ရေယုံမှန်သမျှ ထွက်ပြေးရတဲ့ ဆင်အံသွားရဲ့ အစွမ်း

Sharing is caring!

၂၀၀၉ ခုနှစ်တုန်းက ကျမဟာ ဆင်ရေယုန်တွေပေါက်ပြီး အိပ်ယာထဲမှာ ၁၀ ရက်ကျော် ဝမ်းလျားမှောက်ပြီး နေခဲ့ရဖူးပါတယ်။

ရောဂါ စဖြစ်ပုံလေးကို ပြောပြပေးပါမယ်။​တစ်နေ့ တော့ ညာဖက် ခြေသလုံးမှာ အနီရောင် အကွက်လေး ပေါ်လာပါတယ်။သွားထိတော့ ယား စပ်စပ် ခံစားရပါတယ်။ဘာမှ ဖြစ်မယ်လို့တော့ မထင်ခဲ့မိပါဘူး။

ထိုနေ့ ညနေခင်းမှာပဲ အနီရောင် နောက်တစ်ကွက် ထပ်ထွက်လာခဲ့ပါတယ်။နောက်တစ်နေ့ မနက် အိပ်ယာထတော့ထိုနေရာက နာလို့ ငုံ့ကြည့်လိုက်တာကျမ ရုတ်တရက် သွေးပျက်သွားမိပါတယ်။

ထိုအနီကွက်နေရာက အရေပြားကဩဇာသီး အခွံလို ဖောင်းကြွပြီး အဖုတွေမွစိ မွစိနဲ့ အသဲယားစရာ အတော်ကောင်းလှပါတယ်။ချက်ချင်းပဲ ဆေးရုံကို ဖုန်းလှမ်းဆက်ပြီးအထူးကုဆရာဝန်ကြီးထံမှာ ပြဖို့Booking လှမ်းယူလိုက်ပါတယ်။

ညနေကျတော့ ကျမ ဆရာဝန်ကြီးထံ သွားပြခဲ့ပါတယ်။နေ့တွင်းချင်းမှာပင် ဩဇာသီးခွံလို ခြေသလုံး နောက်ဖက်မှာအကွက်တွေ ထပ်ပွားလို့နေပါပြီ။ဆရာဝန်ကြီးက ရေယုန်လို့ပြောပါတယ်။သောက်ဆေး လိမ်းဆေးပေးပြီး၃ ရက်နေတော့ ပြန်ချိန်းပါတယ်။

ထို ၃ ရက်အတွင်းမှာပင် ပိုးသတ်ဆေးတွေ သောက်ပြီးဆေးသောက် ဆေးလိမ်းပါလျှက်ခြေသလုံး နောက်ဖက် တစ်ခုလုံး ရေယုန်တွေ ပွားလာလိုက်တာဆိုတာရွံရှာတတ်တဲ့ ကျမအတွက်တော့ကိုယ့်ခြေသလုံး ကိုယ်ပြန်မကြည့်ရဲလောက်အောင်ပါပဲ။

ဗြုတ်တွေထပြီး အရေကြည်ဖုတွေ ထနေတာပါ။၃ ရက်ပြည့်တော့ ဆရာဝန်ကြီးဆီ ထပ်သွားပြပါတယ်။သောက်ဆေး လိမ်းဆေးထပ်ပေးပါတယ်။ထို ဆေးလိမ်းဆေးသောက်နေတဲ့နောက် ၃ ရက်အတွင်းမှာပင် ပေါင် အနောက်ဖက် အပြည့်နီးပါးရေယုန်များ ထပ်ပွားနေပါပြီ။

ရေယုန်တွေ ထပ်ပွားတာမှ ဝုန်းခနဲ ဝုန်းခနဲ နဲ့ မျက်လှည့် ပြလိုက်သလိုပါပဲ။

ညာဖက်တင်ပါး တစ်ခုလုံးကနေ ခါး အထိ ရစရာ မရှိအောင် ထပ်ပွားသွားခဲ့ပါပြီ။ချည်သားလေးပင် မဝတ်နိုင်တော့လောက်အောင်ရေယုန် အနာတွေပေါက်နေတဲ့ အသားနေရာနဲ့ အဝတ်နဲ့ ထိတာနဲ့ကို အပ်ပေါင်းများစွာနဲ့ဝိုင်းထိုးသလို စူးခနဲ စူးခနဲ ခံစားရပြီး

