ပါမစ် မြေဆိုတာ ဘာလဲ (သိထားသင့်ပါတယ်)

Sharing is caring!

ပါမစ် မြေဆိုတာ ဘာလဲ (သိထားသင့်ပါတယ်)

မြို့သစ်များ၊ မြို့ကွက်သစ် ချထားပေးမှုများတွင် သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းက မြေလျောက် ထားသူများ၊ မြေနေရာ ပေးသင့်သူများကို ကနဦးအနေဖြင့် မြေပေးမိန်၊ ပါမစ်ဖြင့် လူနေထိုင်ရန် မြေ ကွက် ချထားခြင်းဖြစ်ပါ သည်။

အဆိုပါမြေကွက်သည် အစိုးရမြေအဖြစ်သာ မှတ်တမ်းဝင်နေပါသည်။မြေပေးမိန့်၊ ပါမစ်သည် မြေပိုင်ဆိုင်ခွင့် မြေငှားဂရန် မဟုတ်ပါ။

တရားဝင် ပိုင်ဆိုင်မှု မဟုတ်ပါ။ အာဏာပိုင်အဖွဲ့က စီမံ ခန့်ခွဲရေး နည်းလမ်းအရ လွယ်ကူစေရန် ချထားပေးခြင်း သဘောသာ ဖြစ်ပါသည်။

မြေပိုင်ဆိုင်ခွင့် ဂရန် ဆက်လက်ဆောင်ရွက်နိုင်ရေး ချထားပေးခြင်း ဖြစ်ပါသည်။ လိုင်စင်မြေလောက်ပင် ပိုင် ဆိုင်မှု ခိုင်မာခြင်း မရှိပါ။

ပါမစ်မြေကို မြေစာရင်း ၁(က) စာရင်းတွင် ယာယီသဘောခဲဖြင့် ရေးမှတ်တတ်ကြပါသည်။

ပါမစ်ရသူက မြေငှားဂရန် ရရှိရေးကို ဆက်လက်လျောက်ထားရယူရပါသည်။ မြေပေးမိန်ဖြင့် မြေချထားပေးခြင်းခံရသူ၊ ပါမစ်တွင် အမည်ပေါက်သူ ကိုယ်တိုင် ဂရန်လျောက်ထားမှသာ ဂရန်ရရှိရေး လွယ်ကူပါသည်။

ဂရန်ရရှိမှသာ ၁(က) စာရင်းတွင် အမည်ပေါက် ဖြစ်လာပါမည်။ မြေကွက်တွင် နေထိုင်ခွင့်ပါမစ် ရရှိသူတို့က အရပ်သဘောဖြင့် မနေထိုင်လို၍ ငှားရမ်းခြင်း လွှဲပြောင်း ရောင်း ချခြင်း ပြုလုပ်ကြသည်လည်းရှိပါသည်။

ပါမစ်မြေကွက်ပေါ် နှစ်ချုပ်ဖြင့် ငှားရမ်းနေထိုင်ခြင်းမှာ အချို့က ပြဿနာမရှိနိုင်ဆိုသော်လည်း မြေကိုပိုင်ဆိုင်မှု မခိုင်မာသေးသူက ပြန်လည်ငှားရမ်းခြင်း ဖြစ်၍ လည်း ကောင်း၊ ကာလစည်းကမ်းသတ် ဥပဒေအရ ရေရှည်တွင် အငြင်းပွားနိုင်သဖြင့် လည်းကောင်း၊

မြေပေးမိန့် ပါမစ်တွင် ပါဝင်သော စည်းကမ်းချက်များအရလည်းကောင်း ငှားရမ်းမှုဆောင်ရွက်ရန် မသင့်ပါ။ပါမစ်မြေ ကွက်ကို ဝယ်ယူရာတွင် ပါမစ်တွင်လွှဲပြောင်းရောင်းချခွင့်ပြု/မပြုကို စီစစ်ပြီးမှ ဝယ်ယူသင့်ပါ သည်။ မပြု တာက များပါသည်။

ပါမစ်တွင် မြေကွက်ကို လွှဲပြောင်းရောင်းချခွင့်ရှိသည်ဟု ပါရှိပါက ပြင်ပလူတစ်ဦး အနေဖြင့် ဝယ်ယူနိုင်ပါသည်။ ပါမစ်တွင် လွှဲပြောင်းရောင်းချခွင့်မပြုဟု ဖော်ပြပါရှိပါက ပြင်ပပုဂ္ဂိုလ်အနေဖြင့် ဝယ်ယူရန်မသင့်ပါ။

