ဆီးချိုသမားတွေ အုန်းရည် သောက်သင့်လား မသောက်သင့်ဘူးလား
|ဆီးချိုသမားတွေ အုန်းရည် သောက်သင့်လား မသောက်သင့်ဘူးလား
အုန်းရည်ကတော့ ဆီးချိုသမားတွေမှာ သောက်လို့ရတယ်လို့အကြံပြုချင်ပါတယ်။ အချိုရည်တွေ သောက်မယ့် အစား …..
အုန်းရည်ဟာ ကျန်းမာရေး အတွက် ကောင်းမွန်တယ်ဆိုပြီး လူပြောများလာပါတယ်။ အုန်းရည်ဟာ သတ္တုဓာတ် ပါ၀င်မှု များတာကြောင့် ၀မ်းလျှော၀မ်းပျက်ဖြစ်တာမျိုးမှာ အုန်းရည်ကို တိုက်ကြပါတယ်။
တခြား အသုံး၀င်တဲ့ နေရာတွေလည်း ရှိပါသေးတယ်။ အုန်းရည်ဟာ အဆီပါ၀င်မှူ မရှိဘဲ ကယ်လိုရီနည်းတာကြောင့် ဆီးချိုရောဂါ ရှိတဲ့ သူတွေကြားမှာပါ ရေပန်းစားလာပါတယ်။
အုန်းရည် ဟာ စ်ိတ်ကို လန်းဆန်းစေပြီး ရေဓာတ် ကောင်းမွန်စွာ ဖြည့်တင်းပေးနိင်ပါတယ်။ အချိုရည်တွေ သောက်မယ့် အစား အုန်းရည် သောက်တာဟာ ကောင်းမွန်တဲ့ ရွေးချယ်မှု တစ်ခု ဖြစ်ပါတယ်။
အုန်းရည်ကို ဆီးချိုနဲ့တည့်မတည့် မပြောခင်မှာ အုန်းရည်ရဲ့ ပါ၀င်တဲ့ အာဟာရတန်ဖိုးတွေ အကြောင်း အရင် ပြောပြချင်ပါတယ်။
အနေတော် အုန်းသီး တစ်လုံးက ရတဲ့ အုန်းရည် (ခန့်မှန်းချေ ၂၃၆ ဂရမ် အလေးချိန်ခန့်) မှာ ကယ်လိုရီ အနေနဲ့ ၃၉ ကယ်လိုရီပဲ ပါ၀င်ပါတယ်။
ဒါဟာ အချိုရည်တွေ မှာ ပါတဲ့ ပျမ်းမျှ ကယ်လိုရီ ၁၂၀-၂၀၀ နဲ့ယှဉ်ရင် ပိုကောင်းတဲ့ ရွေးချယ်မှု ဖြစ်ပါတယ်။ ဆီးချိ်ုရောဂါရှင်တွေဆို အချိ်ုရည်တွေကို ရှောင်နေရတာ ဖြစ်တာကြောင့် အုန်းရည်ကို ပိုရွေးချယ်သင့်ပါတယ်။
ကယ်လိုရီနည်းတာရယ် သဘာ၀ အစားအစာဖြစ်တာကြောင့် ဆီးချိုသမားတွေ အတွက် ပိုသင့်တော်ပါတယ်။ အဆီ အနေနဲ့တော့ ၀.၄ ဂရမ်ပဲ ပါ၀င်တာကြောင့် နည်းပါတယ်။
ကစီဓာတ် ကတော့ ၈ ဂရမ် ပါ၀င်ပါတယ်။ ထမင်း တစ်ပုံ၊ ပေါင်မုန့်တစ်ချပ် မှာ ကစီဓာတ် ၁၈ ဂရမ် ပါတာမို့ အုန်းရည်က ကစီဓာတ် နည်းတဲ့ အထဲပါပါတယ်။
ကိုလက်စထရော ကတော့ Zero ဖြစ်ပါတယ်။ အမျှင်ဓာတ် ၂.၃ ဂရမ် ပါ၀င်တဲ့ အတွက် ကောင်းမွန်တဲ့ အစားအစာ ဖြစ်ပါတယ်။