နာခြင်း ဒုက္ခကို သောကကြီးစွာနဲ့ ခံစားနေခဲ့ရပြီး အိပ်ယာပေါ်မှာပဲ ဝမ်းလျားမှောက် နေခဲ့ရပါတယ်။ဆေးရုံပင် မသွားနိုင်တော့တာမို့အိမ်ကို ကြွတဲ့ ဆရာဝန်ပင့်ပြီး ထပ်ကုရပါတယ်။

သို့ပေမယ့် မပျောက်ခဲ့ပါဘူး။ညာဖက် ခြေဖဝါးထိ ရေယုန်များ ထပ်ပွားပြီးရေချိုးခန်းဝင်ချိန်လေး လမ်းလျှောက်ရင်တောင်ဆူးပေါင်းများစွာနဲ့ ထိုးသလို ခံစားခဲ့ရပါတယ်။ကျမအတွက်တော့မျှော်လင့်ချက် မဲ့ခဲ့တဲ့ နေ့ရက်တွေပါပဲ။

မိဘတွေလည်း ဝေဒနာခံစားနေရတဲ့သမီးဖြစ်သူကို ကြည့်ရင်း ပူလောင်နေရပါတယ်။ကျမ ကုပ္မဏီက ဝန်ထမ်းလေးကရေယုန်မန်းတဲ့ အန်တီကြီးကို ခေါ်မန်းဖို့ အကြံပေးပါတယ်။သူ ဘယ်သူ့ကို မန်း မန်း ပျောက်တယ်တဲ့။ဒါတွေက ကျမ မလုပ်ဖူးခဲ့တဲ့ အရာတွေပါပဲ။

သို့သော်လည်း ပျောက်လို ပျောက်ငြား​ရေယုန်မန်းတဲ့ အန်တီကို အိမ်ခေါ်ပြီးကျမ ရေယုန်များကို ရေမန်းနဲ့ မန်းခဲ့ပါတယ်။မပျောက်ခဲ့ပါဘူး။ထိုအချိန်မှာ ကျမကို ချစ်တဲ့ အန်တီကြူဟာနေမကောင်းတဲ့ ကျမကို လာကြည့်ပါတယ်။ခါး မှ ခြေဖဝါးအထိ ရေယုန်တွေ ပွနေတဲ့

ကျမ ထပင် မထိုင်နိုင်တော့ ဝမ်းလျားမှောက်လျက်နဲ့ပဲ စကားအနည်းငယ်သာ ပြောနိုင်ပါတော့တယ်။ကျမကို ကြည့်ပြီး သူအတော် စိတ်မကောင်း ဖြစ်ကာပြန်သွားပါတယ်။

ထိုနေ့မှာပဲ အန်တီကြူ သံလျှင်သွားပြီးအန်တီကြူရဲ့ မောင် နဲ့ ယောက်မ အိမ်ကို သွားလည်ပါတယ်။ကျမ ရေယုန်တွေ ပေါက်ပြီး အခြေအနေ မကောင်းတော့ကြောင်း ထိုအိမ်မှာ ပြောပြပါတယ်။ထိုအိမ်က အန်တီကြူ့ ယောက်မလေးရဲ့ အဖွားက

ရေယုန်မှန်ရင် ဆင်အံ နဲ့ ပျောက်ပါတယ်။ငါသိမ်းထားတဲ့ ဆင်အံလေး ငှားပေးလိုက်ပါမယ်။သွေးလူးခိုင်းလိုက်ပါဆိုပြီးအဖွားသိမ်းထားတဲ့ ဆင်အံလေး ပေးလိုက်ပါတယ်။ဆင်အံ ဆိုတာ ( ဆင်ရဲ့ အံသွား ) ပါ။

အန်တီကြူ ဆင်အံလေး ယူပြီးကျမဆီ ပြန်ရောက်လာခဲ့ပါတယ်။သမီး ဒါလေး လူးလိုက်ပါတဲ့။ရေယုန်မှန်ရင် ဆင်အံနိုင်တယ်လို့ရှေးအဖွားက ပြောတဲ့ အကြောင်း ပြောပြီးကျမကို ဆင်အံလေး ပေးခဲ့ပါတယ်။ဆင်အံလေးကို ကျမ ကြည့်ပြီး