အကြောင်းမှာ ဂရန်လျှောက်ထားသည့် အခါ သက်ဆိုင်ရာက ဝယ်ယူနေထိုင်သူ ပြင်ပ ပုဂ္ဂိုလ်အား ဂရန်ထုတ်မပေးပါက ယင်းမြေကွက်အပေါ် ပိုင် ဆိုင်မှု ရရှိမည်မဟုတ်ပါ။ ငွေကျေးပိုမိုကုန်ကျ၍ ခက်ခဲနိုင်ပါသည်။

ပါမစ်မြေကွက်ကို ဝယ်ယူရာတွင် မှတ်ပုံတင်စာချုပ် ပြုလုပ်နိုင်ခွင့်မရှိသဖြင့် နေထိုင်ခွင့် သက်သက်ဖြင့် ဝယ်ယူပါက ပြဿနာရှိနိုင်မည် မဟုတ်သော်လည်း နောင်တစ်ချိန်တွင်

ပြန်လည်ရောင်းချပါက မှတ်ပုံတင် စာချုပ်မရှိသဖြင့် အရပ်စာချုုပ်ဖြင့်သာ ရောင်းချနိုင်မည်ဖြစ်၍ တန်ရာတန်ဖိုးရရှိ နိုင်မည်မဟုတ်ပါ။

ပါမစ်မြေကွက်ရောင်းချခဲ့သူကို ဆက်သွယ်ရရှိ၍ ဂရန်လျှောက်ထားပေးပါက ယင်းဂရန်ရရှိသည့်အခါ

ပါမစ်အမည်ပေါက်သူနှင့် ဝယ်သူတို့ အနေဖြင့် မှတ်ပုံ တင်ချုပ် စာတမ်းထပ်မံချုပ်ဆိုရမည်ဖြစ်ပါသည်။

အခွန်အခနှင့် စရိတ်များ ထပ်မံကုန်ကျပါမည်။ မြေကွက်များအနေဖြင့် တစ်နှစ်ထက်တစ်နှစ် ကာလ တန် ကြေးများတက်သဖြင့် ဝယ်ယူသည့်အချိန်က ပေါက်ဈေးနှင့် မှတ်ပုံတင်သည့်အခါ ဖြစ်ပေါ်နေသော ပေါက် ဈေးတို့

ကွာဟချက်ရှိနေသဖြင့် ပါမစ်အမည်ပေါက်သူက ထပ်မံ၍ ငွေတိုးတောင်းလာမည်ကိစ္စရပ် ပေါ် ပေါက်နိုင်ကြောင်း ဝယ်သူအနေဖြင့် သတိချပ်သင့်ပါသည်။

ပါမစ်မြေကွက်ကို ရောင်းချခွင့်ရှိ၍ ဝယ်ယူရာတွင်လည်း ရောင်းချသူထံမှ ယင်းမြေကွက်နှင့်စပ်လျဉ်းသော အထူးကိုယ်စားလှယ်လွှဲစာ (Special Power) ကို ရယူထားပါက ဝယ်ယူသူက ဂရန်လျှောက်ထားခြင်း စာ ချုပ် စာတမ်းပြုလုပ်ခြင်းတို့ကို ပြုလုပ်နိုင်မည်ဖြစ်ပါသည်။

ပါမစ်မြေကွက်ဝယ်ယူရာတွင် ရောင်းချသူ၏ နိုင်ငံသား စိစစ်ရေး ကဒ်ပြားမိတ္တူနှင့် သန်းခေါင်းစာရင်း မိတ္တူ တို့ကိုပါ ရယူထားသင့်ပါသည်။

အဘယ်ကြောင့်ဆိုသော် ဂရန်လျှောက်ထားသည့် အခါ သက်ဆိုင်ရာက ပါမစ်မြေကွက်ရှိသူ၏ နိုင်ငံသားစိစစ်ရေးကဒ်ပြားမိတ္တူနှင့် သန်းခေါင်စာရင်းမိတ္တူတို့ကိုတောင်းပါက အသင့်တင်ပြနိုင်ရန် ဖြစ်ပါသည်။

Crd

ပါမစ္ ေျမဆိုတာ ဘာလဲ (သိထားသင့္ပါတယ္)

ၿမိဳ႕သစ္မ်ား၊ ၿမိဳ႕ကြက္သစ္ ခ်ထားေပးမႈမ်ားတြင္ သက္ဆိုင္ရာအာဏာပိုင္ အဖြဲ႕အစည္းက ေျမေလ်ာက္ ထားသူမ်ား၊ ေျမေနရာ ေပးသင့္သူမ်ားကို ကနဦးအေနျဖင့္ ေျမေပးမိန္၊ ပါမစ္ျဖင့္ လူေနထိုင္ရန္ ေျမ ကြက္ ခ်ထားျခင္းျဖစ္ပါ သည္။

