နှလုံးပုံမှန် မဟုတ်တော့ကြောင်း ပြတဲ့ ရှေ့ပြေးလက္ခဏာရပ်များ

Sharing is caring!

နှလုံးပုံမှန် မဟုတ်တော့ကြောင်း ပြတဲ့ ရှေ့ပြေးလက္ခဏာရပ်များ

ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်တားဆီးရေးစင်တာရဲ့အဆိုအရ အမေရိကန်နိုင်ငံမှာ နှစ်စဉ်လူပေါင်း ၆သိန်း ၁သောင်းဝန်းကျင်ဟာ နှလုံးရောဂါကြောင့်သေဆုံးကြတယ်လို့ ဆိုပါတယ်။

ဘာကြောင့် ဒီလိုနှစ်စဉ်သေဆုံးရလဲဆိုတာတော့ နှလုံးစနစ်တကျအလုပ်မလုပ်မှန်းကို သတိမထားမိလို့ပဲဖြစ်ပါတယ်။

-လက်မောင်းကြွက်သားနာကျင်ခြင်း

အမျိုးသမီးရော အမျိုးသားပါ နှစ်ဦးစလုံး နာကျင်လေ့ရှိပြီး အမျိုးသားများအနေနဲ့ များသောအားဖြင့် ဘယ်ဘက်လက်မောင်းနာကျင်ခြင်းကို ပိုပြီးခံစားရလေ့ရှိပါတယ်။

အမျိုးသမီးတွေနှလုံးစနစ်တကျအလုပ်မလုပ်တဲ့အခါမျိုးမှာ ပုံမှန်မဟုတ်ဘဲ တံတောင်ဆစ်နေရာတစ်ဝှိုက်နာကျင်မှုကို ခံစားရစေပါတယ်။

နှလုံးဟာခန္ဓာကိုယ်အတွင်းမှ အစိတ်အပိုင်းတော်တော်များများနဲ့ ချိတ်ဆက်ထားတာကြောင့် လက်မောင်း၊ တံတောင်ဆစ် နာကျင်မှုများဖြစ်ပေါ်လာတာဖြစ်ပါတယ်။

-ချောင်းဆိုးတဲ့အခါ သွေးပါခြင်း

သလိပ်ခတ်တဲ့အခါ သွေးပါတာခြင်းမျိုးမဟုတ်ဘဲ ချောင်းဆိုးတဲ့အခါ သွေးပါလာခြင်းဟာ နှလုံးသွေးကြောဆိုင်ရာရောဂါလက္ခဏာဖြစ်ဖို့ဦးတည်နေတာပဲဖြစ်ပါတယ်။

ချောင်းဆိုးတိုင်း ပန်းဆီရောင်သမ်းတဲ့ သွေးတွေဆက်တိုက်ပါနေပြီဆိုရင် နှလုံးအတွက် အခြေအနေတော်တော်မကောင်းတဲ့ အနေအထားကိုဖော်ပြပေးနေပါတယ်။

ချောင်းဆိုးတဲ့အခါ အသက်ရှူမမှန်ခြင်း၊ အသက်ရှူရပ်တန့်ခြင်း စတဲ့ လက္ခဏာများဟာ နှလုံးမကောင်းဖို့အတွက် လေးနက်တဲ့ လက္ခဏာရပ်တွေပဲဖြစ်ပါတယ်။

-ခြေထောက်၊ ခြေဆစ်၊ ခြေချောင်း ရောင်ယမ်းခြင်း

နှလုံးဝန်းကျင်ရှိ တစ်သျှူးများကောင်းကောင်းအလုပ်မလုပ်တဲ့အခါ သွေးယိုဆင်းမှုဖြစ်ပြီး ခြေထောက်၊ ခြေချောင်းတွေ ရောင်ရမ်းခြင်းကိုဖြစ်ပေါ်စေပါတယ်။

Edema ရောဂါကြောင့် ခြေထောက်တွေ ဖောရောင်ခြင်းဖြစ်တဲ့သူတွေမှာတော့ နှလုံးရောဂါမရှိနိုင်ပေမဲ့ တခါတလေမှာ ရောဂါလက္ခဏာအချို့က ဆင်တူရိုးမှာရှိတာကြောင့် အနီးကပ်ပြုစုစောင့်ရှောက်ဖို့လိုအပ်ပါတယ်။

-အစားစားချင်စိတ်မရှိပဲ ပျို့အန်ခြင်း

နှလုံးရောဂါခံစားနေရတဲ့ဝေဒနာရှင်တော်တော်များများဟာ အစာစားတဲ့အခါမှာ အနည်းငယ်လောက် စားပြီးတာနဲ့ စားချင်စိတ်မရှိတော့ဘဲ ပျို့အန်ခြင်းစတဲ့ လက္ခဏာရပ်မျိုးဖြစ်ပေါ်တတ်ပါတယ်။