သွေးလူးရင် ကောင်း မကောင်း ကျမ စဉ်းစားပါတယ်။အန်တီကြူ နဲ့ တစ်ခါမှ မတွေ့ဖူးတဲ့ အဖွားရဲ့ စေတနာ မေတ္တာကို ယုံကြည်ပေမယ့်ဘာရောဂါဖြစ်ဖြစ် အသေးအမွှားလေးက အစအထူးကုဆရာဝန်ကြီးတွေကိုသာ ပြလေ့ရှိတဲ့ ကျမ သူများ ပြောတိုင်း အလွယ်တကူ

မယုံတတ်ပဲလက်တွေ့ကျမှ ယုံတတ်တဲ့ကျမခေတ်ပညာတတ် လူငယ်တစ်ဦးဖြစ်တဲ့ကျမ အတွက်တော့တိရစ္ဆာန်တစ်ကောင်ဖြစ်တဲ့ ဆင် ရဲ့ အံသွားကိုသွေးလူးဖို့ ဆိုတာ စိန်ခေါ်မှု့ တစ်ခုပါပဲ။သွေးလူးခဲ့ရင် ပိုးဝင်ပြီး ရောဂါတွေများ ပိုဆိုးသွားမလားဆိုတဲ့

အတွေးများနဲ့လည်း ချီတုံချတုံ ဖြစ်နေခဲ့ပါတယ်။နောက်ဆုံးမှာတော့ရေနစ်နေတဲ့သူအတွက် ကောက်ရိုးလေးတစ်မျှင်တောင်အားကိုးရာ ဖြစ်နိုင်တယ် ဆိုသလိုပဲဆင်အံလေးကို သွေးလူးဖို့ ကျမ ဆုံးဖြတ်ခဲ့ပါတယ်။

ဒါနဲ့ပဲ ဆင်အံလေးကို သွေးပြီး ရေယုန်အနာများပေါ်ကြီးတော်ကြီး လူပေးခဲ့ပါတယ်။ထိုအချိန် ဘုရား ဘုရား နဲ့ ကျမ ဘုရား တ မိနေပါတယ်။သွေးထားတဲ့ ဆင်အံ အနှစ်လေးရဲ့အရောင်ကဆင်စွယ်ရောင်လေးရယ်ပါ။ဆင်အံ နဲ့ ဆင်ရေယုန် ထိပြီးသိပ်မကြာပါဘူး။

ကျူ့ ကျူ့ ကျူ့ ကျူ့ နဲ့ရေယုန်ကို စွဲစုပ်သလို ခံစားရပါတယ်။စိတ်က ကြောက်မိပြီးတော့ငါ ရေ ထဆေးရင် ကောင်းမလားလို့စဉ်းစားမိပါသေးတယ်။ဆရာဝန်ကြီး ကုတာတောင် မပျောက်တာ ဆိုတော့ဘာမှ မထူးပါဘူး။တစ်ရက်လောက် စမ်းကြည့်လိုက်ပါမယ်ဆိုပြီး

ခါး တင်ပါး ပေါင် ခြေသလုံး ခြေဖဝါး ညာဖက် အနောက် တစ်ခြမ်းလုံး ( ခါးမှ ခြေဖဝါးအထိ )ရေယုန် အနာရှိရာနေရာ အကုန်လူးလိုက်ပါတယ်။နောက်တစ်နေ့မနက် အိပ်ယာနိုးလေတော့ရေယုန်တွေကို ငုံ့ကြည့်မိပါတယ်။ဘုရား ဘုရား ဝ မ်း သာစရာပါလား။

ရေယုန်တွေ ချပ်စ ပြုနေပါပေါ့။မျှော်လင့်ချက်ရှိတဲ့ အသံလေးနဲ့ကျမ အသံပြောင်းသွားခဲ့ပါတယ်။ဆင်အံလေး သွေးပေးကြပါ။ဆင်အံလေး လူးမယ်လို့ အိမ်သားတွေကို ကျမ ပြောခဲ့ပါတယ်။ဒါနဲ့ပဲ ဆင်အံလေး တစ်နေ့ ၃ ကြိမ် သွေးလူးခဲ့တာဆင်ရေယုန်တွေ အားလုံး