အဆိုပါေျမကြက္သည္ အစိုးရေျမအျဖစ္သာ မွတ္တမ္းဝင္ေနပါသည္။ေျမေပးမိန္႔၊ ပါမစ္သည္ ေျမပိုင္ဆိုင္ခြင့္ ေျမငွားဂရန္ မဟုတ္ပါ။

တရားဝင္ ပိုင္ဆိုင္မႈ မဟုတ္ပါ။ အာဏာပိုင္အဖြဲ႕က စီမံ ခန႔္ခြဲေရး နည္းလမ္းအရ လြယ္ကူေစရန္ ခ်ထားေပးျခင္း သေဘာသာ ျဖစ္ပါသည္။

ေျမပိုင္ဆိုင္ခြင့္ ဂရန္ ဆက္လက္ေဆာင္႐ြက္ႏိုင္ေရး ခ်ထားေပးျခင္း ျဖစ္ပါသည္။ လိုင္စင္ေျမေလာက္ပင္ ပိုင္ ဆိုင္မႈ ခိုင္မာျခင္း မရွိပါ။

ပါမစ္ေျမကို ေျမစာရင္း ၁(က) စာရင္းတြင္ ယာယီသေဘာခဲျဖင့္ ေရးမွတ္တတ္ၾကပါသည္။

ပါမစ္ရသူက ေျမငွားဂရန္ ရရွိေရးကို ဆက္လက္ေလ်ာက္ထားရယူရပါသည္။ ေျမေပးမိန္ျဖင့္ ေျမခ်ထားေပးျခင္းခံရသူ၊ ပါမစ္တြင္ အမည္ေပါက္သူ ကိုယ္တိုင္ ဂရန္ေလ်ာက္ထားမွသာ ဂရန္ရရွိေရး လြယ္ကူပါသည္။

ဂရန္ရရွိမွသာ ၁(က) စာရင္းတြင္ အမည္ေပါက္ ျဖစ္လာပါမည္။ ေျမကြက္တြင္ ေနထိုင္ခြင့္ပါမစ္ ရရွိသူတို႔က အရပ္သေဘာျဖင့္ မေနထိုင္လို၍ ငွားရမ္းျခင္း လႊဲေျပာင္း ေရာင္း ခ်ျခင္း ျပဳလုပ္ၾကသည္လည္းရွိပါသည္။

ပါမစ္ေျမကြက္ေပၚ ႏွစ္ခ်ဳပ္ျဖင့္ ငွားရမ္းေနထိုင္ျခင္းမွာ အခ်ိဳ႕က ျပႆနာမရွိႏိုင္ဆိုေသာ္လည္း ေျမကိုပိုင္ဆိုင္မႈ မခိုင္မာေသးသူက ျပန္လည္ငွားရမ္းျခင္း ျဖစ္၍ လည္း ေကာင္း၊ ကာလစည္းကမ္းသတ္ ဥပေဒအရ ေရရွည္တြင္ အျငင္းပြားႏိုင္သျဖင့္ လည္းေကာင္း၊

ေျမေပးမိန႔္ ပါမစ္တြင္ ပါဝင္ေသာ စည္းကမ္းခ်က္မ်ားအရလည္းေကာင္း ငွားရမ္းမႈေဆာင္႐ြက္ရန္ မသင့္ပါ။ပါမစ္ေျမ ကြက္ကို ဝယ္ယူရာတြင္ ပါမစ္တြင္လႊဲေျပာင္းေရာင္းခ်ခြင့္ျပဳ/မျပဳကို စီစစ္ၿပီးမွ ဝယ္ယူသင့္ပါ သည္။ မျပဳ တာက မ်ားပါသည္။

ပါမစ္တြင္ ေျမကြက္ကို လႊဲေျပာင္းေရာင္းခ်ခြင့္ရွိသည္ဟု ပါရွိပါက ျပင္ပလူတစ္ဦး အေနျဖင့္ ဝယ္ယူႏိုင္ပါသည္။ ပါမစ္တြင္ လႊဲေျပာင္းေရာင္းခ်ခြင့္မျပဳဟု ေဖာ္ျပပါရွိပါက ျပင္ပပုဂၢိဳလ္အေနျဖင့္ ဝယ္ယူရန္မသင့္ပါ။

