္။
ေက်ာက္ကပ္ဟာအသက္၄၀ေက်ာ္ၿပီဆိုရင္အိုေဟာင္းသြားေတာ့တာပါပဲ။ ေက်ာက္ကပ္အလုပ္လုပ္မႈဟာအသက္၄၀ျပည့္တဲ့ႏွစ္ကစလို႔၁ႏွစ္ကို1ရာခိုင္ႏႈန္းက်ဆင္းသြားပါတယ္။
ဒါေၾကာင့္အသက္ႀကီးလာတာနဲ႔အမွ်ေက်ာက္ကပ္လည္းအားနည္းလာေတာ့တယ္။ သို႔ေသာ္လည္းသူ႔ကိုေသခ်ာထိန္းသိမ္းေစာင့္ေရွာက္တတ္ရင္ေတာ့အေကာင္းအတိုင္းရွိေနၿပီးလုပ္ေဆာင္ခ်က္ေတြမက်ဆင္းႏိုင္ဘူး။
ေက်ာက္ကပ္အတြက္ျမစ္ခ်င္းၿပီးသဘာဝေဆးဟာေက်ာက္ဖ႐ုံသီးျဖစ္ေၾကာင္းအရင္အပတ္ကေျပာခဲ့ၿပီးျဖစ္တယ္။
ေက်ာက္ဖ႐ုံသီးကိုကမာၻေပၚမွာအေကာင္းဆုံးေရျဖစ္တဲ့အုန္းစိမ္းရည္ထဲထည့္စိမ္လိုက္တဲ့အခါမွာေတာ့ေက်ာက္ကပ္အတြက္ကမာၻေပၚမွာအေကာင္းဆုံးေဆးျဖစ္သြားေတာ့တာပါပဲ။
ယၡဳအခါမွာေက်ာက္ကပ္နဲ႔ပတ္သက္တဲ့ေရာဂါေတြအမ်ားႀကီးျဖစ္ေနၾကပါတယ္။
ေက်ာက္ကပ္ေရာင္ျခင္း၊ေက်ာက္ကပ္ေက်ာက္တည္ျခင္း၊ေက်ာက္ကပ္အားနည္းျခင္း၊လုပ္ေဆာင္ခ်က္က်ဆင္းျခင္း၊ဆီးအျမႇဳပ္မ်ားျခင္း၊ဆီးဆိပ္မ်ားျခင္း၊၊ေက်ာက္ကပ္ပ်က္စီးျခင္း၊ေက်ာက္ကပ္ကင္ဆာစသည္ျဖင့္အမ်ိဳးမ်ိဳးျဖစ္ေနၾကတာေတြ႕ရပါတယ္။
ေက်ာက္ကပ္ေရာဂါျဖစ္တဲ့သူေတြၾကည့္လိုက္ရင္မိန္းမထက္ေယာက္က်ားကပိုမ်ားတာကိုေတြ႕ရပါတယ္။
ေယာက္က်ားမွာဆီး-မိန္းမမွာမီးတဲ့။ေယာက္က်ားေတြဆီးမေကာင္းရင္ေက်ာက္ကပ္ေရာဂါျဖစ္လြယ္တယ္။
ေယာက္က်ားေတြကေပလည္းေပၾကတာကိုး။ဒါေၾကာင့္လည္းေယာက္က်ားေတြအသက္တိုၾကတာျဖစ္တယ္။
အသက္ႀကီးသည္အထိေက်ာက္ကပ္ေကာင္းၾကတဲ့သူေတြကိုၾကည့့္ရင္သူတို႔ဟာအစားအေသာက္ကိုသင့္႐ုံေလာက္ပဲစားၾကတဲ့သူေတြျဖစ္တယ္ဆိုတာေတြ႕ရလိမ့္မယ္။ေက်ာက္ကပ္ဟာစားသမွ်အစားအေသာက္ေတြထဲကပါလာတဲ့
အညစ္အေက်းအဆိပ္အေတာက္ေတြကိုသန္႔စင္ေပးၿပီးဆီးလမ္းေၾကာင္းကေနစြန္႔ထုတ္ေပးရတဲ့အဂၤါျဖစ္ပါတယ္။သင့္႐ုံသာစားရင္ေက်ာက္ကပ္ကအလုပ္နဲနဲပဲအလုပ္လုပ္ရလို႔မပင္ပန္းဘဲၾကာရွည္ခံမယ္။
အစားၾကဴးရင္ေတာ့ေက်ာက္ကပ္ကပင္ပင္ပန္းပန္းအလုပ္လုပ္ရလို႔ၾကာရွည္မခံႏိုင္ဘူး။အဲဒါအေရးႀကီးဆုံးအခ်က္ၿပဲဖစ္ပါတယ္။အဲဒီအျပင္အျခားေသာေဆာင္ရန္ေရွာင္ရန္ေတြလည္းရွိပါေသးတယ္။
ဘာေတြလည္းဆိုရင္…..