ပျောက်သွားခဲ့ပါတော့တယ်။တစ်ပတ်ကြာမှာတော့ပကတိ အသားအတိုင်းပဲ ရှိပါတော့တယ်။အမာရွတ်ပင် မကျန်တော့ပါဘူး။နေပြန်ကောင်းလာတော့အဖွား ဆင်အံလေး ပြန်ပေးပြီးအဖွားကို သွားကန်တော့ခဲ့ပါတယ်။

ဒီလောက်ဆေးစွမ်းထက်တဲ့ ဆင်အံကိုလည်းရှာပုံတော် ဖွင့်ခဲ့ပါတော့တယ်။နောက်တော့ ကြီးတော်က ပြောပြပါတယ်။သမီး မင်းလှက အဖိုး နဲ့ အဖွား ဆုံးတော့အိမ်မှာ ဆင်အံတုံးလေး ၂ တုံး ကျန်ခဲ့တယ်။အဲဒီ့ ဆင်အံလေးက ဂျပန်ခေတ်ထဲကတဲ့။

ဒါနဲ့ပဲ ကြီးဒေါ်ကို မင်းလှ အိမ်ပြန်ပီးဆင်အံလေး ၂ တုံးကို ပြန်ယူခိုင်းခဲ့ပါတယ်။( ၁၅ ကျပ်သားခန့် ၂ တုံးပါ )နောက်ထပ်လဲ ထပ်ရှာခဲ့တာ၁ ပိဿာ ကျော်ရှိတဲ့ ဆင်အံသွား တစ်ခုလုံး ထပ်ရခဲ့ပါတယ်။ရေယုန်ပေါက်တဲ့သူ အတော်များများကို

ဒီဆင်အံတွေ သွေးလှူပေးပြီးရေယုန်နာတွေ ပျောက်ကင်းစေခဲ့ပြီးပါပြီ။အိမ်က ကျောက်ပြင် အကြီးကြီးမှာ သွေးပေးပြီးဗူးနဲ့ ထည့်ပေးလိုက်တာပါ။နှုတ်ခမ်းမှာပေါက်တဲ့ ရေယုန်ကအစဘယ် ရေယုန်မဆို ဆင်အံ သွေးလူးလို့ရပါတယ်။နိဂုံးချုပ် ပြောချင်တာလေးကတော့

ရေယုန်မှန်ရင် ကျမထံ ဆေးလာတောင်းလို့ရပါတယ်။ကျမ သွေးပေးလိုက်ပါမယ်။ဆင်အံကိုတော့ မငှားပါဘူး။တစ်ခါတုန်းက ဆင်အံလေးငှားလိုက်တာငှားသူရဲ့အိမ်က ကျောက်တုံးထင်လို့ လွှင့်ပစ်ခဲ့တာပျောက်သွားခဲ့တော့ ဆင်အံလေး ဆုံးရှုံးသွားခဲ့ဖူးလို့ပါ။

ရောင်းလဲ မရောင်းပါဘူး။ကျမ လိုချင်တိုင်း ရှာမရလို့ပါ။ပြီးတော့ ဒီဆင်အံလေးနဲ့ ရေယုန်ပေါက်သူတွေကိုကျမ သွေးပြီး လှူဖို့ထားတာမို့လို့ပါ။

🙏 ရန်ဘေးကင်းစွာ စိတ်ချမ်းသာကြပါစေ။

🙏 အနာမဲ့၍ အသက်ရှည် ကြပါစေ။

Bago Daw Htwe Yee ပဲခူး ဒေါ်ထွေးရီ

Zawgyi Version

၂၀၀၉ ခုႏွစ္တုန္းက က်မဟာ ဆင္ေရယုန္ေတြေပါက္ၿပီး အိပ္ယာထဲမွာ ၁၀ ရက္ေက်ာ္ ဝမ္းလ်ားေမွာက္ၿပီး ေနခဲ့ရဖူးပါတယ္။

ေရာဂါ စျဖစ္ပုံေလးကို ေျပာျပေပးပါမယ္။​တစ္ေန႔ ေတာ့ ညာဖက္ ေျခသလုံးမွာ အနီေရာင္ အကြက္ေလး ေပၚလာပါတယ္။သြားထိေတာ့ ယား စပ္စပ္ ခံစားရပါတယ္။ဘာမွ ျဖစ္မယ္လို႔ေတာ့ မထင္ခဲ့မိပါဘူး။