အသားဓာတ်လည်း ၁.၅ ဂရမ် ပါ၀င်ပြီး သကြား ၅ ဂရမ် သာ ပါ၀င်ပါတယ်။
ဗီတာမင် နဲ့သတ္တုဓာတ်တွေ ကြွယ်၀စွာ ပါ၀င်ပါတယ်။ ကယ်လဆီယမ်၊ သံဓာတ်၊ ဗီတာမင် စီ၊ ဗီတာမင် ဘီ ၆၊ ပိုတက်ဆီယမ် ကြွယ်ဝြပီး ဆိုဒီယမ် အနည်းငယ်သာပါ၀င်ပါတယ်။
အုန်းရည် စစ်စစ် ဟာ ဆီးချိ်ု အမျိုး အစား (၁) ဖြစ်ဖြစ်၊ (၂) ဖြစ်ဖြစ် သောက်လို့ရပါတယ်။ အုန်းရည်က ဆီးချိုကို ပျောက်စေတာမျိုး မဟုတ်ပါဘူး။ ဆီးချိုကုသမှုကို သေချာယူပြီး မျှတတဲ့ အစားအစာတွေကို ရွေူးချယ်စားသုံးရမှာ ဖြစ်ပါတယ်။
အုန်းရည်ဟာ ဆီးချိုနဲ့တည့်တယ်ဆိုတိုင်း အမြဲ သောက်နေရမှာ မဟုတ်ပါဘူး။ ကျမတို့ ကိုယ်ခန္တာဟာ အာဟာရ တစ်မျိုးတည်းကို လိုတာ မဟုတ်တဲ့ အတွက် သင့်တင့်မျှတတဲ့ စားသောက်မှု ပုံစကသာ အကောင်းဆုံး ဖြစ်ပါတယ်။
ဆီးချိုရှိတဲ့ သူတွေမှာ အချိုရည်အစား အုန်းရည်ကို ရွေးချယ် သောက်သုံးလို့ရပါတယ်။ နေ့တိုင်း အမြဲ သောက်နေရမှာ မဟုတ်ပါဘူး။
တခါတလေ ဆီးချိုလူနာတွေမှာ အတွေးမှားတတ်တာလေး ရှိတတ်ပါတယ်။
ဆီးချိုကို ပျောက်စေတဲ့ အစားအသောက် မရှိတာကြောင့် အစားအစာ တစ်မျိုးကို အလွန်အကျွံ မှီဝဲတာမျိုး ရှောင်သင့်ပါတယ်။ အုန်းရည်ကတော့ ဆီးချိသမားတွေမှာ သောက်လို့ရတယ်လို့အကြံပြုချင်ပါတယ်။
အချိုရည်တွေ သောက်မယ့် အစား သဘာ၀ ကရတဲ့ အစားအစာ ဟာ အကောင်းဆုံး ဖြစ်တာကြောင့်ပါ။ တန်ဆေးလွန်ဘေး လည်း ဖြစ်တတ်တာကြောင့် မိမိရဲ့ ရောဂါ အခြေအနေ၊ သကြားဓာတ် ထိန်းချုပ်နိုင်စွမ်း၊
သောက်ဆေးထိုးဆေးများနှင့် ချင့်ချိန်ပြီး သင့်တင့်မျှတတဲ့ အစားအသောက်ကသာ ဆီးချိုရောဂါ ရှင်တွေ အတွက် အကောင်းဆုံးလို့အကြံပြူပါရစေ။
ကျန်းမာပျော်ရွှင်သော ဘ၀များ ပိုင်ဆိုင်ကြပါစေ။
Dr. Jasmine
ဆီးခ်ိဳသမားေတြ အုန္းရည္ ေသာက္သင့္လား မေသာက္သင့္ဘူးလား
အုန္းရည္ကေတာ့ ဆီးခ်ိဳသမားေတြမွာ ေသာက္လို႔ရတယ္လို႔အႀကံျပဳခ်င္ပါတယ္။ အခ်ိဳရည္ေတြ ေသာက္မယ့္ အစား …..