– ထုံးဓာတ္မ်ားတဲ့ေရကိုေရွာင္ျခင္း
-အက္စစ္ဓာတ္မ်ားတဲ့အစားအေသာက္ကိုေလွ်ာ့စားျခင္း
– အယ္ကာလီမ်ားတဲ့အစားအေသာက္ကိုပိုစားျခင္း
-အသီးအ႐ြက္မစားတဲ့အက်င့္ကိုျပဳျပင္ျခင္း
-အနီေရာင္အသားကိုသင့္႐ုံသာစားျခင္း
-အသားထက္အဆီကေနကယ္လိုရီပိုရယူျခင္း
-ဝမ္းမခ်ဳပ္ေအာင္ေလ့က်င့္ျခင္း
– ေခြၽးထြက္ေအာင္ျပဳလုပ္ေပးျခင္း
-သြားႏွင့္ခံတြင္းကိုအၿမဲသန္႔ရွင္းေနေစျခင္း
-ကိုယ္လက္လႈပ္ရွားမႈမ်ားေစျခင္း
-ည၁၀နာရီအိပ္ယာဝင္ျခင္း
-အရက္ေသစာမူးယစ္ေဆးဝါးေရွာင္ရွားျခင္း
-အနားယူေပးျခင္း
-သင့္႐ုံသာစားေသာက္ျခင္း
-အစာကိုေၾကညက္ေအာင္ဝါးစားျခင္း
ဓာတုေဆးဝါးမ်ားကိုလိုအပ္မွေသာက္ျခင္း
-ကြမ္းယာ၊ေဆးလိပ္သုံးစြဲမႈမမ်ားေစျခင္း
-ဆိုဒီယမ္ပါေသာအစာမ်ားေလွ်ာ့စားျခင္း
-ပန္းေရာင္ေက်ာက္ဆားသုံးျခင္း
-ေသြးတိုးစာမ်ားေလွ်ာ့စားျခင္း
-မနက္ေစာေစာစာကိုျပည့္စုံစြာစားျခင္း
-ေရေသာက္မနည္းေစျခင္း
-ေနေရာင္ျခည္ခံေပးျခင္းေတြပဲျဖစ္ပါတယ္။
အဲဒီလိုေဆာင္ရန္ေရွာင္ရန္ေတြကိုသိထားၿပီးေက်ာက္ကပ္အတြက္ထာဝရေဆးကိုလည္းပုံမွန္စားေပးသြားမယ္ဆိုရင္ေတာ့ကိုယ့္ေက်ာက္ကပ္အတြက္စိတ္ပူစရာမရွိႏိုင္ေလာက္ေတာ့ဘူးေပါ့။
ေက်ာက္ကပ္ေဆးေနရတဲ့သူေတြလည္းရွီးပတီးေပါင္းစားျခင္းနဲ႔အတူအခုေပးတဲ့ေဆးကိုေသာက္ႏိုင္စားႏိုင္ၾကပါတယ္။
ေက်ာက္ကပ္အတြက္ေဆးကိုဘယ္အခ်ိန္မွာစားရမလဲတဲ့။အသင့္ေတာ္ဆုံးအခ်ိန္ကေတာ့ေက်ာက္ကပ္အဆိပ္ထုတ္ခ်ိန္ျဖစ္တဲ့3 pm- 5pm မတိုင္မီေန႔လည္ 2pm ေလာက္ပါပဲ။
ၿပီးရင္ေရမ်ားမ်ားေသာက္ေပးပါ။ေက်ာက္ကပ္ကအနည္အႏွစ္ေတြအားလုံးဆီးလမ္းေၾကာင္းကေနထြက္သြားပါလိမ့္မယ္။5pm – 7pm ကဆီးအိမ္အဆိပ္ထုတ္ခ်ိန္ျဖစ္တဲ့အတြက္အဲဒီအခ်ိန္ေတြအထိဆီးေကာင္းေကာင္းသြားေပးေနဖို႔လည္းလိုပါတယ္။
ေက်ာက္ကပ္ေရာဂါေတြဟာျဖစ္လာရင္သိပ္ကိုစိတ္ညစ္ရတတ္တယ္။ပိုက္ဆံေတြအမ်ားႀကီးကုန္ၿပီးလူျဖစ္လည္းရႈံးတတ္တယ္။ဒါေၾကာင့့္မိမိေက်ာက္ကပ္ကိုသဘာဝနည္းနဲ႔ေစာင့္ေရွာက္ပါလို႔နည္းေကာင္းေလးတစ္ခုမွ်ေဝေပးလိုက္ပါတယ္။
မိတ္ေဆြမ်ားအားလုံးေက်ာက္ကပ္ေရာဂါေတြကေနကင္းေဝးၿပီးကိုယ္စိတ္ႏွစ္ပါးခ်မ္းေျမ့ၾကပါေစ။
Crd