ထိုေန႔ ညေနခင္းမွာပဲ အနီေရာင္ ေနာက္တစ္ကြက္ ထပ္ထြက္လာခဲ့ပါတယ္။ေနာက္တစ္ေန႔ မနက္ အိပ္ယာထေတာ့ထိုေနရာက နာလို႔ ငုံ႔ၾကည့္လိုက္တာက်မ ႐ုတ္တရက္ ေသြးပ်က္သြားမိပါတယ္။

ထိုအနီကြက္ေနရာက အေရျပားကဩဇာသီး အခြံလို ေဖာင္းႂကြၿပီး အဖုေတြမြစိ မြစိနဲ႔ အသဲယားစရာ အေတာ္ေကာင္းလွပါတယ္။ခ်က္ခ်င္းပဲ ေဆး႐ုံကို ဖုန္းလွမ္းဆက္ၿပီးအထူးကုဆရာဝန္ႀကီးထံမွာ ျပဖို႔Booking လွမ္းယူလိုက္ပါတယ္။

ညေနက်ေတာ့ က်မ ဆရာဝန္ႀကီးထံ သြားျပခဲ့ပါတယ္။ေန႔တြင္းခ်င္းမွာပင္ ဩဇာသီးခြံလို ေျခသလုံး ေနာက္ဖက္မွာအကြက္ေတြ ထပ္ပြားလို႔ေနပါၿပီ။ဆရာဝန္ႀကီးက ေရယုန္လို႔ေျပာပါတယ္။ေသာက္ေဆး လိမ္းေဆးေပးၿပီး၃ ရက္ေနေတာ့ ျပန္ခ်ိန္းပါတယ္။

ထို ၃ ရက္အတြင္းမွာပင္ ပိုးသတ္ေဆးေတြ ေသာက္ၿပီးေဆးေသာက္ ေဆးလိမ္းပါလွ်က္ေျခသလုံး ေနာက္ဖက္ တစ္ခုလုံး ေရယုန္ေတြ ပြားလာလိုက္တာဆိုတာ႐ြံရွာတတ္တဲ့ က်မအတြက္ေတာ့ကိုယ့္ေျခသလုံး ကိုယ္ျပန္မၾကည့္ရဲေလာက္ေအာင္ပါပဲ။

ျဗဳတ္ေတြထၿပီး အေရၾကည္ဖုေတြ ထေနတာပါ။၃ ရက္ျပည့္ေတာ့ ဆရာဝန္ႀကီးဆီ ထပ္သြားျပပါတယ္။ေသာက္ေဆး လိမ္းေဆးထပ္ေပးပါတယ္။ထို ေဆးလိမ္းေဆးေသာက္ေနတဲ့ေနာက္ ၃ ရက္အတြင္းမွာပင္ ေပါင္ အေနာက္ဖက္ အျပည့္နီးပါးေရယုန္မ်ား ထပ္ပြားေနပါၿပီ။

ေရယုန္ေတြ ထပ္ပြားတာမွ ဝုန္းခနဲ ဝုန္းခနဲ နဲ႔ မ်က္လွည့္ ျပလိုက္သလိုပါပဲ။

ညာဖက္တင္ပါး တစ္ခုလုံးကေန ခါး အထိ ရစရာ မရွိေအာင္ ထပ္ပြားသြားခဲ့ပါၿပီ။ခ်ည္သားေလးပင္ မဝတ္ႏိုင္ေတာ့ေလာက္ေအာင္ေရယုန္ အနာေတြေပါက္ေနတဲ့ အသားေနရာနဲ႔ အဝတ္နဲ႔ ထိတာနဲ႔ကို အပ္ေပါင္းမ်ားစြာနဲ႔ဝိုင္းထိုးသလို စူးခနဲ စူးခနဲ ခံစားရၿပီး

နာျခင္း ဒုကၡကို ေသာကႀကီးစြာနဲ႔ ခံစားေနခဲ့ရၿပီး အိပ္ယာေပၚမွာပဲ ဝမ္းလ်ားေမွာက္ ေနခဲ့ရပါတယ္။ေဆး႐ုံပင္ မသြားႏိုင္ေတာ့တာမို႔အိမ္ကို ႂကြတဲ့ ဆရာဝန္ပင့္ၿပီး ထပ္ကုရပါတယ္။

