ရာသီဉတု ပူတော့ စတော်ဘယ်ရီ ဖျော်ရည်လုပ်ပြီး စားကြမယ်
|ရာသီဉတု ပူတော့ စတော်ဘယ်ရီ ဖျော်ရည်လုပ်ပြီး စားကြမယ်
ပါဝင်ပစ္စည်း
စတော်ဘယ်ရီ ၁ ဘူး
နွားနို့ စစ်စစ် ၁ ဖန်ခွက်
ရေ ကော်ဖီခွက် ၁ ခွက်
ဆား သကြား အနည်းငယ်
ပြုလုပ်ပုံ
နွားနို့ကိုဆူအောင်ကျို ထားပါ ။
စတော်ဘယ်ရီ ကို ရေဆေးသန့်စင်ပြီး ပါးပါးလှီးထားပါ ။
ပြီးရင် ဆား သကြား အနည်းငယ် ထည့် ရေ အနည်းငယ် ထည့်ပြီး လက်နဲ့ ကြေနေအောင် ချေထားပါ ။
စက်နဲ့ မွှေရင်လည်း ရပါတယ် ။ ပြီးရင် ဆူအောင်တည်ထားတဲ့ နွားနို့ကို အအေးခံပြီး လောင်းထည့်လိုက်ပါ ။
အရမ်းမမွှေရပါဘူး နွားနို့ကသပ်သပ် စတော်ဘယ်ရီ အဖတ်ကလေး တွေက သပ်သပ်ပေါ့ ။ ကိုယ့်အကြိုက်ကိုပြောတာပါ တစ်ယောက်နဲ့
တစ်ယောက် အကြိုက်ချင်း တူချင်မှတူမှာပါ ။
ချဉ်ချဉ်လေး ကြိုက်တဲ့ အတွက် နို့နဲ့ သကြားကို လျှော့ထည့်ပါတယ် ။အရောင်လည်း ရဲရဲလေးနဲ့ ဖြစ်တာပေါ့ ။နို့ပိုထည့်ရင်တော့စိမ့်စိမ့်လေးနဲ့ အရောင်ဖြူ တာပေါ့နော် ။အချိုကြိုက်ရင် တော့သကြားပိုထည့်ပါ။
Crd
ပါဝင်ပစ္စည်း
စတော်ဘယ်ရီ ၁ ဘူး
ရေ ကော်ဖီခွက် ၁ ခွက်
ဆား သကြား အနည်းငယ်
ပြုလုပ်ပုံ
Crd