အစားစားချင်စိတ်မရှိတာကြောင့် နောက်ပိုင်းကြာတဲ့အခါ နောက်ဆက်တွဲရောဂါတွေပါဖြစ်လာနိုင်တာကြောင့် သေသေချာချာဆရာဝန်ထံဆက်သွယ်ဖို့လိုအပ်ပါတယ်။

-ပုံမှန်မဟုတ်ဘဲ စိုးရိမ်စိတ်လွန်ကဲခြင်း

များသောအားဖြင့် အစွန်းရောက်စိုးရိမ်ပူပန်ခြင်းနဲ့ အမြဲစိတ်ဆင်းရဲခံရတဲ့လူတော်တော်များများဟာ နှလုံးရောဂါကိုခံစားရတတ်ပါတယ်။
စိုးရိမ်ပူပန်ခြင်း၊ အထိတ်တလန့်ဖြစ်ခြင်း၊ အလွန်စိတ်ဖိစီးမှုရှိတဲ့ လူတွေဟာ နှလုံးရောဂါမှမဟုတ်ပါဘူး

အခြား အမျိုးမျိုးရောဂါတွေလဲ ရရှိနိုင်တာကြောင့် အတတ်နိုင်ဆုံး စိုးရိမ်မှုမရှိအောင်၊ ထိတ်လန့်မှု့မရှိအောင်၊ စိတ်ဖိစီးမှုမရှိအောင် ဆင်ခြင်နေထိုင်ဖို့လိုအပ်ပါတယ်။

စိုးရိမ်ပူပန်မှုများဟာ သွေးပေါင်ချိန်တိုးမြှင့်ခြင်း၊ နှလုံးခုန်နှုန်း ပုံမှန်မဖြစ်ခြင်း၊ နှလုံးခုန်လျော့နည်းခြင်း စတဲ့ အကျိုးသက်ရောက်မှုတွေဖြစ်ပေါ်စေပါတယ်။

-သတိလစ်ခြင်း

နှလုံးသွေစီးဆင်းမှု ပိတ်ဆို့တဲ့အခါ၊ သွေးလွှတ်ကြော သို့မဟုတ် အဆို့ရှင် ကျဉ်းမြောင်းတဲ့အခါ ပိတ်ဆို့မှုတွေဖြစ်ပေါ်ပြီး သတိလစ်ခြင်းကို ဖြစ်စေပါတယ်။

အသက်ရှူမဝခြင်း၊ အချိန်တိုအတွင်း ခဏခဏ မူးမေ့ခြင်း မျိုးဖြစ်ပေါ်လာတဲ့အခါမှာ ဆရာဝန်သွားရောက်ပြီး နှလုံးစစ်ဆေးခြင်းမျိုး၊ တိုင်ပင်တာမျိုးစတဲ့လုပ်ဆောင်ချက်တွေ အမြန်ဆုံးလုပ်ဆောင်သင့်ပါတယ်။

-အသားအရေ ဖြူဖက်ဖြူရော်ဖြစ်ခြင်း

များသောအားဖြင့် နှလုံးရောဂါရဲ့ လက္ခဏာတစ်ခုတော့မဟုတ်ပေမဲ့ သွေးနီဆဲလ်တွေလျော့နည်းသွားတဲ့အခါ သွေးစီးဆင်မှုလျော့ကျသွားပြီး ခန္ဓာကိုယ်ရဲ့ အချို့ အစိတ်အပိုင်းတွေမှာ ဖြူဖက်ဖြူရော်ဖြစ်တတ်ပါတယ်။

ဒီလိုခံစားနေရပြီဆိုရင်တော့ သွေးအားနည်ရောဂါလား ဒါမှမဟုတ် အခြားဘာရောဂါလဲဆိုတာ သိရအောင် အမြန်စစ်ဆေးသင့်ပါတယ်။

Crd

ႏွလုံးပုံမွန္ မဟုတ္ေတာ့ေၾကာင္း ျပတဲ့ ေရွ႕ေျပးလကၡဏာရပ္မ်ား

ေရာဂါထိန္းခ်ဳပ္ေရးႏွင့္ ကာကြယ္တားဆီးေရးစင္တာရဲ႕အဆိုအရ အေမရိကန္ႏိုင္ငံမွာ ႏွစ္စဥ္လူေပါင္း ၆သိန္း ၁ေသာင္းဝန္းက်င္ဟာ ႏွလုံးေရာဂါေၾကာင့္ေသဆုံးၾကတယ္လို႔ ဆိုပါတယ္။