သို႔ေပမယ့္ မေပ်ာက္ခဲ့ပါဘူး။ညာဖက္ ေျခဖဝါးထိ ေရယုန္မ်ား ထပ္ပြားၿပီးေရခ်ိဳးခန္းဝင္ခ်ိန္ေလး လမ္းေလွ်ာက္ရင္ေတာင္ဆူးေပါင္းမ်ားစြာနဲ႔ ထိုးသလို ခံစားခဲ့ရပါတယ္။က်မအတြက္ေတာ့ေမွ်ာ္လင့္ခ်က္ မဲ့ခဲ့တဲ့ ေန႔ရက္ေတြပါပဲ။

မိဘေတြလည္း ေဝဒနာခံစားေနရတဲ့သမီးျဖစ္သူကို ၾကည့္ရင္း ပူေလာင္ေနရပါတယ္။က်မ ကုပၼဏီက ဝန္ထမ္းေလးကေရယုန္မန္းတဲ့ အန္တီႀကီးကို ေခၚမန္းဖို႔ အႀကံေပးပါတယ္။သူ ဘယ္သူ႔ကို မန္း မန္း ေပ်ာက္တယ္တဲ့။ဒါေတြက က်မ မလုပ္ဖူးခဲ့တဲ့ အရာေတြပါပဲ။

သို႔ေသာ္လည္း ေပ်ာက္လို ေပ်ာက္ျငား​ေရယုန္မန္းတဲ့ အန္တီကို အိမ္ေခၚၿပီးက်မ ေရယုန္မ်ားကို ေရမန္းနဲ႔ မန္းခဲ့ပါတယ္။မေပ်ာက္ခဲ့ပါဘူး။ထိုအခ်ိန္မွာ က်မကို ခ်စ္တဲ့ အန္တီၾကဴဟာေနမေကာင္းတဲ့ က်မကို လာၾကည့္ပါတယ္။ခါး မွ ေျခဖဝါးအထိ ေရယုန္ေတြ ပြေနတဲ့

က်မ ထပင္ မထိုင္ႏိုင္ေတာ့ ဝမ္းလ်ားေမွာက္လ်က္နဲ႔ပဲ စကားအနည္းငယ္သာ ေျပာႏိုင္ပါေတာ့တယ္။က်မကို ၾကည့္ၿပီး သူအေတာ္ စိတ္မေကာင္း ျဖစ္ကာျပန္သြားပါတယ္။

ထိုေန႔မွာပဲ အန္တီၾကဴ သံလွ်င္သြားၿပီးအန္တီၾကဴရဲ႕ ေမာင္ နဲ႔ ေယာက္မ အိမ္ကို သြားလည္ပါတယ္။က်မ ေရယုန္ေတြ ေပါက္ၿပီး အေျခအေန မေကာင္းေတာ့ေၾကာင္း ထိုအိမ္မွာ ေျပာျပပါတယ္။ထိုအိမ္က အန္တီၾကဴ႕ ေယာက္မေလးရဲ႕ အဖြားက

ေရယုန္မွန္ရင္ ဆင္အံ နဲ႔ ေပ်ာက္ပါတယ္။ငါသိမ္းထားတဲ့ ဆင္အံေလး ငွားေပးလိုက္ပါမယ္။ေသြးလူးခိုင္းလိုက္ပါဆိုၿပီးအဖြားသိမ္းထားတဲ့ ဆင္အံေလး ေပးလိုက္ပါတယ္။ဆင္အံ ဆိုတာ ( ဆင္ရဲ႕ အံသြား ) ပါ။

အန္တီၾကဴ ဆင္အံေလး ယူၿပီးက်မဆီ ျပန္ေရာက္လာခဲ့ပါတယ္။သမီး ဒါေလး လူးလိုက္ပါတဲ့။ေရယုန္မွန္ရင္ ဆင္အံႏိုင္တယ္လို႔ေရွးအဖြားက ေျပာတဲ့ အေၾကာင္း ေျပာၿပီးက်မကို ဆင္အံေလး ေပးခဲ့ပါတယ္။ဆင္အံေလးကို က်မ ၾကည့္ၿပီး