အေၾကာင္းမွာ ဂရန္ေလွ်ာက္ထားသည့္ အခါ သက္ဆိုင္ရာက ဝယ္ယူေနထိုင္သူ ျပင္ပ ပုဂၢိဳလ္အား ဂရန္ထုတ္မေပးပါက ယင္းေျမကြက္အေပၚ ပိုင္ ဆိုင္မႈ ရရွိမည္မဟုတ္ပါ။ ေငြေက်းပိုမိုကုန္က်၍ ခက္ခဲႏိုင္ပါသည္။

ပါမစ္ေျမကြက္ကို ဝယ္ယူရာတြင္ မွတ္ပုံတင္စာခ်ဳပ္ ျပဳလုပ္ႏိုင္ခြင့္မရွိသျဖင့္ ေနထိုင္ခြင့္ သက္သက္ျဖင့္ ဝယ္ယူပါက ျပႆနာရွိႏိုင္မည္ မဟုတ္ေသာ္လည္း ေနာင္တစ္ခ်ိန္တြင္

ျပန္လည္ေရာင္းခ်ပါက မွတ္ပုံတင္ စာခ်ဳပ္မရွိသျဖင့္ အရပ္စာခ်ဳုပ္ျဖင့္သာ ေရာင္းခ်ႏိုင္မည္ျဖစ္၍ တန္ရာတန္ဖိုးရရွိ ႏိုင္မည္မဟုတ္ပါ။

ပါမစ္ေျမကြက္ေရာင္းခ်ခဲ့သူကို ဆက္သြယ္ရရွိ၍ ဂရန္ေလွ်ာက္ထားေပးပါက ယင္းဂရန္ရရွိသည့္အခါ

ပါမစ္အမည္ေပါက္သူႏွင့္ ဝယ္သူတို႔ အေနျဖင့္ မွတ္ပုံ တင္ခ်ဳပ္ စာတမ္းထပ္မံခ်ဳပ္ဆိုရမည္ျဖစ္ပါသည္။

အခြန္အခႏွင့္ စရိတ္မ်ား ထပ္မံကုန္က်ပါမည္။ ေျမကြက္မ်ားအေနျဖင့္ တစ္ႏွစ္ထက္တစ္ႏွစ္ ကာလ တန္ ေၾကးမ်ားတက္သျဖင့္ ဝယ္ယူသည့္အခ်ိန္က ေပါက္ေဈးႏွင့္ မွတ္ပုံတင္သည့္အခါ ျဖစ္ေပၚေနေသာ ေပါက္ ေဈးတို႔

ကြာဟခ်က္ရွိေနသျဖင့္ ပါမစ္အမည္ေပါက္သူက ထပ္မံ၍ ေငြတိုးေတာင္းလာမည္ကိစၥရပ္ ေပၚ ေပါက္ႏိုင္ေၾကာင္း ဝယ္သူအေနျဖင့္ သတိခ်ပ္သင့္ပါသည္။

ပါမစ္ေျမကြက္ကို ေရာင္းခ်ခြင့္ရွိ၍ ဝယ္ယူရာတြင္လည္း ေရာင္းခ်သူထံမွ ယင္းေျမကြက္ႏွင့္စပ္လ်ဥ္းေသာ အထူးကိုယ္စားလွယ္လႊဲစာ (Special Power) ကို ရယူထားပါက ဝယ္ယူသူက ဂရန္ေလွ်ာက္ထားျခင္း စာ ခ်ဳပ္ စာတမ္းျပဳလုပ္ျခင္းတို႔ကို ျပဳလုပ္ႏိုင္မည္ျဖစ္ပါသည္။

ပါမစ္ေျမကြက္ဝယ္ယူရာတြင္ ေရာင္းခ်သူ၏ ႏိုင္ငံသား စိစစ္ေရး ကဒ္ျပားမိတၱဴႏွင့္ သန္းေခါင္းစာရင္း မိတၱဴ တို႔ကိုပါ ရယူထားသင့္ပါသည္။

အဘယ္ေၾကာင့္ဆိုေသာ္ ဂရန္ေလွ်ာက္ထားသည့္ အခါ သက္ဆိုင္ရာက ပါမစ္ေျမကြက္ရွိသူ၏ ႏိုင္ငံသားစိစစ္ေရးကဒ္ျပားမိတၱဴႏွင့္ သန္းေခါင္စာရင္းမိတၱဴတို႔ကိုေတာင္းပါက အသင့္တင္ျပႏိုင္ရန္ ျဖစ္ပါသည္။

Crd

Add a Comment

Your email address will not be published.