အုန္းရည္ဟာ က်န္းမာေရး အတြက္ ေကာင္းမြန္တယ္ဆိုၿပီး လူေျပာမ်ားလာပါတယ္။ အုန္းရည္ဟာ သတၱဳဓာတ္ ပါ၀င္မႈ မ်ားတာေၾကာင့္ ၀မ္းေလွ်ာ၀မ္းပ်က္ျဖစ္တာမ်ိဳးမွာ အုန္းရည္ကို တိုက္ၾကပါတယ္။
တျခား အသုံး၀င္တဲ့ ေနရာေတြလည္း ရွိပါေသးတယ္။ အုန္းရည္ဟာ အဆီပါ၀င္မႉ မရွိဘဲ ကယ္လိုရီနည္းတာေၾကာင့္ ဆီးခ်ိဳေရာဂါ ရွိတဲ့ သူေတြၾကားမွာပါ ေရပန္းစားလာပါတယ္။
အုန္းရည္ ဟာ စ္ိတ္ကို လန္းဆန္းေစၿပီး ေရဓာတ္ ေကာင္းမြန္စြာ ျဖည့္တင္းေပးနိင္ပါတယ္။ အခ်ိဳရည္ေတြ ေသာက္မယ့္ အစား အုန္းရည္ ေသာက္တာဟာ ေကာင္းမြန္တဲ့ ေ႐ြးခ်ယ္မႈ တစ္ခု ျဖစ္ပါတယ္။
အုန္းရည္ကို ဆီးခ်ိဳနဲ႔တည့္မတည့္ မေျပာခင္မွာ အုန္းရည္ရဲ႕ ပါ၀င္တဲ့ အာဟာရတန္ဖိုးေတြ အေၾကာင္း အရင္ ေျပာျပခ်င္ပါတယ္။
အေနေတာ္ အုန္းသီး တစ္လုံးက ရတဲ့ အုန္းရည္ (ခန္႔မွန္းေခ် ၂၃၆ ဂရမ္ အေလးခ်ိန္ခန္႔) မွာ ကယ္လိုရီ အေနနဲ႔ ၃၉ ကယ္လိုရီပဲ ပါ၀င္ပါတယ္။
ဒါဟာ အခ်ိဳရည္ေတြ မွာ ပါတဲ့ ပ်မ္းမွ် ကယ္လိုရီ ၁၂၀-၂၀၀ နဲ႔ယွဥ္ရင္ ပိုေကာင္းတဲ့ ေ႐ြးခ်ယ္မႈ ျဖစ္ပါတယ္။ ဆီးခ်ိ္ုေရာဂါရွင္ေတြဆို အခ်ိ္ုရည္ေတြကို ေရွာင္ေနရတာ ျဖစ္တာေၾကာင့္ အုန္းရည္ကို ပိုေ႐ြးခ်ယ္သင့္ပါတယ္။
ကယ္လိုရီနည္းတာရယ္ သဘာ၀ အစားအစာျဖစ္တာေၾကာင့္ ဆီးခ်ိဳသမားေတြ အတြက္ ပိုသင့္ေတာ္ပါတယ္။ အဆီ အေနနဲ႔ေတာ့ ၀.၄ ဂရမ္ပဲ ပါ၀င္တာေၾကာင့္ နည္းပါတယ္။
ကစီဓာတ္ ကေတာ့ ၈ ဂရမ္ ပါ၀င္ပါတယ္။ ထမင္း တစ္ပုံ၊ ေပါင္မုန္႔တစ္ခ်ပ္ မွာ ကစီဓာတ္ ၁၈ ဂရမ္ ပါတာမို႔ အုန္းရည္က ကစီဓာတ္ နည္းတဲ့ အထဲပါပါတယ္။
ကိုလက္စထေရာ ကေတာ့ Zero ျဖစ္ပါတယ္။ အမွ်င္ဓာတ္ ၂.၃ ဂရမ္ ပါ၀င္တဲ့ အတြက္ ေကာင္းမြန္တဲ့ အစားအစာ ျဖစ္ပါတယ္။