ေသြးလူးရင္ ေကာင္း မေကာင္း က်မ စဥ္းစားပါတယ္။အန္တီၾကဴ နဲ႔ တစ္ခါမွ မေတြ႕ဖူးတဲ့ အဖြားရဲ႕ ေစတနာ ေမတၱာကို ယုံၾကည္ေပမယ့္ဘာေရာဂါျဖစ္ျဖစ္ အေသးအမႊားေလးက အစအထူးကုဆရာဝန္ႀကီးေတြကိုသာ ျပေလ့ရွိတဲ့ က်မ သူမ်ား ေျပာတိုင္း အလြယ္တကူ

မယုံတတ္ပဲလက္ေတြ႕က်မွ ယုံတတ္တဲ့က်မေခတ္ပညာတတ္ လူငယ္တစ္ဦးျဖစ္တဲ့က်မ အတြက္ေတာ့တိရစာၦန္တစ္ေကာင္ျဖစ္တဲ့ ဆင္ ရဲ႕ အံသြားကိုေသြးလူးဖို႔ ဆိုတာ စိန္ေခၚမႈ႕ တစ္ခုပါပဲ။ေသြးလူးခဲ့ရင္ ပိုးဝင္ၿပီး ေရာဂါေတြမ်ား ပိုဆိုးသြားမလားဆိုတဲ့

အေတြးမ်ားနဲ႔လည္း ခ်ီတုံခ်တုံ ျဖစ္ေနခဲ့ပါတယ္။ေနာက္ဆုံးမွာေတာ့ေရနစ္ေနတဲ့သူအတြက္ ေကာက္႐ိုးေလးတစ္မွ်င္ေတာင္အားကိုးရာ ျဖစ္ႏိုင္တယ္ ဆိုသလိုပဲဆင္အံေလးကို ေသြးလူးဖို႔ က်မ ဆုံးျဖတ္ခဲ့ပါတယ္။

ဒါနဲ႔ပဲ ဆင္အံေလးကို ေသြးၿပီး ေရယုန္အနာမ်ားေပၚႀကီးေတာ္ႀကီး လူေပးခဲ့ပါတယ္။ထိုအခ်ိန္ ဘုရား ဘုရား နဲ႔ က်မ ဘုရား တ မိေနပါတယ္။ေသြးထားတဲ့ ဆင္အံ အႏွစ္ေလးရဲ႕အေရာင္ကဆင္စြယ္ေရာင္ေလးရယ္ပါ။ဆင္အံ နဲ႔ ဆင္ေရယုန္ ထိၿပီးသိပ္မၾကာပါဘူး။

က်ဴ႕ က်ဴ႕ က်ဴ႕ က်ဴ႕ နဲ႔ေရယုန္ကို စြဲစုပ္သလို ခံစားရပါတယ္။စိတ္က ေၾကာက္မိၿပီးေတာ့ငါ ေရ ထေဆးရင္ ေကာင္းမလားလို႔စဥ္းစားမိပါေသးတယ္။ဆရာဝန္ႀကီး ကုတာေတာင္ မေပ်ာက္တာ ဆိုေတာ့ဘာမွ မထူးပါဘူး။တစ္ရက္ေလာက္ စမ္းၾကည့္လိုက္ပါမယ္ဆိုၿပီး

ခါး တင္ပါး ေပါင္ ေျခသလုံး ေျခဖဝါး ညာဖက္ အေနာက္ တစ္ျခမ္းလုံး ( ခါးမွ ေျခဖဝါးအထိ )ေရယုန္ အနာရွိရာေနရာ အကုန္လူးလိုက္ပါတယ္။ေနာက္တစ္ေန႔မနက္ အိပ္ယာႏိုးေလေတာ့ေရယုန္ေတြကို ငုံ႔ၾကည့္မိပါတယ္။ဘုရား ဘုရား ဝ မ္း သာစရာပါလား။