ဘာေၾကာင့္ ဒီလိုႏွစ္စဥ္ေသဆုံးရလဲဆိုတာေတာ့ ႏွလုံးစနစ္တက်အလုပ္မလုပ္မွန္းကို သတိမထားမိလို႔ပဲျဖစ္ပါတယ္။

-လက္ေမာင္းႂကြက္သားနာက်င္ျခင္း

အမ်ိဳးသမီးေရာ အမ်ိဳးသားပါ ႏွစ္ဦးစလုံး နာက်င္ေလ့ရွိၿပီး အမ်ိဳးသားမ်ားအေနနဲ႔ မ်ားေသာအားျဖင့္ ဘယ္ဘက္လက္ေမာင္းနာက်င္ျခင္းကို ပိုၿပီးခံစားရေလ့ရွိပါတယ္။

အမ်ိဳးသမီးေတြႏွလုံးစနစ္တက်အလုပ္မလုပ္တဲ့အခါမ်ိဳးမွာ ပုံမွန္မဟုတ္ဘဲ တံေတာင္ဆစ္ေနရာတစ္ဝႈိက္နာက်င္မႈကို ခံစားရေစပါတယ္။

ႏွလုံးဟာခႏၶာကိုယ္အတြင္းမွ အစိတ္အပိုင္းေတာ္ေတာ္မ်ားမ်ားနဲ႔ ခ်ိတ္ဆက္ထားတာေၾကာင့္ လက္ေမာင္း၊ တံေတာင္ဆစ္ နာက်င္မႈမ်ားျဖစ္ေပၚလာတာျဖစ္ပါတယ္။

-ေခ်ာင္းဆိုးတဲ့အခါ ေသြးပါျခင္း

သလိပ္ခတ္တဲ့အခါ ေသြးပါတာျခင္းမ်ိဳးမဟုတ္ဘဲ ေခ်ာင္းဆိုးတဲ့အခါ ေသြးပါလာျခင္းဟာ ႏွလုံးေသြးေၾကာဆိုင္ရာေရာဂါလကၡဏာျဖစ္ဖို႔ဦးတည္ေနတာပဲျဖစ္ပါတယ္။

ေခ်ာင္းဆိုးတိုင္း ပန္းဆီေရာင္သမ္းတဲ့ ေသြးေတြဆက္တိုက္ပါေနၿပီဆိုရင္ ႏွလုံးအတြက္ အေျခအေနေတာ္ေတာ္မေကာင္းတဲ့ အေနအထားကိုေဖာ္ျပေပးေနပါတယ္။

ေခ်ာင္းဆိုးတဲ့အခါ အသက္ရႉမမွန္ျခင္း၊ အသက္ရႉရပ္တန႔္ျခင္း စတဲ့ လကၡဏာမ်ားဟာ ႏွလုံးမေကာင္းဖို႔အတြက္ ေလးနက္တဲ့ လကၡဏာရပ္ေတြပဲျဖစ္ပါတယ္။

-ေျခေထာက္၊ ေျခဆစ္၊ ေျခေခ်ာင္း ေရာင္ယမ္းျခင္း

ႏွလုံးဝန္းက်င္ရွိ တစ္သွ်ဴးမ်ားေကာင္းေကာင္းအလုပ္မလုပ္တဲ့အခါ ေသြးယိုဆင္းမႈျဖစ္ၿပီး ေျခေထာက္၊ ေျခေခ်ာင္းေတြ ေရာင္ရမ္းျခင္းကိုျဖစ္ေပၚေစပါတယ္။

Edema ေရာဂါေၾကာင့္ ေျခေထာက္ေတြ ေဖာေရာင္ျခင္းျဖစ္တဲ့သူေတြမွာေတာ့ ႏွလုံးေရာဂါမရွိႏိုင္ေပမဲ့ တခါတေလမွာ ေရာဂါလကၡဏာအခ်ိဳ႕က ဆင္တူ႐ိုးမွာရွိတာေၾကာင့္ အနီးကပ္ျပဳစုေစာင့္ေရွာက္ဖို႔လိုအပ္ပါတယ္။

-အစားစားခ်င္စိတ္မရွိပဲ ပ်ိဳ႕အန္ျခင္း

ႏွလုံးေရာဂါခံစားေနရတဲ့ေဝဒနာရွင္ေတာ္ေတာ္မ်ားမ်ားဟာ အစာစားတဲ့အခါမွာ အနည္းငယ္ေလာက္ စားၿပီးတာနဲ႔ စားခ်င္စိတ္မရွိေတာ့ဘဲ ပ်ိဳ႕အန္ျခင္းစတဲ့ လကၡဏာရပ္မ်ိဳးျဖစ္ေပၚတတ္ပါတယ္။