အသားဓာတ္လည္း ၁.၅ ဂရမ္ ပါ၀င္ၿပီး သၾကား ၅ ဂရမ္ သာ ပါ၀င္ပါတယ္။
ဗီတာမင္ နဲ႔သတၱဳဓာတ္ေတြ ႂကြယ္၀စြာ ပါ၀င္ပါတယ္။ ကယ္လဆီယမ္၊ သံဓာတ္၊ ဗီတာမင္ စီ၊ ဗီတာမင္ ဘီ ၆၊ ပိုတက္ဆီယမ္ ႂကြယ္ျဝပီး ဆိုဒီယမ္ အနည္းငယ္သာပါ၀င္ပါတယ္။
အုန္းရည္ စစ္စစ္ ဟာ ဆီးခ်ိ္ု အမ်ိဳး အစား (၁) ျဖစ္ျဖစ္၊ (၂) ျဖစ္ျဖစ္ ေသာက္လို႔ရပါတယ္။ အုန္းရည္က ဆီးခ်ိဳကို ေပ်ာက္ေစတာမ်ိဳး မဟုတ္ပါဘူး။ ဆီးခ်ိဳကုသမႈကို ေသခ်ာယူၿပီး မွ်တတဲ့ အစားအစာေတြကို ေ႐ြဴးခ်ယ္စားသုံးရမွာ ျဖစ္ပါတယ္။
အုန္းရည္ဟာ ဆီးခ်ိဳနဲ႔တည့္တယ္ဆိုတိုင္း အၿမဲ ေသာက္ေနရမွာ မဟုတ္ပါဘူး။ က်မတို႔ ကိုယ္ခႏၲာဟာ အာဟာရ တစ္မ်ိဳးတည္းကို လိုတာ မဟုတ္တဲ့ အတြက္ သင့္တင့္မွ်တတဲ့ စားေသာက္မႈ ပုံစကသာ အေကာင္းဆုံး ျဖစ္ပါတယ္။
ဆီးခ်ိဳရွိတဲ့ သူေတြမွာ အခ်ိဳရည္အစား အုန္းရည္ကို ေ႐ြးခ်ယ္ ေသာက္သုံးလို႔ရပါတယ္။ ေန႔တိုင္း အၿမဲ ေသာက္ေနရမွာ မဟုတ္ပါဘူး။
တခါတေလ ဆီးခ်ိဳလူနာေတြမွာ အေတြးမွားတတ္တာေလး ရွိတတ္ပါတယ္။
ဆီးခ်ိဳကို ေပ်ာက္ေစတဲ့ အစားအေသာက္ မရွိတာေၾကာင့္ အစားအစာ တစ္မ်ိဳးကို အလြန္အကြၽံ မွီဝဲတာမ်ိဳး ေရွာင္သင့္ပါတယ္။ အုန္းရည္ကေတာ့ ဆီးခ်ိသမားေတြမွာ ေသာက္လို႔ရတယ္လို႔အႀကံျပဳခ်င္ပါတယ္။
အခ်ိဳရည္ေတြ ေသာက္မယ့္ အစား သဘာ၀ ကရတဲ့ အစားအစာ ဟာ အေကာင္းဆုံး ျဖစ္တာေၾကာင့္ပါ။ တန္ေဆးလြန္ေဘး လည္း ျဖစ္တတ္တာေၾကာင့္ မိမိရဲ႕ ေရာဂါ အေျခအေန၊ သၾကားဓာတ္ ထိန္းခ်ဳပ္ႏိုင္စြမ္း၊
ေသာက္ေဆးထိုးေဆးမ်ားႏွင့္ ခ်င့္ခ်ိန္ၿပီး သင့္တင့္မွ်တတဲ့ အစားအေသာက္ကသာ ဆီးခ်ိဳေရာဂါ ရွင္ေတြ အတြက္ အေကာင္းဆုံးလို႔အႀကံျပဴပါရေစ။
က်န္းမာေပ်ာ္႐ႊင္ေသာ ဘ၀မ်ား ပိုင္ဆိုင္ၾကပါေစ။
Dr. Jasmine