ေရယုန္ေတြ ခ်ပ္စ ျပဳေနပါေပါ့။ေမွ်ာ္လင့္ခ်က္ရွိတဲ့ အသံေလးနဲ႔က်မ အသံေျပာင္းသြားခဲ့ပါတယ္။ဆင္အံေလး ေသြးေပးၾကပါ။ဆင္အံေလး လူးမယ္လို႔ အိမ္သားေတြကို က်မ ေျပာခဲ့ပါတယ္။ဒါနဲ႔ပဲ ဆင္အံေလး တစ္ေန႔ ၃ ႀကိမ္ ေသြးလူးခဲ့တာဆင္ေရယုန္ေတြ အားလုံး

ေပ်ာက္သြားခဲ့ပါေတာ့တယ္။တစ္ပတ္ၾကာမွာေတာ့ပကတိ အသားအတိုင္းပဲ ရွိပါေတာ့တယ္။အမာ႐ြတ္ပင္ မက်န္ေတာ့ပါဘူး။ေနျပန္ေကာင္းလာေတာ့အဖြား ဆင္အံေလး ျပန္ေပးၿပီးအဖြားကို သြားကန္ေတာ့ခဲ့ပါတယ္။

ဒီေလာက္ေဆးစြမ္းထက္တဲ့ ဆင္အံကိုလည္းရွာပုံေတာ္ ဖြင့္ခဲ့ပါေတာ့တယ္။ေနာက္ေတာ့ ႀကီးေတာ္က ေျပာျပပါတယ္။သမီး မင္းလွက အဖိုး နဲ႔ အဖြား ဆုံးေတာ့အိမ္မွာ ဆင္အံတုံးေလး ၂ တုံး က်န္ခဲ့တယ္။အဲဒီ့ ဆင္အံေလးက ဂ်ပန္ေခတ္ထဲကတဲ့။

ဒါနဲ႔ပဲ ႀကီးေဒၚကို မင္းလွ အိမ္ျပန္ပီးဆင္အံေလး ၂ တုံးကို ျပန္ယူခိုင္းခဲ့ပါတယ္။( ၁၅ က်ပ္သားခန႔္ ၂ တုံးပါ )ေနာက္ထပ္လဲ ထပ္ရွာခဲ့တာ၁ ပိႆာ ေက်ာ္ရွိတဲ့ ဆင္အံသြား တစ္ခုလုံး ထပ္ရခဲ့ပါတယ္။ေရယုန္ေပါက္တဲ့သူ အေတာ္မ်ားမ်ားကို

ဒီဆင္အံေတြ ေသြးလႉေပးၿပီးေရယုန္နာေတြ ေပ်ာက္ကင္းေစခဲ့ၿပီးပါၿပီ။အိမ္က ေက်ာက္ျပင္ အႀကီးႀကီးမွာ ေသြးေပးၿပီးဗူးနဲ႔ ထည့္ေပးလိုက္တာပါ။ႏႈတ္ခမ္းမွာေပါက္တဲ့ ေရယုန္ကအစဘယ္ ေရယုန္မဆို ဆင္အံ ေသြးလူးလို႔ရပါတယ္။နိဂုံးခ်ဳပ္ ေျပာခ်င္တာေလးကေတာ့

ေရယုန္မွန္ရင္ က်မထံ ေဆးလာေတာင္းလို႔ရပါတယ္။က်မ ေသြးေပးလိုက္ပါမယ္။ဆင္အံကိုေတာ့ မငွားပါဘူး။တစ္ခါတုန္းက ဆင္အံေလးငွားလိုက္တာငွားသူရဲ႕အိမ္က ေက်ာက္တုံးထင္လို႔ လႊင့္ပစ္ခဲ့တာေပ်ာက္သြားခဲ့ေတာ့ ဆင္အံေလး ဆုံးရႈံးသြားခဲ့ဖူးလို႔ပါ။

ေရာင္းလဲ မေရာင္းပါဘူး။က်မ လိုခ်င္တိုင္း ရွာမရလို႔ပါ။ၿပီးေတာ့ ဒီဆင္အံေလးနဲ႔ ေရယုန္ေပါက္သူေတြကိုက်မ ေသြးၿပီး လႉဖို႔ထားတာမို႔လို႔ပါ။

🙏 ရန္ေဘးကင္းစြာ စိတ္ခ်မ္းသာၾကပါေစ။

🙏 အနာမဲ့၍ အသက္ရွည္ ၾကပါေစ။

Bago Daw Htwe Yee ပဲခူး ေဒၚေထြးရီ

Add a Comment

Your email address will not be published.