အစားစားခ်င္စိတ္မရွိတာေၾကာင့္ ေနာက္ပိုင္းၾကာတဲ့အခါ ေနာက္ဆက္တြဲေရာဂါေတြပါျဖစ္လာႏိုင္တာေၾကာင့္ ေသေသခ်ာခ်ာဆရာဝန္ထံဆက္သြယ္ဖို႔လိုအပ္ပါတယ္။

-ပုံမွန္မဟုတ္ဘဲ စိုးရိမ္စိတ္လြန္ကဲျခင္း

မ်ားေသာအားျဖင့္ အစြန္းေရာက္စိုးရိမ္ပူပန္ျခင္းနဲ႔ အၿမဲစိတ္ဆင္းရဲခံရတဲ့လူေတာ္ေတာ္မ်ားမ်ားဟာ ႏွလုံးေရာဂါကိုခံစားရတတ္ပါတယ္။
စိုးရိမ္ပူပန္ျခင္း၊ အထိတ္တလန႔္ျဖစ္ျခင္း၊ အလြန္စိတ္ဖိစီးမႈရွိတဲ့ လူေတြဟာ ႏွလုံးေရာဂါမွမဟုတ္ပါဘူး

အျခား အမ်ိဳးမ်ိဳးေရာဂါေတြလဲ ရရွိႏိုင္တာေၾကာင့္ အတတ္ႏိုင္ဆုံး စိုးရိမ္မႈမရွိေအာင္၊ ထိတ္လန႔္မႈ႕မရွိေအာင္၊ စိတ္ဖိစီးမႈမရွိေအာင္ ဆင္ျခင္ေနထိုင္ဖို႔လိုအပ္ပါတယ္။

စိုးရိမ္ပူပန္မႈမ်ားဟာ ေသြးေပါင္ခ်ိန္တိုးျမႇင့္ျခင္း၊ ႏွလုံးခုန္ႏႈန္း ပုံမွန္မျဖစ္ျခင္း၊ ႏွလုံးခုန္ေလ်ာ့နည္းျခင္း စတဲ့ အက်ိဳးသက္ေရာက္မႈေတြျဖစ္ေပၚေစပါတယ္။

-သတိလစ္ျခင္း

ႏွလုံးေသြစီးဆင္းမႈ ပိတ္ဆို႔တဲ့အခါ၊ ေသြးလႊတ္ေၾကာ သို႔မဟုတ္ အဆို႔ရွင္ က်ဥ္းေျမာင္းတဲ့အခါ ပိတ္ဆို႔မႈေတြျဖစ္ေပၚၿပီး သတိလစ္ျခင္းကို ျဖစ္ေစပါတယ္။

အသက္ရႉမဝျခင္း၊ အခ်ိန္တိုအတြင္း ခဏခဏ မူးေမ့ျခင္း မ်ိဳးျဖစ္ေပၚလာတဲ့အခါမွာ ဆရာဝန္သြားေရာက္ၿပီး ႏွလုံးစစ္ေဆးျခင္းမ်ိဳး၊ တိုင္ပင္တာမ်ိဳးစတဲ့လုပ္ေဆာင္ခ်က္ေတြ အျမန္ဆုံးလုပ္ေဆာင္သင့္ပါတယ္။

-အသားအေရ ျဖဴဖက္ျဖဴေရာ္ျဖစ္ျခင္း

မ်ားေသာအားျဖင့္ ႏွလုံးေရာဂါရဲ႕ လကၡဏာတစ္ခုေတာ့မဟုတ္ေပမဲ့ ေသြးနီဆဲလ္ေတြေလ်ာ့နည္းသြားတဲ့အခါ ေသြးစီးဆင္မႈေလ်ာ့က်သြားၿပီး ခႏၶာကိုယ္ရဲ႕ အခ်ိဳ႕ အစိတ္အပိုင္းေတြမွာ ျဖဴဖက္ျဖဴေရာ္ျဖစ္တတ္ပါတယ္။

ဒီလိုခံစားေနရၿပီဆိုရင္ေတာ့ ေသြးအားနည္ေရာဂါလား ဒါမွမဟုတ္ အျခားဘာေရာဂါလဲဆိုတာ သိရေအာင္ အျမန္စစ္ေဆးသင့္ပါတယ္။

Crd

Add a Comment

Your email address will not be published. Required fields are marked *